ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

လျှပ်​စစ်​နှင့်​ပတ်​သတ်​တဲ့ အ​မေး၊အ​ဖြေ​လေး​တွေပါ (အပိုင်း-၂)

မင်္ဂလာပါခင်​ဗျာ။

လျှပ်​စစ်​နှင့်​ပတ်​သတ်​တဲ့ အ​မေး၊အ​ဖြေ​လေး​တွေပါ (အပိုင်း-၂)

52, Phase Sequence Indication ( P.S.I ) မရှိလျင် Phase Sequence မှန် မမှန် ဘယ်လိုကြည့်မလဲ ?
●  အခြား Load များကို ပိတ်ထားပြီး Motor တစ်လုံးကို မောင်း၍ Direction ကို Checking လုပ်မည်။
(  eg. Ventilation Fan , Grinder Motor )

53, Shore Connection ယူတော့မယ်ဆို ဘာတွေသိထားရမလဲ ?
 Ship Power Distribution System
 သင်္ဘောပေါ်မှာသုံးတဲ့ Voltage and Freq;
 Amount of Load
 Duration
 Shore Connection Box’s Location

54, Oil Mist Detector ဆိုတာဘာလဲ? ဘယ်နေရာမှာ တပ်ထားလဲ ?
 Crankcase ထဲတွင်ရှိသော Oil Mist များ၏ Density ( Concentration ) ကိုတိုင်းတာပြီး Primary Explosion
မဖြစ်အောင် ကာကွယ်ပေးသော Instrument ဖြစ်သည်။
 Oil Mist Detector ကို 2 ~ 5 % Of Low Flammable Limit တွင် Setting လုပ်ထားသည်။
( Crankcase နှင့်ဆက်ထားပြီး M/E အနီး Level တစ်ခုတွင် တပ်ဆင်ထားသည် )

55, Oil Mist Detector ဘယ်နှစ်မျိုးရှိသလဲ ?
(1) Comparator Type  ---- Average Oli Mist Density ကို Datum အဖြစ်ထားရှိကာ Sample ဖြင့်
                                Compare လုပ်သော အမျိုးအစားဖြစ်သည်။
(2) Level Type            ---- Clean Air ကို Datum အဖြစ်သုံးထားသည်။

56, Oil Mist Detector အလုပ်လုပ်ပုံကို ပြောပြပါ။
 Tube (2) ခုပါရှိပြီး Blower ဖြင့် Crankcase ထဲမှ လေများကိုစုပ်ယူသည်။ Tube တစ်ခုသည် Crankcase နှင့်
ဆက်ထားပြီး ၊ ကျန် Tube တစ်ခုသည် အပြင်လေသန့်နှင့်ဆက်ထားသည်။
 Tube (2) ခု၏ တစ်ဖက်ထိပ်တွင် မီးလုံးကလေးတွေထွန်းပြီး မီးလုံးလေးများကို Photo Cell သို့ အလင်းပြန်အောင်လုပ်ထားသည်။
 Crankcase မှ စုပ်ယူရရှိသော လေထဲတွင် Mist မရှိဘဲ ကြည်နေခဲ့လျင် Photo Cell (2) ခုသည် Light
Intensity တစ်ခုတည်းရရှိကာ Circuit ငြိမ်နေမည်။
 Crankcase မှ စုပ်ယူရရှိသောလေထဲတွင် Oil Mist များပါလာခဲ့လျင် Circuit Unbalance ဖြစ်ကာ Alarm
ထမြည်မည်။
 2 ~ 5 % Low Flammable Limit တွင် Alarm ကို Setting လုပ်ထားသည်။
 100% Flammable Limit တွင် Explosion ဖြစ်မည်။
 Normal Oil Spray များသည် Sampling Tube များထဲတွင် Precipitate ဖြစ်ပြီး Crankcase ထဲသို့ Drain
မှ တဆင့်ပြန်ဆင်းသွားသည်။

57, Oil Mist Detector Maintenance ဘာတွေလုပ်ရလဲ?
(1) Blower Fan ကောင်း မကောင်း စစ်ဆေးမည်။
(2) Bulb များကိုစစ်ဆေးမည်။
(3) Mirrors , Lens နှင့် Photo Cell တို့ကို Cleaning လုပ်မည်။
(4) Mirrors Position မှန် မမှန်စစ်ဆေးမည်။
(5) Tube နှင့် Line Clear ဖြစ် မဖြစ် လေဖြင့်မှုတ်ကြည့်မည်။
(6)  Rotary Valve Cleaning လုပ်မည်။
(7) Alarm Test လုပ်မည်။

