ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဒူးနာ/ခါးနာရောဂါအတွက် ဆေးနည်းတို(ဆေးမြီးတို)များ-- ​မုံညှင်းဆီ ၅ ကျပ်သားတွင် ချင်းတက် လက်နှစ်ဆစ်ခန့် ထုထောင်းထည့်ပြီး မီးဖြင့် ဆူအောင် ချက်ပါ။ ထိုဆီကို ဒူးထဲ စိမ့်ဝင်အောင့် တစ်နေ့ ၂ ကြိမ်

""ဒူးနာ/ခါးနာရောဂါအတွက် ဆေးနည်းတို(ဆေးမြီးတို)များ"
=================================


ဒူးနာရောဂါအတွက် ဆေးနည်းတိုများ"
=======================
- ​မုံညှင်းဆီ ၅ ကျပ်သားတွင် ချင်းတက် လက်နှစ်ဆစ်ခန့် ထုထောင်းထည့်ပြီး မီးဖြင့် ဆူအောင် ချက်ပါ။ ထိုဆီကို ဒူးထဲ စိမ့်ဝင်အောင့် တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။
-​ ကိုယ်ရံကြီး ဂမုံးရွက်ကို မီးကင်၊ ဆီသုပ်ပြီး ဒူးတွင် ပတ်၍ အဝတ် (သို့မဟုတ်) ပတ်တီးဖြင့် စည်းထားပါ။ ၂ နာရီ စည်းပြီးလျှင် ဖြည်ပါ။ ဆေးစည်း၍ ယားလျှင် သနပ်ခါးနှင့် ဆားကို ရော သွေးပြီး လိမ်းပါ။
- ​သင်္ဘောရွက်ကို ပျော့အောင် ရေနွေးခန စိမ်ပါ။ ဒူးတွင် အုပ်ပြီး ပတ်တီးစည်းထားပါ။ ည အိပ်ယာဝင်စည်း နံနက်ထမှ ဖြည်လျှင်လည်း ရသည်။ ၁၄ ရက် မှန်မှန်စည်းပါ။ ဒူးကျီးပေါင်း တက်  ရောဂါပျောက်ပါသည်။
- ​ချဉ်ပေါင်ရွက် ရိုးနီကို ပျော့အောင် ပြုတ်ပြီး ငရုပ်ဆုံတွင် ညက်အောင် ထောင်းပါ။ ဒူးတွင် အုံပြီး စည်းပေးလျှင် ဒူးကြီးရောဂါ ပျောက်သည်။
-​ ဗာဒံရွက် (ဗန်ဒါရွက်) အနုကို ခူး၊ မီးကင်ပြီး ဒူးတွင် ကပ်ပြီး ဒူးစွပ် စွပ်ထားပါက ဒူးနာသက်သာ ပြီး လမ်းသွားနိုင်သည်။
-​ ပဲနံ့သာကို ညက်အောင်ထောင်း ရေနှင့်ဖျော်ပြီး ဒူးပေါ်တွင်အုံပြီး စည်းထားလျှင် ဒူးကိုက်ရောဂါ ပျောက်သည်။
-​ ကြက်ဆူရိုးနီပင် အရွက်ကို ရေနွေးစိမ်ပြီး ထောင်းပါ။ ဒူးနှင့် တကောက်အောက်တွင် အုံပြီး စည်းလျှင် ကွေးဆန့်မရသော ဒူးအဆစ်ကြပ်ရောဂါ ပျောက်ကင်းသည်။
-​ သံပရာသီး ၅ လုံးကို ရေခမ်းပြုတ်ပါ။ အထဲမှ အစေ့များကို ထုတ်၍ ညက်အောင်ထောင်းပါ။ နနွင်းမှုန့်နှင့် ရောနယ်ပြီး ဒူးတွင် အုံစည်းလျှင် ဒူးနာ၊ ဒူးကျီးပေါင်း ရောဂါ သက်သာသည်။
"ဒူးနာအတွက် ဓါတ်စာ"
===============
-​ပဲရာဇာ (ပဲနီလေး) ဟင်းချိုကို နေ့စဉ် စားသုံးပေးလျှင် အကြောအချဉ် ပေါ့ပါးပြီး ဒူးနာသက်သာ စေသည်။
-​ရှောက်ရွက်ကို နေ့စဉ် စားပေးလျှင် ဒူးနာ သက်သာစေသည်။
-​မုံလာဥနီ (ခါကျက်ဥ) ကို ထောင်းပြီး အရည်ညှစ်ယူ သကြားနှင့် ဖျော်သောက်လျှင် ဒူးနာသက် သာစေသည်။
-​ကုန်းကန်စွန်းရိုးနီကို ကြော်စားလျှင် ဒူးနာ သက်သာစေသည်။
-​ဖရဲသီး များများစားလျှင် ဒူးနာသက်သာစေသည်။
-​အုန်းသီးအနု အရည် (အုန်းစိမ်းရည်) ကို နေ့စဉ် သောက်ပေးလျှင် ဒူးနာ သက်သာစေသည်။
