ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

နေအဖွဲ့အစည်းထဲက ဂြိုဟ်တွေရဲ့အမည်တွေအကြောင်း

>>> >>>နေအဖွဲ့အစည်းထဲက ဂြိုဟ်တွေရဲ့အမည်တွေအကြောင်း<<<

ကျနော်တို့ နေအဖွဲ့အစည်းထဲက ဂြိုဟ်တွေရဲ့ အမည်တွေဟာ တကယ်တော့ ဂရိ ဒဏ္ဍာရီထဲက နတ်ဘုရားများရဲ့ အမည်များဘဲ ဖြစ်ပါတယ်..။

မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်) ဟာ တောင်ပံတပ် ခြေမြန်တော် မာကျူရီ နတ်ဘုရား ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီနာမည်ပေးသလဲဆိုတော့ မာကျူရီဂြိုဟ်ဟာ ကမ္ဘာကကြည့်လျှင် ဖျက်ခနဲ ပေါ်လိုက် ပျောက်လိုက်နဲ့ မြန်မြန်ရွေ့လျားသွားတတ်လို့ပါဘဲ..။

ဗီးနပ်စ် (သောကြာဂြိုဟ်) ကတော့ အချစ်နတ်ဘုရားမ ဗီးနပ်စ် ကိုရည်ညွှန်းပါတယ်။ ဘာဖြစ်လို့ ဒီနာမည်ပေးသလဲဆိုလျှင် ကောင်းကင်မှာ အလှပဆုံးနဲ့ အလင်းလက်ဆုံး ဂြိုဟ်တစ်ခု ဖြစ်သောကြောင့်ပါ.။ (ဗီးနပ်စ်ရဲ့ သားဟာ မြားနတ်မောင် (Cupid) ဖြစ်ပါတယ်..။)

မားစ် (အင်္ဂါဂြိုဟ်) ကတော့ စစ်နတ်ဘုရားပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အရောင်ဟာ သွေးကဲ့သို့ ချင်းချင်းနီနေသောကြောင့် ဖြစ်ပါတယ်။

ဂျူပီတာ (ကြာသပတေးဂြိုဟ်) ကတော့ နတ်ဘုရားတို့ရဲ့ ဘုရင် ဇူ့စ် (Zeus) ပဲ ဖြစ်ပါတယ်။ နတ်ဘုရားတွေထဲမှာ ဇူ့စ်ဟာ အားအကြီးဆုံးဖြစ်သလို ဂျူပီတာဂြိုဟ်ဟာလည်း နေအဖွဲ့အစည်းထဲမှာ အကြီးမားဆုံးသော ဂြိုဟ်ကြီးတစ်လုံး ဖြစ်ပါတယ်..။

စေတန် (စနေဂြိုဟ်) ကတော့ ဂျူပီတာရဲ့ ဖခင် (အချိန် နတ်ဘုရား) စေတန် ဘဲဖြစ်ပါတယ်။ ဂျူပီတာကို တွေ့ရှိပြီး.. သူ့နောက်မှ စေတန်ကို တွေ့ရှိတဲ့အတွက် ဂျူပီတာရဲ့ အဖေ နာမည်ကို ပေးထားတာ ဖြစ်ပါတယ်။

ယူရေးနပ်(စ်) ဂြိုဟ်ကလည်း စေတန်ရဲ့ အဖေ ယူရေးနပ်(စ်) (ခ) ကောင်းကင် နတ်ဘုရားကြီးကို ရည်ညွှန်းတာပါဘဲ..။ အစက စေတန်လောက်အထိဘဲ ရှိမယ်ထင်ခဲ့ကြတာပါ။ တယ်လီစကုပ်တွေ ပေါ်ပြီးမှ.. သူ့အနောက်မှာ ယူရေးနပ်(စ်) ကို မြင်တွေ့ခဲ့ကြပါတယ်။ အဲ့ဒီ့တော့ နတ်ဘုရားတွေရဲ့ အစ ကနဦးက ဖခင်ကြီး ယူရေးနပ်(စ်) အမည်ကို သုံးခဲ့ပါတယ်။

နက်ပကျွန်း ဂြိုဟ်ကတော့ တယ်လီစကုပ်ကြီးများနဲ့ နောက်ဆုံးမှ ထပ်မံ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူ့ကိုတော့ ပင်လယ် နတ်ဘုရား နတ်ပကျွန်း လို့ အမည်ပေးထားပါတယ်။ သူ့ရဲ့အရောင်က ပင်လယ်ကဲ့သို့သော အပြာရောင် ဖြစ်နေလို့ပါဘဲ..။

ပလူတို ဂြိုဟ်လေးကတော့ Clyde W. Tombaugh လို့ခေါ်တဲ့ အာကာသပညာရှင်က ၁၉၃၀ ပြည့်နှစ်မှာ စတင်တွေ့ရှိခဲ့တာပါ။ ပလူတိုဆိုတဲ့ နာမည်ကိုတော့ ဗန်တီနာ ဗန်နေ (Venetia Burney) ဆိုတဲ့ (ထိုအချိန်က) ၁၁ နှစ်အရွယ်သာရှိသေးတဲ့ အောက်စဖို့ဒ် ကျောင်းသူ မိန်းကလေးက အမည်ပေးခဲ့တာပါတဲ့..။ ၀ိဥာဉ်လောကရဲ့ ဘုရားသခင်အမည်လို့ ဆိုပါတယ်။

အာကာသနှင့် စကြ၀ဠာ <<<

အာကာသနှင့် စကြ၀ဠာ....

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html