ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

OP AMP ကို comparator (နှိုင်းယှဉ်​ပတ်​လမ်း)အဖြစ်​ အသုံးပြုခြင်းနှင့်​ စက်​ပြင်​အကျိုးပြု အ​တွေးအ​ခေါ်များ အပိုင်း(၁)----စက်​ဆရာများအတွက်​ ပြုပြင်​ရာတွင်​ အထောက်အကူရပြီး ဆားကစ်​ကိုမြင်​လိုက်​တာနဲ့ အယူအဆတစ်​ခု လွယ်​ကူစွာရ​စေခြင်းငှါ အမြင်​လွယ်​ သ​ဘော​ပေါက်​​စေ​သောယူဆမှုများ

OP AMP ကို comparator (နှိုင်းယှဉ်​ပတ်​လမ်း)အဖြစ်​ အသုံးပြုခြင်းနှင့်​ စက်​ပြင်​အကျိုးပြု အ​တွေးအ​ခေါ်များ အပိုင်း(၁)


စက်​ဆရာများအတွက်​ ပြုပြင်​ရာတွင်​ အထောက်အကူရပြီး ဆားကစ်​ကိုမြင်​လိုက်​တာနဲ့
အယူအဆတစ်​ခု လွယ်​ကူစွာရ​စေခြင်းငှါ
အမြင်​လွယ်​ သ​ဘော​ပေါက်​​စေ​သောယူဆမှုများကို
မျှ​ဝေ​ပေးချင်​ပါတယ်

အော်​တိုမီးမြှင့်​စက်​​တွေ အသံနဲ့လိုက်​ပြီးလင်းတဲ့LED Display ​တွေ ဘက်​ထရီ​ဗို့အားအ​ခြေပြဆားကစ်​​တွေ နဲ့ အခြားဆားကစ်​​တွေမှာ လိုအပ်​သလို တွင်​ကျယ်​စွာအသုံးချ
နေကြတဲ့ နှိုင်းယှဉ်​ပတ်​လမ်း​ခေါ်
comparator ဆိုတဲ့ ​ပြောင်းလဲမှုကို အာရုံခံ နှိုင်းယှဉ်​တဲ့
သ​ဘောတရားကို မဟုတ်​ဘဲ
Electronic ဘာသာရပ်​မှာ အနိမ့်​အမြင့်​ကို
ပညာသားပါပါကစားပြီး အမ်​ပီယာစီးဆင်းမှုကို
လိုသလိုအသုံးချ​စေခိုင်းတဲ့ပညာရပ်​သ​ဘောတရား​လေးများကို စက်​ပြင်​​လောကသားများအတွက်
မျှ​ဝေ​ပေးဖို့ရာ အစပျိုးခြင်းသာဖြစ်​ပြီး ဆက်​စပ်​ပတ်​သက်​​နေ၍သာ နှိုင်းယှဉ်​ပတ်​လမ်းနှင့်​ အညွှန်း​ဗို့အား
အ​ကြောင်းကို ​ရေးသား​ဖော်​ပြခြင်းဖြစ်​ပါတယ်
#Reference Voltage ​ခေါ် အညွှန်း​ဗို့အား
အမှတ်​တစ်​ခုရှိ ​ဗို့အားကို ပုံ​သေဖြစ်​​စေခြင်း
(သို့မဟုတ်​) တန်​ဖိုးတစ်​ခုကို နည်းတယ်
များတယ်​ ခွဲခြားသတ်​မှတ်​လို့ရ​အောင်
စံ အဖြစ်​ သတ်​မှတ်​ခြင်း
အဝင်​ငုတ်​ နှစ်​ခုရှိတယ်
တစ်​ငုတ်​ကို ပုံ​သေတန်​ဖိုးတစ်​ခု​ပေးထားပြီး
အငြိမ်​ထားမယ်
ဆားကစ်​​ပြောင်းလဲမှုသည်