-​ချင်းကို ရှောက်ရည်ဆမ်းပြီး ချင်းသုပ် ပြုလုပ်စားလျှင် ဒူးနာ သက်သာစေသည်။
-​ဥသျှစ်သီးမှည့် နေ့စဉ် စားပေးလျှင် အသက်ကြီး၍ ဖြစ်သော ဒူးကြီးနာကို သက်သာစေသည်။
-​မြန်မာ ကုက္ကိုပင်၏ အရွက်နုကို အသုပ်ပြုလုပ် စားလျှင် ဒူးနာ သက်သာစေသည်။
-​ငါးကြင်းခေါင်း ချက်စားလျှင် ဒူးနာ သက်သာစေသည် ဟု ယောအတွင်းဝန် ဦးဖိုးလှိုင်၏ (ဥတု ဘောဇနသင်္ဂဟကျမ်း) (အသားအမျိုးမျိုး တို့၏ ဂုဏ်ကို ပြဆိုခြင်း ကဏ္ဍ) ငါးကြင်းအကြောင်း တွင် ဖတ်ရှုရသည်။

ကြည်လွင်မြင့် (မုဒြာ)
________________
ဒူးနာ၍ ဆေးခန်းပြသော်လည်း မသက်သာပဲ သဘာဝဆေးနည်းများကို
တောင်းဆိုလာသူများအတွက် ဒူးနာဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ်။
(၁) လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာအရောဂါများအတွက်
ဖီးကြမ်းငှက်ပျောသီးအမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍
သက်ရင်းကြီးရွက်နှင့်လုံအောင်လိပ်ကာ
( ၅ ) နာရီခန့် ပြုတ်၍တစ်နေ့သုံးလုံးစီ
( ၅ ) ရက်ဆက်တိုက်စားပေးပါက
လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာ
နာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။
ပြုလုပ်ပုံလွယ်ကူ၍ အကုန်အကျနည်းကာ
အစွမ်းထက် သက်စောင့်ဆေးအားမှီဝဲကြပါကုန် ။ (ဝိစိတ္တရတနာမြေ)
〰〰〰〰〰〰〰〰〰〰〰〰〰
(၂) ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍ လက်တွေ့စမ်းကြည့်ရာ ဒူးထဲမှ ကုန်ခမ်းနေသော ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်ဝလာ၍ တကယ်ပျောက်ကင်းခဲ့သည်။ (တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်)
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
(၃) ဆေးရုံ ၃လလောက်တက်ခဲ့ရတဲ့ အသိတစ်ယောက် ဒီနည်းနဲ့ပျောက်သွားတယ်။ ၃ ပတ်လောက် ဒူးနာနေတဲ့ ကျနော့်ယောက္ခမလည်း ဒီနည်းနဲ့ပဲ ပျောက်သွားတယ်။
ဆေးနည်းကတော့ ဂျင်းတက်နဲ့ မြေဖြူခဲကို ရောထောင်းပြီး နာနေတဲ့ဒူးပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။ ၃ ရက်အတွင်း သိသာလာမယ်။ တစ်ပတ်လောက်ဆိုပြီ ပျောက်ပြီ။ (ကိုယ်တွေ့တစ်ဦး)
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
(၄) ခွေးတောက်ရွက် လက်တစ်ဆုပ်ခန့်ကို ထုထောင်း၍ အရည်ညှစ်ယူကာ ၄င်းအရည်ဖြင့် သနပ်ခါးသွေးကာ ဒူးပေါ်ကို လိမ်းပေးပါ။ မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာသက်သာပျောက်ကင်းစေမည်။ (Mg Naing)
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
