Circuit တွေခွဲတယ်
~~~~~~~~~~~
အလုပ်ထဲမှာ ကြိုးဆွဲကြတဲ့အခါ။
Lighting ဘယ်နှစ်ဆားကစ်ဆွဲမယ်။
Power ဘယ်နှစ်ဆားကစ်ဆွဲ။
စတဲ့အသံတွေကို ကျနော်တို့ဆရာ ခဏခဏ
ပြောနေတာ အမြဲကြားရလေ့ရှိပါတယ်။
ကျနော်ကလဲအလုပ်သင်လေးဆိုတော့ ဆရာလုပ်
သမျှ ကို သတိထားပြီး သင်ယူလေ့လာနေရပါတယ်။ ကျနော်လဲ ကျနော်သိနိုင်သလောက်
ဆရာလုပ်နေခဲ့သမျှကို ကြိုးစားလေ့လာနေပေမယ့်
Circuit ဘယ်လိုခွဲတယ်ဆိုတာကို သဘောမပေါက်နိုင်ရှိနေခဲ့ရပါတော့တယ်။
ဘာဖြစ်လို့လဲဆိုတော့ တချို့အလုပ်တွေမှာ ပွိုင့်အနေအထားတွေတူပေမယ့် ဆားကစ်ခွဲတာကျတော့
မတူပါဘူး။ တစ်ချို့ အလုပ်တွေမှာကျတော့ ဆား
ကစ်ခွဲတာတူပေမယ့် ပွိုင့်အနေအထားကျတော့
မတူပါဘူး။ အဲဒီတော့ ကိုယ့်ဆရာတို့ သိတဲ့အတိုင်း
ထူပိန်းလှတဲ့ကျနော်ဟာ လိုက်မှတ်လို့မရအောင်
လည်နေခဲ့တော့တာပေါ့။
ဒီလိုနဲ့တစ်နေ့တော့ ဆရာ့သူငယ်ချင်းတစ်ယောက်
အိမ်ကို မီးဆင်ပေးဖို့ဖြစ်လာပါတယ်။ ဆရာက
ကျနော်ကိုလုပ်ခိုင်းလိုက်ပါတယ်။ ကြိုးဆွဲတဲ့အခါ
မှာလည်းအကုန်အကျသက်သာအောင်လုပ်ဖို့ လဲမှာလိုက်ပါတယ်။
ဘာရမလဲကျနော်ကလဲလက်စွမ်းပြပြီးလုပ်တော့တာပေါ့ ။တစ်အိမ်လုးံမှာ လိုက်တင် တစ်ဆားကစ်၊ ပါဝါ တစ်ဆားကစ် နဲ့ပတ်ပြီးဆင်ပေးလိုက်ပါတယ်။
ဘာပြောကောင်းမလဲဗျာ lighting တစ်ဆားကစ်မှာ မီးပွင့်အနေနဲ့ဆို ၁၀ပွင့် အမ်ပီယာအနေနဲ့ဆို
3amp ထက်ကျော်လို့မရဘူး။power တစ်ဆားကစ်မှာ အများဆုးံloopin ကို နှစ်နေရာအထိသာ။ ဆွဲရမယ်ဆိုတာမင်းနားမလည်ဘူးလားလို့
ဆူတော့တာပေါ့ဗျာ။ဘာလို့ဆို ကျနော်လုပ်ခဲ့တဲ့
ဆရာသူငယ်ချင်းအိမ်မှာက မီးပွင့်ရေ၁၀ပွင့်ကျော်ကို လိုက်တင်တစ်ဆားကစ်တည်း။နောက်ပြီး
ဆော့ကပ် ကိုးခုလောက်ကလည်း power
တစ်ဆားကစ်တည်းဆိုတော့ ဆူပြီပေါ့ဗျာ။
ကျနော့်မှာ အချိန်ကုန်လူပင်ပန်းနဲ့ ကြိုးတွေပြန်ထုတ်ပြီး ပြန်ဆွဲခဲ့ရပါတယ်။
ဒီတော့မှ ကျနော်လဲ ဆားကစ်ခွဲရင် ဒီအချက်တွေကို အခြေခံပြီးခွဲရတယ်ဆိုတာသိပါတော့တယ်ဗျာ။
MyatMin Thuya Kyaw
No comments:
Post a Comment