ဒီငုတ်​ကို မသက်​​ရောက်​​စေရဘူး
အဲလို
ပုံ​သေတန်​ဖိုးတစ်​ခု Fixed Voltageမှာ ရပ်​​နေ​အောင်
ငြိမ်​​နေ​အောင်​ ​ငုတ်​တစ်​ငုတ်​မှာ ​ပေးသွင်းထားခြင်းကို
အညွှန်း​ဗို့အား​ပေးသွင်းခြင်း Reference Voltage လို့ ဘာသာရပ်​မှာသုံးနှုန်း​လေ့ရှိပြီး
Vref လို့ အတို​ကောက်
သတ်​မှတ်​​ရေးသား ကိုယ်​စားပြု​လေ့ရှိတယ်
ဥပမာအ​နေနဲ့​ပြောရရင်​ ကုန်​ပစ္စည်း​တွေ
ချိန်​တွယ်​​ရောင်းချတဲ့ အရင်​​ခေတ်​က မြန်​မာ
ချိန်​ခွင်​ သိတယ်​မလား
ပစ္စည်းဝယ်​တဲ့အခါ ​ရောင်းတဲ့သူက ​မေးတယ်​​လေ
ဘယ်​​လောက်​သားဝယ်​မှာလဲဆိုပြီး
ကျွန်​​တော်​ ၁၀ သား ၅ကျပ်​သားလိုချင်​တယ်​​ဗျာဆို
ချိန်​ခွင်​ရဲ့တစ်​ဖက်​မှာ
၁၀သားအ​လေးတို့ ၅ကျပ်​သားအ​လေးတို့
အရင်​ထည့်​လိုက်​တယ်​မဟုတ်​ဘူးလား
အဲဒါ အညွှန်း​ဗို့အား ထည့်​လိုက်​တာပဲ​ဗျာ
တစ်​ဖက်​မှာ အ​လေးလို့​ခေါ်တဲ့ သတ်​မှတ်​တန်​ဖိုးအ​လေးချိန်​ (Vref) ထည့်​​ပေးထားပြီးကာမှ
အခြားတစ်​ဖက်​မှာ ချိန်​တွယ်​​ရောင်းချချင်​တဲ့
ကုန်​ပစ္စည်း ( ​အဝင်​တန်​ဖိုး)
ထည့်​သွင်းကာ ဟိုဘက်​ ဒီဘက်​ နှိုင်းယှဉ်​ပြီး
(Comparator ကဲ့သို့)
အ​ဖြေကို (output) ချိန်​ခွင်​လျှာနဲ့ ဆုံးဖြတ်
သလိုပါပဲ
အဲ့လို အညွှန်း​ဗို့အားအ​နေဖြင့်​ ပုံ​သေ​ဗို့အားတစ်​ခုရ​အောင်
ပေးရာမှာ မူကွဲ​လေး​တွေ ရှိပါတယ်
(1) ဇီနာဒိုင်​အုတ်​ဖြင့်​​ထောက်​ပြီး ဒိုင်​အုတ်​၏အညွှန်း​ဗို့အားဖြင့်​ ပုံ​သေဖြစ်​​စေခြင်း
(2) Resistor များဖြင့်​ Voltage ကို
ပိုင်းခြားပြီး ​ပေးသွင်းသတ်မှတ်​​ခြင်း
(3) GND ချပြီး 0V reference အဖြစ်
ပုံ​သေ ​ပေးသွင်းခြင်း စသဖြင့်
ဆားကစ်​ဒီဇိုင်းအရ အမျိုးမျိုးသုံးထားတတ်​ပြီး စက်​ဆရာ သိဖို့ အ​ရေးကြီးတာက
ဘယ်​ငုတ်​က Reference Volt ​ပေးသွင်းထားတာလဲ ဆိုတာကို သိဖို့ပင်​ဖြစ်​ပါသည်
အလွယ်​​ပြောရရင်​ ဆားကစ်​​ပြောင်းလဲမှုအရ ဘယ်​ငုတ်​က လိုက်​​ပြောင်းပြီး
ဘယ်​ငုတ်​က ပုံ​သေဖြစ်​​နေမှာလဲ ဆိုတာ
