ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဆိုင်ကယ် SR တွေ စက်နိုးနည်း.. အချက်မသိ ရင် ခြေမကြိုးရအောင် ဖတ်ထားစေချင်

SR နှိုးနည်း

ပြောပြမယ် ပြောပြမယ်နဲ့ မပြောဖြစ်သေးဘူး။
ခုမနက်မှ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြီး သူSR လေး တစ်စီးဝယ်တာ  နှိုးမရလို့၊ခြေထောက်တွေလည်း နာလှပြီ ဆိုလို့ ချက်ချင်းရေးရတယ်။
SR က ကစ်နဲ့ပဲ သီးသန့်လာပေမယ့် နှိုးရလွယ်အောင် လုပ်ပေးထားပြီးသားပါ။
ကစ်ကိုလည်း ပေါ့ပေါ့ပါးပါး နင်းလို့ရအောင် လုပ်ပေးထားပါတယ်။
4 stroke ဆိုတော့ အထဲက piston က compression stroke နဲ့ ကြုံနေရင် ခင်ဗျားတို့ ဘယ်လိုမှ မနင်းနိုင်တော့ဘူး။SR က အဲ့ဒါကို ပြေလည်အောင် ဖြေရှင်းပေးထားပါတယ်။

ပထမဆုံးနှိုးမယ်ဆိုရင် ဘယ်ဘက်လက်ကိုင်ရဲ့ ကလပ်ကိုင်းအောက်မှာ မောင်းတံ အတိလေး တစ်ချောင်း ထပ်ပါ ပါသေးတယ်။Decompression lever လို့ ခေါ်ပါတယ်။သူ့ကို ဆွဲထားရင် အိပ်ဇောဗားကို ဖိထားတာကြောင့် အင်ဂျင်ထဲမှာ compression မရှိတော့ပဲ အလွတ်လည်နေမှာပါ။
ကူဘိုတာ အင်ဂျင်တွေနဲ့ နီးစပ်တဲ့ လူတွေဆို ပိုသဘောပေါက်မှာပါ။မြန်မာတွေကတော့ ဗားလစ် လို့ခေါ်တယ်။
Valve lift=အင်ဂျင်ထဲက Valve ကို Lift လုပ်ပေးထားတာပါ!
အဲ့အချိန် ကစ်နင်းရင် တအားပေါ့ပါတယ်။ကစ်ဘယ်လောက်နင်းနင်း အင်ဂျင်လည်း နိုးမှာ မဟုတ်ပါဘူး။

ဗားလစ်ကို ဆွဲပြီး ကစ်နင်းတဲ့ အချိန်မှာ လုပ်ရမှာက မှန်ပေါက်ကို ချောင်းရပါမယ်။SR အင်ဂျင်တွေရဲ့ ညာဘက် အပေါ် မှာ မှန်ပေါက်ကလေးပါပါတယ်။Kick Indicator လို့လည်း စာရေးထားပါတယ်။အဲ့ မှန်ပေါက်ကလေးထဲမှာ Cam marker လေးက ကစ်နင်းတိုင်း Camshaft နဲ့ အတူလိုက်လည်နေပါတယ်။
ဒီတော့ မှန်ပေါက်နားကို သူရောက်တဲ့ အချိန်ဆို ဖြူဖြူပြောင်ပြောင်လေး မြင်ရပြီး သူ တခြားဘက်ရောက်နေရင် မှောင်နေမှာပါ။
ခုဏ ဗားလစ်ဆွဲပြီး ကစ်ကို ပေါ့ပေါ့လေးနင်းရင်းနဲ့ အဲ့ကောင် kick indicator လေးကို မှန်ပေါက်ရောက်အောင် ခေါ်ယူရမှာပါ။သူ့ကို မှန်ပေါက်မှာ မြင်ပြီဆိုရင် ဗားလစ်ကိုလည်း လွှတ်လိုက်တော့
Kick ကိုလည်း ထိပ်ဆုံးအထိယူပြီး သေသေချာချာ နင်းချလိုက်ပါ။ပေါ့ပေါ့ပါးပါး သက်သက်သာသာနဲ့ အင်ဂျင် လည်သွားပြီး စက်နိုးလာပါလိမ့်မယ်။

SR ရဲ့ အမျိုးတူ Honda ရဲ့ CB400 ss ကျတော့ ကစ်တံနဲ့ ဗားလစ်ကို ချိတ်ပေးထားပြီး ကစ်အစမှာ ဗားလစ်ဆွဲထားအောင် ကစ်ဆုံးခါနီးမှာ ဗားလစ် ပြန်လွှတ်အောင် ချိန်ပေးထားပါတယ်။၂၀၀၅ နောက်ပိုင်းကျ starter ပါလာတော့ အေးဆေး ဖြစ်သွားတာပေါ့။

ကဲ အားလုံးပဲ မိမိ SR လေးတွေကို သက်သက်သာသာ နှိုးနိုင်ကြပါစေ။

Credit..to
Myo Zaw Oo

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html