ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားအဲကွန်းအကြောင်း အခန်း(၅)... ကားအဲကွန်းရဲ့ Condensor

ညီလေးတို့အတွက်
ကားအဲကွန်းအကြောင်း အခန်း(၅)
#Chapter(5)
#Condensor


#ကားအဲကွန်းရဲ့ Condensor တွေရဲ့အလုပ်လုပ်ပုံကလည်း သာမာန်အိမ်သုံး၊လုပ်ငန်သုံး Condensor
တွေရဲ့အလုပ်လုပ်ပုံနဲ့ အတူတူပါပဲ ။



သူ့ရဲ့အဓိက အလုပ်ကတော့ အအေးကွိုင် Evaporator ကအခန်းထဲကစုပ်လာတဲ့ အပူနဲ့နဲ့ Compressor ကထပ်တိုးပြီး ဂက်စ်ကစုပ်လာတဲ့ အပူနှစ်ခုပေါင်းကို ပတ်ဝန်းကျင်လေထုထဲစွန့်ပစ်ပေးဖိုပါ။ အဲကွန်းဂက်စ် (Refrigerant)ဟာ Condensor ကိုစတင်ဝင်ရောက်လာချိန်မှာ
အပူချိန် 105'F အထက်ရှိတဲ့ ဖိအားမြင့်အငွေ
(High pressure vapour)အခြေအနေပါ။
အပူချိန်အနေနဲ့ဆိုရင် ပတ်ဝန်းကျင်လေထုရဲ့
အပူချိန်ထက် မြင့်နေတဲ့အခြေအနေပါ။
အဲဒီအခြေအနေမှာ Condensor ကို ပန်ကာနဲ့
မှုတ်ပြီး ပိုပြီးအေးတဲ့ပတ်ဝန်းကျင်လေထုကို
အရှိန်နဲ့ဖြတ်သန်းစေတဲ့အခါ Condensor ထဲက
ဂက်စ်ရဲ့အပူဟာ ပတ်ဝန်းကျင်လေထုထဲကိုရောက်သွားပြိး Condensor ထဲက ဂက်စ်ကအေးသွားပါတယ်။အဲဒီအချိန်မှာ အထဲက အဲကွန်းဂက်စ်ဟာ
အငွေ့အဖြစ်ကနေအရည်အဖြစ်ပြောင်းသွားပါတယ်။ အဲဒီကမှတဆင့် အပူထုတ်ပြီးသားအဲဒီဖိအားမြင့် အရည် (High pressure vapour )ဟာ
Expansion Valve ဆီဦးတည်သွားပါတယ်။
Condensor ဟာ အပူထုတ်ပေးရတဲ့ အလုပ်လုပ်ရတဲ့နေရာမှာ Evaporator ကစုပ်လာတဲ့အပူသာမက
ပတ်ဝန်းကျင်အပူချိန်ထက်မြင့်အောင် Compressorက ထပ်ဆောင်ပြီးထည့်ပေးလိုက်တဲ့
အပူကိုပါ ထုတ်ပေးရတာဖြစ်လို့ Condensor ရဲ့အရွယ်အစားဟာ Evaporator ရဲ့အရွယ်အစားထက်
သုံးပုံတပုံဝန်းကျင်လောက်ပိုကြီးပါတယ်။
အပူကို ထိထိရောက်ရောက်ထုတ်နိုင်ဖို့ ထုတ်လုပ်တဲ့
ကားကုမ္ပဏီတွေအလိုက် ပုံးစံအမျိုးမျိုးနဲ့
densign လုပ်ပြီး ကားရဲ့ဖွဲ့စည်းပုံနဲ့ကိုက်အောင်
ပုံစံထုတ်လေ့ရှိပါတယ်။



မော်တော်ကားတွေမှာ သုံးတဲ့ Condensor အမျိုးအစားတွေကတော့ လေနဲ့အအေးခံအပူထုတ်တဲ့
Air cooled Condensor အမျိုးအစားတွေဖြစ်ပြီး
တည်ဆောက်ပုံအရ
#Serpentine Condensor
#Parallel flow condensor ဆိုပြီးနှစ်မျိုးရှိပါတယ်။
Serpentine Condensor ရဲ့တည်ဆောက်ပုံကတော့ Condensor ကိုဖြတ်သွားမယ့် အဲကွန်းဂက်စ်
(Refrigerant)ဟာ ခွေထားတဲ့ Condensor Coilတလျှောက်အစအဆုံး စီးဆင်းအောင် လုပ်ထားလို့ ဖြတ်သန်းချိန်ကြာပါတယ်။အားသာချက်က
အပူထုတ်တဲ့အချိန်ကြာလို့ ထိရောက်ပေမယ့်
အားနည်းချက်က Condensor Coil ရဲ့ အပူထုတ်ဧရီယာ ပိုလိုတဲ့အချိန်မှာ နေရာပိုယူပါတယ်။
Parallel flow Condensor ကတော့ Condensor ထဲဝင်မယ့် အဲကွန်းဂက်စ်ကို
အဝင်မှာကတည်းကနေရာစုံဖြန့်ခွဲဝင်စေပြီး
အထွက်မှာလည်းနေရာစုံ ဖြန့်ခွဲထွက်စေလို့
Condensor အတွင့်ဂက်စ်ရဲ့ ဖြတ်သန်းချိန်
မြန်စေတယ်၊နေရာကျုံ့စေပါတယ်။
ဖြတ်သန်းချိန်မြန်တဲ့အတွက်အပူထုတ်နှုန်းမထိခိုက်
စေဖို့ အပူဖြန့်ပေးတဲ့ဆူးတောင် (Fin)ဧရိယာပိုတပ်ထားလေ့ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဓိကမှတ်ရမှာက Condensor
ရဲ့အလုပ်ဟာ အခန်းထဲကနေ Evaporator ကစုပ်လာတဲ့ အပူနဲ့ Compressor ကထပ်ပိုးပေးလိုက်တဲ့
အပူနှစ်မျိုးလုံးကို ထုတ်ပေးရတဲ့အလုပ်လုပ်တယ်
မော်တော်ကားတွေမှာ တည်ဆောက်ပုံနှစ်မျိုးနဲ့ဘအများဆုံးသုံးလေ့ရှိတယ်ဆိုတာသိရင်လုံလောက်ပါပြီ။
မှတ်ထားရမှာက Condensor တွေရဲ့ အပူထုတ်ဆူးတောင်တွေကြား၊ ပိုက်တွေကြားမှာ
ဖုန်တွေ ၊ အညစ်အကြေးတွေ ရှိနေရင်
Condensor ကိုဖြတ်သန်းပြီး အပူထုတ်မယ့်
ပန်ကာ (Condensor fan)ကမှုတ်ထုတ်ပေးမည့်
ပတ်ဝန်းကျင်လေအတွက် အနှောက်အယှက်အတားအဆီးဖြစ်နေရင် လေထဲကို Condensor ကနေအပူစီးကူးနှုန်း အပူထုတ်နှုန်း ကျဆင်းသွားမှာဖြစ်လို့
မော်တော်ကားထဲမှာ မအေးတော့တာ၊ အပူချိန်မကျဆင်းတော့တာ ဖြစ်နိုင်လို့ Condensor Coilတွေကို
ကားရေဆေးခုံတင်တိုင်း ရေပန့်နဲ့ ထိုးဆေးသင့်ပါတယ်။

Credit
#ကိုနန္ဒမိုး


H



lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html