ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ငွေမကုန်ဆိုင်မသွားရဘဲကိုယ့်ကားကိုဘယ်လိုပြုပြင်မွမ်းမံနည်း

ငွေမကုန်ဆိုင်မသွားရဘဲကိုယ့်ကားကိုဘယ်လိုပြုပြင်မွမ်းမံမလဲ "

 
ကားပိုင်ရှင်တိုင်း ကိုယ့်ကားကိုလင်းလက်တောက်ပြောင်ပြီး အပျံစားဖြစ်နေတာမျိုးလိုချင်ကြမှာပါ ။ဆိုင်ပို့ပြီးရွှိုင်းလို့ရပေမယ့် ခဏခဏကျတော့ငွေကုန်ကြေးကျများလာပါတယ်။ အသေးအဖွဲပြသနာလေးတွေအတွက်နဲ့ ဆိုင်ထိတကူးတကသွားဖို့ကျတော့ အချိန်လည်းကုန်ငွေလည်းအပိုကုန်တာပေါ့။ ကိုယ့်ဘာသာကိုယ် အိမ်မှာပဲငွေမကုန်တဲ့နည်းလမ်းတွေနဲ့ ကားကို စိတ်တိုင်းကျမွမ်းမံပြင်ဆင်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ 

  
ကားရှေ့မီးကိုသွားတိုက်ဆေးနဲ့ သန့်စင်မယ်

 
ကားရှေ့မီးအပေါ်မှာချေးတွေကပ်လာလို့ ညစ်ထေးပြီးမတောက်ပြောင်တော့ဘူးဆိုရင် ရိုးရိုးဆပ်ပြာနဲ့ဆေးတဲ့နည်းလမ်းထက် ပိုထိရောက်တဲ့နည်းလမ်းကတော့ သွားတိုက်ဆေးကိုအသုံးပြုပြီးဆေးတဲ့ နည်းလမ်းပါ။ သွားတိုက်ဆေးကိုမီးသီးအပေါ်မှာ နေရာအနှံ့သုတ်ပေးပါ။ ပြီးတဲ့အခါ၁၀မိနစ်လောက် ထားလိုက်ပါ။ သွားတိုက်တံအဟောင်းနဲ့ နေရာအနှံ့ပွတ်တိုက်ပါ။ ပြီးသွားတဲ့အခါမှာ ရေဆေးချလိုက်ပါ။ သိသိသာသာတောက်ပြောင်လာတာကို တွေ့ရမှာပါ။

  
ကားမှန်အက်ရာသေးသေးတွေကို လက်သည်းဆိုးဆေးအကြည်နဲ့ ဖြည့်ပေးပါ

 
လေထဲမှာပါလာတဲ့ ကျောက်ခဲသေးသေးတွေကြောင့်ပဲဖြစ်ဖြစ် တစ်ခုခုနဲ့တိုက်မိလို့ပဲဖြစ်ဖြစ် ကားမှန်ပေါ်မှာအက်ရာသေးသေးလေးတွေ ဖြစ်သွားရင်အကောင်းဆုံးနည်းက ချက်ချင်းဆိုင်မှာသွားပြင်ပါ။ ဒါပေမယ့်ကိုယ့်မှာ ပိုက်ဆံကလည်းသိပ်မရှိ ဆိုင်မှာသွားပြင်ဖို့ကလည်းအချိန်မပေးနိုင်ရင် ယာယီပြသနာဖြေရှင်းနည်းသုံးလို့ရပါတယ်။ လက်သည်းဆိုးဆေးအကြည်ကို မှန်အက်ရာလေးတွေပေါ်မှာသုတ်ပြီး ဖြည့်ပေးပါ။ ဒီနည်းကိုသုံးလို့ မှန်အက်တာပြန်ဆက်သွားမှာမဟုတ်ပါဘူး။ မှန်တို့ရဲ့သဘာဝအရ အက်ရာရှိရင်တစ်စတစ်စနဲ့ ပိုအက်လာတတ်ပါတယ်။ ဒါ့ကြောင့်အခြေအနေပိုမဆိုးလာအောင် လက်သည်းဆိုးဆေး အကြည်ရည်ဖြည့်ပြီးယာယီဖြေရှင်းထားလို့ရပါတယ်။

 
ကား Dashboard ကိုသံလွင်ဆီနဲ့ ပေါ်လစ်တိုက်ပါ

 
ကား Dashboard လေးတောက်တောက်ပြောင်ပြောင်နဲ့ ကြည့်ကောင်းနေချင်ရင် မီးဖိုချောင်ထဲက သံလွင်ဆီပုလင်းလေးနဲ့အလွယ်တကူပေါ်လစ်တိုက်လို့ရပါတယ်။ သံလွင်ဆီကိုအဝတ်စုတ်မှာ နဲနဲစွတ်ပြီး Dashboard ပေါ်အနှံ့သုတ်ပေးပါ။ ဆီတအားရွှဲရွဲကြီးမသုတ်ပါနဲ့။ နဲနဲပါတယ်ဆိုရုံလေးဆို လုံလောက်ပါတယ်။ လင်းလက်တောက်ပြောင်ပြီး ကြည့်ကောင်းသွားမှာပါ။
 

အနံ့ဆိုးတွေကိုမီးသွေးနဲ့ဖယ်ရှားပါ

 
ကားထဲမှာ ချွေးနံ့ဘာနံ့ညာနံ့တွေစုံပြီး အနံ့ဆိုးတွေထွက်နေပြီဆိုရင် အမွှေးအိတ်တွေထည့်ရုံနဲ့ မလုံလောက်တော့ပါဘူး။ အနံ့ဆိုးထွက်ရတဲ့အကြောင်းအရင်းက ကားထဲမှာရှိတဲ့စိုထိုင်းမှုကြောင့်ပါ။  ဒီလိုစိုထိုင်းမှုကို စုပ်ယူပေးပြီးအနံ့ဆိုးတွေ ဖြေဖျောက်ပေးနိုင်တာကတော့ မီးသွေးပါ။ မီးသွေး ၃တုံး၎တုံး ကိုပုံးသေးသေးထဲထည့်ပြီး ကားထဲမှာ၂ ရက်လောက်ထည့်ထားပါ။ သိသိသာသာအနံ့ဆိုးတွေပျောက် သွားတာတွေ့ရမှာပါ။

 
=============================
Credit
Euro Nippon
Car Sale Center

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html