ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဆိုင်ကယ်တစ်စီးနိုးမရလျှင် စစ်ရမည့် အဆင့်များ

***ဆိုင်ကယ်တစ်စီးနိုးမရလျှင် စစ်ရမည့် အဆင့်များ****


သိပြီးသား. တတ်ပြီးသား ကျွမ်းပြီးသား ဆို ကျော်သွား ခွသွား

၁. ပလပ်ကြိုးမီးထွက်မထွက်စစ်ပါ
၂  မီးထွက်လျှင်ထွက်သောမီးသည် တစ်တောင့်ချင်းထွက်လား
   မီးတန်းဆက်နေလားစစ်ပါ
၃.  မီးတန်းဆက်နေလျှင် *စီဒီအိုင်. ဖြတ်ကွိုင်  ပလပ်ကွိ ငု
     တစ်ပိုင်းချင်း  စစ်ပါ
      အဖြစ်အများဆုံးက စီဒီအိုင်. ဖြတ်ကွိုင် ပါ
၎.   ကစ်နင်းပြီးမီးထွက်လားစစ်ပါ. ကစ်နင်းတိုင်းမီးထွက်လား
  ငါးချက် တစ်ခါ သုံးချက်တစ်ခါမှ မီးထွက်တာလား စစ်ပါ
၅ ငါးချက်သုံးချက်မှထွက်လျှင် ကလပ်ပြားချော်လားစစ်ပါ
    စတတ်ကွိုင် အားနည်းနေလား ဖြတ်ကွိုင်အားနည်းနေလား စစ်ပါ
၆. ထွက်တဲ့မီးဟာ ပလပ်ကြိုးကို ဘော်ဒီနှင့်ထိလုနီးပါးမှ မီးထွက်ပြီးနဲနဲ
      ခွာလိုက်လျှင်မီးမထွက်နိုင်တော့သလား စစ်ပါ
       ကပ်မှထွက်လျှင် စတတ်ကွိုင်အားနည်းနေပါသည်
၇.    ၄ဆ စီဒီအိုင်ဆိုလျှင်. အားဝင်လား ကွိုင် ဒိုင်အုပ်ဝါယာလိုင်းတစ်လျှောက် ပြန်စစ်ပါ
အားဝင်လျှင်စီဒီအိုင် အဝင်အထွက်ကြိုးများဆော့ကဒ်များစစ်ပါ
မှန်လျှင် စီဒိအိုင် ဖြတ်ကွိုင် တစ်ခုခုလဲရပါတော့မည်
၈.  လေကျစ်အားရှိမရှိစစ်ပါ ပလပ်ကျင်းထဲလက်ညိုးထိုးဖိပြီးကစ်နင်းကြည့်ပါ
လက်ကိုတွန်းထုတ်လျှင် လေကျစ်အားကောင်းပြီး
လက်ကိုမတွန်းထုတ်နိုင်လျှင် လေကျစ်အားမကောင်းပါ
ပလပ်တပ်ပြီးကစ်နင်းကြည့်ပါမာလားပျော့လားစစ်ပါ
ကစ်ပျော့နေလျှင် ဘားထောက်မထောက်စစ်ပါ
ပျော့ပြီးပေါ့ရွှတ်ရွှတ်ဖြစ်နေလျှင်အင်ဂျင်လေပူထုတ်ပိုက်မှ မီးခိုးထွက်လာလားစစ်ပါအင်ဂျင်အောက်ဘက်မှ ကစ်နင်းတိုက်းမီးခိုးထွက်လာလျှင် ရှေ့ခြမ်းဖွင့်လိုက်ပါ
ဂက်စကဒ်ပေါက်ရင်ပေါက်. မပေါက်လျှင် အိုး. ဝရင်း. ကျနေပါသည်
၉.   လေထုတ်ပိုက်မှ မီးခိုးမထွက်လျှင် ဘားချိန်ပါ
  ဘားချိန်ပြီး ပျော့နေသေးလျှင်အဲယားကလင်နာ
   ကာပရိုက်တာ အဝမှ. ရွှတ်ရွှတ်ဆိုသောအသံထွက်မထွက် လီဗာကို
  နဲနဲလေးဆွဲတယ်ဆိုယုံမျှ ဆွဲ၍ ကစ်နင်းကြည့်ပါ
   ရွှတ်၂ အသံထွက်နေလျှင် ဆီဘား. မလုံတော့ပါ
၁၀.   ကစ်နင်းလို့ ကစ်ပျော့ပြီး အိပ်ဇောအဝဘက်က ရွှပ် ရွှပ် ဆိုသောအသံထွက်နေပါက. အိပ်ဇောဘား. မကောင်းတော့ပါ
ရှေ့ခြမ်းဖွင့်ရမှာပါ
**********
၁၁.  ကာပရိုက်တာကို ဆီရောက်မရောက်စစ်ပါ
    မီးလိုက်.  ဆီလိုက် လေကောင်းပြီး ဘယ်လိုမှ နိုးမရလျှင်
ကာပရိုက်တာကို လက်ဝါးအုပ်နိုးပါ
စီဒီအိုင်ဆော့ကဒ် သံလိုက်အုံဆော့ကဒ် သော့ဆော့ကဒ်များ၌ ရေ ဆီ အမဲဆီများ ခိုအောင်းနေခြင်းရှိမရှိစစ်ပါ
သံလိုက်အုံအတွင်း ကွိုင်ကြိုးများနှင်သြံလိုက်တွုံးတ်နေခြင်းရှိမရှိစစ်ပါ
သံလိုက်တုံး*******ကီး ***** လွဲမလွဲ စစ်ပါ
၁၂.   လေကျစ်အားအသင့်အတင့် ရှိမရှိသိနိင်ရန် ကစ်ကိုဖြည်းဖြည်းနင်းကြည့်ပါ
ခြေထောက်ထဲမှာ *ဒုတ်* ဆိုပြီး တိုးရင် နိုးနိုင်တဲ့လေကျစ်အားရှိပါသည်
၁၃ ပလပ်အသစ်များလည်း တစ်ခ်ါတစ်ရံ ကြောင်တတ်ပါသည်
၁၄.ခြေထောက်မှာ ဒုတ် ဆို မတိုးလျှင် နိုးနိုင်တဲ့လေကျစ်အားမရှိပါ
   တစ်ချို့ဘီးများသည် ထိုအခြေအနေတွင် ကာပရိုက်တာအဝကို
လက်ဝါးအုပ်ပြီးနိုးလျှင် ပြန်နိုးတတ်ပါသည်
သို့သော်*စလိုး* မရနိုင်ပါ
လီဘာ.  လျော့တာနဲ့ စက်သေသွားပါမည်
ဝန်ရုံး ပျော့နေပါမည်
ဆက်ရန်ကျန်သေးသည်.    
          
                      *   သတိ *
ကျွန်ပ်၏* အသိ *အား   သင်၏အသိ. ကဲ့သို့ 
တပည့်များအား သင်ကြားပြသခြင်းမပြုပါနှင့်
*ရှက်တတ်ဖို့လိုပါသည်*
စက်ပြင်စားသောနေရာတွင် အသုံးချခွင့်
ပြောပြခွင့်ရှိသည်
                     

Credit to...
             Mg maung






lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html