ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အိမ်သုံးဆိုလာ များ အကြောင်း (၁ ) ၁၀၀ ၀ပ် အိမ်သုံး ဆိုလာ

အိမ်သုံးဆိုလာ များ အကြောင်း   (၁ )
***********************************
၁၀၀ ၀ပ် အိမ်သုံး  ဆိုလာ ဆိုတာ 
====================
အမျိုး မျိုး ရှိ ကျပေမဲ့ ပထမဆုံး သုံးသင့်တဲ့ စနစ် ကို ရေးပါမယ် ။
အဓိကပါဝင်တာကတော့ ဆိုလာပြားရယ် ဘက်ထရီ ပါပဲ ။
သူ့ရဲ့ လုပ်ဆောင်ချက် က နေရာင် ကနေဆိုလာပြား ကိုထိရင် လျပ်စစ်ထွက်ပါတယ် ။
အဲဒီ လျပ်စစ်ဓါတ် ကို ဘက်ထ္ထရီ အိုး ထဲ မှာထည့်ပြီး သိုလှောင်လိုက်ပါတယ် ။ တိုက်ရိုက် မထည့်ပဲ ထွက်လာတဲ့ ဘက်ထရီတွေ ကို အိုးမပျက်အောင် ချိန်ပေးတဲ့ ကွန်ထရိုလာ နဲ့ ဆက်ပြီး သုံးရပါတယ် ။
နေရောင် ပျောက်သွားတဲ့ အခါ အဲဒီ ထဲ က လျပ်စစ်ဓါတ် ကို ပြန်ထုတ်သုံးပါတယ် ။
တိုက်ရိုက်သုံးမယ်ဆို သုံးမဲ့ ပစ္စည်း ၁၂ ဗို့ ဖြစ်ရပါမယ် ။
ဘက်ထရီ ရယ် ဖုန်းအားသွင်းတဲ့ ဆော့ကတ် လေးတွေ ခလုပ်တွေ မီးလုံး အတွက် ဆက်ရမဲ့ အပေါက်တွေ ကို ပုံးလေးတွေ ထဲ ထည့်ထားပါတယ် ။
အေစီ ပစ္စည်းတွေ ဖြစ်ရင် အင်ဘာတာ  လို့ခေါ်တဲ့ ဒီစီ ကနေ အေစီ ပြောင်းတာ ကို ထပ်ခံ ရပါတယ် ။
ကျန်တဲ့ ဖုန်း ချာဂျင်သွင်းတဲ့ ပစ္စည်းတွေ ကတော့ ဈေးကွက်မှာ မြန်မာငွေ တထောင် နှစ်ထောင်ပါ ။ တန်ဖိုးမရှိပါဖူး ။
အများဆုံးမေး ကျတဲ့ မေးခွန်း က ဘယ်လောက် ကျမှာလဲ ဆိုတာပါပဲ ။
အဲဒါ က ပစ္စည်း အမျိုး အစားတွေ နဲ့ quality  ပေါ်ပဲ မူတည်ပါတယ် ။
ဆိုလာ ပန်နယ် မှာလဲ အမျိုးမျိုး အစားစား ရှိပါတယ် ။ monocrystalline, polycrystalline, ribbon silicon, thin-filmmono  အစရှိ သဖြင့် အများကြီးပါ ။
ဘက်ထရီတွေ မှာဆိုလဲ , lead-acid , Ni-cad , Lit-ion အစရှိ သဖြင့် အမျိုးမျိုးပါ ။ အဲဒီမှ ကို ပဲ ထပ်ခွဲ ထားပါသေးတယ် ။ ၂ နှစ် ၅ နှစ် ၁၅ နှစ် နှစ် ၂၀ ခံ အစ ရှိသဖြင့်ပါ ။