58, Oil Mist Detector ကို Alarm Test လုပ်ပြပါ။
(1) Power ကို ON မည်။
(2) Sampling Tube သို့ Rotary Valve မှလာသော Hose ကို ဖြုတ်မည်။
(3) Hose ထဲသို့ Smoke မှုတ်ထည့်မည်။ Alarm လာလျင် Alarm ကောင်းသည်။
 Another Method  :  Sampling Tube ထဲမှ Photo Cell သို့လာသော အလင်းကိုပိတ်မည်။
Alarm လာလျင် Alarm ကောင်းသည်။

59, Diode Function Test လုပ်ပြပါ။
  MultiMeter နဲ့ OHM Resistance ကိုတိုင်းရမည်။
  Anloge Meter နဲ့ တိုင်းရင် Range Selector Swich ကို x 10Ω မှာထား ရမည်။
  Diode ရဲ့ Anode ဘက်ကို Meter Probe တံအနက်ဖြင့်ထောက်၍ Kathode ဘက်ကို အနီနဲ့ထောက်ပြီး
တိုင်းလျင် Pointer သည် Scale တစ်ခုမှာ ပြနေမည်။
  အကယ်၍ ပြောင်းပြန်လှည့်တိုင်းပါက Meter Pointer သည်  (∞) တွင်သာပြနေရမည်။
  ဒါဆိုရင် Diode ကောင်းသည်ဟု သတ်မှတ်သည်။
  လှည့်တိုင်းလို့ နှစ်ဖက်စလုံး Connection ပြနေလျင် Diode Short ဖြစ်နေသည်။
နှစ်ဖက်စလုံး မပြပါက Diode Open ဖြစ်နေသည်။
♥ Digital Meter နဲ့တိုင်းရင်တော့ Anloge Meter ရဲ့ သဘောတရားနှင့် ပြောင်းပြန်ဖြစ်သည်။
60,Ward Leonard System အကြောင်းကို ပြောပြပါ။
 Ac Motor နှင့် D.C Generator ကို Same Shaft ဖြင့် Drive လုပ်သည်။
 D.C Generator မှ ထွက်လာသော D.C Out-Put ဖြင့် D.C Motor ကို Power ပေးသည်။
 D.C Motor ကို အသုံးပြုသောကြောင့် Full Speed Range ရရှိခြင်း ၊ မည်သည့် Speed တွင်မဆို
Torque ကောင်းကောင်းဖြင့် လည်ပတ်နိုင်ခြင်းတို့ကြောင့် Ward Leonard Control ဖြင့် Deck
Machineries များကို မောင်းနှင်သည်။
 D.C Motor ၏ Speed နှင့် Direction ကို Applied Voltage ၏ Magnitude နှင့် Direction ပြောင်းပေး
ခြင်းဖြင့် ပြောင်းလဲနိုင်သည်။

D.C Motor ၏ Speed နှင့် Direction ကို ဘယ်လိုပြောင်းမလဲ ?
   ×    Potentiometer ဖြင့် D.C Generator ၏ Firld Winding သို့ပေးနေသော Field Current ကို ပြောင်းလဲ
           ×    ပေးခြင်းဖြင့် D.C  G/E  ၏ Output Voltage ကို ပြောင်းလဲနိုင်သည်။
 ထိုသို့ပြောင်းလဲခြင်းဖြင့် D.C Motor ၏ Speed ကို ပြောင်းလဲနိုင်သည်။
 Potentiometer ရှိ Control Handle ကို ရွှေ့ပေးခြင်းဖြင့် D.C Generator ၏ Field Pole သို့ပေးနေသော
Field Current ၏ Direction ကို ပြောင်းလဲပေးနိုင်သည်။
 Field Current ၏ Direction ပြောင်းသောကြောင့် D.C Motor ၏ Direction ပြောင်းမည်။


