ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားကနေ ကားပျံဆီသို့ဆက်လက်ချီတက်နေတဲ့ ကားထုတ်လုပ် ရေးကုမ္ပဏီများ

ကားကနေ ကားပျံဆီသို့ဆက်လက်ချီတက်နေတဲ့ ကားထုတ်လုပ် ရေးကုမ္ပဏီများ

ဂျာမနီအခြေစိုက် Audi နဲ့တွဲဖက်ဖြစ်တဲ့ Airbus တို့ဟာ လေပေါ်ပျံ တက္ကဆီတွေကို ဂျာမနီနိုင်ငံ Ingolstadt ရဲ့ Bavarian မြို့တစ်ဝိုက်မှာ စမ်းသပ်ဖို့ ဂျာမနီအစိုးရရဲ့ ခွင့်ပြုချက်ကိုရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ ယာဉ်ကြောကျပ် တည်းလှတဲ့ ဒီမြို့မှာ အခုလိုနည်းပညာမြင့်စမ်းသပ် ခြင်းကသာ မဝေးတော့တဲ့အနာဂတ်မှာ ပုံပေလာဖို့အတွက် အကောင်းဆုံးထောက်ပံ့မှုဖြစ်စေမယ်လို့ ဂျာမနီနိုင်ငံရဲ့လမ်းပန်း ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ကဆိုထားခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုလုပ်ဆောင်မှုက ကုမ္ပဏီအငယ်စားတွေနဲ့ တည်ထောင် ခါစ ကုမ္ပလေးတွေကို အခွင့်အလမ်းတွေဖန်တီးပေးနိုင်စွမ်းရှိလာမယ် လို့လည်း ယုံကြည်ပါကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

လေပေါ်ပျံကားတွေက လူတွေထင်ထားတာထက် ပိုမိုစောစီးစွာ ရောက်ရှိလာဖို့ နီးစပ်နေပါပြီ။ ဒါကို ပြီးခဲ့တဲ့ မတ်လမှာကျင်းပခဲ့တဲ့ ဂျနီဗာကားပြပွဲကပဲ သက်သေပြခဲ့ပြီးပြီလို့ဆိုရမှာဖြစ်ပါတယ်။ အဆိုပါ ပြပွဲမှာတော့ Audi ၊ Airbus နဲ့ Italdesign တို့က လူစီးနှစ်ယောက် အမျိုးအစား အလွန်ပေါ့ပါးလှတဲ့ ရှေ့ပြေးပုံစံယာဉ်မောင်းခန်းကို မိတ်ဆက်ပြသပေးခဲ့ပါတယ်။ ဒါကကားနဲ့ပဲဖြစ်ဖြစ် ဒရုန်းနဲ့ပဲဖြစ်ဖြစ် ချိတ်ဆက်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီအခြေ စိုက်ကုမ္ပဏီတွေဖြစ်တဲ့ Intel နဲ့ Daimler တို့ရဲ့ကျောထောက်နောက်ခံ ကိုရယူပြီး တည် ထောင်ခါစကုမ္ပဏီအဖြစ် ၀င်ရောက်လာတဲ့ Volocopter ကလည်း ဒရုန်းပုံစံလျှပ်စစ်စွမ်းအင်သုံး ဟယ်လီကော် ပတာကို မိတ်ဆက်ပြသပြီး ဖယ်ရီပုံစံအသုံးပြုနိုင်မယ်လို့ ဆိုထား ခဲ့ပါတယ်။ ဒါကိုလည်း နောက်လာမယ့် ၃ နှစ် ကနေ ၅ နှစ်အတွင်းမှာ စီးပွားဖြစ်အသုံးပြုနိုင်ဖို့ ရည်မှန်းထားခဲ့ပါတယ်။ ဒီလိုလေပေါ်ပျံ ယာဉ်ကဏ္ဍမှာနောက်မကျစေဖို့ Volvo ရဲ့ပိုင်ရှင်ဖြစ်တဲ့ Geely ကလည်း အမေရိကန်အခြေစိုက် ကားပျံထုတ်လုပ်ရေးနဲ့ပက်သတ်တဲ့ Terrafugia ကိုဝယ်ယူခဲ့ပါတယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

Writer by Car search magazin

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html