Circuit တစ်ခုအား တိုင်းတာ စစ်ဆေးနည်းများ
================================
================================
(Basic Electronic Engineering (Devices) စာအုပ်အား ပထမ အကြိမ် ထုတ်ဝေစဉ်က မရောက်ရှိနိုင်ခဲ့သော မြို့များသို့လည်း ရရှိအောင် ပို့ဆောင်ပေးသွားမှာပဲဖြစ်ပါတယ် ခင်ဗျာ။)
၁။ Circuit တစ်ခုကို တိုင်းတာစစ်ဆေးနည်းတွေ မပြုလုပ်ခင်မှာ Open Circuit နှင့် Short Circuit ဆိုတာကို အရင်ဆုံး သိထားသင့်ပါတယ်။ Open Circuit ဆိုတာကတော့ Wire ဖြစ်စေ ၊ အခြား Electronic Component ဖြစ်စေ တစ်နေရာနှင့် တစ်နေရာအား ဆက်သွယ်မှု မရှိခြင်းကို ဆိုလိုတာပါ။ Close Circuit ဆိုတာကတော့ Wire ဖြစ်စေ ၊ အခြား Electronic Component ဖြစ်စေ တစ်နေရာနှင့် တစ်နေရာအား ဆက်သွယ်မှု ရှိခြင်းကို ဆိုလိုတာပါ။
၂။ Power Supply (သို့မဟုတ်) Battery ကနေ တဆင့် ပေးရမယ့် Voltage တန်ဖိုးသည် မှန် / မမှန် ဆိုတာကို စစ်ဆေးရပါမယ်။ Circuit တစ်ခုဟာ သတ်မှတ်ထားတဲ့ Voltage တန်ဖိုးအတွင်းမှာ မဟုတ်ဘူး ဆိုရင် ကောင်းမွန်စွာ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ Circuit တစ်ခုမှာ ပေးရမယ့် Voltage တန်ဖိုး ကို အတိအကျ ပေးသင့်ပါတယ်။ တချို့သော Circuit တွေမှာတော့ Voltage တန်ဖိုး အတိအကျ အထိ ပေးသွင်းဖို့ မလိုအပ်သော်လည်း သတ်မှတ်ထားတဲ့ Voltage တန်ဖိုးထက် အတိုး / အလျော့ တန်ဖိုးတွေကို အတွင်းကိုပေးသွင်းထားမှု ရှိ / မရှိ ဆိုတာကို ဂရုစိုက် စစ်ဆေးနေသင့်ပါတယ်။ တကယ်လို့ သတ်မှတ်ထားတဲ့ Voltage တန်ဖိုးထက် လျော့နည်းသွားပြီဆိုရင်တော့ Circuit ရဲ့ ဘယ်နေရာ ၊ ဘယ်အပိုင်းက Short ဖြစ်နေသလဲ ဆိုတာကို ရှာဖွေပြီးတော့ စစ်ဆေးသင့်ပါတယ်။
၃။ Circuit Board ပေါ်မှာ Component တွေ တပ်ဆင်ထားတာ မှန်ကန်မှု ရှိရဲ့လား ဆိုတာကို စစ်ဆေးရပါမယ်။ ဥပမာ Diode တစ်လုံးဖြစ်စေ ၊ LED တစ်လုံး ဖြစ်စေ ၊ Electrolyte Capacitor တစ်လုံးဖြစ်စေ စတဲ့ Polarity ကို မှားယွင်းလို့ မရတဲ့ Component တွေ တပ်ဆင်ထားတဲ့ အခါမှာ မိမိတပ်ဆင်ထားသော Polarity နှင့် Circuit Diagram ထဲမှာ ပြထားသော Polarity တွေဟာ မှန်ကန်မှု ရှိရဲ့လား ဆိုတာကို သေချာစွာ စစ်ဆေးခြင်းပြုလုပ်ရပါမယ်။