Flg : Ward – Leonard Speed Control

61, Steering Gear Stuck ဖြစ်ရသော အကြောင်းများကိုပြောပြပါ။
     Steering Gear Stuck ဖြစ်နေိုင်သော အကြောင်းများမှာ -
1. Steering Wheel မှ Command  က Control Box ကို မရောက်ခြင်း။
2. Control Box ကနေ Directional Control Valve ကို Power မရောက်ခြင်း။
3. Directional Control Valve ကပ်နေခြင်း။
4. Rudder Carrier Bearing သည် Wear Down ဖြစ်နေခြင်း။ (ဆီမရှိခြင်းကြောင့် )
5. အပြင်ဘက်မှနေ Rudder ကို ကြိုးများပတ်နေခြင်း။ တို့ကြောင့် Stuck ဖြစ်နိုင်သည်။

62, Fuses Type တွေကိုပြောပြပါ။
     Fuses Type (3) မျိုးရှိသည်။
1. Plug Fuse
2. Cartridge Fuse
3. High Rupturing Cartridge Fuse တို့ဖြစ်သည်။
တစ်ခြားနည်း ဖြေရန်
1. Rewireable Fuse
2. Cartidge Fuse ဟူ၍နှစ်မျိုးရှိသည်။
Δ  Fuse Rating အဆင့်များကို အောက်ပါအတိုင်း သတ်မှတ်ထားသည်။
1. Ampere ပေါ်မူတည်ပြီး သတ်မှတ်ခြင်း
2. Voltage ပေါ်မူတည်ပြီး သတ်မှတ်ခြင်း
3. Interrupting Capacitor ပေါ်မူတည်ပြီး သတ်မှတ်ခြင်း ။

63, Steering Alarm များကိုပြောပြပါ။
1. Signal Phasing Alarm
2. Motor Over Load Alarm ( Over Current )
3. Power FailureAlarm
4. Hyd; Oli Low Level Alarm
5. Steering Room Bilge Well High Level Alarm
6. Auto Pilot Failure Alarm

64, Motor Stater ဘယ်နှစ်မျိုးရှိလဲ ?
       Motor Starter (5) မျိုးရှိ၏
1. D.O.L Starter ( Full Voltage Starter )
2. Star – Delta Starter ( Υ – Δ ) ( Reduce Voltage Starter )
3. Soft Starter ( Reduce voltage Starter )
4. Auto X’mer Starter  ( Redcue Voltage Stsrter )
5. Round Rotor Starter  ( Slip Ring Type )

65, Υ – Δ အလုပ်လုပ်ပုံကို ပြောပြပါ။
  Starting တွင် ( Star ) ဖြင့် အလုပ်လုပ်သည်။ ( To Reduce Starting Current ) Star ဖြင့် စက္ကန့်အနည်း
ငယ်ကြာ လည်ပတ်ပြီး Delta သို့ Timer မှ ပြောင်းပေးသည်။
  Running တွင် ( Delta ) ဖြင့်အလုပ်လုပ်သည်။ ( Power Out put ကောင်းအောင်)
  ယခင်က Υ – Δ ကို Manual Change Over Switch ဖြင့် ပြောင်းကြသည်။ ယနေ့ခေတ် မသုံးတော့ပေ။
  Large Motor များတွင် Υ – Δ ကို Timer And Relay ဖြင့်ပြောင်းပါတယ်။
Eg ; ----  Air Compressor Motor,  Ballast Pump Motor,  G/S Pump Motor, L.O Pump Motor
              Deck Crane Main Pump Motor များမှာ အသုံးပြုသည်။

66, Oil Pollution ဖြစ်ရင် ဘယ်လို Action ယူမလဲ ?
1. Cut-Off Power ( Oil Pump )
2. Divert ( Release ) Pressure in The Line ( by open  out to other TK )
3. Contain The Oil ( N0 more spreading )
4. Collect The Spilled Oil
5. Cleaning ( Final )

67, Relay အမျိုးအစားများကို ပြောပြပါ။
1. Latching Relay
2. Reed relay
3. Mercury Relay
4. Polarized Relay
5. Solid-stage Relay
6. Thermal Relay
7. Hybrid Relay   တို့ဖြစ်သည်။

68, Boiler ရဲ့အပေါ်ဆုံးမှာ ဘာတွေပါသလဲ ?
1. Main Steam Stop  V/V
2. Safety V/V
3. Air Cock ( Air Vent )
4. Pressure Gauge တို့ပါဝင်သည်။

