DENSO SYSTEM
Injecting Timing (ECD -Electronically Controlled Diesel)system အကြောင်း
🚒💛🚌🛂🚘🚨🚨🏍🚙🚔🚍🚕🚚🚎🚒
ဒီ စနစ် နဲ့ ပက်သက်လာရင်
Gasoline ရော diesel ရော ပါဝင်မယ်
ဒီဇယ် မှာ လဲ အရေးကြီး သလို
ဓာတ်ဆီမှာလဲ အရေး ပါတဲ့
ရှုထောင့်တနေရာကနေ ပါဝင်နေတဲ့ အကြောင်းရာတခုပါ
ကဲ...ထားတော့ စပြောကြမယ်
ECD system မှာ ပါဝင်လာတာကတော့ ECD V -series (V3 V4 V5 ) နဲ့ CRS common rail စနစ်
* ECD V1 နဲ့ V3 ကတော့ ခုမြင်နေရတဲ့ 1KZ engine က
fuel injection pump ..maximum injection pressur.ကတော့ 60Mpa
သူမှာ Injection Quantity Control ကို Electromagnetic Spill Valve ကနေ cylinder တခုခြင်းဆီတွက် ထိန်းချုပ်မယ်
* ECD V4 (inner cam pumping)
maximum injection pressure က 130 MPa ရှိတယ်
* နောက်တခု က ECD V4 V5 maximum injection Quantity control ကို magnetic valve ကနေပဲ လုပ်မယ် maximum injection pressure က 100Mpa ရှိမယ် ခု ECD V4 နဲ့ V5 က ခုနှစ်ပြောင်းတဲ့အတွက် သူ့မှာ
combustion noisy ကို လျော့ဖို့ pilot injection စနစ်ကိုသုံးထားမယ်
အပေါ်က pump တွေ စနစ် မှာ injection Quantity control ဆိုတာကို SPV နဲ့ ထိန်းချုပ်တယ်
နောက်ပီ သူတိုရဲ့ ကိုယ်ပိုင် ဂါဗာနာ နဲ့ တိုင်ဗာ တွေနဲ့ ထိန်းချုပ်မယ် အဲဒီဇယ်အင်ဂျင်တွေမှာ driverရဲ့ လီဗာ ခြေနင်းကို နင်းထားတဲ့( ထောင့်ဒီဂရီ )က ဘယ်လောက်ရှိရှိ injection Quantity က ဂါဗနာ တိုင်မာ ကနေပဲ ထိန်းချုပ်ပေးတယ် ဥပမာ တောင်တက် တို့ ဝန်နဲ့ တောင်းဆင်းတို့မှာ ပေါ့ ဆီအလျော့ အတင်း ကို ပေါ့ ..အဲတာ အရပ်ခေါ် EPump ပေါ့ Nozzle တွေကတော့ အရှည် တွေ pilot injection စနစ်ပါတာတွေ သုံးသလို နော်ဇယ်အတို လဲ သုံးတာကို တွေ့နိုင်မှာပါ
Epump တွေမှာ injection quantity control အတွက်
magnetic spv ပဲသုံးတာလားလို့ မေးစရာရှိလာနိုင်ပါတယ်
အဲလိုမေးလာရင် မဟုတ်ဘူး လို့ဖြေ ရမှာပါ
-prestroke quantity adjustment
-magnetic spv အဲနှစ်ခုလုံး သုံးပါတယ်
Imline pump တွေမှာ ကြည်ပါ spvစနစ် ကို သုံးတာနဲကြောင်းတွေ့ရမယ်
distributor type .VE type pump တွေနဲ့ ယှည်ကြည့်မယ်ဆို ကွက်ကွက်ကွင်းကွင်း injection quantity control စနစ်ကို တွေ့နိုင်မှာပါ
ခုCommon rail ဘက်ကိုသွားကြမယ်
large truck တွေ medium truck တွေ passanger car တွေမှာ သုံးကြတဲ့ high pressure pump စနစ်
