ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားအမျိုးအစားနဲ့ကိုက်ညီစွာ တွက်ချက်ထုတ်လုပ်ထားတဲ့ တာယာအရွယ်အစား နဲ့ လေပေါင်ချိန်

ကားအမျိုးအစားနဲ့ကိုက်ညီစွာ
တွက်ချက်ထုတ်လုပ်ထားတဲ့
တာယာအရွယ်အစား နဲ့
လေပေါင်ချိန်ကို ထိုကားရဲ့
တံခါးဘောင် တစ်နေရာမှာ
ဖေါ်ပြထားရှိပါတယ်။

တစ်ချို့လည်း ကိုယ်နှစ်သက်ရာ
ဘီး size ကို ပြောင်းသုံးကြသည်။
ကောင်းကျိုးတော့မသိပေမယ့်
ဆိုးကျိုးတွေတော့ရှိနေပါသည်။ 
ဥပမာ ---
ကားထုတ်လုပ်သူ ရည်ညွှန်းထားတဲ့
Size ထက် တစ်ဆင့်ပိုကြီးတဲ့ဘီးကို
ပြောင်းတပ်ထားပါက ---
မြေပြန့်အရှိန်ပြင်းမောင်းရာတွင်
လက်ကိုင် ထိန်းသိမ်းမှု မကောင်းခြင်း။
တောင်တက်လမ်းတွင် ကားကို
ဆွဲထားသလို လေးလံနေတတ်ခြင်း။
တောင်ဆင်းလမ်းတွင် Low ဂီယာဖြင့်
အရှိန်သတ်ချိန် ချက်ခြင်း ဝပ်ကျ မသွားခြင်း။
ဘယ်/ညာ လက်ကိုင် အချိုးမကောင်းခြင်း။
စသည့် အားနည်းချက်များ ရှိပါသည်။

တာယာသား အထူ/အပါး
(Profile  or  Sidewall)
လမ်းသား နှင့် ဂွေ အကြားရှိနေသည့်
တာယာသား ဖြစ်သည်။
ကားအမျိုးအစား နှင့် လမ်းသား
အနေအထားအလိုက် သင့်လျော်ရာ
ကိုသာ သုံးရသည် ။

High Profile (အထူ) ကို
လမ်းကြမ်းမောင်း Off-Road ကား
များအတွက် သဲ /ရွှံ့ / ကျောက်တုံး
လမ်းများတွင် အသုံးပြုကြသည် ။
အရှိန်ပြင်းမောင်းစဉ် ဘီးပွင့်ပါက
ဟန်ချက်ပျက်မှု ကြီးမား၍
တိမ်းမှောက်လွယ်သည် ။
အမြန်လမ်းပေါ် SURF ကားများမှ
သင်ခန်းစာများစွာ ပေးခဲ့ကြသည်။

Low Profile (အပါး)
မှန်ပြင်ညီကဲ့သို့ လမ်းများတွင်သာ
မောင်းနှင်ရသော Sport ကားများ
တွင် အသုံးပြုသည်။ ချိုင့်ခွက်ထူသော
လမ်းများတွင် သုံးလျင် Alloy ဂွေသားများ
ကျိုးပဲ့ အက်ကွဲတတ်သည်။
အရှိန်ပြင်း ဘီးပွင့်ပါက ဟန်ချက်ပျက်မှု
နည်းပါး၍ တိမ်းမှောက်ခဲသည်။

Normal Profile (ပုံမှန်)
Luxury / Saloon / Sedan
စသည့်ကားများတွင် သုံးသည်။

Credit.. Bluish Cloud

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html