ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

သင့်ကား ရေလည်အုံ ကောင်းမကောင်းဘယ်လိုသိနိုင်မလဲ

သင့်ကား ရေလည်အုံ ကောင်းမကောင်းဘယ်လိုသိနိုင်မလဲ?
ဆောင်းပါးအမှတ် (31)



⛲ကားဝပ်ရှော့အခေါ် ရေလည်အုံလို.ခေါ်လိုက်တာပါ ။ တကယ်တော့ ရေလည်အုံဆိုတာ အင်ဂျင်ကို အအေးပေးတဲ့ (Cooling System ) ထဲမှာ အရေးပါတဲ့ Water Pump ပါ။
ရေလည်အုံ ( Water Pump )

⛲ကားတစီးရဲ.အင်ဂျင်ဟာ အတွင်းပိုင်းမီးလောင်ပေါက်ကွဲတဲ့ (Internal Combustion Engine ) မို. အင်ဂျင်ပုံမှန်လည်ပတ်နိုင်ဖို. သတ်မှတ်အပူချိန်တခုအတွင်းမှာထိန်းထားရပါတယ် ။ ပြောချင်တာက မပူလွန်း မအေးလွန်းအောင်ထိန်း
ထားမှ အင်ဂျင်ပုံမှန်လည်ပတ်နိုင်မယ်လို.ဆိုလိုတာပါ ။ အဲ့နေရာမှာ အင်ဂျင်ရဲ. အပူချိန်မလွန်ကဲအောင်ထိန်းသိမ်းထားတဲ့ အအေးပေးစနစ် ( Cooling System ) လုပ်ငန်းမှာ ပါဝင်လုပ်ဆောင်နေတဲ့ ပစ္စည်းတွေရှိပါတယ် ။ 

ရေတိုင်ကီ ( Radiator ) ၊ ရေလည်အုံ ( Water Pump ) ၊ ပန်ကာ ( Fan ) ၊ သာမိုစတတ် ( Thermostat ) ၊ ရေပြန်ဘူး ( Coolant Reservoir ) အစရှိသဖြင့် အဓိကပစ္စည်းတွေနဲ. အခြားအသေးစိတ်ဆက်စပ်ပစ္စည်းတွေပါဝင်ပါသေးတယ်။

⛲အဲ့ဒီတွေထဲကမှ ရေလည်အုံ ( Water Pump ) က အဓိက အလုပ်လုပ်ရတဲ့ ပစ္စည်းတခုပါ ။ အဲ့ဒီ ရေလည်အုံဟာ impeller လို.ခေါ်တဲ့ဒလက်နဲ.လည်ပတ်တဲ့ ပန်.ဖြစ်ပြီး အင်ဂျင်ရှေ.ခြမ်းလို.ခေါ်တဲ့ တိုင်ပင်ဗတ်ကြိုး ( Timing Belt ) ကာဗာ
တွေအောက်မှာတည်ရှိပါတယ် ။ အဲ့ဒီ ရေလည်အုံခေါ် ပန်.ကို မောင်းနှင်ပုံက အင်ဂျင်ကို မောင်းနှင်တဲ့ Belt ကြိုးနဲ.တွဲဖက်မောင်းနှင်ပါတယ် ။ အင်ဂျင် Belt ကြိုးလည်ရင် ရေလည်အုံလိုက်လည်တဲ့သဘောပါပဲ ။ အဲ့လိုလည်တော့
ပန်.မှာပါတဲ့ ဒလက်တွေက ရေ ဒါမှမဟုတ် Coolant တွေကို အင်ဂျင်ထဲကိုစီးဆင်းစေပြီး အင်ဂျင်အပူချိန်ကိုလျော့ချပေးတာပါ ။

⛲ရေလည်အုံ ( Water Pump ) ကို အကြမ်းခံအသုံးခံပြုနိုင်အောင် ပြုလုပ်ထားပါတယ် ။ ပုံမှန်အားဖြင့် ရေလည်အုံ ( Water Pump ) တလုံးဟာ မိုင် 90,000 ကနေ မိုင် 120,000 အထိခံပါတယ် ။ တချို.ကားတွေကတော့ အခြေအနေ
အမျိုးမျိုးကြောင့် အဲ့လောက်မိုင်မရောက်ခင်ပဲ ပျက်ဆီးတတ်ပါသေးတယ် ။