(၅) ရှားစောင်းလက်ပပ် လတ်လတ်ဆတ်လတ်ကို ခူးယူ၍ အပေါ်အခွံကိုခွါပြီး အတွင်းသားဂျယ်လီကို ဇွန်းဖြင့်ခြစ်ယူ၍ ကျိုချက်ထားသော နွားနို့အအေးနှင့် သောက်ပါ။ ၅ ရက်ခန့်သောက်လျှင် ဒူးနာသက်သာလာမည်။ (ဒို့မြန်မာဒေါ့ကွမ်း)
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
(၆) ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့် သဘာဝဆေးနည်း
က။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။
ခ။ ကြက်ဥကို ထည့်လိုက်ပါ။ (သဘာဝကြက်ဥ၊ တောကြဥ ဆိုလျှင် ပိုကောင်းပါသည်)
ဂ။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့ စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။
ဃ။ ၄င်းသင်္ဘောသီးကို မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။
င။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။
တစ်ပတ်ကို တစ်ကြိမ်နဲ့ (၃)ကြိမ်ခန့် စားပေးပါက ဒူးနာ၊ ခါးနာပျောက်ကင်းသွားပါလိမ့်မယ်။ (အစာလည်းဆေး၊ ဆေးလည်းအစာ)
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
(၇) သံပုရာသီးကို ထက်ခြမ်းပိုင်း၍ ၄င်းသံပုရာခြမ်းဖြင့် နာနေသည့်ဒူးပေါ်ကို အရည်များကုန်ခမ်းသည့်အထိ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး) သို့မဟုတ် ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့် လိမ်းပေးပြီး ၁၅ မိနစ်ခန့် အ၀တ်ပါးပါး၊ ပတ်တီးစီးထားပါ။ အထူးသဖြင့် ညအိပ်ခါနီး လိမ်းပေးလျှင် ပိုထိရောက်ပါတယ်။ တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာပျောက်ကင်းစေပါမည်။ (စောနွဲ့ နေဆိုင်-ပူတာအို)
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
(၈) ဒူးနာသူများအတွက် ဆေးမြီးတို နောက်တနည်း
ခါးနာ ဒူးနာ သူများအတွက် မခက်ပါ ....
ဘဲဥကိုပွတ်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့် ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ၊ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန် သကြားအနည်းငယ် သင်စားကောင်းစေလောက်သည့် အနေအထားသို့ ထည့်ပြီး ခေါက်စားလိုက်ပါ တခြားမည်သည်အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည်။
တနေ့ ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည်
ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ စားသုံးရမည်၊
( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည်၊
ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။
ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။
ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ
သက်သာပျောက်ကင်းသွားပါလိမ့်မည်။
