ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

CCTVအား ဖုန်းဖြင့် အချိန်မရွေးနေရာမရွေးမှ တိုက်ရိုက်ကြည့်ရှုနိုင်စေရန် ချိတ်ဆက်တပ်ဆင်ခြင်း

CCTVအား ဖုန်းဖြင့် အချိန်မရွေးနေရာမရွေးမှ
တိုက်ရိုက်ကြည့်ရှုနိုင်စေရန် ချိတ်ဆက်တပ်ဆင်ခြင်း

ပထမဆုံးအနေနဲ့ CCTVဆိုတာ
Closed-Circuit Televisionရဲ့ အတိုကောက်ဆိုတာ
သိထားစေချင်ပါတယ်။

CCTV Systemမှာ ပါဝင်တဲ့အပိုင်းတွေကတော့

1.မှတ်တမ်းရိုက်ကူးပေးမယ့်
ကင်မရာ ပါဝင်ပါမယ်။Rsolutionနိမ့်တဲ့ SDကင်မရာ၊Resolutionကောင်းတဲ့HDကင်မရာ၊IP ကင်မရာ၊360ကင်မရာ၊Droneကင်မရာ
စသည်ဖြင့် အမျိုးအစားကွဲတွေရှိပါမယ်၊ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

2.DVR(Digital Video Recorder)ပါဝင်ပါမယ်။4Channels,8Channelsစသည်ဖြင့် အသုံးပြုမည့် ကင်မရာအရေအတွက်အပေါ်မူတည်ပြီးရွေးချယ်ရသလို၊SD,HD,Cloud IDပါဝင်ခြင်း စတာတွေနဲ့လည်းရွေးချယ်ဝယ်ယူနိုင်ပါတယ်။

*Mobile Phoneနဲ့ တိုက်ရိုက်ကြည့်ရှုလိုရင်တော့
Cloud ID ပါဝင်တဲ့ DVRအမျိုးအစားကို
ရွေးချယ်ဝယ်ယူတာအကောင်းဆုံးပါပဲ။

DVRရဲ့အတွင်းထဲမှာ မှတ်တမ်းသိမ်းဆည်းပေးမယ့်
Hard Disk ပါဝင်ပါတယ်။
Hard Diskကိုလည်း မိမိမှတ်တမ်းထားလိုတဲ့ရက် အနည်းအများပေါ်မူတည်ရွေးချယ်နိုင်ပါတယ်။

ကင်မရာက ရိုက်ကူးပေးတဲ့ မှတ်တမ်းတွေကို Hard Disk ထဲမှာသိမ်းပေးထားပြီး လိုအပ်တဲ့အချိန်မှာ Play Backနဲ့ ပြန်ကြည့်နိုင်ပါတယ်။အပြင်က USBပေါက်မှာထိုးပြီး Data Backupလုပ်လို့ရပါတယ်။ပုံရိပ်လှုပ်ရှားမှုကို အသိပေးတဲ့ Motion Detectionစံနစ်၊Recordပြုတ်လျှင် အချက်ပေးသည့် Alarmစံနစ် စသည်များလည်းDVR Systemမှာပါဝင်ပါတယ်။ ကင်မရာရုပ်ထွက်တွေ ချိန်ညှိဖို့၊Networkချိတ်ဆက်ဖို့၊ Securityအတွက် Passwordထားဖို့ စသည်ဖြင့် လုပ်ဆောင်ချက်တွေများစွာလည်းပါဝင်ပါတယ်။

3.Monitor or TV ကတော့ မှတ်တမ်းပုံရိပ်တွေ
ပြန်လည်ကြည့်ရှုဖို့အတွက်သုံးရပါတယ်။

4.UPS Systemပါဝင်ပါတယ်။
လျှပ်စစ်မီးပျက်သွားတဲ့အခါမှာ မှတ်တမ်းရယူမှု မပျက်စေဖို့အတွက် Long Time UPS or Inverter
ကို မဖြစ်မနေသုံးကြပါတယ်။

