ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားအောက်ပိုင်းရောဂါတွေလက္ခဏာ


✒ သင်သတိမပြုမိပါက
သင်နှင့်သင့်ကားကို အန္တရာယ်ပေးနိုင်သော ကားအောက်ပိုင်းရောဂါတွေလက္ခဏာ


ကားတစ်စီးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဆိုင်ရာ ဖြစ်တတ် မူတွေ မှာ အများစုက အင်ဂျင်ပိုင်း၊ ဂီယာပိုင်း ဆိုင်ရာ တွေကို သာပြေးမြင်တတ်ကြပါတယ် ။ 

တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာတွေက ဖြေရှင်းရခက်ခဲပြီး  ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့် သင့်ကားနဲ့သင်ရဲ့အသက်အန္တရာယ်အထိအကြီးမားဆုံး ဒုက္ခပေးနိုင်တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့ သင့်ကားအောက်ပိုင်းရောဂါတွေပါ ။

ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ရှိတယ် ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့်မောင်းတော့မယ်ဆို ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ ။ ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့မောင်းနှင်နေတဲ့ကားတစီးဟာ အင်ဂျင်ပိုင်းဆိုင်ရာချို.ယွင်းမှုကြောင့် ရုတ်တရက်စက်ထိုးရပ်သွားရင် သင်ခရီးလမ်းမှာစိတ်အနှောက်အယှက်ဖြစ်မယ် ယုတ်စွအဆုံးအင်ဂျင်တလုံးလဲလိုက်ရတာကလွဲလို့ကျန်တာမဖြစ်နိုင်ပါ ။ 

ဒါပေမယ့် ကားအောက်ပိုင်းက Suspension ပိုင်းက ပစ္စည်းတွေပျက်နေတာသတိမပြုမိလို့ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ် ၊ ကျိုးပဲ့သွားမယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေရှိပါတယ် ။
⛔⛔⛔⛔⛔⛔⛔⛔


ဒါကြောင့် သင်နဲ့ သင့်ကားရဲ. လုံခြုံစိတ်ချရမှု
Safety အတွက် သင်ကိုယ်တိုင် သတိပြုနိုင်တဲ့ ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို အကျဉ်းချုပ်တင်ပြပေးပါ့မယ် ။ 

ကားအောက်ပိုင်း (Suspension ) ကိုအဓိကအားဖြင့် အောက်ပါပစ္စည်းများဖြင့်ဖွဲ့စည်းထားပါတယ် ။

✒( Tie rod ) တိုင်းရော့
✒( Tie rod end or Rack End ) မိန်းလုံး
✒( Ball Joint ) ဘောလ်ဂွိုင့်
✒( Constant Velocity -CV Joint ) ဒူးဆစ်
✒( Bar ) နှုတ်ခမ်းမွှေးလိုင်း
✒(Shock Absorber ) ရှော့ခ်ဘား
✒(Upper Arm ) အပေါ်လက်ဝါး
✒(Lower Arm ) အောက်လက်ဝါး
✒(Coil Spring ) ကွိုင်စပရင်
✒(Rubber Bushing ) ရာဘာဘွတ်
✒(Bellows ) သဲကာ အစရှိတဲ့အခြေခံပစ္စည်းတွေနဲ့ဖွဲ့စည်းထားပြီး ကားအမျိုးအစား မော်ဒယ်အမျိုးအစား ထုတ်လုပ်တဲ့ကုမ္ပဏီပေါ်မူတည်ပြီးအောက်ပိုင်းပစ္စည်းအစိတ်အပိုင်းတွေအများကြီးပါဝင်ပါသေးတယ် ။ အဲ့ဒီ ပစ္စည်းတွေနဲ့ အဓိကတွဲဖက်အလုပ်လုပ်နေတာကတော့ Brake System ဘရိတ်အဖွဲ.အစည်းတွေနဲ့ ကားတာယာတွေပါ။

