ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားအာမခံ (insurance) ထားခြင်းတွက်ဗဟုသုတ သိစေရန်

ကားအာမခံ (insurance) ထားခြင်းတွက်
ဗဟုသုတ သိစေရန်


ကားအာမခံထားဖို့.. အမေးအဖြေလေးကို
အများ ဗဟုသုတရစေဖို့ တင်ပြပေးလိုက်ပါတယ်...

MTZ:
အကိုရေ.. မင်္ဂလာပါခင်ဗျ ကျွန်တော်က ကမ္ဘောဇအာမခံကုမ္ပဏီ IKBZက
Senior Manager ပါ
အကို့ကားလေး အာမခံထားဖို့ အနည်းငယ်ရှင်းပြပါစေ..
Customer:
ဟုတ်.. ကောင်းတာပေါ့ ကျွန်တော်လဲ ဗဟုသုတ ရတာပေါ့ဗျာ
MTZ:
ဟုတ်ကဲ့အကို
ကားတန်ဖိုးရဲ့ one percentage(1%) လောက်ပဲ ပရီမီယံပေးရမှာပါ..
အဲဒါ တစ်နှစ်လုံးအတွက် အကာအကွယ်ရပါမယ်
Customer: ဘယ်လိုအကာအကွယ်တွေ
ရနိုင်မလဲ
MTZ:
ဟုတ်ကဲ့.
အ​စောက​ပြောခဲ့တဲ့ တစ်​ရာခိုင်​နှုန်းဆိုတာ
အကာအကွယ်​အစုံပါပြီးသား​ပေါ့..
မယူမ​နေရတို့ စိတ်​ကြိုက်​ယူတာတို့​တော့
မ​ပြော​တော့ပါဘူး.. 
လျော်​​ကြေးအကျုံးဝင်​တာ​တွေကအများကြီးမို့...
အဓိကမ​လျော်​တဲ့အချက်​​တွေ ​ပြောပြပါ့မယ်
Customer: ဟုတ်​အကို
MTZ: အဓိကကျတဲ့ အချက်(၈)
ချက်ကလွဲပြီး ကျန်တာ ဘာကြောင့်ဖြစ်ဖြစ်
တာဝန်ယူပြီး လျော်ပေးပါတယ်..
အဲဒီ အချက်တွေက..
နံပါတ်တစ်-မူးယစ်သောက်စားပြီးဖြစ်တဲ့ကိစ္စ
နံပါတ်နှစ်-တမင်သက်သက်လုပ်တဲ့ကိစ္စ
နံပါတ်သုံး- သတ်မှတ်လိုင်စင်မဟုတ်ပဲ မောင်းနင်မှု
နံပါတ်လေး- Driver လိုင်စင်ဖြစ်ဖြစ် ကားရဲ့လိုင်စင်ဖြစ်ဖြစ် သက်တမ်းမရှိချိန်
မောင်းနင်မှု
နံပါတ်​ငါး- အကျိုးဆက်​ဆုံးရှုံးမှု
နံပါတ်​​ခြောက်​- အလိုအ​လျောက်​ပျက်​ယွင်းမှု(Wear & Tear)
နံပါတ်​ခုနှစ်​- နိုင်​ငံနယ်​မိတ်​ပြင်​ပဖြစ်​ပွားမှု
နံပါတ်​ရှစ်​- ယုံကြည်​အပ်​နှံမှု
ဒီရှစ်​ချက်ကလွဲရင် ကျန်တဲ့ကိစ္စတွေ တာဝန်ယူပေးပါတယ်..
Customer: သူများက တမင်သက်သက် လာလုပ်ရင်ကော အလျော်ရသလား
MTZ: ဟုတ်ကဲ့ အလျော်ရပါတယ် ခင်ဗျ
Customer: လျော်ပေးတဲ့နေရာမှာ ဘယ်လို ပုံစံနဲ့ လျော်ပေးတာလဲ..
MTZ: ဟုတ်ကဲ့ Repair (ပြန်ပြင်ပေးခြင်း)
Replacement (အစားထိုးပေးခြင်း) နဲ့
In Cash(ငွေသားနဲ့ပေးခြင်း) ဒီသုံးမျိုးထဲက သင့်ရာနည်းကို သုံးပြီးလျော်ပေးပါတယ်.. များသောအားဖြင့်တော့ ကျွန်တော်တို့က
