ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

4wd ရဲ့ free ~ lock

4wd ရဲ့ free ~ lock



☠ 4WD Off-road ကားတစ်စီးမှာ transfer ထိုးတာနဲ့ 4 wheel ဝင်ပြီလို့ ပြောလို့မရပါဘူး။ ရှေ့ဂျွိုင်းလည်သည့် တိုင်အောင် ရှေ့ဘီးလည်ဖို့က ရှေ့ဘီးတွေမှာ တပ်ထားတဲ့ Hub ကိုပါ Engage လုပ်ဖို့လိုပါတယ်။ တွေ့ရတတ်တဲ့ Hub ၄ မျိုးအကြောင်း တင်ပြလိုပါတယ်။
(၁) Fixed flange
 Wheel hub ကို ရှပ်နဲ့ အသေတွဲတဲ့စနစ် ဖြစ်ပြီး Transfer ဂီယာ ထိုးတာနဲ့ ရှေ့ဘီးတွေကို လည်စေနိုင်ပါတယ်။
 အားသာချက်
- ကား အောက်မဆင်းပဲ 4 wheel ချိတ်နိုင်မယ်၊ ပြုပြင်ထိန်းသိမ်းဖို့မလိုဘူး။
(ADD စနစ်ပါတဲ့ Surf 96 လိုကားတွေမှာ Hub ထိပ်က အသေဖြစ်ပေမယ့် ရှေ့ရှပ်ကို လိုမှ လည်ပါတ်အောင်လုပ်တဲ့ စနစ်ရှိပါတယ်)

(၂) Full Manual
 4WD အဟောင်းအများစုနဲ့ Heavy duty သုံးတဲ့ကားတွေမှာ သုံးတတ် ကြတယ်။ တချို့ဆိုရင် Transfer ဂီယာညပ်မှာ စိုးလို့ 4 wheel အသေထိုးထားပြီး 4 wheel ရုန်းဖို့လိုမှ ဆင်းလှည့်တာမျိုး သုံးတတ်ကြတယ်။ 70 series တွေမှာ လေဘားနဲ့ Hub Lock ဆိုပြီး ကားပေါ်က လှည့်တဲ့စနစ် ရှိပါတယ်။
အားသာချက်
- Part Time 4WD ကားတွေမှာ Fixed Flange လို အန္တရာယ်မများပဲ Auto စနစ်ထက်ပိုပြီး စိတ်ချရပါတယ်။
(၃) Full Auto
 ကားဘီးလည်ပါတ်မှုရှိရင် အလိုလို lock ချပေးတဲ့ စနစ်ဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှု လိုလို့ Off-road သမားတွေ သိပ်မကြိုက်တဲ့ စနစ်ပါ။
အားသာချက်
- ကားအောက်မဆင်းပဲ 4 wheel ချိတ်နိုင်မယ်၊ မလိုအပ်ချိန်မှာ အလိုလို Lock ပြုတ်နေမှာပါ။
(၄) Auto Manual
 Full Auto နဲ့ Full Manual ကိုပေါင်းစပ်ထားတဲ့ ဒီစနစ်ကိုတော့ Nissan Safari/Patrol တွေမှာ သုံးကြပါတယ်။ ဘီးဖြုတ်တံနဲ့ လှည့်ရတဲ့ စနစ်မှာ
Auto ဆိုတာ Full Auto ဖြစ်ပြီး
Lock ဆိုတာ Full lock ဖြစ်ပါတယ်။


အားသာချက်
- Auto မှာထားရင် Full Manual မှာလိုဆင်းလှည့်ဖို့မလိုပဲ၊ Lock မှာထားရင် Full Auto ထက် ပိုသေချာအောင် ပုံသေ Lock ချနိုင်တဲ့ စနစ်မျိုးပါ။



Credit》》
Myanmar off-road association


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html