69, Pump အမျိုးအစားတွေကို ပြောပြပါ။
     Pump တွေကို အဓိကအားဖြင့် (၂) မျိုးခွဲထားသည်။
1. Positive Displacement Pump ( တိကျသော အရည်အမာဏကို ပုံမှန်ပို့ပေးသည်။ ခုခံမှုနှင့်မဆိုင် )
2. Non-positive Displacement Pump တို့ဖြစ်သည်။ ( ပို့ပေးသောအရည်ပမာဏသည် ခုခံမှုပေါ် မူတည်နေသည်။ )

Pump Type များကတော့
(1) Reciprocating Pump ( Positive ) - ( Oily Water Separator, Bilge Pump )
(2) Gear Pump              ( Positive ) - ( Boiler Bunner )
(3) Rotary Type Pump   ( Positive ) - ( Hydraulic Winch, Crane )
(4) Vane Pump              ( positive ) - ( Hydraulic Winch, Crane )
(5) Screw Pump             ( positive )    - ( Fuel P/P, L.O P/P, Hydrulic P/P )
(6) Diaphragm Pump      ( Non-positive )      - ( ပွန်းစားစေသော အရည်များထုတ်ရာတွင်သုံး )
(7) Centrifugal Pump      ( N0n- Positive) - ( ဆီထုတ်ယူရန် )

70, I.S.M ဆိုတာဘာလဲ ပါဝင်သောအချက်များကို ပြောပြပါ။
     I.S.M ဆိုတာ International Safety Management ကိုခေါ်သည်။
     ပါဝင်သော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

Part (A)   -- Implementation  ( Chapter 1 to 12 )
Part (B)   -- Certification

Part (A) Chapter 1 to 12 ------
Chapter I     -  General
    Chapter II    -  Safety + Environmental Policy
    Chapter III   -  Company  Responsibility & Authority
    Chapter IV   -  Designated Person (s)
    Chapter  V   -  Master’s Responsibility & Authority
    Chapter VI   -  Resources And Personnel
    Chapter VII  -  Shipboard Operations
    Chapter VIII -  Emergency Preparedness
    Chapter IX    -  Reports And Analysis Of NCs, Accident and Hazardous Occurances
    Chapter X    -  Maintenance Of Ship And Equipment
    Chapter XI   - Document Action
    Chapter XII  -  Company Verification, Review And Verification 

71, G/E over speed Trip ကောင်းမကောင်း  စမ်းပြပါ။
- Over Speed Trip စမ်းမည့် G/E ကို NO Load ဖြင့် မောင်းထားရမည်။
- Governor Adjusting Screw ကို တဖြည်းဖြည်းတင်သွားမည်။
- Tachometer ကိုကြည့်ပြီး 15% Of Normal Speed တွင် G/E ရပ် မရပ် စစ်ဆေး၇မည်။
- Trip ဖြစ်ပြီး G/E ရပ်သွားလျင် Over Speed Trip ကောင်းမွန်စွာ အလုပ်လုပ်သည်။

72, Generator တွင် Governor ရှိနေပေမယ့် ဘာ့ကြောင့် Over Speed Trip တပ်ထားရသလဲ ?
- ရုတ်တရက် Load ပြုတ်ကျသွားပြီး Governor မှ ထိန်း၍မရသောအခါ ၊
- အကြောင်းအမျိုးမျိုးကြောင့် Governor Out သွားသောအခါ၊
- Goernor ကောင်းသော်လည်း Fuel Rack များကောင်းနေသောအခါ၊
Δ   Time delay အတွင်း Engine အစိတ်အပိုင်းများ Damage မဖြစ်စေရန် တပ်ဆင်ထားသည်။

73, Generator L.O Low Pressure Trip စမ်းပြပါ။
- L.o Low Pressure Trip စမ်းမည့် G/E ကို No Load ထားရမည်။
- Pressure Switch သို့လာသော Connection Pipe ရှိ Cock ကို ပိတ်ကာ Switch ထဲရှိ L.O များကိုDrain လုပ်မည်။ Alarm လာပြီး Trip ဖြစ်သွားရင် ကောင်းသည်။

