ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

လျှပ်စစ်အခြေခံအကြောင်းလေးနဲ့ ပတ်သတ်လို့ဖတ်စေချင်မိတာ

မင်္ဂလာပါခင်ဗျာ။

လျှပ်စစ်အခြေခံအကြောင်းလေးနဲ့ ပတ်သတ်လို့ဖတ်စေချင်မိတာ

လျှပ်စစ်ကို Ohm's Law အုမ်း၏ နိယာမ နဲ့ အစပြုပါတယ်။ လျှပ်စစ်ပတ်လမ်းတစ်ခုအတွင်းမှာ စီးဆင်းနေတဲ့ current (လျှပ်စီး) ဟာ ပတ်လမ်းထဲမှာ သက်ရောက်နေတဲ့ လျှပ်စစ်တွန်းအား(voltage ) နဲ့ တိုက်ရိုက်အချိုးကျပြီး ခုခံမှု ( resistance) နဲ့ ပြောင်းပြန်အချိုးကျပါတယ်။

လျှပ်စစ်တွန်းအား (voltage) = E = V
လျှပ်စီး (current) amperes = I
လျှပ်စစ်ခုခံမှု (Resistance)  = R = Ohms

Amperes = Volts / Ohms

လျှပ်စီး = လျှပ်စစ်တွန်းအား / ခုခံမှု

လျှပ်စစ်နဲ့ပတ်သတ်လို့ Control circuit diagram တွေ ဆွဲမယ်ဆိုရင် မရှိမဖြစ်သိရမှာက ၄မျိုးရှိပါတယ်။ သိရမယ်၊ နားလည်ဖို့လိုတယ်၊ဖတ်တက်ရမယ်။
1) One Line Diagram
2) Contact Diagram
3) Wireless Diagram
4) Schematic Diagram ဒီ ၄ မျိုးကို သိဖို့လိုတယ်။
ELECTRONIC အပိုင်း မဟုတ်ဘဲ Electrical ပိုင်းဆိုရင် Magnetic Contactor အကြောင်းလေး သိဖို့လိုတယ်။ဘာကြောင့်သုံးတယ်။ ဘယ်လိုစစ်မလဲ? ဘယ်လိုမျိုးအလုပ်လုပ်သလဲ ?

Magnetic Contactor တွေမှာ Holding Coil, Main Contact နဲ့ Auxillary Contact တွေ ပါပါတယ်။
Holding Coil ကို Power supplyပေးလိုက်တဲ့ အချိန်မှာ Main Contact တွေကပ်ပြီးတော့ Auxillary Contact တွေအထဲက ကပ်နေတဲ့ conact လေးတွေပြန်ကွာပြီး ကွာနေတဲ့ Contact လေးတွေက ကပ်သွားပါလိမ့်မယ်။
Main Contact တွေကို 1,3,5 နဲ့  2,4,6 လို့ခေါ်တဲ့ နပါတ်တွေနဲ့ သတ်မှတ်ထားပါတယ်။ အဲ့ဒီအထဲကမှ 1,3,5 ဖြစ်တဲ့ `မ´ ဂဏန်းတွေက အဝင်ဖြစ်ပြီး၊ 2,4,6 ဆိုတဲ့ `စုံ´ ဂဏန်းတွေက အထွက်ဖြစ်ပါတယ်။

Auxillary Contact တွေကိုတော့ ကိန်းဂဏန်း ၂လုံးနဲ့ သတ်မှတ်ပါတယ်။ 13,21,31,43 နဲ့ 14,22,32,44 စတဲ့ ဂဏန်း ၂လုံးတွဲတွေနဲ့ သတ်မှတ်ပါတယ်။ Auxillary Contact တွေက နပါတ်တွေကို Main Contact တွေက နံပါတ်တွေ အတိုင်းဘဲ 13,21,31,43  ` မ´ ဂဏန်းတွေက အဝင်ဖြစ်ပြီး၊ 14,22,32,44 ဆိုတဲ့ `စုံ´ ဂဏန်းတွေက အထွက်ဖြစ်ပါတယ်။
ဒီလောက်ဆို အဝင် အထွက် လေးတွေနဲ့ Magnetic Contactor မှာပါတဲ့ နံပါတ်လေးတွေကိုသိပြီလို့ ယူဆပါတယ်။

