ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Motor ပျက်စီးရခြင်းအကြောင်းရင်းများ(2)

Motor ပျက်စီးရခြင်းအကြောင်းရင်းများ(2)


2.Mechanical Overload(စက်မှုဆိုင်ရာ ဝန်လွန်ခြင်း)
25hp ရှိတဲ့ Load ကို 20hp Motorနဲ့ မောင်းမယ်ဆိုရင် Motor စလည်ပါမယ်၊ဆက်လည်ပါမယ်။မနိုင်ဝန်ထမ်းရတာမို့ Slipက ပုံမှန်ထက်ပိုပြီး Currentက Ratedထက် များပါလိမ့်မယ်။Overloadခံမထားရင်တော့ Motorလောင်ပါလိမ့်မယ်။

Design Installation မှန်မှန်ကန်ကန် လုပ်ထားပြီး
ဝန်နဲ့အားမျှတဲ့အခြေအနေမှာ ရှိနေပေမယ့်လည်း
Mechanical Overloadဖြစ်နိုင်တဲ့ အခြေအနေရှိပါသေးတယ်။

-Bearingက Dry ဖြစ်နေရင်လည်း Loadပိုတိုးစေပါယ်။
Service Factor
နောက်တစ်ချက်က Service Factorကို
အဓိပ္ပါယ် ကောက် မလွဲဖို့လိုပါတယ်။

Service Factor ဆိုတာ Continuous Overloading Capicity ပါ။သူ့တန်ဖိုးဟာ Name Plateမှာရေးထားတဲ့ တန်ဖိုး တွေအတွက်ပဲ မှန်တယ်ဆိုတာကို သိထားရပါမယ်။
10hp Motorတစ်လုံးမှာ သူ့ရဲ့ Service Factorတန်ဖိုးက 1.15ပေးထားတယ် ဆိုပါစို့။


အဲဒီမော်တာကို 11.5hp Loadမှာ တောက်လျှောက်သုံးလို့ရပါတယ်။ဒါပေမယ့်Insulationရဲ့ Rated Temperature ထက်တော့ကျော်သုံးလို့မရပါဘူး။

ကျော်ရင် Service Factorတန်ဖိုးလျော့သွားပါလိမ့်မယ်။
Duty Cycle
Motorတစ်လုံးဟာ မကြာခဏ Startingလုပ်ရ၊
Plugging လုပ်ရ၊Joggingလုပ်ရလွန်းရင်လည်း
Motorပူလာပြီး ပျက်စီးတတ်ပါတယ်။


Voltage Variation ကြောင့်Motorပျက်စီးစေတတ်တဲ့အကြောင်းကို အပိုင်း(3)မှာ ဆက်လက်တင်ပြပေးသွားပါ့မယ်ခင်ဗျာ။


CedIt to 





lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html