🚨 ဒီအချက်ပြမီး လင်းလာရင် ဒီဇယ် ဖစ်တာ ထဲ ရေရှိနေကြောင်း အသိပေးတာပါ။
🚨 မိုးတွင်းကာလ ဒီဇယ်ဆီမှာ ရေတွေရောပါ လာတတ်ပါတယ်။ ဆီ ထဲမှာပါတဲ့ ရေကို ဒီဇယ် စစ်ဘူး Filter က ဖမ်းယူထားပါတယ်။ ရေများလာရင် သတိပေးမီးလင်းပါတယ်။ ဆီစစ်ဘူး အောက်ခြေနားမှာ ရေ ဖောက်ချလို့ရတဲ့ အပေါက်ပါ ပါတယ်။ ရေဖောက်ချပေးပါ။
Hand Pump တင်းနေအောင်ပြန်ရိုက်ပါ။
🚨 ဒီဇယ်ကားက ရေကြောက်ပါတယ်။ ပန့် နော်ဇယ် အထိ ရောရောက်သွား၇င် ဒုက္ခ ပေးတတ် ပါတယ်။ ပလန်ဂျာ ၊ နော်ဇယ် အစိတ်အပိုင်းတွေ ရေကြောင့် သံချေးတက်နိုင်ပါတယ်။ ရေပါရင် စက်ထိုးရပ်သွား တတ်ပါတယ်။ အသုံးများတဲ့ ဒီဇယ် ကားဆိုရင် (၁) တစ်ကြိမ်ဆီစစ်ဘူး လဲပေးပါ။
🚨 ခရီးမိုင် အသုံးနည်းရင် (၂)လ တစ်ကြိမ် လောက်တော့ ဆီစစ်ဘူးလဲပေးပါ။
မိုးတွင်းဆီဖြည့်ရင် အထူးသတိထားပါ။ ဒီဇယ်ဆီမှာ ရောပါတာမကောင်းပါဘူး။ ကတော့ခံပြီး ပုံးနဲ့လောင်းထည့် ရင် ဂျုံစစ် ဇကာခံပြီး ရေကို စစ်နိုင်ပါတယ်။ ပန့်မှာ ထည့်လည်း မိုးရွာချိန် ရေမှုန်လေးတွေ ဝင်နိုင်ပါတယ်။
🚘🚘🚘🚘🚘
Co..Cd..ကားချစ်သူ
Credit》》
MoeZac Auto
No comments:
Post a Comment