Magnetic Cntactor တွေကို စစ်တော့မယ်ဆိုရင်
Magnetic Contactor မှာ Main Contact အပေါ် ၃ခုနဲ့ အောက် ၃ခု ပါပါတယ်။
Auxillary Contact လည်း အပေါ် ၃ခု နဲ့ အောက် ၃ခု ပါပါတယ်။ အဲ့ဒီ contact တွေကို အဓိက ထားပြီး စစ်ဆေးကြည့်ရပါမယ်။ စစ်ဆေးတဲ့အခါမှာ power supply ကို သေချာ ပိတ်ပါ။Log off Tag off လုပ်ပါ။Men at work စာတမ်းချိတ်ပါ။ပြီးရင်တော့  Multimeter ခေါ်တဲ့ မျိုးစုံတိုင်း Digital Multimeter ကို Continutity test mode မှာ ထားပြီး continutity ရှိမရှိ တနည်းအားဖြင့် (N.O) normally open ဖြစ်မဖြစ်တိုင်းတာရပါတယ်။ ပုံမှန် အနေအထား normal position မှာ main cotact နဲ့ Auxillary contact တွေ အပေါ်နဲ့အောက်  normally open လို့ခေါ်တဲ့ open loop အနေအထားမှာ ရှိရပါမယ်။ magnetic contactor ရဲ့ contact coil လေးမှာပါတဲ့ အလယ်က ခလုပ်လေးကို လက်နဲ့ထိုးပြီး အပေါ် အောက် စမ်းကြည့်တဲ့ အခါမှာတော့ (N.C) normally close ဖြစ်သွားတဲ့ အနေအထားလေးကိုMultimeter မှာ ပြနေပါလိမ့်မယ်။ Multimeter ရဲ့ continutity test mode မှာက များသောအားဖြင့် buzzer လေးက အသံမြည်ပါတယ်။ ဒါဆိုရင်တော့ ကောင်းတယ်ပေါ့။
အများအားဖြင့်တော့ သင်္ဘောတွေပေါ်မှာသုံးတဲ့ magnetic contactor တွေဟာ ၃ နှစ် ၄ နှစ်ကျော်ရင် ပျက်တက်တာများပါတယ်။ ဘယ်လိုပစ္စည်းတွေက ပက်သလဲဆိုတော့ ကြာကြာမောင်းထားတဲ့ ပစ္စည်းတွေနဲ့ ခဏခဏ မရပ်မနားမောင်းတဲ့ FreshWater Hydrophore လို မော်တာတွေနဲ့ Chiler / Freezer တွေရဲ့ Control circuit တွေမှာတပ်ဆင်ထားတဲ့ Magnetic Contactor တွေ အပျက်များပါတယ်။ ဒါ ဘာလို့ပျက်သလဲဆိုတော့ Material life လို့ခေါ်တဲ့ ပစ္စည်း သက်တမ်းကြောင့်ပါ၊ Magnetic Contactor လို ပစ္စည်းတွေကို သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက် ပြည့်သွားတဲ့ အခါတွေနဲ့ overload လို့ခေါ်တဲ့ ဝန်ပိုထမ်းစေခြင်းတွေကြောင့် လောင်ကျွမ်း ပျက်စီးပါတယ်။
M.C  တွေမှာ အများ အားဖြင့် O.L overload relay တွေ တပ်ထားပါတယ်။ overload trip ဖြစ်တိုင်း reset ချက်ချင်းပြန်မလုပ်သင့်တာတွေနဲ့ O.L setting ( ဥပမာ ၊ 3Amp ကို 5Amp သို့ ချက်ချင်း မတင်သင့်ကြောင်းတွေ လွန်ခဲ့တဲ့လက တင်ဖူးပါတယ်ခင်ဗျာ။ဒီ​အောက်​က LINK ​ပေးထားတဲ့ ပိုစ့်​​လေးမှာ  တပ်​ပြီးဖတ်ကြည့်စေလိုပါတယ်။ :)

https://m.facebook.com/story.php?story_fbid=1744846432283059&id=100002731568119

ပုံလေးတွေနဲ့ လေ့လာပါခင်ဗျာ။

All photo are credit to Google Image.
Photo are used for just sharing knowledge.

မေတ္တာဖြင့်
T.Y.M.M

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html