74, Black Out ဖြစ်သောအခါ Emergency G/E ဘယ်လို အလုပ်လုပ်သလဲ ?
- Main Power Failure ဖြစ်သွားသောအခါ Automatically Start လုပ်သည်။
- Start-Up Relay ဖြင့် Startying ကို Initiate လုပ်သည်။
- Main Power မှ Frequency နှင့် Voltage ကျသွားသောအခါ Start-Up Relay သည် EmergencyG/E ၏ Starting Equipment များကို Operate လုပ်ပေးသည်။
- အကယ်၍ Starting ( Auto ) Fail ဖြစ်ခဲ့လျင် Manual Starting ကို Back Starting Equipment ဖြင့် 30 Minutes အတွင်း Start လုပ်ပေးနိုင်သည်။

75, Emergency G/E ကို Maintenance ဘာတွေလုပ်မလဲ ?
- Saturday Routine တိုင်းတွင် Test Run လုပ်မည်။ Freuqency, Voltage နှင့် Ampere  စစ်မည်။
- Air Starting ဖြစ်ခဲ့လျင် Air Bottle ကို လေအမြဲဖြည့်ထားရမည်။ Battery Starting ဖြစ်ခဲ့လျင် Starter
Battery ကို Full Charge ဖြစ်နေအောင် အားသွင်းထားမည်။
- Fuel TK အတွင်း သတ်မှတ်ထားသော Level အထိ ဆီရှိ မရှိ စစ်ဆေးမည်။
- G/E ၏ Alturnator Side က Air Filter ကို ပုံမှန်သစန့်ရှင်းရေး လုပ်မည်။
- Spares များနှင့် Required Tools များကို သတ်မှတ်ထားသော Container ထဲတွင်သာ သိမ်းထားရမည်။
- Emergency G/E Room အတွင်းရှိ Emergency Lighting များကို ပုံမှန်စစ်ဆေးမည်။
- Room အတွင်း သန့်ရှင်းအောင် ထားမည်။

76, Emergency G/E ကို Test Run လုပ်ပြပါ။
1. Starting မလုပ်မီ Selector Switch ကို Local Poistion သို့ပြောင်းထားမည်။
2. Starting မလုပ်မီ Breaker Switch ကို OFF Poistion တွင် ရှိ မရှိ စစ်ဆေးမည်။
( အကယ်၍ E/R က Switchboard Breaker နှင့် Emergency Switchboard Breaker ကြားရှိ Interlock
  မကောင်းခဲ့လျင် Reverse Current ဝင်ကာ Motorizing ဖြစ်နိုင်သည်။ )
3. Start လုပ်မည်။ Frequency, Voltage နှင့် Ampere တို့ကို ပုံမှန် ရှိ မရှိ စစ်ဆေးမည်။

77, Alternator Maintenance လုပ်ပြပါ။
- သက်ဆိုင် G/E ၏ Prime Mover ကို ရပ်မည်။
- Starting System နှင့် Breaker ကို Lock လုပ်မည်။
- Totally Dead ဖြစ်စေရန် Space Heater ကို OFF ထားမည်။
- Switchboard တွင် Men On Work စာချိတ်မည်။
- Terminal Connection များ ၊ Insulation များ၏ Tightness ကို စစ်ဆေးမည်။
- Bearing Oil Level နှင့် Condition ကို စစ်မည်။
- Cooling Air Intake Filter နှင့် Exhaust Fan Operating တို့ကို Clean လုပ်မည်။
- Stator နှင့် Rotor Winding များကို Rubber House တပ်ထားသော Vacuum Cleaner ဖြင့် Cleaning
လုပ်မည်။
- အကယ်၍ Winding များတွင် Oil Deposit များကပ်နေပါက Drain Plug ကိုဖွင့်ကာ Electro Cleaner
( Special Degreasant Liquid ) ဖြင့်ဆေးမည်။
- Rotor နှင့် Stator ကြားရှိ Air Gap ကို Feeler Gauge ဖြင့် ( Top – Bottom , Port – Starboard )
လေးနေရာတိုင်းမည်။ (Usually  0.5 mm – 1mm )
- Alternator ကို Lamp ဖြင့် အပူပေးသည်။ ( Temperature 43°C ထက်မပိုရပါ။ )

