ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကုန်းဘောင်မင်းဆက်အစ အစ္စလာမ့်

"ကုန်းဘောင်မင်းဆက်အစ အစ္စလာမ့်"
             "ရာဇဝင်ရွှေဘိုမြို့"

    တတိယမြန်မာနိုင်ငံတော်ကြီးကိုစတင်
တည်ထောင်သော အလောင်းမင်တရား ကြီး
ဘွဲ့တော်ခံ ဦးအောင်ဇေယျ မင်းနေပြည်
ခေတ်အခါသာမယ၌ တောနေတရားကျင့်
အစ္စလာမ်ဘာသာဝင်"ဝလီ"သူတော်စင်
ကြီး(၄)ပါးအား ဘုရင့်အပါးခစားတဲ့ပုဏ္ဍာ
ညို ပုဏ္ဍာနီများမှ မကောင်းသော အကြံ
ဖြင့် အရှင်မင်းကြီးဦးအောင်ဇေယျအား"
"အိုအရှင်မင်းမြတ် ဤ"ပသီ"အစ္စလာမ်
ဘာသာဝင်(၄)ဦးသည် အရှင်မင်းကြီးအား
ဦးခိုက်ပန်စဉ် ရှီခိုးကန်တော့ခြင်းမရှိသည့်အ
ပြင် ဝက်သားများကိုပင်စားသုံးခြင်းမရှိဟူ
၍လျောက်ထား ကုန်းချောလေသော် အ
လောင်းမင်းတျာကြီးဦးအောင်ဇေယျ
သည် ပုဏ္ဍာနီ ပုဏ္ဍာညိုတို့မနာလိုမရှု့
စိတ်ဖြင့်လျောက်ထားကုန်းချောစကားကို
နားယောင်အမှန်ထင်၍"ဝလီ"(၄)ပါးအား
နန်တွင်းဆင့်ခေါ်မေးမြန်းစေလေသည်။
     "ထိုအခါ"ဝလီသူတော်စင်ကြီးလေးပါး
မှ ပြန်လည်လျောက် သံတော်ဦးတင်သည်
မှာ"အိုအရှင်မင်းမြတ်"အကျွန်ုပ်တို့အစ္စ
လာမ်ဘာသာဝင်များသည် အလ္လာဟ်အရှင်
မြတ်မှလွဲ၍ မည်သည့် လူပုဂ္ဂိုလ်ကိုယ်ကိုမျှ
ရှီခိုးဦးချကန်တော့ခြင်းမျိုးမပိုင်ပါ။
      "ဝက်သားကိုလည်ကျမ်းမြတ်
ကုရ်အာန်နှုတ်ကပါတ်တော်၌အလ္လာဟ်
အရှင်တားမြစ်တော်မူထားသောကြောင့်
စားသုံးမပိုင်ပါ စသည့်လျောက်ထားရှင်း
လင်း သံတော်ဦးတင်သော်လည်း ပုဏ္ဍာနီ
ပုဏ္ဍာညိုစကားနားယောင်နေသော ဘုရင့်
မင်းသည် သူတော်စင်(၄)ပါးအတင်အဓမ္မ
ဝက်သားကိုကျွေးစေ၏"ဝလီ(၄)ပါး ၎င်း
ကျွေးအသားမစားလေသော်"အမျက်
တော်ရှ ဒေါပွစေပြီး"ဘုရင့်အမိန့်ဖြင့်သတ်
မိန့်ကိုထုတ်လေ၏။

