ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Inductor .. လျပ်စစ်

Inductor
========

၁။ သူ့အကြောင်းပြောရင် ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ ဟိုထောင်ဒီထောင်လက်မဲကြီး သတိရမိပါရဲ့။ သူ့ ရဲ့ အကြောင်းအရာလေး ဆွေးနွေးတဲ့အခါမှာ ဟိုဦးလေးကြီး (၂)ယောက် (Lenz & Faraday) တို့ရဲ့ နိယာမတွေ ဘယ်လိုထုတ်ခဲ့သလဲဆိုတာကို သက်သေပြတဲ့အပိုင်းက ကြားဖူးနားဝတွေလည်း များနေ လောက်ပြီဆိုတော့ အလုပ်လုပ်တဲ့သဘောတရားကိုမြင်သာစေဖို့ ၊ ဘယ်လိုတည်ဆောက် ထားရင် ဘယ်လိုအလုပ်လုပ်ပေးနေတယ်၊ ဘယ်နေရာတွေမှာသုံးတာ ဘာကိုလိုအပ်လို့ ဆိုတာကိုသိရှိအောင် ဦး တည်ပြီး ဆွေးနွေးသွားပါ့မယ်။
Inductor ဆိုသည်မှာ
+++++++++++++++

၂။ Inductor  ဆိုတာက  Passive Electronic Device  အမျိုးအစားဖြစ်ပြီးတော့ Coil ၊ Chock စသဖြင့်လည်း ခေါ်ကြပါတယ်။ သူ့ရဲ့အလုပ်လုပ်ဆောင်ပုံအနေနဲ့ မြင်သာအောင် Capacitor လေးနဲ့ နှိုင်းယှဉ်ပြောလို့ရပါတယ်။ Capacitor ဆိုတာကျွန်တော်တို့နားလည်ပြီး ဖြစ်တဲ့အတိုင်း လျပ်စစ်စွမ်းအင် (Electrical Energy) ကို လျပ်စစ်စက်ကွင်း (Electric Field ) အနေနဲ့  သိုလှောင်သလို Inductor အနေနဲ့က လျပ်စစ်စွမ်းအင် (Electrical Energy) ကို သံလိုက်စက်ကွင်း (Magnetic Field ) အနေနဲ့ သိုလှောင်တဲ့ ပစ္စည်းတစ်မျိုးဘဲဖြစ်ပါတယ်။ သူ့ရဲ့ သင်္ကေတကို ‘L’ နဲ့ပြသပြီး သူ့ရဲ့ Unit သတ်မှတ်ချက် ကို Henry (H) နဲ့ ဖေါ်ပြပါတယ်။ သူ့ရဲ့ Henry(H) တန်ဖိုးကို တိုင်းတာတဲ့နေရာမှာ LCR Meter တွေနဲ့ဘဲ တိုင်းတာသိရှိနိုင်ပါတယ်။ ပုံ(၂) မှာ Inductor ရဲ့  နမူနာပုံစံနဲ့ သင်္ကေတကို ဖေါ်ပြထားပါတယ်။ပုံမှာ ပြထားတဲ့ ပုံစံ(၃)မျိုးအရ ပုံ( ၂-A ) မှာဆိုရင် Air Core နဲ့လုပ်ထားတဲ့ Inductor ၊ ပုံ( ၂- B) မှာဆိုရင် Iron Core နဲ့လုပ်ထားတဲ့ Inductor ၊ ပုံ( ၂-C) မှာဆိုရင် Ferrite Core နဲ့ပြုလုပ်ထားတဲ့ Inductor ဆိုပြီး သင်္ကေတပြလေံရှိပါတယ်။ ပုံ(၃) မှာ Inductor အမျိုးမျိုး ပုံစံနဲ့ Symbol တွေကိုပြထားပါတယ်။
Inductor ဘယ်လိုအလုပ်လုပ်သလဲ
-------------------------------------------