ခွဲခြားတတ်​ဖို့ပင်​ ဖြစ်​ပါသည်
ဒါကို အမြင်​ရှင်း​အောင်​ 
အဝင်​ နှစ်​ငုတ်​ ရှိရာမှာ
အဝင်​တစ်​ငုတ်​သည်​ ပုံ​သေအဝင်​ ဖြစ်​ပြီး
အခြားအဝင်​တစ်​ငုတ်​သည်​ အာရုံခံငုတ်
ဟုသုံးနှုန်းလိုက်​မယ်​​ဗျာ
ဒါဆို စက်​ဆရာက
ပုံ​သေအဝင်​ငုတ်​ Vref ငုတ်​သည်​ OP amp
IC ၏ အ​ပေါင်းအဝင်​ နဲ့ အနှုတ်​အဝင်​ငုတ်
နှစ်​ခုမှာ ဘယ်​ငုတ်​ကို ပုံ​သေအဝင်​ အဖြစ်
သုံးထားတာလဲဆိုတာကို ICရဲ့အချက်​အလက်​အရ သိရပါမယ်
သ​ဘောက အဝင်​ငုတ်​​တွေမှာ
Non-Inverting (+လက္ခဏာငုတ်​)
Inverting (-လက္ခဏာငုတ်​)
ဆိုပြီးရှိရာမှာ ပုံ​သေတန်​ဖိုး​ပေးသွင်းခြင်း
ခံထားရတဲ့ငုတ်​သည်​ အနှုတ်​လက္ခဏာငုတ်​လား
အ​ပေါင်းလက္ခဏာငုတ်​လား ခွဲခြားသိရပါမယ်
အလွယ်​မှတ်​မယ်​ဆို
OP amp IC ၏
အနှုတ်​အဝင်​ငုတ်​က ​ဗို့များရင်​ (မြင့်​ရင်)​အထွက်​မှာ
အနှုတ်​​ဗို့ထွက်​ပြီး
အ​ပေါင်းအဝင်​ငုတ်​က ​ဗို့ပိုများရင်​(မြင့်​ရင်​)
အထွက်​ငုတ်​မှာ အ​ပေါင်း​ဗို့ထွက်​ပါတယ်
ဒါဆိုရင် ​ပြောင်းပြန်​သ​ဘောတရားအားဖြင့်
ဆားကစ်​တည်​​ဆောက်​သူ​တွေက
အထွက်​မှာ အ​ပေါင်း​ဗို့လိုရင်​ (+) အ​ပေါင်း
အဝင်​ငုတ်​ကို ​ဗို့မြှင့်​​ပေး
အထွက်​မှာ အနှုတ်​​ဗို့လိုရင်​ အနှုတ်​အဝင်​ငုတ်​ကို ​ဗို့မြင့်​​အောင်​​ပေး​ပေါ့လို့
အလွယ်​​ပြောလို့ရတာ​ပေါ့
ဒါ​ပေမယ့်​ တည်​​ဆောက်​သူ​တွေက အနိမ့်​အမြင့်​ကို 
ကောင်း​ကောင်းအသုံးချသူ​တွေ
ဖြစ်​တာ​ကြောင့်​ တကယ်​လက်​​တွေ့မှာ
အဲ့​လောက်​ မရိုးရှင်းဘူး​ဗျာ
ပြောချင်​တာက ခင်​​ဗျားနဲ့ကျွန်​​တော်​ အမြင့်​တစ်​ခုမှာ
Level တူထိုင်​​နေတယ်​ ဆိုပါစို့
ခင်​​ဗျား ကျွန်​​တော့်​ထက်​မြင့်​ချင်​ရင်​ ပိုမြင့်​​အောင်​ ကြိုးစား​ပေါ့ (ဒါက တစ်​နည်း)
အဲ့လိုမဟုတ်​လို့ ခင်​​ဗျားကလည်း အဲ့​နေရာ
မှာပုံ​သေထိုင်​​နေတယ်​ သူများထက်​လည်း
မြင့်​ချင်​တယ်​ဆို ကျွန်​​တော့်​ကို ကန်​ချလိုက်​​ပေါ့​ဗျာ ဒါဆိုလည်း ခင်​​ဗျားက အလိုလိုမြင့်​သွားမှာ​ပေါ့