ဒီစနစ်မှာ ဘာပန့်တွေ သုံးကြတာလဲ
*HPO pump ..injection quantity control ကို
prestroke quantity adjust စနစ်သုံးမယ်
injection pressure ကတော့ 120 Mpa ရှိမယ်
nozzle တွေက pilot injection စနစ်သုံးထားတယ်
*HP2 pump...injection quantity control ကို
suction quantity adjustment စနစ်သုံးထားမယ်
injection pressure က 135Mpa ရှိမယ်
သူလဲ pilot injection စနစ် သုံးထားမယ်
*နောက်တခု HP3 HP4 type pum...injection quantity control ကို suction စနစ်ပဲ သုံးမယ်
pressureက ပြောင်းသွားပီ 180Mpaရှိမယ်
nozzle တွေမှာ Multi injection စနစ်သုံးထားမယ်
*CRS က epump နဲ့ ကွဲလွဲပါတယ် အားလုံး pump တွေ တွက် injection rate control ကို Ecu က various sensor တွေ့ရဲ့ data ထောက်ပံမှု ecuက လက်ခံရရှ်မှ ecu ကနေ ခိုင်းမှာပါ
#Injection Timing
-injection timing ဆိုတာဘာလဲ
ဒီနေရာမှာ လွယ်ကူအောင် ဓာတ်ဆီ အင်ဂျင် ကို ယူလာပါ့မယ်
gasoline အင်ဂျင်မှာ ရိုးရိုး နော်ဇယ် သုံးသုံး D4 Nozzle သုံးသုံး scan ရဲ့ Data stream ထဲ ဝင်ကြည့်ကြည့်
အဲမှာ Ignition timing advance ဆိုတာရှိတယ်
slow မှာ ဘယ်နေလဲ ဘာတွေဖော်ပြပေးလဲ
engine revolution မြင့်လိုက်တာနဲ့ ဘာတွေဖော်ပြပေးနေလဲ ဘယ်လိုပြောင်းသွားလဲ ဆိုတာကို ကြုံကြိုက်လာရင်ကြည့်ကြည့် ထူးခြားတာတွေတွေ့ရမယ်
ဥပမာ gasoline အင်ဂျင်မှာ slow မှာ မီးပေးနှုန်းအတိုင်း
ယာဉ်မောင်း တယောက်ရဲ့ လိုအပ်ချက်အရ rpm မြင့်ပီဆိုကြပါဆို slow မှာ မီးတိုင်ပင်အတိုင်းပဲ rpm 2000လောက်မှာ မီးပေးမယ်ဆို ဘာဖြစ်သွားမလဲ တွေးကြည်ပါ
ကားဆွဲ နိုင်ပါ့မလား ဂီယာပတ်ဆိုဝေးလေစွ
slow rpm မှာ No.1 cylinder ထဲ မှာ cranking လုပ်ပေးနေတဲ့ piston က Slow ပတ်မှာ TDC ကိုရွေ့လာမဲ့ အချန်နဲ့ rpm 2000လောက်မှာ ရွေ့လာတဲ့ အချိန်နဲ့ တူလာမှာ မဟုတ်ဘူး အဲတော့ ရွေ့တာ မြန်လာလေလေ မီးကြိုပေးဖို့လိုအပ်လာပီ ဒီနေရာ ကျွန်တော်တို့ရဲ့ဆရာတွေ ဒစ်စဗြူတာ စနစ်မှာ ဒစ် စဗြူတာကိုလေဗားလေးနဲ့ ဆွဲပီး မီးမြင့်ပေးတဲ့ အချိန်တွေကို အားလုံးသိကြမှာပါ အဲဒါပါပဲ ခေတ်စနစ်ရဲ့ အခြေနေကြောင့် ပြောင်းလဲသွားကြပေမဲ့ အားလုံးကတော့ engineတွေပါပဲ
အဲတော့ Ignition timing advance ဆိုတာ အင်ဂျင်တလုံးနဲ့တလုံးမတူ ကြဘူးပေါ့ ဘာကြောင့် မတူတာလဲcompany သာသွားမေး
ဥပမာ 15C'A ပေါ့ ignition timing advance က