၃။ Inductor တစ်ခုအလုပ်လုပ်တဲ့ သဘောတရားကို ရှင်းရှင်းလေးနားလည်အောင် အပိုင်း(၂)ပိုင်း ခွဲပြီး လေ့လာကြည့်ပါ့မယ်။ Direct Current (DC)စနစ်မှာ Inductor တစ်ခုအနေနဲ့ဘယ် လိုအလုပ်လုပ် သလဲ၊ Alternating Current (AC) စနစ်မှာ Inductor တစ်ခုအနေနဲ့ ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာ လေးကို သိရှိနားလည်ထားရင် ကျန်တာလေးတွေ ကိုယ်တိုင်စဉ်းစားကြည့်နိုင်လိမ့်မယ်လို့  ယူဆပါ တယ်။
Direct Current (DC) စနစ်မှာ Inductor အလုပ်လုပ်ပုံ
++++++++++++++++++++++++++++++++++++++

၎။ ဦးစွာသိထားရမှာက လားရာဘက်မပြောင်းလဲဘဲ တစ်ဘက်ထဲကို စီးဆင်းနေတဲ့ DC Current က Inductor တစ်ခုထဲကနေ ဖြတ်သန်းစီးဆင်းသွားစေတဲ့အခါ အဲဒီ Inductor မှာ တည်ငြိမ် နေတဲ့ သံလိုက်စက်ကွင်း (Magnetic Field) ကိုသာဖြစ်စေပါတယ်။ Induce Voltage (လျပ်ညှို့ ခြင်းကြောင့် ဖြစ်ပ်ါလာသော ဗို့အား) တစ်ခုဖြစ်မလာပါဘူး။ ပုံ(၄) မှာ Conductor တစ်ခုအတွင်း လျပ်စစ်စီးဆင်းတဲ့ အခါ Magnetic Field ဖြစ်ပေါ်လာစေတဲ့ အခြေအနေကို ပြထားပါတယ်။

၅။ DC စနစ်မှာ Inductor တစ်ခုကိုအသုံးပြုပုံအနေနဲ့က Choke အနေနဲ့ဖြစ်စေ၊ တည်ငြိမ်နေတဲ့ သံလိုက်စက်ကွင်း တစ်ခုအနေနဲ့ ပြုလုပ်ရာမှာဖြစ်စေ ၊ ဗို့အားထိန်းချုပ်မှု ပြုလုပ်ရာမှာဖြစ်စေ အသုံးပြု လေ့ရှိပါတယ်။ ဒီနားလည်လွယ်တဲ့ အသုံးပြုပုံလေးတွေ လေ့လာကြည့်ခြင်းအားဖြင့် Inductor တစ်ခုက DC စနစ်မှာ အလုပ်လုပ်ဆောင်ပေးတဲ့ သဘောတရားကို သိရှိနိုင်ပါတယ်။

၆။ Inductor တစ်ခုကို Power Supply စနစ်တွေမှာ Choke အနေနဲ့ အသုံးပြုလေ့ရှိကြပါတယ်။ AC Current ကနေ DC Current စနစ်ကိုပြောင်းလဲတဲ့အခါမှာ ပါဝင်တတ်တဲ့ Ripple တွေကို Output ကိုရောက်မလာစေဖို့ AC အကြွင်းအကျန်တွေကို တားစီးဖယ်ရှားပေးတဲ့ လုပ်ဆောင်ချက် (AC Block) ကို ပြုလုပ်ပေးပါတယ်။ Liner Power Supply ဖြစ်စေ၊ SMPS မှာဖြစ်စေ Choke တွေကို ထည့်သွင်းအ သုံးပြုလေ့ရှိကြပါတယ်။ ပုံ(၅) မှာ Power Supply တွေမှာ Choke တွေထည့်သွင်းအသုံးပြုပုံကို ပြထား ပါတယ်။