78, Main Switchboard Safety Device  များကို ပြောပြပါ။
1. Under Voltage Relay
2. Fuses
3. Overload Trip ( Over Current Relay )
4. Short Circuit Relay
5. Preferential Trip
6. Air Circuit Breaker ( ACB )
7. Reverse Current Relay
8. Earth Fault Protection
9. No Load Trip   တို့ဖြစ်သည်။

79, Short Circuit Relay က ဘာလဲ ?
     Coil 2 ခုပူးပြီး Alternator ပျက်စီး မသွားစေရန် တပ်ဆင်ထားခြင်းဖြစ်သည်။

80, Preferential Trip အကြောင်း ပြောပြပါ။
- Over Load Setting Point ၏ 150% ရောက်ရှိသောအခါ Non – Essential Loads များကို ဖြုတ်ပြီး
Essential Load များကို ကာကွယ်ပေးသော Trip ဖြစ်သည်။
- G/E Load 110% ရောက်ရှိသောအခါ Preferential Trip စတင် အလုပ်လုပ်သည်။
- Load 110% ရောက်ရှိပြီး ( 5 Sec ) ကြာသောအခါ Load ကျမသွားခဲ့လျင် 1st Trip အနေဖြင့် Air Con နှင့်
Some Blower များကို ရပ်စေသည်။
- Load ကျမသွားဘဲ (10 Sec) ကြာသောအခါ 2nd Trip အဖြစ် Refrigerator Cargo Plant များကို ရပ်စေသည်။
- အကယ်၍ Load သည် ( 15 Sec ) ကြာသောအခါမှ ကျမသွားခဲ့လျင် 3rd Trip အဖြစ် Deck Equipment
များကို ရပ်စေသည်။( Tripping ဖြစ်သောအစီအစဉ်သည်သင်္ဘောတစ်စီးနဲ့တစ်စီးမတူနိုင်ပေ။ )

81, Emergency Switchboard တပ်ဆင်ထညးရသော ရည်ရွယ်ချက်ကို ပြောပြပါ။
- Main Power Failure ဖြစ်သွားသောအခါ Emergency G/E မှ ထုတ်ပေးမည့် Power များကို Distribute လုပ်နိုင်ရန်၊
- Electric Shore Connection ယူသောအခါ Emergency Switchboard မှ တစ်ဆင့် Main Switchboardသို့ Power များကို Back Feed ပေးရန် ၊
- 440 Volts နှင့် 220 Volts ဟူ၍ Section  နှစ်ခုပါရှိသည်။

82, Emergency Switchboard Safety Device များကို ပြောပြပါ။
1. Breaker 4, Indicator
2. Fuses 5, Space Heater
3. Meter ( Ammeter, Voltmeter အစရှိသည် ) 6, Interlock

83, Switchboard တွင် အန္တရာယ် မဖြစ်စေရန် ဘယ်လိုကာကွယ်မလဲ ?
- Insulation Rubber (သို့) Plastic Mat ကို Switchboard ရှေ့တွင်ထားမည်.
- Switchboard ရှိ Metal Plarts များကို Earth ချထားမည်။
- Operator သည် Switch များကိုကိုင်တွယ်ရာတွင် ဘေးကင်းစေရန် Electrician Hand Gloves များကို
အဆင်သင့်ထားရှိမည်။

84, Motor Name Plate ပေါ်တွင် ဘာတွေရှိသလဲ ?
1. Voltage
2. Full Load Current ( FLC )
3. Out Put Power
4. RPM
5. Phase ( Single Phase or Three Phase )
6. Connection ( Star 0r Delta )
7. Number Of Pole
8. Frequency ( Hz)

85, A.C Motor တွင် Direction ကို ဘယ်လိုပြောင်းမလဲ ?
     Motor ၏ Stator Terminal Box ရှိ ကြိုက်နှစ်သက်ရာ Supply Line နှစ်ခုကို ပြောင်းတပ်ပေးခြင်းဖြင့် Rotating
     Magnetic Field ၏ Direction ပြောင်းသွားကာ Motor ပြောင်းပြန်လည်မည်။

86, A.C Motor Speed ကို ဘယ်လိုပြောင်းမလဲ ?
1. Electronic Circuit ကို အသုံးပြု၍ Frequency ကို ပြောင်းလဲပေးခြင်းအားဖြင့် Speed ကို ပြောင်းနိုင်သည်။ (သို့)
2. Selector Switch ကိုအသုံးပြု၍ Pole ကို ပြောင်းလဲပေးခြင်းဖြင့် Speed ကို ပြောင်းနိုင်သည်။
( N = F / P )

