ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Car မောင်းသမားတိုင်း ရှိသင့်တဲ့ အနေထား

ကိုယ့်ရှေ့ က ကား Dead Stop
နင်းချင် နင်းမယ်/ မနင်းချင် မနင်းဘူး
အဲဒါက သူ့ ကိစ္စ။ ကိုယ်နဲ့ မဆိုင်ဘူး။

ကိုယ်နဲ့ဆိုင်တဲ့ ကိစ္စကဘာလဲ ဆိုတော့
Safe Distance အတွက်
တစ်ကွက်ချန်  လိုက်နင်းဖို့ဘဲ။
ဟိုက်ဝေးမှာလဲ ဒီလိုဘဲ။
သူ ၁၅၀ နင်းသွားလို့ ကိုယ်လဲ
အားကျမခံ ၁၅၀ လိုက်နင်းချင်သပဆို
လိုက်သာ နင်းပစ်လိုက်။  အင်း………
ခုနပြောသလို  ကိုယ့်အတွက်တော့ ချန်ထား။
ဘရိတ်မီးတွေ ကျွမ်းနေတဲ့ကားတွေ ရှိသေးတယ်

ချန်တယ် ဆိုရာမှာလဲ Braking Distance
တစ်ခုထဲသာ မကပဲ Thinking Distance ကိုပါ
ထည့်ပေါင်းထားရပါတယ်။
အဲဒီကောင် ထည့်မပါင်းထားရင်တော့
ကိုယ့်သေတွင်း ကိုယ်တူးလိုက်သလိုဘဲ။
Speed များလေလေ Thinking Time နဲလေလေ
သေတွင်း နက်လေလေ။ အဲဒါ  ဖော်မြူလာ ။
ဒါတောင် သူများတွေ နိုင်ငံတွေမှာလို
SNOWY ROAD တို့ ICEY ROAD တို့
ရှုပ်ရှုပ်ယှက်ယှက် ထည့်တွက်စရာ မလိုဘူး။

Thinking Distance ခေါ်တဲ့ Reaction ကို
မလေးစားမိလို့ လမ်းပေါ်မှာတင် ဘဝတစ်ပါး
ကူးပြောင်းသွားခဲ့ရသူတွေဟာ လက်တွေ့ သင်ခန်းစာ။

မြို့ တွင်းမှာ ရှင်လောင်းလှည့်သလို မောင်းနေချိန်
ကိုယ့်ရှေ့ က လက်ညှိုး တစ်ချောင်း လာထောင်
မှာစိုးလို့  ရှေ့ ကားကို အတင်းကပ်ထားတာ
အလွန်ဆုံး လူလယ်ကောင် ငြင်းရ ခုံရ စကားများကြ
အလွန်ဆုံး ပိုက်ဆံလျော် လိုက်ရရုံ ပေါ့ဗျာ။

အဲ…… ဟိုက်ဝေး မှာတော့ သွားမလုပ်နဲ့
ငြင်းနေ ခုံနေချိန်တောင် မရလိုက်ပဲ တစ်ခါထဲ့ 
အသက်ကိုပါ လျော်လိုက်ကြရတယ်။
သူ့ နောက်က ကပ်လိုက်နေလို့
သူ့  အီးနံ့ လိုက်ရှူ နေရတာက လွဲလို့
ဘာမှ အကျိုး မရှိပါဘူး။

နေချင် နေခဲ့လိုက် / ကျော်လို့ ရရင် ကျော်ပစ်လိုက် ။
နေလဲ မနေချင်ဘူး / ကျော်လဲ မကျော်နိုင်ဘူး ဆိုရင်တော့

" THINK  SAFE  DISTANCE "

Credit.. online

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html