၇။ တည်ငြိမ်တဲ့ လျပ်စစ်စက်ကွင်းအနေနဲ့အသုံးပြုခြင်း ဆိုတာကတော့ ကျွန်တော်တို့ မမြဲတစေ သုံးတတ်ကြတဲ့ Relay တွေမှာသုံးပါတယ်။ Relay မှာပါတဲ့ Coil (၂)ဆကို DC Current ပေးလိုက်တဲ့အ ခါမှာ သံလိုက်စက်ကွင်း (Magnetic Field ) ကိုဖြစ်စေပြီး Relay ရဲ့ Contact Arm တွေကို ဆွဲစေပါ တယ်။ ပုံ( ၆)မှာ Relay တစ်ခုတည်ဆောက်ပုံ နမူနာပြထားပါတယ်။

၈။ Inductor တစ်ခုကို ဗို့အားထိန်းချုပ်မှုပြုလုပ်ပေးတဲ့ပစ္စည်း တစ်ခုအနေနဲ့ Switching Type DC-DC Converter စနစ်တွေမှာ အများဆုံးအသုံးပြုလေ့ရှိပါတယ်။ DC စနစ်မှာ Inductor တစ်ခုအနေနဲ့ Induce Volt: (လျပ်ညှို့ခြင်းကြောင့်ဖြစ်ပေါ်လာသောဗို့အား) မဖြစ်နိုင်ဘူးလည်းဆိုထားတယ် ဗို့အားကို ဘယ်လိုထိန်းချုပ်သလဲ။ Switching Type နဲ့ ထိန်းချုပ်ပါတယ်။ ဒီနေရာမှာ DC Current မှာ Inductor ကိုသုံးပြီး Induce Volt: (လျပ်ညှို့ခြင်းကြောင့်ဖြစ်ပေါ်လာသောဗို့အား) ဖြစ်ပေါ်လာအောင် လုပ်ဆောင်တဲ့ စနစ်တစ်ခုကို ကျွန်တော်တို့သိရပါတယ်။

၉။ လျပ်စီးကြောင်းပမာဏ များသွားလိုက်၊နည်းသွားလိုက် ပြုလုပ်ပေးခြင်းအားဖြင့် သံလိုက်စက် ကွင်းကို ကျယ်လိုက်(Expanding)၊ ၊ကျုံ့လိုက်(Collapsing)  ဖြစ်စေပါတယ်။ သံလိုက်စက် ကွင်း ကျယ်လိုက်၊ကျုံ့လိုက် ဖြစ်ခြင်းကြောင့် Induce Volt: (လျပ်ညှို့ခြင်းကြောင့်ဖြစ်ပေါ်လာသောဗို့အား) ကိုရ ရှိစေပါတယ်။

၁၀။ ပုံ(၇)မှာ Switching Type DC-DC Converter နမူနာပုံစံလေးပြထားပါတယ်။ ပုံမှာပြထားတဲ့ အတိုင်း Inductor မှာ လျပ်စီးကြောင်းပမာဏများလာစေဖို့ Battery နဲ့ချိတ်ဆက်လိုက်မယ်၊ လျပ်စီး ကြောင်းပမာဏ နည်းသွားစေဖို့ Battery နဲ့ချိတ်ဆက်နေမှုကို ဖြတ်တောက်လိုက်မယ်။ အထွက်မှာ ဗို့အားပျက်တောက်မှုလည်း မဖြစ်စေပါဘူး။ အကြောင်းကတော့ Switch Off တဲ့အချိန်ရောင်ရင် Inductor မှာ သိုလှောင်ထားတဲ့ Energy ကို ပြန်လည်ထုတ်ပေးလိုက်လို့ဖြစ်ပါတယ်။ ဒီလိုချိတ် လိုက်(ON) ၊ ဖြတ်တောက်လိုက် (OFF) လုပ်နေတာကို Switching လို့ခေါ်ပါတယ်။ ဒီ ON/OFF အကြိမ်ရေမြန်လေ လျပ်စီးကြောင်းပြောင်းလဲမှု မြန်လေဖြစ်ပြီး Induce Volt: ကလည်းများလေပါဘဲ။ Induce Volt: နည်းချင်ရင်တော့ ON/OFF အကြိမ်ရေကို လျော့ချပေးခြင်းနဲ့ လုပ်ဆောင်နိုင်ပါတယ်။

