ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားတစ်စီးရဲ့ ဆလင်ဒါဟက်မှာ ဖြစ်တတ်တဲ့ ပြဿနာများ

သင့်ရဲ့ ကား  အဆွဲအရုန်း  မှန်မှန်ကန်ကန်နဲ့ မောင်းနှင်နိုင်ဖို့ ဆိုရင်  အင်ဂျင်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဆလင်ဒါဟက်(cylinder head) ကောင်းမွန် နေဖို့ကလည်း  အရေးကြီးပါတယ်။ 


ဒါ ကြောင့် ဆလင်ဒါဟက်မှာ ဖြစ်တတ်တဲ့  ပြဿနာတွေကို သိရှိထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဆလင်ဒါဟက်ဆိုတာ ကားအင်ဂျင်ရဲ့ ဆလင်ဒါထိပ်ဖျားမှာရှိပြီး ဆလင်ဒါကို လုံအောင်ပိတ်ဆို့ထားတဲ့ အရာဖြစ်တယ်။  အင်ဂျင်လည်ပတ်မှုကို ဖြစ်စေတဲ့ ပစ်စတင်  (piston)  ကို အထက်အောက် လှုပ်ရှားမှုကို ဆလင်ဒါအတွင်းမှာ ဖြစ်စေတယ်။ ပစ်စတင်လှုပ်ရှားဖို့ လုံလောက်တဲ့ ဖိအားရရှိစေဖို့  လောင်စာဆီ၊ လေတို့ ပေါင်းစပ်ပေါက်ကွဲတဲ့  ဖြစ်စဉ်ကို ဆလင်ဒါအတွင်းမှာ ဖြစ်ပေါ်စေပါတယ်။


Head gasket က ဆလင်ဒါ နဲ့ ဆလင်ဒါဟက်အကြားကနေ  coolant အရည်ဒါမှမဟုတ်  ဆီ (oil)  တွေ ဆလင်ဒါထဲ ဝင်ရောက်မှုမရှိအောင်ကာကွယ်ပေးထားတယ်။


ဘယ်လိုစီစဉ်တပ်ဆင်
ဆလင်ဒါကို အခြေခံအနေနဲ့အနေအထားပုံစံသုံးမျိုးနဲ့ တပ်ဆင်ထားတယ်။  ဆလင်ဒါခြောက်လုံးထိုး အထိကို Inline အင်လိုင်းပုံစံတပ်ဆင်တယ်။ အဲဒါက ဆလင်ဒါတွေကို အတန်းလိုက် တပ်ဆင်တဲ့ပုံစံဖြစ်တယ်။


ဆလင်ဒါ ရှစ်လုံးနဲ့ အထက်တွေကိုတော့ အတန်းလိုက် နှစ်တန်းကို အင်္ဂလိပ် အက္ခရာဗီ (v) ပုံဏ္ဍာန်တပ်ဆင်ပါတယ်။ ဖလက်(flat)ပုံစံကိုတော့ ဆလင်ဒါ ၁၂ လုံး နဲ့ အထက် ကို တပ်ဆင်တယ်။

ကားအများစုဟာလေးလုံးထိုး  ဆလင် ဒါများပါတယ်။ အဆင့် မြင့် ဇိမ်ခံကားတွေက ဆလင်ဒါ ခြောက်လုံးထိုးကနေ ရှစ်လုံး ထိုးအထိ ရှိတယ်။  ပြိုင်ကားတွေကတော့ ဆလင်ဒါ  ဆယ်လုံးကနေ ၁၂ လုံးထိုးအထိ ရှိတတ်ပါတယ်။ ကုန်တင်ကားကြီးတွေမှာ တော့ ဆလင်ဒါ  ၁၂ လုံးထိုး က နေ  ၁၆ လုံး ထိုးအထိ ရှိပါတယ်။  ဆလင်ဒါ အရေအတွက် များလေအင်ဂျင်ရဲ့ စွမ်းရည် ပိုမိုမြင့်မားလေ ဖြစ်တယ်။

အနံ့ပြင်းပြင်း ထွက်လာတာ
ကားမောင်းနေစဉ် အင်ဂျင်က ရော်ဘာညှော်နံ့လိုမျိုး အနံ့ပြင်းပြင်းတွေ ထွက်လာပြီဆိုရင် ဆလင်ဒါဟက်မှာ ချို့ယွင်းမှု  ရှိနေတာပါ။ ယာဉ်ပိုင်ရှင်  အနေနဲ့ ကျွမ်း ကျင်တဲ့ ဝပ်ရှော့ဆရာကို အမြန်ခေါ်ယူ ပြု ပြင်သင့်တာ ဖြစ်တယ်။အဲဒါဟာ coolant အရည်တွေ  ဆလင်ဒါထဲကို ယိုစိမ့်ဝင်တာ ဖြစ်တယ်။


မီးခိုးထွက်တာ
ကား အိတ်ဇော ပိုက်ထဲ က အ ညို ရောင်မီးခိုး(grey smoke) တွေ  မှုတ်လွှတ်နေပြီဆိုရင်တော့  ကားဆလင်ဒါတွေထဲမှာ ပြဿနာရှိနေတာပါ။ အဲသည်မီးခိုးတွေက အင်ဂျင်အပူလွန်ကဲမှု ဖြစ်တော့မယ်ဆိုတာကို ပြသနေတဲ့လက္ခဏာ
ဖြစ်ပါတယ်။


ယိုစိမ့်တာ
ကားအင်ဂျင်ရဲ့ အောက်ခြေမှာ အရည်တွေ  အိုင်ထွန်းနေပြီဆိုရင်တော့ ကူးလင့်အရည်လယ်ဗယ်ကို စစ်ဆေးရမှာဖြစ်ပါတယ်။ ကားဆလင်ဒါမှာ ပြဿနာရှိနေတာ ဖြစ်ပြီး ဆလင်ဒါဟက်မှာ ရှိတဲ့ ဂတ်စကက် (gasket) အက်ကွဲတာ
ဖြစ်နိုင်ပါတယ်။

အင်ဂျင်မီးမကူးတာ
ပုံစံသုံးမျိုးနဲ့ ရှိတဲ့ အင်ဂျင်တိုင်းမှာ မီးမကူးတဲ့ ပြဿနာကဆလင်ဒါ၊  ဆလင်ဒါ ဟက်နဲ့ ဂတ်စကတ်တို့ တစ်ခုခုချို့ယွင်းလို့ ဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်တဲ့ မက္ကင်းနစ်နဲ့ စစ်ဆေးရမှာပါ။ ဆလင်ဒါမှာ ပြဿနာမရှိရင်တော့ မီးပွားပလပ်(spark plugs)၊ ပစ်စတင်(pistons)နဲ့ အခြား  အင်ဂျင်အစိတ် အပိုင်းတွေမှာ ပြဿနာရှိနေတာ ဖြစ်ပါတယ်။


Credit to
Author အောင်ထွန်းဦး

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html