့⚓ တိုင်းရော့ ( Tie rod )နဲ့ မိန်းလုံး ( Tie rod end or Rack End ) မကောင်းရင် ဘယ်လို ရောဂါလက္ခဏာတွေပြမလဲ 
✒ တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့ ထင်ရှားတဲ့ လက္ခဏာကတော့ သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့မောင်းနေတဲ့အခါမျိုးမှာ ဒါမှမဟုတ် ကားကိုရုတ်တရက်ထောင့်ချိုးကွေ့လိုက်တဲ့အခါမျိုးမှာအရှေ့ဖက်အစွန်းဆုံးဆီကနေ   ဒုတ်ဒုတ်  မည်သံထွက်လာမယ်။လာထုနှက်တဲ့အသံမျိုးထွက်နေမယ်ဆိုရင် သင့်ကားရဲ့ တိုင်းရော့နဲ့မိန်းလုံးတွေချို.ယွင်းနေပါပြီ ။

နောက်တချက်က သင်ကားမောင်းနေတဲ့အချိန်တိုင်း ကားဘရိတ်အုပ်လိုက်တဲ့အချိန်တို့မှာ ကားက တဖက်ဖက် ကိုဆွဲနေမယ်၊ ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ အပြင်ဖက်ကိုဖြစ် ဘက်မညီမမျှစားသွားမယ်  ဆိုရင်လည်း အဲ့ဒါ တိုင်းရော့နဲ. မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ ၊ တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ကားအောက်ပိုင်းမှာ ပျက်စီးမှုအများဆုံးပစ္စည်းပါ ၊ တိုင်းရော့ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ ၊တောင်တက်တို့၊ အဝေးပြေးတို့မှာ အသက်အန္တရာယ်ကြုံရတဲ့အထိ ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။ဒီတော့အခုဖော်ပြထားတဲ့ရောဂါလက္ခဏာလေးတွေတွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမားပျက်စီးမှုမဖြစ်ခင် ၀ပ်ရှော့သွားပြီး တိုင်းရော့နဲ့ မိန်းလုံးကို အသစ်လဲတန်လဲ ၊ Press ခုံမှာ နင်းပြီး ပြန်သုံးတန်သုံးဖို့လိုအပ်နေပါပြီ ။

⚓ Ball Joint မကောင်းရင် ဘယ်လိုရောဂါလက္ခဏာ တွေပြမလဲ
Ball Joint မကောင်းရင်ဖြစ်တတ်တဲ့ လက္ခဏာတွေက   သင့်ကားအောက်ဘက်ထောင့်ဆီကနေ တချက်တချက် ၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေထွက်တတ်တယ် ၊ အထူးသဖြင့် လမ်းအတိမ်းအစောင်းဖြစ်နေတဲ့နေရာတွေတို့ချိုင့်ခွက်တွေထဲတို့ မောင်းလိုက်ရင် အဲ့အသံက ထွက်လာတယ်ဆိုရင် အဲ့ဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။ ပြောရရင် သံကိုတူနဲ့ထုတဲ့အသံမျိုးနဲ့ဆင်ပါတယ် ။ 

Ball Joint က သင့်ကားဘီးရဲ့ဘယ်ညာအကွေ့အထိန်းတွေမှာ အဓိက ထိန်းပေးထားတာမို့Ball Joint မကောင်းဘူးဆိုတာနဲ့သင့်ကား စတီယာရင် ( Steering ) ကိုလာပြီး သက်ရောက်မှုတွေရှိလာပါမယ် ၊ ဖြစ်လာနိုင်တာက သင့်ကား စတီယာရင် မာပြီးလှည့်ရတာခက်သွားမယ် ၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီးထိန်းရခက်သွားမယ် ၊ လမ်းအဖြောင့်မောင်းနေရင်းက အနိမ့်ပိုင်းကိုဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ဂွေကိုလာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့ရောဂါလက္ခဏာတွေပါ ။ အခြားရောဂါလက္ခဏာကတော့ တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင်မညီမညာစားသွားတာမျိုးပါပဲ ။ 