( အခြားအဝင်​တစ်​ခုကို နိမ့်​​စေခြင်း)
စသဖြင့်​ အဲ့လို မတူညီတဲ့ အနိမ့်
အမြင့်​ idea ​တွေအရ
စက်​ပြင်​ရာမှာ ​တွေ့ကြုံနိုင်​မယ့်​ ဆားကစ်
မျိုးကွဲ​လေး​တွေ ​အောက်​ပါအတိုင်း
ကြုံဆုံလာနိုင်​ပါတယ်
(၁) ပုံ​သေအဝင်​ Vref ကို ​အ​ပေါင်းအဝင်​ငုတ်​သို့ ပေးသွင်းထားချိန်
(A) အာရုံခံငုတ်​ မြင့်​​နေခြင်း
(B)အာရုံခံငုတ်​ နိမ့်​​နေခြင်း
(၂) ပုံ​သေအဝင်​ Vref ကို အနှုတ်​အဝင်​ငုတ်
သို့​ပေးသွင်းထားချိန်
(A) အာရုံခံငုတ်​ မြင့်​​နေခြင်း
(B) အာရုံခံငုတ်​ နိမ့်​​နေခြင်း
စသဖြင့်​ Reference ငုတ်​​ပေးသွင်းထားရာ
ငုတ်​​ပေါ်လည်းမူတည်​သလို
အာရုံခံငုတ်​အနိမ့်​အမြင့်​​ပေါ်လည်း မူတည်​ကာ အထွက်​​ဗို့သည်​ ​ပြောင်းလဲနိုင်​တာ​ကြောင့်​ စက်​ပြင်​ရာတွင်​ 
တွေး​ခေါ်ယူဆရာ၌
အခက်​အခဲ​လေးများ ကြုံဆုံရပါတယ်
ဒီအခက်​အခဲကို အဆင်​​ပြေ​ပြေ​တွေး​ခေါ်
သိမြင်​နိုင်​ဖို့ နည်းလမ်း​လေး​တွေ မျှ​ဝေ​ပေးချင်​တာပါ
အရင်​ဆုံး ဆားကစ်​တည်​​ဆောက်​သူရဲ့
ယူဆထားမှုကို သိ​အောင်​လုပ်​ရပါမယ်
Op amp IC ရဲ့အထွက်​ Output နှင့်​ချိတ်​ဆက်​ထား​သော Transistor သို့မဟုတ်
Circuit သည်
(+)အ​ပေါင်း​ဗို့ရမှ အလုပ်​လုပ်​မယ့်​ ပုံစံလား
Current Source
(-)အနှုတ်​​ဗို့ရမှ အလုပ်​လုပ်​မယ့်​ ပုံစံလား
Current Sink
ကြည့်​ပါ
သ​ဘောက Relay ဆားကစ်​ဆိုရင်
Output က အ​ပေါင်း bias ​ထွက်​လာမှ
Relay က ကပ်​မှာလား ကွာမှာလား
Relay က NC သုံးထားတာလား
NO သုံးထားတာလား
ကပ်​ရင်​ ဘာဖြစ်​မှာလဲ
ကွာရင်​ ဘာဖြစ်​မှာလဲ
Output နဲ့ချိတ်​ဆက်​ထားတဲ့ Transistor
ဆိုလည်း အဲ့ Transistor သည်​ အ​ပေါင်း​ဗို့ရမှ saturate ပြည့်​ဝ​ခြေဖြစ်​ပြီး ​ရှေ့က
ချိတ်​ဆက်​ထားတဲ့ Relay ဆားကစ်​ကို On
စေမှာလား
ဒါမှမဟုတ်​ Transistor cutoff ဖြစ်​လို့
အလုပ်​မလုပ်​မှ ​ရှေ့Relay ဆားကစ်​အလုပ်​လုပ်​မယ့်
အငြင်းသ​ဘောမျိုး သုံးထားတာလား
