ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Series (တန်းဆက်) နှင့် Parallel (ပြိုင်ဆက်) Circuit များ၏ ကွာခြားချက်များ

Series (တန်းဆက်) နှင့် Parallel (ပြိုင်ဆက်) Circuit များ၏ ကွာခြားချက်များ
Series ဆက်သွယ်ထားသော ပုံစံ
==================

ပုံ (၁) မှာ မီးလုံးတွေကို Power Source မှ တဆင့် Series အနေနဲ့ဆက်သွယ်ထားပါတယ်။
Series အနေနဲ့ဆက်သွယ်ထားတဲ့ ပုံစံမှာဆိုရင် အဓိက အားနည်းချက်ကတော့ နေရာ တစ်နေရာမှာ မီးလုံး တစ်လုံး ကျွမ်းသွားရင် အခြားမီးလုံးတွေပါ လိုက်ပါ ကျွမ်းသွားပြီးတော့ Circuit တစ်ခုလုံး အလုပ်မလုပ်နိုင်တော့ပါဘူး။ တကယ်လို့ မီးလုံး တစ်လုံး ကျွမ်းသွားရင်လည်း ဘယ်နေရာမှာ ကျွမ်းသွားတယ် ဆိုတာကို ရှာရခက်ခဲပါတယ်။
Series အနေနဲ့ ဆက်သွယ်ထားပါက Current စီးဆင်းမှုကတော့ မီးလုံးတွေ အားလုံး အပေါ်မှာ တသတ်မတ်တည်း ဖြစ်နေပါတယ်။

Parallel ဆက်သွယ်ထားသော ပုံစံမှာ ဆိုရင် (ဥပမာ အရောင်တူ LED မီးလုံး) တစ်လုံးချင်းစီပေါ်မှာ ကျရောက်သော Voltage တန်ဖိုးဟာ တူညီပါတယ်။ သို့သော် အဆိုပါ အရောင်တူ LED မီးလုံး တစ်လုံးခြင်းစီပေါ်မှာ ကျရောက်သော Voltage တန်ဖိုးစုစုပေါင်းဟာ Power Source ကနေ တဆင့် ပေးရသော Voltage တန်ဖိုးအတွင်းမှာ ရှိရပါမယ်။ တနည်းအားဖြင့် မီးလုံးတွေကို Series အနေနဲ့ များစွာ ဆက်သွယ်မယ် ဆိုပါက Power Source တန်ဖိုးကို များများ ပေးရမယ်ကို ဆိုလိုတာပါ။

Parallel ဆက်သွယ်ထားသော ပုံစံ
=================
ပုံ (၂) မှာ မီးလုံးတွေကို Power Source မှ တဆင့် Parallel အနေနဲ့ဆက်သွယ်ထားပါတယ်။
Parallel အနေနဲ့ ဆက်သွယ်ထားတဲ့ ပုံစံမှာ ဆိုရင် မီးလုံး တစ်လုံး ကျွမ်းသွားသော်လည်း အဆိုပါ Circuit ကြီးဟာ ဆက်လက်ပြီးတော့ အလုပ်လုပ်ဆောင်နေမှာပဲဖြစ်ပါတယ်။ အိမ်တွေမှာတော့ မီးဆင်တာနဲ့ ပတ်သက်ရင် အများအားဖြင့် Parallel အနေနဲ့တပ်ဆင်အသုံးပြုကြပါတယ်။ LED မီးလုံးတွေကို အလှအနေနဲ့ဆင်လေ့ရှိကြတဲ့ LED Array တွေမှာလည်း Parallel အနေနဲ့ ဆင်ကြတာ များပါတယ်။ ဒါကြောင့် တစ်နေရာမှာ မီးလုံး တစ်လုံး ကျွမ်းသွားသော်လည်း အဆိုပါ Circuit ဟာ ဆက်လက် အလုပ်လုပ်ဆောင်နေနိုင်ခြင်းပဲဖြစ်ပါတယ်။
Parallel အနေနဲ့ဆက်သွယ်ထားပါက Current စီးဆင်းမှုဟာ မီးလုံးတွေ အားလုံးအပေါ်မှာ ခွဲပြီးတော့ စီးဆင်းရပါတယ်။ တကယ်လို့ Power Rating မတူတဲ့ မီးလုံးတွေကို Parallel အနေနဲ့ဆက်သွယ်ထားပါက အဆိုပါ မီးလုံးတွေရဲ့ Power Rating အလိုက် Current စီးဆင်းမှု တန်ဖိုးဟာလည်း မတူညီကြပါဘူး။ မီးလုံးတွေကို Parallel အနေနဲ့ များများ ဆက်သွယ်ထားလေလေ Current တန်ဖိုးလည်း တက်လာလေလေ ဖြစ်ပါတယ်။ ဒါကြောင့် Parallel အနေနဲ့ ဆက်သွယ်ထားသော Circuit တွေမှာဆိုရင် Fuse တွေ ၊ Breaker တွေကို ကောင်းကောင်း တပ်ဆင်ထားဖို့ လိုအပ်ပါတယ်။
Parallel အနေနဲ့ ဆက်သွယ်ထားတဲ့ ပုံစံမှာတော့ မီးလုံး တစ်လုံးခြင်းစီပေါ်မှာ ကျရောက်သော Voltage တန်ဖိုးသည် အတူတူပဲဖြစ်နေပါတယ်။
ကျေးဇူးတင်ပါတယ်
Ctedit
ကိုမျိုး (အီလက်ထရောနစ်)

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html