၎။ IC Pin တွေမှာလည်း သတ်မှတ်ထားတဲ့ အတိုင်း စိုက်ထားရဲ့လား ဆိုတာကို စစ်ဆေးခြင်း ပြုလုပ်ရပါတယ်။ IC Pin တွေမှာ ဘယ် Pin ကနေ စပြီး ရေတွက်တယ် ဆိုတာက အစ Pin နံပါတ်တွေကို သေချာစွာ စစ်ဆေးရပါမယ်။ Circuit Diagram ထဲမှာ ပြထားတဲ့ Pin နံပါတ်နဲ့ Circuit Board ပေါ်မှာ အမှန်တကယ် တပ်ဆင်ထားတဲ့ Pin နံပါတ်နဲ့ ကိုက်ညီမှု ရှိရဲ့လား ဆိုတာကိုလည်း သေချာစွာနဲ့ စစ်ဆေးခြင်းတွေကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
၅။ Circuit Board ပေါ်မှာ တပ်ဆင်ထားသော Component တွေ အားလုံးဟာ ခဲဆော်ထားတဲ့ နေရာမှာ ခဲဆော်ထားတဲ့ နေရာတွေမှာ သေချာစွာနဲ့ ခဲစွဲရဲ့လား ဆိုတာကို မှန်ဘီလူးနဲ့ လိုက်လံ စစ်ဆေးသင့်ပါတယ်။ ခဲဆော်ရာမှာ ခဲစွဲမှု မရှိခြင်းကို တွေ့ရှိပါက ခဲပြန်ဆော်ခြင်းကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ခဲ မစွဲခြင်းဟာလည်း Circuit တစ်ခုကို ကောင်းမွန်စွာ အလုပ်လုပ်ဆောင်မှုမှာ အခက်အခဲတွေ များစွာကို ဖြစ်ပေါ်စေပါတယ်။
၆။ ပုံ (၁) မှာ တော့ Circuit Diagram တစ်ခုမှာ Continuity ရှိနေတဲ့ အခြေအနေကို တိုင်းတာ စစ်ဆေးနေခြင်းပဲဖြစ်ပါတယ်။ Circuit တစ်ခုမှာ တစ်နေရာနှင့် တစ်နေရာကို ဆက်သွယ်ထားခြင်း ရှိ / မရှိ ဆိုတာကို Digital (သို့မဟုတ်) Analog Multimeter နှင့် စစ်ဆေးခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ Digital (သို့မဟုတ်) Analog Multimeter မှာ Continuity (ဆက်သွယ်ထားမှု ရှိခြင်း) ကို စစ်ဆေးတဲ့ အခါမှာ Multimeter အမျိုးအစားပေါ်လိုက်ပြီးတော့ တချို့ Multimeter တွေဟာ Continuity ရှိပါက Buzzer ကနေ တဆင့် အသံတစ်ခုကို ထုတ်ပေးပြီးတော့ အချက်ပေးပါတယ်။ Continuity မရှိပါက Buzzer ကနေ အသံထုတ်မပေးပါဘူး။ တချို့ Multimeter တွေကနေ Buzzer ကနေ တဆင့် အသံထုတ်ပေးတဲ့ စနစ် မဟုတ်ပါဘူး။ Multimeter မှာ LED မီးလုံးလေးကို လင်းနေစေတဲ့ လုပ်ဆောင်ချက်နဲ့ ဆောင်ရွက်ထားပါတယ်။ တခါတရံမှာ Continuity Test ကို လုပ်ဆောင်တဲ့ အခါမှာ Analog (သို့မဟုတ်) Digital Multimeter ရဲ့ Display မှာ Ohm တန်ဖိုးတွေ လျော့နည်းသွားစေတဲ့ လုပ်ဆောင်ချက်နဲ့လည်း ဖော်ပြပေးပါတယ်။ Circuit Board တစ်ခုပေါ်မှာ Continuity Test ကိုဆောင်ရွက်တဲ့ အခါမှာ Power ကို ပိတ်ထားပြီးတော့ ဆောင်ရွက်ခြင်း ပြုလုပ်ရပါတယ်။