⚓  ( Constant Velocity -CV Joint ) ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ 

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ် ၊ သင့်ကားဘယ်ကိုဖြစ်ဖြစ်ညာကိုဖြစ်ဖြစ်ကွေ့လိုက်လို့တခုခုနဲ့  ကြိတ်ဝါးနေသလို  ကလစ်ကလစ် တောက်တောက်တောက် တက်တက်တက်  အသံတွေထွက်လာတယ် ၊ ကွေ့တိုင်းအဲ့လိုအသံတွေထွက်နေတယ်ဆိုရင်အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတရပ်ပါ ။ နောက်ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့ကလစ်ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ် ။

⚓ Shock bar , Coil Spring , Struts မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ 
ဒီအပိုင်းတွေမကောင်းရင်ပြတဲ့ လက္ခဏာတွေက သိသာထင်ရှားပါတယ် ၊ အထူးသဖြင့် လမ်းအနိမ့်အမြင်မညီမညာဖြစ်တဲ့နေရာတွေ ၊ ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင် ညိမ့်ညောညင်သာမှမရှိတော့ဘဲ အောက်ဘက်ကနေ ပြင်းထန်စွာလာစောင့်နေတာမျိုးတွေကို သိသာထင်ရှားစွာခံစားရပြီဆိုရင်တော့ အဲ့ဒါ Shock bar , Coil Spring , Strutsတို. မကောင်းတဲ့လက္ခဏာရပ်ပါ ။ ရှော့ဘားတွေမကောင်းတဲ့ လက္ခဏာနောက်တမျိုးက သင့်ကားကိုယ်ထည်တခုလုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ် ။ နောက်တမျိုးကလည်း တချို.ရှော့ဘားမှာဆိုရင် ဆီတွေယိုကျတာတို. ၊ ရှော့ဘား
ကအောက်ကို ကျပြီး အပေါ်ကို ပြန်ကန်မတက်တော့တာမျိုးတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။


⚓ ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်
ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင်ဖြစ်နိုင်တာတွေက တာယာလေနဲနေတာ ၊ တာယာ လေပေါင် တဖက်နဲ.တဖက်မညီတာဖြစ်တတ်ပါတယ် ။ တာယာလေပေါင်အရင်စစ်ဆေးရပါမယ် ၊ အခုနောက်ပိုင်းတချို.မော်ဒယ်မြင့်ကားတွေမှာတော့ တာယာလေပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့ မီးလင်းပါတယ်။

တာယာတဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ် ၊ တာယာတဖက်ဖက်မညီမညာစားနေလား ရှေ.နောက်ဘေး သေချာစစ်ဆေးရပါမယ် ၊ မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး အသစ်လဲတန်လဲရပါမယ် ။ 

ကားအလိုင်းမင့် (Alignment) မညီမညာဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ် ။ အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ် ။
တိုင်းရော့တို့မိန်းလုံးတို့မကောင်းတာလည်းဖြစ်တတ်ပါတယ် ။ ကားအောက်ပိုင်းပြုပြင်ရေးဆိုင်တွေမှာ ပြုပြင်သင့်ပါတယ် ။


⚓ ဘရိတ်နင်းရတာထိုင်းနေမယ် ၊ ကပ်နေမယ် (၀ါ) လျောနေမယ် ၊ဘရိတ်အုံတွေအရမ်းပူနေမယ် ၊ ဘရိတ်ကလစ်နဲ. ဘရိတ်ဒရမ်နဲ.ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင် Break Pads  တွေကုန်နေတာ ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ ၊ ဘရိတ်ရူးလျော့နေတာ ၊ ပင်တွေသံချေးတက်ပြီးကိုက်နေတာတွေဖြစ်နိုင်ပါတယ် ။

