ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ရှေးဟောင်း ကမ္ဘာ့အံဖွယ်တစ်ပါး (သို့) ဂိုင်ဇာပိရမစ်ရဲ့ အချက်အလက်တချို့

ရှေးဟောင်း ကမ္ဘာ့အံဖွယ်တစ်ပါး (သို့) ဂိုင်ဇာပိရမစ်ရဲ့ အချက်အလက်တချို့
=================

ဂိုင်ဇာမဟာပိရမစ်ကြီးကို ကူဖူးပိရမစ် (Khufu’s Pyramid or the Pyramid of Khufu) (သို့မဟုတ်) ချီရော့ပ်ပိရိမစ် (Pyramid of Cheops) ဟုလည်းခေါ်ဆိုကြပြီး ဂိုင်ဇာဂူင်္သချိုင်း (Giza Necropolis) ပိရိမစ်များထဲမှ ရှေးအကျဆုံးနှင့် အကြီးဆုံး ပိရမစ် ဖြစ်သည်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အစပ်တွင်တည်ရှိပြီး ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးထဲမှ တစ်ခုတည်း ကြွင်းကျန်ရစ်သော အဆောက်အဦးဖြစ်သည်။ စတုတ္ထမြောက် အီဂျစ်မင်းဆက်၏ ဖာရိုဘုရင်ကူဖူး (ဂရိဘာသာဖြင့် ချီရော့ပ်)၏ ဂူသင်္ချိုင်းအဖြစ် ဆောက်လုပ်ခဲ့သည်ဟု ယုံကြည်ယူဆပြီး အနှစ် ၂၀ ကျော်ကြာဆောက်လုပ်ခဲ့ကာ ဘီစီ ၂၅၆၀ ခန့်တွင် ပြီးစီးခဲ့သည်။
ကနဦး မဟာပိရမစ်ကြီးအမြင့်မှာ ၁၄၆.၅ မီတာ (၄၈၁ ပေ)မြင့်ပြီး မဟာပိရမစ်ကြီးမှာ လူတို့တည်ဆောက်သော အဆောက်အဦးများထဲတွင် အမြင့်ဆုံး အဆောက်အဦးအဖြစ် နှစ်ပေါင်း ၃၈၀၀ ကျော်မျှရပ်တည်ခဲ့သည်။ ယခုအခါတွင် လေနှင့်ရာသီဥတု၏ တိုက်စားမှုကြောင့် ၁၃၉မီတာသာ မြင့်တော့သည်။
မဟာပိရမစ်ကြီး၏ အောက်ခြေအကျယ်အ၀န်းမှာ၂၃၀.၄မီတာ (၇၅၆ ပေ) ကျယ်ဝန်းသည်။ ယခုထက်တိုင် မြင်နိုင်သော ကြွင်းကျန်ရစ်သောအရာမှာ အထပ်ဆင့်ပိရမစ် (step-pyramid)၏ အောက်ခံအတွင်းပိုင်း ပုံပန်းသဏ္ဍာန်သာဖြစ်သည်။ အပေါ်မှကာရံထားသော အကာအရံကျောက်တုံးများကို မဟာပိရမစ်ကြီး ၏အောက်ခြေတွင် ယနေ့ထက်တိုင်မြင်နိုင်သေးသည်။ ကျောက်တုံးပေါင်း ၂.၃သန်းခန့်ပါဝင်ပြီး နှစ် ၂၀ခန့်အချိန်ယူတည်ဆောက်ခဲ့သည်ဟု ပညာရှင်များကဆိုကြသည်။
သို့သော် ပိရမစ်ကြီးကို မည်သို့တည်ဆောက်ခဲ့သည်ဟူသောအချက်နှင့် ပတ်သက်၍ ကွဲပြားခြားနားသောသိပ္ပံနည်းကျ သီအိုရီနှင့် အခြားသီအိုရီမြောက်များစွာရှိသည်။ အများစုလက်ခံထားကြသော တည်ဆောက်မှုနှင့်ပတ်သက်သည့်သီအိုရီမှာ ကြီးမားသော ကျောက်တုံးများကို ကျောက်ထုတ်ရာဒေသမှ ဆွဲယူလာပြီး နေရာတကျမတင် တည်ဆောက်ခဲ့သည်ဟူ၍ ဖြစ်သည်။