Solar charger မှာလဲ PMW , MPPT တွေ ရှိပါတယ် ။ ဈေးလဲ ကွာပါတယ် ။ သေချာတာကတော့ အိမ် သုံးတွေ မှာ PMW လို့ခေါ်တဲ့ ဈေးပေါတာပဲ သုံးပါတယ်။
အဲဒီ အပေါ် အခြေခံ ပြီး ဈေးနှုန်း အမျိုးမျိုး ကွာခြားပါတယ်။
၁၀၀ ၀ပ် ဆိုလာဆိုရင် ၁၀၀ ၀ပ် ဆိုလာပြား ဘက်ထ္ထရီ ကို ၅၀ အမ်ပီယာ အာဝါ ကို သုံးကျပါတယ် ။အဲဒါ က နေရောင် ရတာနဲ့ ဘက်ထ္ထရီအားပြည့်တာ နဲ့ ကိုက်လို့ပါ ။ အဲဒါတွေ ကိုလျော့ ရင်တော့ မကောင်းပါဖူး ။
အဲဒီပေါ်မှာလဲ ထုတ်လုပ်တဲ့ ကုပ္မဏီ တွေ အလိုက်လဲ ဈေး ရှိပါသေးတယ် ။ brand ကောင်းရင် ပိုပေးရပါတယ် ။
ဒီတော့ ဆိုလာ မှာ အရေးကြီးဆုံး က ကိုယ်ပေးတဲ့ ပိုက်ဆံ နဲ့ တန်အောင် ရဖို့ အရေးကြီးပါတယ် ။
ပုံးလေးထဲ မှာထည့်ထားတဲ့ ပစ္စည်းထဲမှာ ဘယ်လို အမျိုး အစားတွေလဲ ဆိုတာ ဖွင့်ကြည့်ရင် သိနိုင်ပါတယ် ။
ထုတ်တဲ့ နိုင်ငံ ကတော့ တရုပ် က အများဆုံးထုတ်တာပါ ။ နိုင်ငံခြား က ကုမ္ပဏီ ကြီးတွေ ကလဲ သူတို့ ရဲ့ ထုတ်ကုန်တွေ ကို တရုပ်မှာ သူတို့ နာမည်နဲ့ထုတ်ပါတယ် ။တရုပ်တွေ ကလဲ သူ့တို့နာမည်တွေ နဲ့ထုတ်ပါတယ် ။ brand name ကတော့ အရေးကြီးပါတယ် ။ ဒါမှလဲ ထုတ်ကုန် အရေး အသွေး ကတော့မှီတာ ပါ ။
လက်မှတ်တွေ ကတော့ တရုပ်ပြည်မှာ ကြိုက်တာ ရပါတယ် ။အဲဒါတွေ ကို အားကိုး လို့ မရပါဖူး ။ အဓိ ကကတော့ အရည် အသွေးကောင်းဖို့ပါ ။
ကောင်းရင်တော့ မျာများ ပေးရမယ်ဆိုတာ ရှိပါတယ် ။ အဲတော့ ဘယ်လောက် ကျနိုင်လဲ ဆိုတော့ တသိမ်းကျော် ကနေ သုံးသိမ်းကျော်လောက် ကျနိုင်ပါတယ် ။
သုံးသိမ်းကျော်ဆို မြန်မာလို ပြော ရရင် ရှယ် ရမယ်ပေါ့ ။
ဆိုလာ ပစ္စည်းတွေ က ပျက်စီး မှု က ချက်ချင်း မသိနိုင်တော့ စတတ်ထဲ က အရည် အသွေးကောင်းဖို့ အရေးကြီးပါတယ် ။ နှစ်ပေါင်းများစွာ ကြာ မှ ဆိုလာ ကအရင်းကြေ မြတ်တာပါ ။
ဒါကြောင့်ဆိုလာ ပစ္စည်း တွေ က သတိထားပြီး ၀ယ်ယူသင့်ပါတယ် ။
ဖတ်ရှုတဲ့ အတွက် ကျေးဇူးပါ

ဆက်ရေးပါဦးမယ်

Credit
Kyaw Oo
EI engineering

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html