ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Interlocking of contactors Electrical Control circuits တွေမှာ ပါဝင်တဲ့ contactors(relays) နှစ်ခုကို တစ်ပြိုင်တည်းမှာ energized မဖြစ်ရ

Interlocking of contactors

Electrical Control circuits တွေမှာ
ပါဝင်တဲ့ contactors(relays) နှစ်ခုကို
တစ်ပြိုင်တည်းမှာ energized မဖြစ်ရ
အောင်ပြုလုပ်ထားတဲ့ အစီအမံတစ်ခု
ဖြစ်ပါတယ်။

Mechnical interlocking
Relay contact interlocking နဲ့
Pushbutton interlocking
တို့ဖြစ်တယ်။

Mechnical
Contactor နှစ်လုံးကိုကပ်ရက်အနေ အထားမှာ ထားရှိပြီး သူတို့ကြားမှာ lockခံထားခြင်း အားဖြင့်တစ်ပြိုင်တည်း နှစ်ခုလုံး energized ဖြစ်ခြင်းမှတားဆီး ပေးထားတယ်​။ Contactor တစ်​လုံး energized ဖြစ်​ရင်​ ​နောက်​တစ်​လုံး energized မဖြစ်​ရ​အောင်​ စီမံထားတယ်​။

Contactor/Relay contact interlocking
Contactor/Relay တစ်လုံးစီရဲ့ auxiliary contact N.C ကို နောက်တစ်လုံးရဲ့ closing coil နဲ့ Series ဆက်ထားခြင်းဖြင့် နှစ်ခုစလုံး
တစ်ပြိုင်တည်း energized ဖြစ်ခြင်းမှ တားဆီး ပေးထားတယ်။

Pushbutton interlocking
Contactors တွေပါတဲ့ circuit​တွေမှာ တပ်ဆင်ထားပြီး တစ်ချိန်မှာ contactor တစ်လုံးဘဲ energized ဖြစ်အောင်စီမံ ထားတဲ့ Pushbutton အမျိုးအစားပါ။ မှားပြီးနှစ်​ခုလုံး Push လုပ်​မိရင်​လည်း အယင်​နှိပ်​မိတဲ့ Pushbutton နဲ့ ဆက်​ထားတဲ့ Contactor ဘဲ energized ဖြစ်​မယ်​။

အသုံးပြုပုံ။
Motor starters တွေမှာအများအားဖြင့်
တွေ့ရမှာပါ။
Reversing, Two-speed, Star-Delta,
Auto transformer starters တွေမှာ
ပါဝင်လေ့ရှိတတ်ပါတယ်။
Main Generator,Emergency Generator နှင့်​ Shore Power Connection Switch ​တွေအကြားမှာလည်း Auxiliary contact မှတစ်​ဆင့်​/ micro switch ​တွေမှတစ်​ဆင့်​ interlocking ပြုလုပ်​ထားတတ်​တယ်​။

အောင်မြင်ကြပါစေ။
Crd
Hla Win Maung Mariner
October 12,2016

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html