     "ဝလီ(၄)ပါးသူတော်စင်ကြီးတို့သည်
"အီမာန်နှင့်အစ္စလာမ့်အတွက် မိမိအသက်
ကိုပဓနမထားပဲ"ရှို့ဟာဒဟ်"ရှဟီဒ် အဖြစ်
သာသနာ့အာဇာနည်ဘွဲ့ကိုခံယူ၏။
     "ဝလီ(၄)ပါး"ရှဟီဒ်"ဖြစ်သွေးမြေခ
သည်နှင့် မြေထူးမြို့၌ တောင်ပူစာ(၄)လုံး
ပေါ်ထွန်းလေ၏။မဟာရွှေဘိုမြို့ကြီးလည်း
(၇)ရက် မိုးမှောင်ကြပြီး"နွေခေါင်ခေါင်
ကြီးဦအောင်ဇေယျ နန်းပြဿ     တိုက်အားမိုး
ကြိုးခွင်(ပစ်)လေ၏။
      "ထိုအခါကြမှ စိုးရိမ်ထိန့်လန့်
ကြောက်လန့်တော်မူပြီး နန်တွင်းရှိ မှုးကြီး
မတ်ရာပုဏ္ဍာတော်များကို ဆင့်ခေါ်သံ
တော်ဦးတင်စေရာ"စိတ်ဝမ်းနှလုံးကောင်း
ပုဏ္ဍာတော်များက" အို ပြည့်ရှင်မင်းမြတ်
ယ္ခုအရေးသည် အပြစ်ကင်းစင် သူတော်စင်
(၄)ပါးအား အပြစ်မဲ့စွာ သွေးမြေခ ခဲ့ရ
သည့်အတွက်ဖြစ်ကြောင်း လျောက်ထား
သံတော်ဦးတင်လေသော်"ဘုရင်မင်းက
ဤကိစ္စအရေးအဘယ်သို့ဖြေရှင်းအံ့ဟူ၍
ဗေဒင်ပုဏ္ဍာပရောဟိတ်များအားအကြံပြု
တောင်းခံလေရာ"
      "ပရောဟိတ်ပုဏ္ဍာဗေဒင်ဆရာများက
မှန်စီရွှေချဗလီ(၄)လုံးအား ၎င်းပသီမုစ်စ
လင်မ် တို့အား ယတရာချေပေးရန်လည်း
ကောင်း။ထိုခေတ်ထိုအခါရှိ"အိုလမာ"သာ
သနာ့ပညာရှင်ကြီးများ အကြံဥာဏ်ယူ၍
လည်ကောင်း "မြေထူး"မြို့ရှိ တောင်ပူစာ
(၄)လုံးပေါ်ထွန်းရာ၌"မှန်စီရွှေချသပ်ရပ်
လှပ ရှု့မငြီးဖွယ် ဗလီ(၄)လုံးအား
အလောင်မင်းတျာကြီး ဦးအောင်ဇေယျမှ
ဆောက်လုပ်လှူဒါန်း ယတရာချေခဲ့လေ
သည်။

      "ခေတ်ကာလများရွေ့လျားလာသည့်
အလျောက်"မြေထူးမြို့၌တည်ထားခဲ့သော
ဗလီ(၄)လုံးသည်။ကန့်ဘလူမြို့သို့(၁)လုံး
(အောင်မင်္ဂလာဗလီ)ရွာသစ်သို့(၁)လုံး
(မိုးဃ်ကျဗလီ)စကိုင်ရွာ၌(၁)လုံး ပြောင်း
ရွေ့ခဲ့ကြပြီး"မြေထူးမြို့၌ဗလီ(၁)လုံးသာ
ကျန်ရစ်ခဲ့လေသည်။
    "သူတော်စင်ကြီး(၄)ပါးကဗရ်တော်သည်
ယ္ခုထက်တိုင် ရွှေဘိုမြို့၌တည်ရှိလျက်ရှိပေ
သည်။

     "အို"မြန်မာ့မုစ်စလင်မ် အီမာန်ရှင်တို့
ရာဇဝင်ကို ရာဇဝင်ဟုသာ ရှု့မြင်စေလိုပါ
သည်။ဤဆောင်ပါးကိုရေးသားရခြင်းမှာ
အငြင်းဝင်အတိုက်အခံအငြင်းဝင်ရန်
မဟုတ်ပါ။စစ်မှန်၍ မြန်မာ့မုစ်စလင်မ်များ
ရှေ့ပဝေသဏီ ဘုရင့်နေပြည်တော်များ
ပုဂံ/အင်ဝ/ကုန်းဘောင်/စသဖြင့်ခေတ်အ
ဆက်ဆက်၌ဗမာ့မုစ်စလင်မ်များ ပြည်
ထောင်စုမြန်မာနိုင်တော်ကြီးအတွင်း၌ မှီ
တင်းနေထိုင်လာခဲ့ကြသည်ကို ရာဇဝင်ချီ
၍ မင်းမှုတော်များကို ဦးဆွေ့ဆံမြေ့ ထမ်း
ရွက်ခဲ့ကြကြောင်းကို နောင်လာနောင်သား
များကို အသိပေး၍သိစေလိုပေသည်။
  "မှတ်သားလိုက်ပါ ရာဇဝင်ကိုဖျောက်လျှင်
တိုင်းပြည်ပျောက်တတ်၏"

Credit - Original Uploader

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html