၁၁။ Switching Type DC-DC Converter တွေမှာတော့ ON/OFF စနစ်ကို FET တွေနဲ့ Drive လုပ်ထားပြီး FET ကိုလိုအပ်သလို အလုပ်လုပ်ပေးဖို့ Controller ကနေ ကြိမ်နှုန်း (Frequency) တွေထုတ်ပေးပါတယ်။ ဒီ Frequency နဲ့ဘဲ Current နည်းများကို ဖြစ်ပေါ်စေအောင် ထိန်းချုပ်တာဘဲ ဖြစ်ပါတယ်။ အထက်မှာဖေါ်ပြ ထားတဲ့အတိုင်း Inductor ကိုသုံးပြီး DC စနစ်မှာ ဗို့အားထိန်းချုပ်တဲ့နည်း လမ်းကို ဆောင်ရွက်ခြင်းဘဲဖြစ် ပါတယ်။
Alternating Current (AC) စနစ်မှာ Inductor အလုပ်လုပ်ပုံ
=========================================


၁၂။ AC စနစ်မှာ Inductor တစ်ခုအလုပ်လုပ်တာကို သိရှိနားလည်နိုင်အောင် Trasformer သဘော တရားနဲ့ လေ့လာကြည့်ပါမယ်။

၁၃။ Transformer မှာ Inductor သဘာသဘာဝဖြစ်စဉ်ကို ဦးစွာလေ့လာကြည့်ပါမယ်။ Transformer တစ်ခုမှာဆိုရင် Core တစ်ခုပေါ်မှာ Coil (Inductor) ကိုပတ်ထားပါတယ်။ အဲဒီ Coil ရဲ့ အဆ(၂)ခုကို AC Volt: ပေးလိုက်တဲ့အချိန်မှာ သူရှိနေတဲ့ Core တစ်ခုထဲမှာရှိတဲ့ အခြား Coil တစ်ခုမှာ ဗို့တန်ဖိုး တစ်ခုကိုဖြစ်ပေါ်စေပါတယ်။ ပုံ(၈) မှာ Current တစ်ခုက တည်ငြိမ်နေရင် Induce Voltage မဖြစ်နိုင်ပုံ နဲ့ Current တိုးလျော့ ပြောင်းလဲမှုကြောင့် Magnetic Field Collapsing & Expanding ဖြစ်ပေါ်ပြီး နီးစပ်ရာ Coil မှာ Induce Voltage ဖြစ်ပေါ်လာပုံကို နမူနာပြထားပါတယ်။  ဒါက Transformer ရဲ့ အခြေခံသဘောတရားပါ။ ဒီနေရာမှာ Transformer မှာ ဗို့တန်ဖိုးဖြစ်ခြင်းက Electromagnetic Induction သဘောတရားကြောင့် ဖြစ်ပေါ်စေတယ်ဆိုတာကို ဦးစွာသိရှိရပါမယ်။ Electromagnetic Induction ဆိုတာက သံလိုက်စက် ကွင်း (Magnetic Field ) ပြောင်းလဲမှုကြောင့် Voltage တန်ဖိုးတွေဖြစ်စေခြင်း၊ ထွက်ပေါ်လာစေခြင်းပဲ ဖြစ်ပါတယ်။ သံလိုက်စက်ကွင်းတစ်ခု ဖြစ်ယုံ နဲ့လည်း Induce Voltage ဆိုတာဖြစ်မလာပြန်ပါဘူး ။ အဲဒီသံလိုက်စက် ကွင်းက ကြိမ်ဖန်များစွာပြောင်းလဲနေမှသာ Induce Voltage ဖြစ်စေတယ်ဆိုတဲ့ အခြေခံသဘော တရားကို  သိထားရပါမယ်။ Transformer မှာ သံလိုက်စက်ကွင်း (Magnetic Field) ပြောင်းလဲရခြင်း နေခြင်းအကြောင်းက သူ့ကိုပေးထားတဲ့ AC Volt: ဟာ Positive Half Cycle ဖြစ်လိုက် Negative Half Cycle ဖြစ်လိုက် Amplitude က (၁)စက္ကန့်အတွင်းမှာ အကြိမ်ရေ (၅၀) ပြောင်းလဲနေ လို့ပဲဖြစ်ပါတယ်။ ဗို့တန်ဖိုးတစ်ခုဖြစ်ပေါ်လာစေဖို့ အကြောင်းတရားတွေက သူ့ကွင်းဆက်နဲ့သူဆက် နေပါတယ်။ ဒီနေရာ မှာနောက်ထပ် သိရှိထားသင့်တာက သံလိုက်စက်ကွင်းပြောင်းလဲမှု အကြိမ်ရေ (Frequency) နဲ့ Inductor (L) ရဲ့ တန်ဖိုးဟာ ပြောင်းပြန်အချိုးကျပါတယ်။ ပုံ(၉) မှာ Transformer တစ်ခုမှာ AC Voltage ပေးလိုက်တဲ့အခါ  သံလိုက်စက်ကွင်း (Magnetic Field) ဖြစ်ပေါ်နေပုံကို နမူနာ ပြထားပါတယ်။