ရေလည်အုံ ( Water Pump ) ပျက်စီးမယ်ဆိုရင် ပြသမယ့် လက္ခဏာရပ်တွေ
 ရေ ဒါမှမဟုတ် Coolant တွေက ( Timing Belt ) ကြိုးကာဗာအောက်မှာ ယိုကျနေမယ် ၊ စိမ့်ကျနေမယ် ။ ဖြစ်တာများတာကတော့ လည်ပတ်နေတဲ့ရေတွေ Coolantတွေမယိုအောင်ထိန်းတဲ့  ရေလည်အုံ ( Water Pump ) ရဲ. Gasket
တွေဟာ သက်တမ်းလွန်ပြီးပျက်စီးတာ ၊ ဒါမှမဟုတ်အပူချိန်ကြောင့်ပျက်စီးပြီး ရေနဲ.Coolant တွေစိမ့်ထွက်လာတာ ။ အဲ့လိုလက္ခဏာစတွေ.ပြီဆို သင့်ကားရဲ.ရေလည်အုံ ( Water Pump )လဲရတော့မယ့် လက္ခဏာရပ်ပါပဲ ။

 ရေလည်အုံ ( Water Pump ) ပူလီ (Pulley ) ချောင်မယ် အသံထွက်မယ် ။ ရေလည်အုံ မှာရှိတဲ့ ပူလီကို ရှေ.နောက်ကစားကြည့်လို. အဲ့ဒီဟာက ကစားနေမယ်ဆိုရင် အဲ့ဒါ အဲ့ဒီ ရေလည်အုံ ( Water Pump ) ရဲ. ဘယ်ရင် (Bearing)
တွေပွန်းစားနေပါပြီ ၊ မကြာခင်ပျက်စီးတော့မှာပါ ။ အဲ့ဒီဘယ်ရင် ပျက်စီးသွားမယ်ဆိုရင် ရေလည်အုံ ( Water Pump ) က မလည်ပတ်တော့ဘဲ အင်ဂျင် Heat တာတွေဖြစ်လာတော့မှာပါ ။
ကားဆရာတွေသတိထားသင့်တာကတော့ ရေလည်အုံ ( Water Pump ) ကနေ ညည်းသံတွေ ၊ ကြိတ်သံတွေထွက်နေပြီဆိုတာကို သတိပြုနားစွင့်သင့်ပါတယ်ခမျာ ။ စက်လည်နေချိန်မှာ ရေလည်အုံ ( Water Pump ) ကို သွားထိစမ်းသပ်
တာမျိုးကို ဆင်ခြင်ရမှာပါ ။ (အသံထွက်တာကတော့ အမျိုးမျိုးရှိပါသေးတယ် AC Compressor ၊ Power Steering Pump တို.ကလည်းဖြစ်တတ်ပါတယ် )

 ကားဒက်ဘုတ်မှာပါတဲ့ ( Temperature Gauge ) က ပုံမှန် အလည် Cold နဲ. Hot ကြားထဲမှာ တည်ငြိမ်မနေဘဲ နိမ့်လိုက်မြင့်လိုက် အတက်အကျ မမှန်ဖြစ်လာမယ် ။ အဲ့ဒါဆိုရင် သင့်ကား ရေလည်အုံ ( Water Pump ) မှာ ပုံမှန်
မဟုတ်တော့ဘဲ တခုခု Error တက်နေပါပြီ ။

⛲ရေလည်အုံ ( Water Pump ) ချို.ယွင်းနေတာတွေကို သတိမပြုမိဘဲ ကားဆက်မောင်းနေမယ်ဆိုရင်တော့ အနိမ့်ဆုံး အင်ဂျင်ပူတက်ပြီး ထိုးရပ်သွားတာကနေ အကြီးမားဆုံး အင်ဂျင် တခုလုံးပျက်ဆီးသွားနိုင်ကြောင်းပါခမျာ ။
စာဖတ်သူမိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ဖွံ.ဖြိုးတိုးတက်ကြပါစေခမျာ။

Credit-
L.Zarni ( P.T.U )
Prime Auto Technology


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html