87, Motor Amp တက်ရတဲ့ အကြောင်း ပြောပြပါ။
1. Motor Over load ဖြစ်သောကြောင့်
2. Single Phasing ဖြစ်နေသောကြောင့်
3. Motor Earth မိနေသောကြောာင့်
4. Volt အဝင်များနေသောကြောင့်
5. Insulation ကျနေသောကြောင့်
6. Ball Bearing ကွဲနေသောကြောင့်
7. Shaft Misalignment ဖြစ်နေသောကြောင့်
8. Cooling Fan မကောင်းသောကြောင့်

88, Motor Safety Device များကို ပြောပြပါ.
1. Thermister
2. Over Current Relay
3. Fuse
4. Earth Fault Alarm
5. Circuit Breaker

89, Single Phasing ဆိုတာ ဘာလဲ ?
- 3 Phase တွင် One Phase Open ဖြစ်နေခြင်းကိုခေါ်သည်။
- ထို့ကြောင့်ကျန်ရှိနေသော Phase 2 ခုမှ Excessive Current ကို သယ်ဆောင်ရပြီး Overheating ဖြစ်မည်။
အကယ်၍ Overload အလုပ်မလုပ်လျင် Motor လောင်သွားမည်။
- Uneven Torque ကြောင့် ဆူညံသံထွက်ပေါ်လာမည်။
- Running Motor တွင် Over load Protection အလုပ်မလုပ်ခဲ့လျင် Motor ဆက်လက်လည်ပတ်နိုင်ပြီး
အကယ်၍ Motor ကိုရပ်ခဲ့လျင် ပြန်လည်၍ Start လုပ်၍ ရတော့မည်မဟုတ်ပေ။
- Single Phasing ကို Overload Relay ဖြင့် အလွယ်တကူ ရှာတွေ့နိုင်သည်။

90, One Phase Open ဘာကြောင့်ဖြစ်တာလဲ ?
1. Fuse ပြတ်နေသောကြောင့်
2. Contector Open ဖြစ်နေသောကြောင့်
3. Wire ( Conductor ) ပြတ်နေသောကြောင့်

91, Running Motor ကောင်းမကောင်း ဘယ်လိုစစ်မလဲ ?
- Ampere ပုံမှန် ရှိ မရှိ စစ်ဆေးမည်။
- လက်ဖြင့်စမ်းကာ Normal Temperature တွင် ရှိ မရှိ စစ်မည်။
- Abnormal Sound ထွက် မထွက် စစ်မည်။
- ညှော်နံ့ထွက် မထွက် စစ်မည်။

92, Defrosting Timer အလုပ်လုပ်ပုံကို ပြောပြပါ။
        လျှပ်စစ်ဓါတ်အားပေးပြီးလည်စေတဲ့ Motor ငယ်ကလေးကို ပင်နီယံများခံပြီး တဖြည်းဖြည်းလည်စေတဲ့အခါ၊
အချိန်တစ်ခုမှာ လျှပ်စစ်ခလုတ်ကို ဖွင့်စေပိတ်စေနိုင်သည်။ သတ်မှတ်ထားတဲ့ နာရီအလိုက် တစ်နေ့ကို တစ်ကြိမ်
(သို့) နှစ်ကြိမ် အလုပ်လုပ်စေပါတယ်။ ရေခဲများ Evaporator မှာ ပိတ်လာနိုင်သောအခါ Motor Compressor
ကိုရပ်စေပြီး Heater ကို ON စေသည်။ ရေခဲများအရည်ပျော်ရန် အသုံးပြုသော အချိန်မှတ်နာရီနှင့် တွဲသောခလုတ်
ဖြစ်သည်။
        Defrosting Time Period ကို Set လုပ်နိုင်ရန် Second Dial တွင် Set Point များ သတ်မှတ်ဖေါ်ပြထားသည်။
သင့်တော်သော Defrosting Time Period ကို Set လုပ်ပြီး Lock Screw ဖြင့်  Tight လုပ်၍ Set လုပ်နိုင်သည်။ Set
Point များမှာ 3 to 45 min အထိရှိမည်။များသောအားဖြင့် 30 min တွင် Set လုပ်ထားလေ့ရှိသည်။