နံမည်ကြီးဝပ်ရှော့တွေနဲ့ စာချုပ်ချုပ်ပြီး
ကိုယ့်ဝပ်ရှော့မှာ customer စိတ်ကြိုက် ပြင်ပေးပါတယ်..
Customer: ကျွန်တော့ဝပ်ရှော့မှာုပြင်ချင်ရင်ကော ခွင့်ပြုပေးလား
MTZ: ဟုတ်ကဲ့ ခွင်ပြုပေးပါတယ်.. အဲဒါမျိုးဆိုရင်တော့ ကျွန်တော်ပြောခဲ့တဲ့
In Cash နဲ့ပဲလျော်ပေးမှာပါ.. အကို့ငွေနဲ့
ခဏစိုက်ပြင်ပြီး ပြီးမှငွေသားပြန်ပေးပါတယ်. အဲဒါမျိုးတွေဆို
ကျွန်တော်တို့ ဝပ်ရှော့ရဲ့ ရာဖြတ်တန်ဖိုးကို
ပေးမှာ ဖြစ်ပါတယ်..
Customer: နိုင်ငံခြားလို accidentဖြစ်ရင်
ကိုယ်က ဘာမှလုပ်စရာမလိုဘူး အာမခံကုမ္ပဏီက လာရှင်းပေးသလား
MTZ: ဟုတ် အဲလိုတော့ လုပ်ပေးဖို့ လောလောဆယ် အဆင်မပြေသေးပါဘူး
ဒါပေမဲ့ ဖြစ်တာနဲ့ ကျွန်တော်တို့ဆီ ချက်ခြင်း
အကြောင်းကြားပေးပါ အတတ်နိုင်ဆုံး လာရောက် ကူညီပေးပါ့မယ်
Customer: ဥပမာ ဒီဇယ်ကားကို ဓာတ်ဆီ
မှားထည့်လို့ ပန့်ပျက်တာတို့ ဘာတို့ လျော်ပေးလား
MTZ: ဪ အဲဒါမျိုးမလျော်ပါဘူး
မတော်တဆ ဆိုပေမဲ့ အကျိုးဆက်ဆုံးရှုံးမှုတို့ကိုမလျော်ပါဘူး
ဥပမာပေါ့ အင်ဂျင်ဝိုင်တို့ ရေတို့ မစစ်ဘဲမောင်းမယ် ဘယ်လ်ဒင်ပျော်တာ မလျော်ပါဘူး.. ဂက်စကက်ပြတ်တာ မလျော်ပါဘူး..တာယာပါးလို့ အသစ်လဲမပေးသလို ဘက္ထရီမကောင်းလို့
အသစ်လဲ မပေးပါဘူး.ဒါပေမဲ့ accident
ဖြစ်လို့ တာယာကွဲတာ ဘက္ထရီအိုးကွဲတာ
အင်ဂျင်ကွဲတာ တွေ လျော်ပေးပါတယ်..
Customer: ကျေးဇူးပါဘဲ တော်တော်လေး
ပြည့်စုံပါတယ်.. ဒါဆို ကျွန်တော့်ကား ကြည့်ပြီး တန်ဖိုးဖြတ်ပြီး ဘယ်လောက်ကျသလဲ တွက်ပေးဗျာ အဆင်ပြေရင် ထားမယ်..
ဒါနဲ့ ကျွန်တော် သူ့ကားကိုစစ်လိုက်တော
သူ့ကားတန်ဖိုး သိန်း (၁၅၀)လေကာမှန်
၅သိန်း ဖြတ်ပြီး ပရီမီယံ တွက်လိုက်တာ
၁၅၈၀၄၅/- ကျတယ်ပြောတော့..
သူသဘောကျတာနဲ့
One Stop Service နဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်..
အဆုံးထိဖတ်ပေးလို့ ကျေးဇူးပါ..
သိချင်တာရှိရင် ကျွန်တော့်ဆီ အချိန်မရွေး
ဆက်သွယ်နိုင်ပါတယ်..

Credit.. to
0943059864
09962956999
myothan.zaw@i-kbz.com
mtzaw.co@gmail.com

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html