(မြန်မာ့ဆေးမြည်းတိုများ)
ဒူးနာ ခါးနာ အဆစ်မြစ်နာ ကိုက်ခဲ ဝေဒနာများ အတွက် သဘာဝဆေးနည်းများကို
“မှတ်စု” Page မှ စုစည်း၍ မျှဝေပေးလိုက်ပါတယ်။
လွတ်လပ်စွာ Share ပြီး ကုသိုလ် ယူနိုင်ပါသည်။
ကူးယူမျှဝေလျှင် “ မှတ်စု “ Page ကို Credit ပေးစေချင်ပါသည်။
မိမိနဲ့အဆင်ပြေနိုင်မယ့်နည်းလမ်းကို ရွေးချယ်စမ်းသပ်နိုင်ကြပါတယ်။
ဒူးနာ ခါးနာ အဆစ်မြစ်နာဝေဒနာကို ခံစားနေသည့် မိတ်ဆွေများအားလုံး အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေ။
ကိုးကား - ကျန်းမာရေးဝက်ဆိုက်မျိုးစုံ
May Gyi Chit  (    ခေါာ ) ယမင်း ဖြူ
=======================
ခါးနာပျောက်ဆေးမြီးတို
===============
ခါးနာခြင်းဝေဒနာဆိုတာယနေ့ခေတ်လိုမျီုးနည်းပညာထွန်းကားတဲ့ခေတ်မှာရှောင်လွှဲလို့မရတဲ့နတ်ဆိုးတစ်ပါးလိုဖြစ်လာပါတယ်။
အထိုင်များခြင်းကြောင့်ဖြစ်လာတဲ့ဒီခါးနာခြင်းဝေဒနာကိုသက်သာပျောက်ကင်းနိင်မယ့်ဆေးမြီးတိုတစ်လက်ကိုဖော်ပြလိုက်ရပါတယ်။
ခါးနာ နေသောဝေဒနာရှင်က မိမိ တစ်ခါတည်းစား၍ ကုန်နိုင်မည့်အနေတော် ထန်းလျက်သုးံလုးံကို လက်တွင်ဆုပ်ထားပါ။
ထို့နောက် အင်္ကျီချွတ်၍ ချောင်းသို့မဟုတ် မြစ်ထဲသို့ ဝေဒနာရှင် ၏ “ချက်´´ ရေမြုပ်သည်အထိ ဆင်းပါ။
ချက် ရေမြုပ်သည့် နေရာတွင် ရပ်၍ လက်ထဲတွင်ဆုပ်ထားသော ထန်းလျက် သုးံလုးံ ကို တစ်ခါတည်း ကုန်အောင်စားပါ။
စားပြီးပြီးခြင်း ရေမသောက်ရ။
ရေ ထဲမှ ပြန်တက်လာပြီး အဝတ် လဲ ကာ အဝတ် ခြောက်ဖြင့် ရေအားလုးံခြောက်သွားအောင် သုတ်ပစ်ပါ။
ပြီးနောက် အင်္ကျီပြန်ဝတ် ချက်အောက်က အပူတရှိန်ရှိန် ထွက်နေခြင်းရပ်သွားမှ ရေတစ်ခွက် သောက်ပြီး ရေချိုးပါ။
တစ်ညအိပ် လွန်မြောက်သွားပါက ခါးနာ ဝေဒနာ ဘယ်နေရာမှန်း သိတော့မည် မဟုတ်ဘဲ ပျောက်ကင်းသွားမည်ဖြစ်သည်။
ခါးနာခြင်းဝေဒနာမှကင်းဝေးကျပါစေ။
Source : LY Healthcare
____________________________
"ကိုယ့်အတွက် မလိုသေးပေမယ့် လိုအပ်တဲ့သူတွေအတွက် ကူးလာတာပါ ၊ ပိုက်ဆံကုန်တာမှမဟုတ်တာ ၊ စမ်းကြည့်ပေါ့"
〰〰〰〰〰〰〰〰〰〰〰
" ဒူးနာ လက်တွေ့ဆေး "
〰〰〰〰〰〰
ဒူးက တောင်ပေါ်ကအဆင်း ခဲလုံးနင်းမိလို့
လည်သလိုဖြစ်ပြီးနာသွားတာ
အတက်အဆင်း အတော်သွားမိတိုင်း ပြန်ပြန်နာနေတယ်။
အဲဒါ  ကားဆရာလေးတစ်ဦးကအကြံပေးတာက ..
"ရဲယိုရွက် မနုမရင့်ကို ဒီအတိုင်းပဲ
ညအိပ်ရာဝင်မှာ စီးပြီးအိပ်ပါ ၊ သုံးလေးရက်ဆို လုံးဝကောင်းသွားမယ်" ဆိုလို့
ကျုပ်ကတော့ ဒူးစွပ်နဲ့ ဖိစွပ်ထားတာ။
ဟုတ်သဗျာ ခုမနက်လင်းတော့
သိသိသာသာကြီးကို သက်သာသွားတယ်။
မှတ်စု
Credit
ကျန်းမာရေးအတွက် ဆေးတစ်ခွက်
___________++++++__________
ဒူးနာ ခါးနာ နေပါသလား....?