93, D.C Motor သုံးမျိုးကို ပြောပြပါ။
1. Series Motor         ( For Heavy Load )
2. Shunt Motor         ( For Light Load )
3. Compound Motor  ( For Multi Load )

94, D.C Motor ရဲ့ အားသာချက်က ဘာလဲ?
- Full Speed Range ရှိတယ်
- မည်သည့် Speed တွင် မဆို Torque ကောင်းကောင်းဖြင့် လည်စေနိုင်တယ်။

95, Onboard တွင် A.C Power ကိုအသုံးများရခြင်းအကြောင်းက ဘာလဲ?
1. A.C Machine များသည် သေးငယ်ပြီး၊ ပေါ့ပါးကာ ကျစ်လစ်သော Size ရှိသောကြောင့်
2. High Power နှင့် High Voltage ကို A.C G/E မှ အလွယ်တကူ ထုတ်ပေးနိုင်သောကြောင့်
3. Voltage အနိမ့် အမြင့်ကို X’mer ဖြင့် လိုသလို ပြောင်းလဲနိုင်သောကြောင့်
4. A.C မှ D.C သို့ Retifier ၊ Conventer တို့ကြောင့် အလွယ်တကူ ပြောင်းလဲနိုင်သောကြောင့်
5. A.C Machine များသည် ဈေးသက်သာကြောင့်
6. A.C Mchine များကို အလွယ်တကူ Maintenance လလုပ်နိုင်သောကြောင့် ဖြစသည်။

96, Residual Magnetism ဆိုတာဘာလဲ ?
- Exciting Current ကို Cut Off လုပ်ပြီးသောအခါ Generator ၏ Field အတွင်းမှာ ကျန်ရှိနေသော
Magnetism ဖြစ်သည်။
- Current စတင်ရာတွင် Residual Magnrtism သည်အရေးကြီးပြီး Field Strength ကို ကောင်းစေသည်။
- Pole များရှိ Residual Magnetim ပျောက်နေလျင် G/E သည် Excition မလုပ်နိုင်ပါ။
- Alternator တွင် Initial Out-Put ထုတ်ရာတွင် မရှိမဖြစ်လိုအပ်သည်။

97, Residual Magnetism ဘာ့ကြောင့်ပျောက်ရတာလဲ ?
1. Motorizingb ဖြစ်သောကြောင့်
2. Heavy External Magnetic Field ဝင်သောကြောင့်
3. Heavy Vibration ဖြစ်သောကြောင့်
4. Over Heat ဖြစ်သောကြောင့်
5. အချိန်ကြာမြင့်စွာ အသုံးမပြုဘဲထားသောကြောင့် ဖြစ်သည်။

98, Residual Magnetism ပျောက်ရင် ဘာလုပ်မလဲ ?( Re – Magnetism )
- Prime Mover ကိုရပ်မည်။
- 12 or 9 Volt Battery ဖြင့် Fiel Coil ကို Polarity မှန်အောင်ဆက်ပြီး စက္ကန့် အနည်းငယ်မျှ ထောက်ထား
ပေးရမည်။
ယနေ့ခေတ်မှာတော့ - Permanent Magnetic တွေသုံးတယ်
                          - Capacitor Bank တွေသုံးတယ်
                          - Pilot Exciter တွေသုံးတယ် ( အပြင်မှာ DC G/E တပ်ထားသည်။ )

99, Motor Overhaul လုပ်ပြီး ဘာတွေစစ်မလဲ ?
- Ball Bearing စစ်မည်။  ( လှည့်ကြည့်သောအခ့ါ အသံမကြားစေရ၊ စီးစီးလေးဖြစ်နေရမည်။)
- Fan Blade များ ကျိုး မကျိုး စစ်ရမည်။
- Rotor ကို စစ်မည်။ Winding Test လုပ်မည်။

100, R နှင့် IR တူပါသလား ?
- R သည် Resistance ဖြစ်ပြီး Current Flow ကိုဆန့်ကျင်သော အရာဖြစ်သည်။
- IR သည် Insulation Resistance ဖြစ်ပြီး Conductor တစ်ခုကို Cover လုပ်ထားသော Insulation Class
ဖြစ်သည်။
Crd
မေတ္တာဖြင့်
T.Y.M.M

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html