၁၄။ သံလိုက်စက်ကွင်းပြောင်းလဲမှု အကြိမ်ရေ (Frequency) များလေ Inductance တန်ဖိုးနည်း နည်းပဲလိုလေ (Coil ကြိုးတိုတို) ဖြစ်ပါ တယ်။ ဥပမာအနေနဲ့ Iron Core Transformer မှာဆိုရင် AC Voltage ရဲ့ Frequency က 50Hz ပဲရှိတော့ Coil ကြိုးအရှည်ကြီးနဲ့ Core ကလည်း (1H-50H) ကြားထိပတ်လို့ရတဲ့ Iron Core  ကိုသုံးရပါတယ်။ Frequency နိုမ့်တော့ Inductance များများလိုတယ်။ Inductance များများလိုတော့ Inductance များများရနိုင်တဲ့ Iron Core ကိုသုံးရတယ်။ ဒါပါပဲ။ SMPS စနစ်တွေမှာကျတော့ Frequency အမြင့်ကြီးသုံးတယ်။ အဲဒီတော့ Inductance နည်းနည်းဘဲလိုတယ်။ ဒါ့ကြောင့် (50mH-1H) လောက်ထိပဲ Coil ပတ်လို့ရတဲ့ Ferrite Core ကိုအသုံးပြုတည်ဆောက်တယ်။ AC အခြေအနေမှာ Inductor ရဲ့ လက္ခဏာကို နားလည်သလောက် ဆွေးနွေးခြင်းဘဲဖြစ်ပါတယ်။ ပုံ(၁၀) မှာ Core အမျိုးအစားတွေနဲ့ အနိုမ့်ဆုံး၊အမြင့်ဆုံး Inductance တန်ဖိုးတွေကို ဖေါ်ပြထားပါတယ်။ လိုအပ်ချက်များရှိခဲ့ရင် ကျွန်တော့်ရဲ့ လေ့လာမှု အားနည်းချက်တစ်ခုသာလျင် ဖြစ်ပါတယ်။
Inductor Colour Code ဖတ်နည်း
========================

၁၅။ အချို့သော Inductor အမျိုးအစားလေးတွေမှာ Inductor တန်ဖိုးကို Colour Code နဲ့ သတ်မှတ် ဖေါ်ပြလေ့ရှိပါတယ်။ ဒီလို အမျိုးအစား Inductor လေးတွေကို Colour Code ဖတ်နည်းကိုတော့ ပုံ(၁၁) မှာဖေါ်ပြထားပါတယ်။ အခြားသော Air Core Inductor ၊ Ferrite Core Inductor စတဲ့ Inductor အ မျိုးမျိုးရဲ့ တန်ဖိုးကိုတော့ LCR Meter နဲ့ တိုင်းတာစစ်ဆေးရပါတယ်။ ပုံ(၁၂)မှာ LCR Meter တွေကို နမူနာပြထားပါတယ်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင်ကြပါစေ…..

Cred
ကိုသားငယ် (BE-EC)


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html