〰〰〰〰〰〰〰〰
ရဲယိုသီး(Noni Fruit)ကို အစေ့ထုတ်ပစ်ပြီး ကျန်ရှိတဲ့အနှစ်ကို ညက်ညက်ကြေအောင် ချေမွ၍ ဓာတ်ဆီ(Petro)ဖြင့် ပုလင်းထဲ၌ ဆတူရောစပ်ပြီး နေ သုံရက်ခန့် လှန်းပေးပါ။
သုံးရက်ခန့်ကြာသောအခါ ရဲယိုသီးနှင့်ဓာတ်ဆီရောစပ်ထားသော အနှစ်ကို မိမိ ဒူးနာ ခါးနာနေသော နေရာ၌ စိမ့်ဝင်သွားအောင် ပွတ်လိမ်းပြီး အ၀တ်စ ပါးပါးဖြင့်ဖုံးအုပ် စီးပေးထားလိုက်ပါ။
မနက်ည တစ်နေ့ ၂ကြိမ် လိမ်းပေးပါက ဝေဒနာကိုပျောက်ကင်းသက်သာစေပါသည်။
ကျေးဇူးတင်ပါတယ်...ကျွန်တော် ဘ၀ခါးခါးပါ။
creadit##ဘ၀ခါးခါး✏
_______________________
အားလုံးပဲ မင်္ဂလာပါ့
သဘာဝဆေးနည်းလေးအကြောင်း ဖော်ပြပေးချင်ပါတယ်။
ဒူးနာ၊ခါးနာ၊အဆစ်နာ နှင့် သွေးလေးဘက်နာဝေဒနာများအတွက် သဘောင်္ပင်ရဲ့အမြစ်ကို ပြုတ်သောက်ပါက ပျောက်ကင်းသက်သာစေတယ်လို့ ရေးသားဖော်ပြထားပါသည်။
Credit :ဘဝခါးခါး
__________________________
ဒူးနာ/ခါးနာအတွက် သဘာဝဖျော်ရည်
〰〰〰〰〰〰〰〰〰〰
ဒူးနာ တာနဲ့ အဆစ်မြစ် နာကျင် ကိုက်ခဲ တာကို ၅ ရက်အတွင် ဖယ်ရှားပေးမဲ့ သဘာဝ ဖျော်ရည်
Zawgyi ဖြင့်ဖတ်ရန်
အမျိုးသမီး ပဲ ဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် အသက်အရွယ် ရလာတာနဲ့အမျှ အရိုးအဆစ် တွေ အားပျော့လာပြီး ဒူးနာ လာသလို အဆစ်အမြစ် တွေ နာကျင် ကိုက်ခဲ တတ်ပါတယ်။
အသက်အရွယ် ကြီးရင့်သူတွေ ဒူးနာ လို့ မတ်တပ်ကြာကြာမရပ်နိုင်တာ မထိုင်နိုင်တာကို တွေ့ဖူးမြင်ဖူးကြမှာဖြစ်သလို ကိုယ်တိုင်ခံစားဖူးသူတွေလည်း စာဖတ်သူ တွေထဲမှာ ရှိကြတာပါ။ ဒူးနာ တာ ဘယ်လောက်ဆိုးသလဲဆိုတာ နာဖူးမှသိပါလိမ့်မယ်။ အသက်အရွယ် ရလာတာနဲ့အမျှ အရိုးအဆစ်  တွေ အားပျော့လာပြီး အရွတ်ရဲ့ လုပ်ဆောင်ချက်ကိုလည်း ဟန်ချက်ညီညီ မထိန်းနိုင်တော့ပါဘူး။
ဒီ နည်းလမ်း လေးက ခြေကျင်း၊ ဒူးခေါင်း နဲ့ အဆစ်အမြစ် နာကျင်တာတွေကို သက်သာစေမဲ့အပြင် အရိုးအဆစ်တွေ သန်မာစေမှာမို့ မိမိချစ်သူခင်သူ မြတ်နိုးသူ တွေကို လက်ဆင်ကမ်း ဝေမျှဖို့ မမေ့လိုက်ပါနဲ့နော်။
သဘာဝ ဖျော်ရည် ပြုလုပ်နည်း
ဒီ ဖျော်ရည် မှာ ဗီတာမ င်နဲ့ သတ္တုဓါတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ရောင်ရမ်းမှုကို သက်သာစေမှာဖြစ်တဲ့အပြင် ဗီတာမင် C ၊ မဂ္ဂနီစီယမ် ၊ ပိုတက်ဆီယမ် စတဲ့ဓါတ်တွေပါဝင်တာကြောင့်လည်း အဆစ်အမြစ်ကို သန်မာစေပါတယ်။
ပါဝင်ပစ္စည်း
အော်ဂဲနစ် လိမ္မောဖျော်ရည်
ကွေကာအုတ်လုပ်တဲ့ အမှုန့် (Oatmeal) ၁ခွက် (Super Market တွေမှာ ဝယ်ယူလို့ရနိုင်ပါတယ်။)
အတုံးလိုက်လှီးထားတဲ့ နာနတ်သီး ၂ ခွက်
ဗာဒံစေ့ ၄၀ ဂရမ်
ပျားရည် ၄၀ ဂရမ်
သစ်ကြမ်းပိုးခေါက်မှုန့် ၇ ဂရမ်