လီဗာနင်းနေတဲ့ အချိန်မှာ အနုတ်ဘက်ကို ဆွကြနေတယ်ဆိုပါစို့ အဲတော့ ဘာကြောင့်ဆွဲချနေတာလဲ အများကြီး ရှိပါတယ် ဒီနေမှာ တခု ပဲယူလာမယ် ဆိုကြပါစို့ knocking Sensor ဆော့ကဒ် ပျက်နေတယ် ဗျာ socket တပ်မထားဘူး ဗျာ losing ဖြစ်နေတယ်ဗျာ ecu မသိတော့ဘူး သူမသိရင်ဘာလုပ်မလဲ သူလုပ်ပါ့လိမ့်မယ် လျော့ပီ အဲမှာ မောင်းတဲ့ ငပိန်းက လွှတ်နင်းနေတယ် အထဲမှာ ခေါက်သံ သူမသိဘူးလား ဆိုပီး ecu က ignition timing advance ကိုအနုတ်ဘက်ကို ဆွဲခေါ် နေပီ top ဂီယာရမဝင်တော့ဘူး
ထိုင်ခုံ ပေါ်က driverက နင်းနေတုန်း ဟား check lampလင်းမှ ကားက မဆွဲတော့ဘူးဆို ဝပ်ရှော့လာပြတယ်
ဒီဇယ် မှာလဲ အဲတိုင်းပဲ ဆက်စပ်ပါတယ် injection Timing ကလဲဒီဇယ်အင်ဂျင်တွက် အဲလိုပါပဲ
ဒီနေရာမှာ wiring ကိုခဏမေ့ထားမယ်
ဘာတွေပါဝင်ပက်သတ်နေတာလဲ
high pumpနဲ့ nozzle တင်မဟုတ်ဘူး ကုန်ကုန် ပြောရရင်ဖြင့် fuel filtet ဆီမဝ တာကအစပါဝင်ပက်သတ်နေတယ် ကားက scan ထိုးတော့ No DTC .ကားက မဆွဲဘူး ဝန်နဲ့ ဘာဖြစ်တယ် ညာဖြစ်တယ် အနှိုးကလဲ လွယ်တယ် အင်ဂျင်ကလဲ ဘာမှ မလုပ်ရသေးဘူး စက်ပြင်ခေါင်းကုတ်ပီ အဲလိုအချိန်အခါမျိုးမှာ Injection Timing ဆိုတဲ့ data steram လေးကို သတိထားစေချင်ပါတယ် slow မှာ ဘယ်လို နင်းရင်ဘယ်လို အနုတ်ဘက်ကို ဆွဲနေလား အပေါင်းဘက်ကိုပဲ တက်သွားလား ဂရုပြုစေချင်ပါတယ်
ဘာလိုလဲ ဆို Diesel engine မှာ ဆီလိုင်းက 60% လောက် စိုးမိုးးထားလို့ပါ
injection quantity control ရော
injection rate control ရောကိုပါကိုယ်ပိုင် ထိန်းချုပ်တဲ့
Zd30 လို epum တွေ ကြောင်တာတို့ မောင်းနေရင်း ထိုးရပ်တာတို့မှာ အဲကောင်လေးတွေ က data stream မှာ
ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာပါ Injection Timing ဆိုတာ အရေးကြီးတယ်ဆိုတာ data stream မှာ ကြည့်စေချင်တာပါ No dtc ဆိုပီး မလန့်ပါနဲ့
code ပေးတဲ့ စနစ်ရှိသလို မပေးတဲ့စနစ်လဲရှိပါတယ်ခုရေးထားတာတွေက ဟိုးအောက်ခြေအဆင့်ပဲ ရှိနေသေးတယ်
complex ရှုပ်ထွေးတယ် pumping element တွေရဲ့အ
ကြောင်းက မကောင်းရင်တော့လဲပေါ့ ဒါပါပဲ
ကျွန်တော်သိတာလေး ရေးမိပါတယ်
ဆရာ တွေ ဒီအချက်တွေကို အသေးစိတ် သိကြတဲ့ ဆရာတွေ ပါဝင်ဖြည့်စွက်ပေးကြပါ
ခုလဲ အမှားတွေ အများကြီးပါ ပါတယ် နောက်နောင်လဲပါနေဦးမှာပါ အဲကြောင့် ပါဝင်ဖြည့်စွက်ပေးကြပါ
လေးစားစွာဖြင့် ဆရာသမားများအား
injector (မတတ်တခေါက်)
Credit to show khant aung
No comments:
Post a Comment