5.Moderm(4G) ကိုတော့CCTV မှတ်တမ်းတွေကို
အချိန်နဲ့တပြေးညီ ဖုန်းနဲ့တိုက်ရိုက်ကြည့်ရှုရန်အတွက် ထပ်မံထည့်သွင်းသုံးစွဲပါတယ်။
ရုံးမှာ Internetရရင်တော့ DVRရဲ့ LANပေါက်မှာချိတ်ပြီးသုံးလို့ရပါတယ်။

*CCTVမှတ်တမ်းကို ဖုန်းကနေ တိုက်ရိုက်ကြည့်ဖို့
ချိတ်ဆက်နည်းကို ဆက်လက်တင်ပြပါမယ်။

1.ကင်မရာက ရိုက်ကူးပေးတဲ့ မှတ်တမ်းတွေကို
DVRထဲက Hard Diskထဲမှာ သိမ်းပေးထားပါတယ်။သိမ်းထားတဲ့ အချက်အလက်တွေကိုဖုန်းကနေ တိုက်ရိုက်ကြည့်နိုင်ဖို့အတွက်DVRကို အင်တာနက်နဲ့ချိတ်ဆက်ရပါမယ်။အဲဒီအတွက် Cloud IDပါဝင်တဲ့
DVRကို သုံးပါမယ်။

2. Internetချိတ်ဆက်ပေးနို်င်မယ့်Sim Cardထည့်ပြီးအသုံးပြုရတဲ့ 4G Modermတစ်ခုကို သုံးပါမယ်။

3.Modermနဲ့ DVRကို LAN ကြိုးချိတ်ပါ။
ချိတ်ပြီးတဲ့အခါDVRရဲ့ Network Settingထဲကိုဝင်ကြည့်ပါ။Cloud IDဟာ Offlineကနေ Onlineပြောင်း
သွားပါလိမ့်မယ်။

4.မိမိရဲ့ဖုန်းထဲမှာ သက်ဆိုင်ရာDVRရဲ့ Apkကို
Installလုပ်ရပါမယ်။ပြီးရင် Applicationထဲကိုဝင်ပါ။
Registerလုပ်ပါ၊မလုပ်ချင်ရင်လည်းGuest Modeနဲ့ဝင်ပါ။ ပြီးရင် Add device by IDကိုရွေးကာ
DVRရဲ့ Cloud IDကို ရိုက်ထည့်ပြီး ချိတ်ဆက်လို့ရပါပြီ။Loadingခဏလုပ်ပြီး လှုပ်ရှားမှုပုံရိပ်တွေပေါ်လာပါလိမ့်မယ်။တိုက်ရိုက်ကြည့်လို့ရပြီဖြစ်ပါတယ်။
(တိုက်ရိုက်ဆိုပေမယ့်Liveတို့ရဲ့ ထုံးစံအတိုင်း
Real Timeထက် 3sလောက် နောက်ကျတာကိုတော့
သိထားရမှာဖြစ်ပါတယ်။)

*ဖုန်းထဲကနေပြီး တိုက်ရိုက်ကြည့်ခြင်း၊
ဓာတ်ပုံမှတ်တမ်းယူခြင်း၊ဗွီဒီယိုမှတ်တမ်းယူခြင်း၊
Play Backပြန်ကြည့်ခြင်း စတာတွေကို
အချိန်မရွေး နေရာမရွေးကနေ အင်တာနက်ချိတ်ဆက်ပြီး ပြုလုပ်နိုင်တာမို့ မိသားစု၊လုပ်ငန်း စတာတွေမှာ ကိုယ်တိုင်ရှိမနေနိုင်တဲ့အချိန်တွေမှာ ကိုယ်တိုင်ရှိနေသလို လုံခြုံစိတ်ချရစေပါတယ်။
ဖုန်းဘေလ်ကတော့ ချိတ်ဆက်ကြည့်ရှုချိန်မှာသာ
နှစ်ဘက်စလုံးမှ ဖြတ်တောက်ပါတယ်။
HD,SDရွေးချယ်ကြည့်ခြင်းဖြင့်လည်း ဖုန်းဘေလ်
ကုန်ကျမှုကို ချိန်ဆသုံးစွဲနိုင်ပါတယ်။

ထပ်မံသိရှိလိုတာများရှိရင်လည်း
မေးနိုင်ပါတယ်။သိထားသမျှ ပြန်လည်မျှဝေပေးပါ့မယ်ခင်ဗျာ။

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html