ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

CTBACity Brake Active system or Control Brake Assist

CTBA
City Brake Active system or
Control Brake Assist


 CTBA သည်
မော်တော်ယာဉ်အား  မြန်နှုန်း နိမ့် မောင်းနှင်နေစဉ် မှာ ယာဉ်မတော်တဆမှု ကို ရှောင်ရှား(သို့မဟုတ်)လျော့ပါးနိုင် စေရန်ကူညီဖို့ အထူးပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
 CTBA ကို ON(အသုံးပြုထားရင်) သော့ဖွင့်ချိန် ဒိုင်ခွက်မီးများနှင့်အတူ CTBA မီးဝါလေး လင်းလာပါမယ်။
OFF (အသုံးမပြုရင်) ဒိုင်ခွက် ၌ CTBA မီးမလင်းပါ။
• CTBA ကို ON ထားပီး
စတပ်ဆွဲ စက်နိုးပီးရင်တော့ CTBA မီးဝါလေး ငြိမ်းသွားရပါမယ်။
မငြိမ်းဘဲ ဆက်လင်းနေသေးရင် CTBA မှာ ပြသာနာ ရှိနေပါပြီ။
 CTBA ရဲ့လေဆာ ထောက်လှမ်းရေးဆင်ဆာ သည် ရှေ့မှန်ကြီးမှာ တပ်ဆင်ထားတဲ့ နောက်ကြည့်မှန် အနောက် မှာ လုံခြုံစွာ တပ်ဆင်ထားပါတယ်။
• အကယ်၍ ရှေ့မှန်ကြီးမှာ ဖုန်မှုန့်များ။ ရေခဲများ ။နှင်းမှုန်များ ကပ်နေလျှင် ဝိုက်ဘာနှင့် ဆေးကြောပါ။ CTBA ဆင်ဆာ သည် ရှေ့မြင်ကွင်းကို ထောက်လှမ်းရသောကြောင့် ရှေ့မှန်ကြီးမှာ ညစ်ပေနေလျင် ဆင်ဆာ ကောင်းစွာ အလုပ် မလုပ်နိုင်တော့ပါ။
• ဒါကို CTBA မီးဝါလေးလင်း ပီး ယာဉ်မောင်းသူကို အသိပေးပါတယ်။
(ဆင်ဆာမြင်ကွင်း အား သန့်ရှင်းစွာထားပါ)
 CTBA သည် ယာဉ်တိုက်မှုဖြစ်နိုင်ချေ ကို အမြန်နှူန်း ၅ ကီလိုမီတာ မှ ၃၀ကီလိုမီတာ အတွင်း မှာ အာရုံခံ ထောက်လှမ်း ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။
• CTBA သည် ယာဉ်တိုက်မှုဖြစ်နိုင်ချေ ရှိလျှင်
> အသံဖြင့်အချက်ပေးခြင်း
> CTBA မီးမှိတ်တုတ်မှိတ်တုတ် လင်း၍ အချက်ပြခြင်း
> နောက်ဆုံး ဘရိတ်အုပ်ပေးခြင်း ပြုလုပ်ပေးပါတယ်။

> ယာဉ်မောင်းသင်ခါစ လီဘာနဲ့ဘရိတ် မှားနင်းခြင်း
> မရည်ရွယ်ဘဲ လီဘာ ဆောင့်နင်းမိခြင်း(10kmh)
> ယာဉ်မောင်းသူ မှ ယာဉ်တိုက်မှုဖြစ်နိုင်ချေကို သတိမထားမိခြင်း
> ဘရိတ်နင်းရန် နှေးကွေးနေခြင်း တို့ဖြစ်လာလျှင်
CTBA က အလိုအလျောက် ဘရိတ်အုပ်ပေးပီး ယာဉ်တိုက်မှု မှ ရှောင်ရှား ပေးပါတယ် ။
 သတိပြုရန်။   ။
CTBA သည် ယာဉ်မောင်းသူ၏ ဘရိတ်နင်းခြင်း ကို မပြုလုပ်ဘဲ နေနိုင်ရန် အစားထိုး ထည့်ထားခြင်း မဟုတ်ပါ ။
• • • စာကြွင်း။  ။
(ဆင်ဆာ ကို အားကိုးထားပါသဖြင့် ယုံစားပီး ဘရိတ်မနင်းဘဲ နေ၍တိုက်မိလျင်တော့ ကျွန်တော်နှင့် မဆိုင်ပါ ခင်ဗျာ  )

#ကားချစ်သူ
Credit》》
photo:internet

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html