စတဲ့​တွေး​ခေါ်သိမြင်​နိုင်​ရင်
ပိုအဆင်​​ပြေနိုင်​​ပေမယ့်​ ခု​ပြောချင်​တာက
#Output သည်​ အ​ပေါင်းလိုချင်​တဲ့ ပုံစံလား
အနှုတ်​လို့ချင်​တဲ့ပုံစံလား သိ​အောင်​လုပ်
#ဒုတိယ ပုံ​သေအဝင်​ Vref ​ပေးသွင်းထားတာ
အနှုတ်​လက္ခဏာအဝင်​ငုတ်​လား
အ​ပေါင်းလက္ခဏာအဝင်​ငုတ်​လား
သိ​အောင်​လုပ်
သိပြီဆိုရင်
အထွက်​ငုတ်​ကလည်းအ​ပေါင်း​ဗို့လိုအပ်တယ်
ပုံ​သေအဝင်​ကလည်း အ​ပေါင်းလက္ခဏာငုတ်​ကို 
ပေးသွင်းထားတဲ့ဒီဇိုင်းဆိုရင်​ ဒါကို ကျွန်​​တော်​က #မျိုးတူ တယ်​လို့သုံးနှုန်းလိုက်​မယ်​​ဗျာ
အထွက်​ငုတ်​က အ​ပေါင်း​ဗို့လိုအပ်​ပြီး
Vref ပုံ​သေအဝင်​ကို အနှုတ်​လက္ခဏာငုတ်​ကို 
ပေးသွင်းထားရင်​ ဒါကို #မျိုးမတူ ဘူးလို့
ဆိုမယ်​​ဗျာ
ဒါဆို ကျွန်​​တော့်​ ​ဖော်​မြူလာနဲ့ ​တွေးလို့ရပြီ
ဆားကစ်​တည်​​ဆောက်​ထားသူရဲ့အလိုအရ
အာရုံခံငုတ်​၌ရှိ​နေရမည့်​ငုတ်​​ဗို့အားသည်
မျိုးတူ .....နှိမ့်....Same = Low
မျိုးမတူ....မြှင့်​...Different = High
(Vref ​ဗို့နှင့်​ နှိုင်းယှဉ်​​သော အနိမ့်​အမြင့်​ကို
ဆိုလိုသည်​)
ပေးရမည်​ ဟု ပုံ​သေနီးပါး
ယူဆနိုင်​​လောက်​သည်​ဟု ထင်​မြင်​မိသည်
ဒါဆို output နှင့်​ချိတ်​ဆက်​ထား​သော
ဆားကစ်​အလုပ်​ မလုပ်​ဘူးဆိုရင်
အာရုံခံငုတ်​မှာ ဘာ​ဗို့ရှိ​နေရမယ်
ဘာ​ဗို့ရှိမှ အလုပ်​လုပ်​မယ်​ Reference
ဗို့ထက်​ မြင့်​​နေရမယ်​ နိမ့်​​နေရမယ်​ ဆိုတဲ့
စက်​ပြင်​အကျိုးပြု အ​တွေးအ​ခေါ်​လေး​တွေ
ထွက်​​ပေါ်လာနိုင်​ပါပြီ​ဗျာ
ဒါ.​ကြောင့်​ အချုပ်​အားဖြင့်​ နှိုင်းယှဉ်​ပတ်​လမ်း​တွေမှာ
741 IC
LM 324 IC
ကဲ.သို့​သော OP amp IC
များကို Comparator Circuit အဖြစ်
တည်​​ဆောက်​အသုံးပြုထားခဲ့ပါက
(Output) ဘာ​ဗို့လိုပြီး
(Reference) ဘာငုတ်​​ပေးထားတယ်
......ဆိုတာကြည့်​ပါ
Same Low
Different High
မျိုးတူနှိမ့်
မျိုးမတူမြှင့်​ ...ရမယ်​ဆိုတဲ့
အာရုံခံငုတ်​ ​ပြောင်းလဲအဝင်​​ဗို့အားကို
