Ring
~~~~
ဒီနေ့တော ကုမ္ပဏီ တစ်ခုမှာမီးဆင်တာပါ။
ကုမ္ပဏီ ဆိုတော့ ကိုယ့်ဆရာတို့သိတဲ့အတိုင်း
Power socket တွေဟာ နှစ်ပေခြားတစ်ခုလောက်ဆိုသလို နီးနီးကပ်ကပ်နဲ့ တွေ့ရတတ်ပါတယ်။ ဌာနတစ်ခုကို ကွန်ပြူတာသုးံဘာသုးံဆိုတော့ socket တွေ ဆယ်ခုလောက်ဟာ စုပြုံနေ
တတ်ပါတယ်။
ဆရာကကျနော့်ကိုမေးပါတယ်။ မင်းဒီsocket
တွေကို ဘယ်နှစ်ဆားကစ်ဆွဲမလဲလို့မေးပါတယ်။
ကျနော်ကြည့်လိုက်တော့ ဆော့ကပ် ကအားလုးံ
ဆယ်နေရာ။ ဆော့ကပ်တွေက loopin လုပ်ရင်
နှစ်ခုပဲ လုပ်ခွင့်ရှိတာဆိုတော့။ အားလုးပေါင်း
ငါးဆားကစ်ပဲဆွဲမယ်လို့ဖြေလိုက်ပါတယ်။
မှတ်ထားကွ ဟေ့ကောင်ရ ဒီလိုမျိုးဆော့ကပ်တွေ
နီးနီးနားနားနဲ့စုပြုံနေတာကို ဥပမာ အင်တာနက်ဂိမ်းဆိုင်တွေ။ ဘဏ်တွေ။ ကောင်တာတွေမှာ အများဆုးံတွေ့ရတတ်တယ်။ သူတို့ကိုကြိုးဆွဲပြီဆိုရင် ring circuit နဲ့ဆွဲပေးရတယ်ကွ။ ring circuit ဆိုတာ 1p mcb ကနေ phase ကထွက်လာပြီး ဆိုင်ရာဆော့ကပ်တွေကို loopin လုပ်သွားမယ်။ ပြီးရင် နောက်ဆုးံဆော့ကပ်က phase ဟာ သူလာခဲ့တဲ့ 1p mcb ထဲကိုပဲပြန်ဝင်သွားမယ်။ဒါဆိုရင် အဲဒီ 1p
mcb မှာ ကြိုးဟာနှစ်ချောင်းဝင်နေရမယ်ပေါ့။
နောက်ပြီး ring circuit သုးံမယ့် 1p mcbဟာ
အနည်းဆုးံ 25 ampထက်မငယ်ရဘူးကွ။
လို့ပြောပြပါတယ်။
တကယ်တော့ ကျနော့်အသိဥာဏ်ဟာ အမှောင်ခန်းထဲက ပိုးစုန်းကြူး လိုပါပဲ မှိတ်တုတ်မှိတ်တုတ်
နဲ့။
MyatMin Thuya Kyaw
No comments:
Post a Comment