ပြုလုပ်နည်း
ခွက်တစ်လုံးထဲကို Oatmeal ထည့်ပြီး ရေနွေး ထည့်ကာ သေချာမွှေပေးပါ။ ကျက်တဲ့ထိထားပြီး အအေးခံပါ။ ပြီးရင် ဖျော်စက်ထဲကို လိမ္မော်ရည်နဲ့ နာနတ်သီးရည် ကိုထည့်ပါ။ အဲဒီနောက် ဗာဒံစေ့နဲ့ သစ်ကြံပိုးခေါက်ကိုထည့်ပြီး နောက်ဆုံးမှာ ပျားရည်ကိုထည့်ကာ ဖျော်စက်နဲ့ ဖျော်လိုက်ပါ။
ပြီး၇င် အအေးခံ ထားတဲ့Oatmeal ထည့်ပြီး နောက်တစ်ခေါက် ဖျော်စက်နဲ့ ထပ်မွှေပေးပါ။ အဲဒီနောက် ရေခဲထည့်ပြီးပဲဖြစ်ဖြစ် မထည့်ဘဲဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။ ဒီ ဖျော်ရည် ကို နေ့တိုင်းသောက်ပေးခြင်းအားဖြင့် ဒူးနာတာနဲ့ အဆစ်အမြစ် နာကျင်ကိုက်ခဲတာတွေ တဖြည်းဖြည်းချင်း သက်သာသွားပါလိမ့်မယ်။
Credit : My food myanmar
The post ဒူးနာ တာနဲ့ အဆစ်မြစ် နာကျင် ကိုက်ခဲ တာကို ၅ ရက်အတွင် ဖယ်ရှားပေးမဲ့ သဘာဝ ဖျော်ရည် appeared first on Lwin Pyin News.
October 23, 2017 at 10:57AM Lwin Pyin News
credit:
http://www.lwinpyin.com/2017/10/kneel-pain-about-2.html
ခါးနာ/ပေါင်တန်းနာ (Sciatica)
==================
https://m.facebook.com/story.php?story_fbid=1961205850808459&id=100007571890625
==================
Sciatica (ခါးနာ/ပေါင်တန်းနာ) ဆိုတာ ခါးအောက်ပိုင်း၊ ပေါင်အနောက်ဘက်ကနေ ခြေထောက်အထိ ဆင်းသွားတဲ့ (Sciatic Nerve) အာရုံကြောတစ်လျှောက် နာနေတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ခြေထောက်တစ်ဖက်တည်းမှာသာ ဖြစ်လေ့ရှိပါတယ်။
          အကျိတ်ရှိခြင်း၊ ခါးရိုးဆစ်ကျွံခြင်း၊ ကျောရိုးမကြီးပေါ်တွင် အရိုးအစွန်းအပို ထွက်ခြင်း၊ ခါးဆစ်ရိုး အပေါက်နေရာ ကျဉ်းမြောင်းလာခြင်းတို့ကြောင့် အာရုံကြောအစိတ်အပိုင်းကို ဖိမိရာမှ ရောင်ရမ်းနာကျင်မှုနှင့် ထုံကျဉ်မှုတို့ကို ခံစားရတာ ဖြစ်ပါတယ်။
          နာကျင်မှု ပြင်းထန်ပေမယ့် များသောအားဖြင့် မခွဲမစိတ်ရဘဲ ရက်သတ္တပတ်အတွင်းမှာ သက်သာသွားလေ့ ရှိပါတယ်။
>>    ရောဂါလက္ခဏာ
          ခါးအောက်ပိုင်း၊ တင်ပါး၊ ပေါင်တစ်လျှောက်မှတစ်ဆင့် ခြေထောက်ထိ နာလေ့ရှိပြီး အာရုံကြောလမ်းကြောင်းရှိရာ တောက်လျှောက် မသက်မသာဖြစ်မှုကို ခံစားရပါတယ်။ နာကျင်မှု ခံစားရပုံက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သာမန်နာကျင် ကိုက်ခဲမှုကနေ စူးစူးရှရှ နာကျင်ခြင်း၊ ပူလောင်ခြင်းနှင့် မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားရခြင်း စသည်ဖြင့် ကွဲပြားနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဓာတ်လိုက်သကဲ့သို့ ခံစားရခြင်း ဒါမှမဟုတ် ဆတ်ခနဲ ဖြစ်သွားခြင်းစတဲ့ ခံစားမှုတွေ ဖြစ်လာတတ်ပါတယ်။