မဟာပိရမစ်အတွင်း၌ ခန်းမဆောင် (၃) ခုရှိသည်ဟု သိရသည်။ အနိမ့်ဆုံးတွင်တည်ရှိသော ခန်းမဆောင်မှာ အောက်ခံအဖြစ် တည်ဆောက်ထားပြီး အပေါ်မှပိရမစ်ကို ထပ်ဆင့်တည်ဆောက်ထားကာ ပြီးစီးအောင်တည်ဆောက်ခြင်းမရှိခဲ့ပေ။ ဘုရင်၏ ခန်းမဆောင်နှင့် မိဖုရား၏ခန်းမဆောင်မှာ ပိရိမစ်တည်ဆောက်မှု၏ ပိုမိုမြင့်သောအပိုင်းတွင် တည်ရှိသည်။ ဂိုင်ဇာမဟာပိရမစ်ကြီးသည် အဆောက်အဦးအစုအဝေး၏ အဓိကအဆောက်အဦးဖြစ်သည်။ အလေးချိန်တန် ၂၀ခန့်လေးသော ဆုံလည်တံခါးကြီးတစ်ခုရှိပြီး အတွင်းဘက်မှဖွင့်လျှင် လွယ်ကူစွာဖွင့်နိုင်ပြီး အပြင်ဘက်မှဖွင့်ဖို့ဆိုလျှင် အလွန်အားစိုက်ရသည်။ အပြင်ဘက်မှကြည့်လျှင် တံခါးရှိမှန်းမသိအောင် တည်ဆောက်မှုလက်ရာသေသပ်လှသည်။
အဆောက်အဦးအစုအဝေးတွင် ခူဖူးအား ဂုဏ်ပြုတည်ဆောက်ထားသော အသုဘရှုဘုရားကျောင်း (၂) ကျောင်း (တစ်ခုမှာ ပိရမစ်နှင့်နီးပြီး အခြားတစ်ခုမှာ နိုင်းမြစ်နှင့်နီးသည်။)၊ ခူဖူး၏ဇနီးများအတွက် ပိရမစ်အငယ်စား (၃) ခုအပြင် သစ္စာတော်ခံနောက်လိုက်အတွက် ပိရမစ်အသေးစား (၁) ခု၊ ဘုရားကျောင်းနှစ်ခုကို ဆက်သွယ်ထားသောမိုးပျံတံတားနှင့် ပတ်ပတ်လည်ရှိဂုဏ်ထူးဆောင်ပုဂ္ဂိုလ် များအတွက် မက်စ်တာဘာ ဂူသင်္ချိုင်းများပါဝင်သည်။
ထူးခြားချက်မှာ အကြီးဆုံးပိရမစ်ကြီးဖြစ်သော်လည်း အခြားပိရမစ်အများစုကဲ့သို့ ဂူအတွင်းဘက်တွင် လက်ရေးစာ ၊ နံရံပန်းချီ ၊ အရုပ်စာများ မရှိခြင်းဖြစ်သည်။ ယနေ့တွင် နည်းပညာအလွန်တိုးတက်လာသည်မှန်သော်လည်း ဂိုင်ဇာပိရမစ်ကြီးနှင့် ပုံစံတူတည်ဆောက်နိုင်ဖို့ မဖြစ်နိုင်ပေ။ “ရှေးအီဂျစ်များသည် မည်သည့်နည်းပညာများဖြင့် ပိရမစ်များကို သေသပ်ပြီး နှစ်ပေါင်းထောင်ချီတည်တံ့အောင် တည်ဆောက်ခဲ့သလဲ” ဆိုသည့်မေးခွန်းအတွက် ယနေ့တိုင် တိကျသောအဖြေမရှာနိုင်သေးပေ။ ထိုကြောင့်လည်း ရှေးဟောင်း ကမ္ဘာ့အံ့ဖွယ်ထဲတွင် ပါဝင်ခဲ့ခြင်းဖြစ်ပေသည်။
Ref: Wikipedia , Wonders of the Worl
Crd.. သုတဇုန်


ပုံက​တော့်​ ​နောက်​မှ ထဲ့မယ်
ပျောက်​​နေလို့ပါ

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html