ဘက်ထရီ ဖြုတ်တဲ့အခါ အနှုတ်ဘက်က ဘာလို့အရင်ဖြုတ်ရတာလဲ?
အနှုတ်က ဘော်ဒီ ဂရောင်း ပေးထားတတ်တာ အားလုံးသိပါတယ်။ တကယ်လို့
အပေါင်းကိုအရင်ဖြုတ်တယ်ဆိုပါစို့။
ဖြုတ်နေတုန်း ဖြုတ်တဲ့ tool က မတော်တဆ ဘော်ဒီ ထိရင် shock ဖြစ်ပြီး မလိုလားအပ်တာတွေပျက်စီးနိုင်ပါတယ်။အနှုတ်ဘက်က ဖြုတ်တဲ့အခါ ဖြုတ်တဲ့ ဂွဂွင်းက ဘော်ဒီထိလည်း ဘာမှ မဖြစ်ပါဘူး။
အနှုတ်ဖြုတ်ပြီး လို့ အပေါင်းထပ်ဖြုတ်တဲ့အခါမှာလည်း မတော်တဆ ဘော်ဒီ tool ကထိလည်း shock မဖြစ်နိုင်တော့ပါဘူး။
ဒါကြောင့် အနှုတ်ဘက်က အရင် ဖြုတ်သင့်တယ် လို့ သတ်မှတ်ထားတာ ဖြစ်ပါကြောင်း။
ပြန်တပ်တဲ့အခါလည်း စဉ်းစားကြည့်ပေါ့။
:)
ခရက်ဒစ် online