          အချို့သော လူတွေမှာ ကြွက်သား ထုံကျဉ်ခြင်း၊ အားနည်းခြင်းတို့ကို ခံစားရပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အချိန်တော်တော်ကြာတဲ့အထိ ထိုင်ခြင်း စတာတွေက အကြောနာခြင်းကို ပိုဆိုးစေတဲ့အချက်တွေ ဖြစ်ပါတယ်။

>>    ခါးနာ/ပေါင်တန်းနာကို ပိုဖြစ်စေတဲ့ အကြောင်းအရင်းများ
•       အသက်
          အသက်အရွယ် ကြီးရင့်မှုကြောင့်ဖြစ်တဲ့ ခါးရိုးဆစ်ကျွံခြင်း၊ အရိုးအစွန်းထွက်ခြင်း စတာတွေက Sciatica ဖြစ်ဖို့ အဓိကအကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။
•       အ၀လွန်ခြင်း
          ပိုလျှံလာတဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ကျောရိုးမကြီးအပေါ်မှာ ဖိအားသက်ရောက်မှုကို ဖြစ်စေပြီး ပြောင်းလဲမှုတွေကို ဖြစ်စေတာကြောင့် အကြောနာခြင်းကို ခံစားရနိုင်ပါတယ်။
•       အလုပ်အကိုင် အနေအထား
          အလေးအပင် မကြာခဏ မ,ရသူများ၊ ယာဉ်မောင်းများ၊ ထိုင်ခုံမှာ အချိန်ကြာမြင့်စွာ ထိုင်ပြီး အလုပ်လုပ်သူများမှာ ခါးနာ/ပေါင်တန်းနာဝေဒနာ ပိုဖြစ်လေ့ရှိပါတယ်။
•       ဆီးချိုဝေဒနာရှင်
          ဆီးချိုဝေဒနာရှိသူတွေမှာ အာရုံကြော ပျက်စီးမှုဖြစ်ဖို့ အလားအလာ ပိုများပါတယ်။
>>    နောက်ဆက်တွဲ ဆိုးကျိုးများ
          များသောအားဖြင့် လူအများစုမှာ သူ့အလိုလို သက်သာလာလေ့ရှိပေမယ့် Sciatica ကြောင့် အာရုံကြောများ ပျက်စီးခြင်းကို ရာသက်ပန် ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခံစားမှုမရှိတော့ခြင်း၊ ကြွက်သား အားနည်းလာခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရပါက ဆရာဝန်နှင့် ပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
>>    ရောဂါရှာဖွေ စစ်ဆေးခြင်း
          ဆရာဝန်က ကြွက်သားသန်စွမ်းမှုနှင့် လှုံ့ဆော်မှုအပေါ်တွင် ကြွက်သားများရဲ့ တုံ့ပြန်မှုကို စစ်ဆေးပေးပါလိမ့်မယ်။ ခြေများထောက်၍ လမ်းလျှောက်ခြင်း၊ ဆောင့်ကြောင့်ထိုင်ရာမှ ထခြင်း၊ လဲလျောင်းနေစဉ် ခြေထောက်မြှောက်ခြင်း စတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ချိန်တွင် အကြောနာဝေဒနာကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။ ဓာတ်မှန်၊ MRI နှင့် CT ရိုက်ခြင်းတို့ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။