⚓ စတီယာရင် လှည့်ရတာချော်နေမယ် ၊ သင့် စတီယာရင်ကို လှည့်တဲ့အခါဖြစ် ၊ လှည့်ထားတဲ့အတိုင်းလေးထိန်းတာတဲ့အခါဖြစ်စေ ၊ စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင်s teering Fluid နည်းနေတာဖြစ်နိုင်တယ် ၊ Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ် ပွန်းစားနေတာဖြစ်နိုင်ပါတယ် ၊ Steering Pump မကောင်းတာလည်းဖြစ်နိုင်ပါတယ် ၊ Steering Pump က O ring ပျက်ပြီးဆီယိုနေတာလည်းဖြစ်နိုင်ပါတယ် ။
ဒါတွေက ကားတစီးမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေခံအောက်ပိုင်းရောဂါလက္ခဏာရပ်တွေပါ ၊ အခြားခြားသော ကားအောက်ပိုင်းရောဂါတွေအများကြီးကျန်ရှိပါသေးတယ် ၊ မြန်မာနိုင်ငံမှာက လမ်းမကောင်းတာရယ် ၊ နောက် Used ကားတွေသာများတာကြောင့် ကားအောက်ပိုင်းရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်းဆိုနိုင်ပါတယ် ။ တချို့ကားတွေမှာဆို ဒူးဆစ်တို့မိန်းလုံးတို့ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့သဲကာလေးပေါက်တာကို မလဲတာကနေပြီး အဲ့ဒီအရာတွေကြားထဲမှာနေရမယ့် အမဲဆီတွေအပြင်ထွက်ပြီး ၊ အထဲမှာမရှိရမယ့်သဲတွေဖုန်တွေရွှံ့တွေက အထဲဝင်ကာ အောက်ပိုင်းဆက်စပ်ပစ္စည်းတွေကို ပျက်စီးစေတာလည်း မကြာခဏဆိုသလိုတွေ့မြင်ရပါတယ် ။ အောက်ပိုင်းက လင့်တွေ ၊ Bushing တွေ မကောင်းတာကြောင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ် ။ 

နောက်တခုက အထက်ပါရောဂါတွေက တခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံးစုပေါင်းပြီးလည်းဖြစ်နိုင်ပါတယ် ။ 

ကားပေါ်တက်လိုက်လို့အောက်ပိုင်းဆီကနေ သံစုံတီးဝိုင်းသံတွေကြားနေရရင်တော့ သင့်ကားအောက်ပိုင်းတော်တော်များများပျက်စီးယိုယွင်းနေပြီဆိုတာ သတိပြုသင့်ပါတယ် ။ စစဖြစ်ခြင်းရောဂါလက္ခဏာတွေသတိမမူဘဲ မပြုပြင်မထိန်းသိမ်းရင် အောက်ပိုင်းအခြားဆက်စပ်ပစ္စည်းတွေကိုပါ လိုက်ပျက်စီးစေပြီး အနည်းဆုံးတာယာစားသွားတာ ၊ ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာကနေ အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင်ထိခိုက်စေမှာပါ ။ 

ဒါကြောင့်သင့်ကားအောက်ပိုင်းကနေ မူမမှန်တဲ့ အသံတွေ တုန်ခါမှုတွေ တွေကို သတိထားပြီး ရောဂါလက္ခဏာပြပြီဆိုတာနဲ. သင်နဲ့သင့်ကားဘေးအန္တရာယ်ကင်းရှင်းရေး လုံခြုံရေးအတွက် ချက်ခြင်း ကျွမ်းကျင်ဝပ်ရှော့တွေမှာ စစ်ဆေးပြသပြီး ရောဂါကုသမှုခံယူသင့်ကြောင်း အကြုံပြုတင်ပြပေးလိုက်ရပါတယ်ခမျာ ။

စာဖတ်သူမိတ်ဆွေများအားလုံး နည်းပညာဗဟုသုတတိုးတက်ပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါ​စေ


#TrustDelivery
Credit to
Photo and  Primeautotechnology.
W.Y.Tကားအ​ကြောင်းသိ​ကောင်းစရာများ

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html