ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

XLPE CABLE အကြောင်း အနည်းငယ် ဖတ်ထားခြင်း

https://m.facebook.com/story.php?story_fbid=10205073646548490&id=1463139804

အလွယ်တကူပြောပြောနေသော XLPE CABLE အကြောင်း အနည်းငယ် ဖတ်ထားခြင်း
Credit to koMyoZaw

XLPE ဆိုတာက Cross-linked polyethylene ရဲ့ အတိုကောက်နာမည်ပါ။
           ကျနော့ PROJECT တစ်ခုနဲ့ ပတ်သတ်ပြီး တတ်ရောက်ဖူးသော CABLE & CORRECT HANDLING WORKSHOP တစ်ခုက အတွေ့အကြုံပါ။မှတ်မိသလောက် နားလည်လွယ်အောင် ပြန်ရေးပေးပါတယ်။ POLYETHYLENE က ပုံမှန်ဆို ရင် THERMOPLASTIC POLYMER တစ်ခုပါ သူမှာတော့ ကျနော်တို့ အခြေခံသိထားတဲ့ Hydrogen နဲ့ Carbon နဲ့ ပေါင်းဆက်ဖွဲ့စီးထားတာပါ။အတိအကျဆိုရင်တော့ C2H4 ပေါ့ခင်ဗျာ။
              Polyethylene ရဲ့ အကောင်းဆုံး အရည်အသွေးက အပူချိန်ကို အမြင့်ဆုံးအခြေအနေထိကိုကြာမြင့်စွာ အချိန်အတိုင်းအတာတစ်ခုထိခံနိုင်မှုပါခင်ဗျာ ။ အရင် PROJECT တစ်ခုမှာ CABLE ကို OVERSEA ကနေဝယ်ရတယ်။ OVERSEA MANUFACTURE / SUPPLIER နှစ်ဖွဲ့မှာ ဈေးက ထက်ဝက်နီးပါးကွာနေတယ်။
        CABLE ကြိုးအမျိုးအမျိုးအစားချင်းတူတယ် သုံးတယ့် VOLTAGE LEVEL ချင်းလဲတူတယ် ( MAKER/SUPPLIER မတူဘူးပေါ့ဗျာ ) ။ XLPE အထူလဲ မကွာဘူး။ CABLE ရဲ့ OUTDOOR DIAMETER လဲ အတူတူဘဲ ပြသနာကဘာလဲဆိုတော့ ( ဒီကိစ္စမှာ COPPER QUALITY ကိုခဏမေ့ထားပေးပါ ) ဈေးအတော်ကွာနေတယ်။
          ဘာဖြစ်လို့လဲ….. ကျနော် CABLE SPECIFICATION တွေ TECHNICAL တွေ TEST REPORT တွေကိုသေချာပြန်ဖတ်တယ် တခုခုတော့လွဲနေပြီ SUPPLIER ၂ ယောက်မှာ ဘာဖြစ်လို့ဈေးကွာတာလဲ။ မသိခင်ကတော့ ခက်ပါတယ် သိတော့ လွယ်သွားပါတယ်။ကွာခြားချက်က XLPE မှာ စီးပွါးရေးအနေနဲ့ ဖြစ်ဖြစ် သတ်မှတ်ချက်လေးတွေရှိတယ်ဗျ
HIGH DENSITY POLYETHYLENE ,
MEDIUM DENSITY POLYETHYLENE နဲ့ LOW DENSITY POLYETHYLENE ဆိုပြီး ၃ မျိုးသုံးစားရှိနေတာဘဲ။MELTING POINT ပေါ်မူတည်ပြီးခွဲထားတာပါ။ HIGH /MEDIUM DENSITY POLYETHYLENE ရဲ့ MELTING POINT က 120 to 180 °C (248 to 356 °F) ဖြစ်ပြီး
AVERAGE / LOW DENSITY POLYETHYLENE ရဲ့ MELTING POINT က 105 to 115 °C (221 to 239 °F) ပါ။ဒီတော့ ပြောချင်တာက SAME CABLE ဖြစ်ပါစေ MELTING POINT အနိမ့်အမြင့်က CABLE တွေရဲ့ ဈေးကို တနည်းတဖုံပြောင်းလဲစေတယ် ဆိုတာကိုပါ။MELTING POINT မြင့်တဲ့ POLYETHYLENE တောင်မှ HIGH TEMPERATURE နဲ့ တွေ့ရင် CHEMICAL အရည်အသွေး တွေ ပျက်စီးနိုင်ပါတယ်။ဒီလို မဖြစ်အောင် POLYETHYLENE ကို တခြား ORGANIC PER OXIDE တွေနဲ့ အလွန်မြင့်မားတယ့် PRESSURE အောက်မှာ ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းအားဖြစ် CROSS LINK POLYETHYLENE ကိုရရှိပါတယ်။----ဒီလိုပေါင်းဆက်ဖွဲ့စည်းလို့ ဖြစ်လာတယ့် XLPE က CHEMICAL LIQUID တွေထိခိုက်တိုက်စားမှု ဒဏ်ကို မြင့်မားစွာ ခံနိုင်ပါတယ်။ပြင်းထန်တဲ့ ACID ဒဏ်ကိုတောင်ခံနိုင်ပါတယ်။ ELECTRICAL အနေနဲ့ဆို တခြား PVC CABLE , PAPER INSULATED CABLE တွေနဲ့ယှဉ်ရင် သူက DI ELECTRIC LOSSES နဲပါတယ် ဒီတော့ CABLE ရဲ့ INSULATION ရဲ့ LEAKAGE CURRENT ကိုနဲစေတယ် ။ CABLE ကို မီးလွှတ်ရင် CABLE INSULATION နဲ့သက်ဆိုင်တဲ့ CHARGING CURRENT ပမာဏတွေ ကိုလျော့ကျစေတယ်ပေါ့ဗျာ။ XLPE ရဲ့ အကောင်းဆုံး အရည်အခြင်းက မြင်မားတဲ့ အပူချိန် မှာ CHEMICAL နဲ့ PHYSICAL ပျက်ယွင်းမှုမရှိဘဲ HIGH CURRENT ကို သယ်ဆောင်စီးဆင်းနိုင်စွမ်းရှိခြင်းပါ။ပြောရရင် INSULATION ကွဲအက်ချင်း လောင်ကျွမ်းချင်းမရှိဘဲ ပုံမှန်အနေအထား ( 90ံC ) , အရေးပေါ်အပူချိန်မြင့်မားလွန်ကဲခြင်း EMERGENCY OVER LOAD ( 130ံC ) နဲ့ , ရုတ်တရက် SHORT CIRCUIT ကြောင့်ဖြစ်သော ( 250ံ C ) ဆိုတယ့် အခြေအနေမျိုးမှာ XLPE က အလုပ် လုပ်နိုင်ပါတယ်။XLPE ကို MEDIUM VOLTAGE နဲ့ HIGH VOLTAGE CABLE တွေရဲ့ INSULATION အနေနဲ့ သုံးသလို LOW VOLTAGE POWER AND CONTROL  CABLE တွေမှာလဲ သုံးပါတယ်။ ----CABLE နဲ့ပတ်သတ်ပြီး IEC 60502 နဲ့ IEC 60840 ကိုလိုက်နာ ထုတ်လုပ်ရပါတယ်။
တဆက်ထဲ CABLE တည်ဆောက်ဖွဲ့စည်းပုံကိုပြောပြချင်ပါတယ် CABLE တည်ဆောက်ပုံကို CABLE ရဲ့ အတွင်းထဲကနေစပြီးပြောပါတယ် Cu/PVC ဆိုတာက Core က Cu = COPPER နဲ့ PVC ဆိုတာအပြင်ကာဗာက PVC လို့ပြောတာပါ။Cu/PVC/PVC ဆိုတာက CORE က COPPER ပြီးရင် PVC ကာဗာ တစ်ထပ်ပြီးရင် နောက်ထက် PVC ကာဗာ တစ်ထပ်လို့ပြောချင်တာပါ ( PVC 2 COVER ) ပါ ။ Cu/XLPE/PVC ဆိုတာက COPPER ပြီးရင် XLPE ကာဗာ တစ်ထပ်ပြီးရင် နောက်ထက် PVC ကာဗာ တစ်ထပ်လို့ပြောချင်တာပါ။ဒီအလွှာကြားထဲမှာတော့ သက်ဆိုင်ရာ MANUFACTURE အလိုက် INSULATION SCREEN တွေ TAPE တွေ ထပ်ပေါင်းထဲ့ကြပါတယ်ခင်ဗျာ။ CU/XLPE/PVC/AWA/PVC ဆိုရင်တော့ COPPER CORE ပြီးရင် XLPE INSULATION ပြီးရင် PVC INSULATION ပြီးရင် AWA - ALUMINIUM WIRE ARMOR ပြီးရင် PVC COVER ပေါ့ဗျာ ။အများအားဖြစ် ARMOR ပါရင် UNDER GROUND APPLICATION မှာအသုံးပြုပါတယ်။ POWER PLANT နဲ့ OUTDOOR USAGE အတွက်ဆိုရင် ကျနော်တို့ က 400 V - LEVEL မှာဆိုရင်တောင် XLPE  / WIRE ARMOR  ကို အသုံးပြုပါတယ်။ SINGLE CORE CABLE နဲ့ MULTI CORE CABLE မှာ SINGLE CORE CABLE ကို WIRE ARMOR အဖြစ် AWA( ALUMINUM WIRE AROMO ) ကိုမဖြစ်မနေသုံးဆွဲပြီး MULTI CORE CABLE ကို SWA( STEEL WIRE ARMOR ) သုံးကျတာကိုတော့ CABLE တပ်ဆင် သုံးဆွဲသူတိုင်း သိပြီးဖြစ်မယ်လို့ထင်ပါတယ်ခင်ဗျာ။
ဒီလောက်ဆို XLPE နဲ့ပတ်သတ်လို့ နဲနဲလေးမြင်သာသွားပြီထင်ပါတယ်ခင်ဗျာ။…… ဒီဆွေးနွေးမှုက ကျနော့ရဲ့ လက်ရှိလုပ်ငန်းနဲ့ သက်ဆိုင်နိုင်သလောက်လေး လေ့လာထားလို့ လိုအပ်ချက်တွေ များစွာရှိနိုင်ပါသေးတယ်။ M&E SITE ထဲကသူငယ်ချင်းများကလဲ အကောင်းအဆိုးဝေဖန်ပေးပါအုန်း ခင်ဗျာ လေးစားစွာဖြစ်

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html