          ဒါ့အပြင် Electromyography (EMG) လို့ခေါ်တဲ့ ကြွက်သားတွေ တုံ့ပြန်မှုနှင့် အာရုံကြောများမှ ထုတ်လွှတ်တဲ့ လျှပ်စစ်တွန်းအားကို တိုင်းတာတဲ့နည်းလည်း ရှိပါတယ်။ ၎င်းစမ်းသပ်မှုက ခါးရိုးဆစ်ကျွံခြင်းကြောင့်ဖြစ်တဲ့ အာရုံကြော ဖိခံရခြင်းလား ဒါမှမဟုတ် ကျောရိုးမ ကျဉ်းမြောင်းခြင်းကြောင့်ဖြစ်တဲ့ အာရုံကြော ဖိခံရခြင်းလားဆိုတာကို ခွဲခြားပေးနိုင်ပါတယ်။
>>    ကုသမှု
          ကုသနည်း အမျိုးမျိုး ရှိပါတယ်။
1.       အရောင်ကျ အနာသက်သာဆေး (Aspirin, Paracctamol, Ibuprofen)၊ ကြွက်သားပြေလျော့ဆေး၊ ဘိန်းပါဝင်သော နာကျင်ကိုက်ခဲမှု သက်သာစေတဲ့ဆေးဝါးများ အတက်ရောဂါကုဆေးများ၊ စိတ်ကျရောဂါတွင် အသုံးပြုသော Tricyclic Antidepressants ဆေးဝါးများပေး၍ ကုသခြင်း
2.       ကိုယ်နေဟန်ထားကို မှန်စေပြီး ကျောဘက်ကို ထောက်ခံပေးထားတဲ့ ကြွက်သားများကို သန်စွမ်းစေကာ ပျော့ပျောင်းမှုကို တိုးတက်စေတဲ့ လေ့ကျင့်ခန်းများ ပါဝင်သည့် Physical Therapy
3.       အာရုံကြောအမြင်ရှိရာ နေရာတစ်ဝိုက်သို့ Steroid ထိုးသွင်းခြင်းနှင့် ခွဲစိတ်ကုသခြင်း
4.       ရေခဲကပ်ပေးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း
5.       ဆန့်ထုတ်လေ့ကျင့်ခန်း ပြုလုပ်ခြင်း
>>    ကြိုတင်ကာကွယ်ခြင်း
          လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။ မှန်ကန်တဲ့ ကိုယ်နေဟန်ထားနှင့် ဟန်ချက်ညီမှုအတွက် အရေးပါတဲ့ ၀မ်းဗိုက်ကြွက်သားနှင့် နောက်ကျောကြွက်သားတွေနဲ့ သက်ဆိုင်တဲ့လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ ထိုင်တဲ့အခါမှာ ကိုယ်နေဟန်ထား အနေအထိုင်၊ ခါးမတ်ထိုင်ပါ။ နောက်မှီကောင်းကောင်းပါတဲ့ ထိုင်ခုံကိုသာ အသုံးပြုသင့်ပါတယ်။ ကျောရိုးမကြီး ပုံမှန်အတိုင်း ရှိနေစေရန် ခေါင်းအုံးကို ကူရှင်သဖွယ် အသုံးပြုပါ။
          အလေးအပင် မ,ရာမှာလည်း ဆွဲမယူခြင်းမပြုဘဲ ထိုင်ပြီးမှ မ,သင့်ပါတယ်။ ပစ္စည်းမ,ခြင်းနှင့် ခါးလိမ် ကောက်ခြင်း တစ်ပြိုင်တည်း မပြုလုပ်မိစေရန် ဂရုစိုက်ပါ။
Dr. Htet Htet
DrMyanma
_________++______++______
ခါးနာ၊ နောက်ကျောနာ ​ဝေဒနာများကို သက်သာစေသော လေ့ကျင့်ခန်း ၇မျိုး
.................................................................
အ​လေးပင်​ မ​ သောအခါ အထိုင်များသောအခါ ခါးနာ ဝေဒနာကို ခံစားရတက်ပါတယ်။
ဒီဝေဒနာများကို သက်သာစေသော လေ့ကျင့်ခန်းများကို တစ်နေ့ကို ၇မိနစ်လောက်
အချိန်ပေးပြုလုပ်ပေးခြင်းဖြင့် သက်သာစေပါတယ်။
အောက်မှာပုံပြပေးထားပါတယ်။


Credit _ Original Uploader
ဗဟုသုတ​ကျေးရွာ


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html