၇။ ပုံ (၂) မှာ ပြထားတဲ့ ပုံကတော့ R3 ကို Short ဖြစ်နေသလား / မဖြစ်ဘူးလား ဆိုတာကို စစ်ဆေးတဲ့ နည်းဖြစ်ပါတယ်။ Circuit Board ပေါ်မှာ ရှိတဲ့ Component တစ်ခုဟာ Short ဖြစ်နေသလား ဆိုတာကိုလည်း Continuity Test နဲ့ စစ်ဆေးခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ အဲဒီလို ပြုလုပ်တဲ့ အခါမှာ Circuit Board ကို ပေးထားတဲ့ Power Source ကို ဖြုတ်ထားရပါမယ်။ Circuit Board ပေါ်မှာ ရှိတဲ့ Component တစ်ခု Short ဖြစ်ပြီလို့ ယူဆတယ်ဆိုရင် အဆိုပါ Component ကို ဖြုတ်ပြီးတော့ အပြင်မှာလည်း Continuity Test ကို ထပ်မံ ပြုလုပ်သင့်ပါတယ်။ အပြင်မှာတိုင်းတာခြင်းကသာ အဆိုပါ Component ဟာ အမှန်တကယ်ပဲ Short ဖြစ်နေသလား / မဖြစ်ဘူးလား ဆိုတာကို သိရှိနိုင်မှာပဲဖြစ်ပါတယ်။
၈။ ပုံ (၃) မှာ ပြထားတဲ့ ပုံကတော့ Voltage တန်ဖိုး တစ်ခုဟာ သတ်မှတ်ထားတဲ့ Point တွေမှာ အမှန်တကယ် ရောက်ရှိမှု ရှိရဲ့လား ဆိုတာကို စစ်ဆေးတဲ့ ပုံစံ ဖြစ်ပါတယ်။ တကယ်လို့ မိမိ စစ်ဆေးလိုတဲ့ Circuit Board တစ်ခုရဲ့ Voltage တန်ဖိုးတွေဟာ Checking Point တွေမှာ ဘယ်လောက် ရောက်ရမယ် ဆိုတာကို စစ်ဆေးခြင်း ပြုလုပ်ပါက ပထမ ဦးဆုံး အနေနဲ့ ပုံမှန် အလုပ်လုပ်နေတဲ့ ပုံစံတူ ၊ လုပ်ဆောင်ချက်တူသော Circuit Board တစ်ခုမှာ အရင်ဆုံး Checking Point တွေကို တိုင်းတာပြီးတော့ မှတ်သားထားရပါမယ်။ အဲဒီနောက် မိမိတိုင်းတာလိုတဲ့ Circuit Board မှာလည်း အဆိုပါ Checking Point တွေ အတိုင်း မှန်ကန်စွာနဲ့ ရောက်ရမယ့် Voltage တန်ဖိုးတွေ ရောက်ရှိရဲ့လား ဆိုတာကို စစ်ဆေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။
၉။ Signal တစ်ခု တကယ်တန်း သွား / မသွား ဆိုတာကိုတော့ သာမန် Analog (သို့မဟုတ်) Digital Multimeter တွေနဲ့ စစ်ဆေးဖို့ မလွယ်ပါဘူး။ Oscilloscope တွေနဲ့ စစ်ဆေးမှသာလျင် ရပါတယ်။ ပုံ (၄) မှာ ပြထားတဲ့ ပုံကို လေ့လာကြည့်ရင် Signal တစ်ခုဟာ တစ်နေရာကနေ Capacitor ကို ဖြတ်ပြီးတော့ နောက်တစ်နေရာကို သွားနေတဲ့ ပုံစံဖြစ်ပါတယ်။
၁၀။ Circuit Board တစ်ခုကို စစ်ဆေးတဲ့ အခါမှာ နောက်ထပ် လွယ်ကူတဲ့ နည်းလမ်း တစ်ခုကတော့ Power Source ကို ပေးသွင်းတဲ့ အခါမှာ Voltage တန်ဖိုးနဲ့ Current တန်ဖိုးကို အလွယ်တကူနဲ့ ချိန်ညှိနိုင်သော ၊ ကြည့်ရှုနိုင်သော DC Power Supply နဲ့ပေးသွင်းခြင်းကို ပြုလုပ်တဲ့ နည်းပဲဖြစ်ပါတယ်။ မိမိ စစ်ဆေးလိုတဲ့ Circuit Board ကို တပ်ဆင်လိုက်တာနဲ့ ဘယ်အလုပ်လုပ်ရင် ဘယ်လောက် Current တန်ဖိုးကို ဆွဲသွားတယ် ဆိုတာကို စစ်ဆေးတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။
Cred
ကျေးဇူးတင်ပါတယ်
Cred
ကျေးဇူးတင်ပါတယ်
ကိုမျိုး (အီလက်ထရောနစ်)