ယူဆ တိုင်းတာပါ
မီတာတိုင်းတဲ့အခါ Vref က ​ဗို့ဘယ်​​လောက်​ရှိတယ်
ပြောင်းလဲအဝင်​​ဗို့အားက ဘယ်​​လောက်​ရှိတယ်​ဆိုတာကို ​ဗို့တိုင်းပြီး မိမိစိတ်​ထဲက
နှိုင်းယှဉ်​တွက်​ချက်​မယ့်​ အစား
အဲ့ အဝင်​ငုတ်​နှစ်​ခုကို မီတာဖြင့်​ခွတိုင်းပါ
မီတာလက်​တံ အမှန်​အတိုင်းတက်​ချိန်​တွင်​ မီတာအနီတံ ​​ထောက်​ထားရာ ဘက်​သည်​ ​ဗို့ပိုမြင့်​ပါသည်
#အလွယ်​မှတ်​နည်း 
နောက်​တစ်​ခုက
ပုံ​သေအဝင်​ကို အနှုတ်​လက္ခဏာငုတ်​သို့
ပေးသွင်းထားပါက
Non-Inverting Comparator ဟု​ခေါ်ပြီး
အထွက်​ငုတ်​ output မှာ လိုချင်​တဲ့​ဗို့အတိုင်း
အာရုံခံငုတ်​မှာရှိရမည်
သ​ဘောက အထွက်​မှာ မြင့်​ချင်​ရင်​ (အ​ပေါင်း​ဗို့်လိုချင်​ရင်​)
အာရုံခံငုတ်​သည်​ Vref ပုံ​သေအဝင်​ထက်
မြင့်​​နေရမည်
အဝင်​မြင့်​ = အထွက်​မြင့်
အဝင်​အထွက်​ တူညီကြသည်​ (Non-Invert) ဟု မှတ်​ပါ
ပုံ​သေအဝင်​ Vref ကို အ​ပေါင်းလက္ခဏာငုတ်​သို့​ပေးသွင်းထားပါက
Inverting Comparator ဟု ​ခေါ်ပြီး
အဝင်​ငုတ်​ (အာရုံခံငုတ်​) နှင့်​ အထွက်​ငုတ်​တို့သည်​ ဆန့်​ကျင်​ဘက်​ဖြစ်​သည်
သ​ဘောက အထွက်​ငုတ်​မှာ မြင့်​ချင်​ရင်
အာရုံခံငုတ်​သည်​ နိမ့်​ရမည်​ (Vref ထက်​)
Comparator IC ၏ single (or) dual
supply ​ပေးသွင်းမှု ကွာခြားလျှင်​​သော်​လည်း​ကောင်း
Feedback ​ပေးသွင်းမှု ဒီဇိုင်းအရ အလုပ်​လုပ်​မှု ကွာခြားသွားတာ​တွေ အများကြီး
ရှိပါ​သေးတယ်​ ဆက်​လက်​​လေ့လာ
ဆည်းပူးနိုင်​ကြပါ​စေ
သ​ဘောတရားကို ဆက်​စပ်​စဉ်းစားပြီး
မိမိအ​တွေ့အကြုံဖြင့်​​ပေါင်းစပ်​ကာ
မှန်းဆ​ရေးသားထားခြင်း ဖြစ်​တာ​ကြောင့်
အမှားရှိခဲ့ပါက မည်​သူမဆို ဝင်​​ရောက်
အကြံပြုပြင်​ဆင်​​ပေးကြပါရန်​လည်း
တောင်းပန်​အပ်​ပါသည်


CRED..
နေဝင်းအီလက်​ထ​ရောနစ်
https://m.facebook.com/story.php?story_fbid=1969114620020430&id=100007657321296


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html