ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားလည္ထြက္သြားတဲ့အခါ ဘာလုပ္ရမလဲ

ကားလည္ထြက္သြားတဲ့အခါ ဘာလုပ္ရမလဲ
🏎🏎🏎🏎🏎

🚗စတီယာရင် ကပ်ပြီးတော့၊ ဒါမှမဟုတ် ကားနောက်ဖင် အပြင်ထွက်ပြီး လမ်းချော်ကာ ကားလည်သွားတဲ့ အခြေအနေမျိုးဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။

🚕ဒါကြောင့် ဒီလိုအခြေအနေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းတွေနဲ့ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာတွေကို မျှဝေပေးချင်ပါတယ်။

🚙ပထမဆုံး စတီယာရင် ကပ်သွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ စတီယာရင် ကပ်တယ်ဆိုတာကတော့ ကားက ကိုယ်ကွေ့သလို ကွေ့မလာဘဲ တည့်တည့်ဆက်သွားတဲ့ အခြေအနေမျိုးကို ဆိုလိုတယ် ဆိုတာ ယာဉ်မောင်းနှင်သူ အားလုံးလည်း သိကြမှာပါ။

🚌စတီယာရင် ကပ်ရတဲ့ အကြောင်းရင်းတွေကတော့ ကွေ့တဲ့အချိန်မှာ အရှိန်မလျှော့တာ၊ ရုတ်တရုတ် အလျှင်အမြန် ချိုးကွေ့တာ၊ ကားအောက်ပိုင်းနဲ့ ကားတည်ဆောက်ပုံတို့ ပုံမှန်ကြံ့ခိုင်တဲ့ အခြေအနေမှာ ရှိမနေတာကြောင့်တို့ပဲ ဖြစ်ပါတယ်။

🚗ဒီလိုစတီယာရင် ကပ်တဲ့ အခြေအနေမျိုးနဲ့ မကြုံတွေ့ရအောင် ကား၊ တာယာတို့ရဲ့ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပေးရမှာ ဖြစ်သလို မောင်းနှင်တဲ့ အချိန်မှာလည်း အမြန်နှုန်းနဲ့ အခြားသတ်မှတ်ချက်တွေနဲ့အညီ မောင်းနှင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

🚕တကယ်လို့ အကြောင်းကြောင်းကြောင့် စတီယာရင်ကပ်တဲ့ အခြေအနေမျိုးနဲ့ ကြုံရတယ် ဆိုရင်တော့ စိတ်ကိုတတ်နိုင်သမျှ တည်ငြိမ်အောင်ထိန်းပြီး ပထမဆုံး လီဗာကို လွှတ်ပါ။ ပြီးရင် ဘရိတ်ကိုနင်းပြီး စတီယာရင်ကို အတည့်အတိုင်း ထားလိုက်ပါ။

🚙နောက်တစ်ခုအနေနဲ့ ကားကွေ့တဲ့အချိန်မှာ ကားနောက်ဖင် အပြင်ထွက်ပြီး လမ်းချော်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ အရှိန်နဲ့ကွေ့တဲ့အခါ၊ ရုတ်တရက် ကွေ့ချလိုက်တဲ့အခါ၊ ကားအောက်ပိုင်းနဲ့ တည်ဆောက်ပုံက ပုံမှန်အခြေအနေမှာ ရှိမနေတဲ့ အခါမျိုးမှာ ဒီလိုမျိုး ကြုံတွေ့ရတတ်ပါတယ်။

🚌ဒီလိုအခြေအနေ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ အတွက်လည်း ကား၊ တာယာတို့ရဲ့ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပေးရမှာ ဖြစ်သလို မောင်းနှင်တဲ့ အချိန်မှာလည်း အမြန်နှုန်းနဲ့ အခြား သတ်မှတ်ချက်တွေနဲ့အညီ မောင်းနှင်ရမှာပဲ ဖြစ်ပါတယ်။

🚗တကယ်လို့ မတတ်သာဘဲ ကြုံတွေ့ရပြီ ဆိုရင်တော့ လီဗာကိုလွှတ်ပြီး ဆန့်ကျင်ဘက် လားရာကို စတီယာရင်ကို လှည့်ရမှာ ဖြစ်ပါတယ်။ စိတ်ကို တည်ငြိမ်အောင်ထားဖို့ လိုအပ်တယ် ဆိုတာကိုတော့ အထူးပြောနေဖို့ လိုမယ် မထင်ပါဘူး။

ဒီလမ်းချော်ပြီး ကားလည်ထွက်သွားတဲ့အခါ ဘာလုပ်ရမလဲ #Driving Tip ကို ကမ္ဘာကျော် ကားကုမ္ပဏီ Ford ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းခွဲ Ford Myanmar ကနေ မြန်မာ ယာဉ်မောင်းတွေ အတွက် ရည်ရွယ်ပြုလုပ်ပေးခဲ့တဲ့ Ford Driving Skills For Life (FDSL) အလုပ်ရုံဆွေးနွေးပွဲမှာ သင်ကြား ဆွေးနွေးပေးခဲ့တဲ့ အချက်တွေ ထဲကနေ ကောက်နှုတ်ဖော်ပြထားတာ ဖြစ်ပါတယ်။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
the voice

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html