ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားဘရိတ်စနစ်အတွက် သိမှတ်စရာများ

ကားဘရိတ်စနစ်အတွက် သိမှတ်စရာများ
♊♊♊♊

⚠သင့်ရဲ့ကားကို မိုင်နှုန်းအများကြီးမောင်းနိုင်ဖို့၊ မောင်းရတာသက်တောင့်သက်သာရှိဖို့နဲ့ ပိုပြီးမြန်နှုန်းမြင့်မြင့်သွားနိုင်ဖို့ မဟုတ်ပေမယ့် မရှိမဖြစ် အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။
✔ဟုတ်ပါတယ်။ ဘရိတ်စနစ်ပါပဲ။
သင့်ကားရဲ့ ဘရိတ်စနစ်မှာ
¤ ဆလင်ဒါတွေ၊
¤ ဘိုစတာတွေ၊
¤ ဒရမ်တွေ၊
¤ ဘီးလုံးတွေစသဖြင့် ပွတ်မှုအားသုံးပစ္စည်းတွေအများကြီးနဲ့ ရှုပ်ထွေးစွာ တည်ဆောက်ထားသလို
▪ စပရင်တွေ၊
▪ စတီးလိုင်းတွေ၊
▪ အဆို့ရှင်တွေ(Valves)၊
▪ တစ်ခါတရံ ကွန်ပျူတာစနစ်တွေပါ ထည့်သွင်းပြီး ရှုပ်ယှက်ခတ်နေအောင် တပ်ဆင်အသုံးပြုထားပါတယ်။

ဒါတွေအားလုံးက ကားကို ဘေးကင်းလုံခြုံစွာ ရပ်တန့်နိုင်ဖို့တစ်ခုထဲအတွက် ဖြစ်ပါတယ်။

♧ ယနေ့ခေတ်မှာ လေခွင်းအားကောင်းတဲ့ ကားဒီဇိုင်းတွေကြောင့် လီဗာပေါ်က ခြေထောက်လွှတ်လိုက်ရုံနဲ့ အရှိန်ကို သိသိသာသာလျော့ကျ မသွားစေနိုင်ပါဘူး။

♧ ဒါ့အပြင် ခေတ်ပေါ်ကားအများစုဟာ ရှေ့ဆွဲကားအမျိုးအစားတွေဖြစ်တာကြောင့် ရှေ့ဘရိတ်တွေ ချို့ယွင်းမှုမရှိပဲ အလုပ်လုပ်နိုင်မှုအပေါ်မှာ (၈၀)ရာခိုင်နှုန်းလောက် မူတည်နေပါတယ်။
 ဘရိတ်နည်းပညာရဲ့ ခေတ်မှီတိုးတက်လာမှုကြောင့် လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကထက် ပိုပြီးသေးငယ်ပေါ့ပါးတဲ့ ဘရိတ်အစိတ်အပိုင်းတွေကို အသုံးပြုလာကြပြီး အရင်တုန်းက ဘရိတ်စနစ်တွေထက် ရာဂဏန်းနဲ့အထက်ရှိတဲ့ အပူချိန်မှာ လုပ်ငန်းလုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

ဒီလို ရှုပ်ထွေးမှုတွေနဲ့ ဘရိတ်နည်းပညာတွေကြောင့် ကားဘရိတ်ပြုပြင်ထိန်းသိမ်းမှုတွေနဲ့ ပြင်ဆင်ရေးကိစ္စတွေကို အတွေ့အကြုံရှိ ကျွမ်းကျင်သူတွေကပဲလုပ်ဆောင်နိုင်ပါတယ်။
 ဒါ့ကြောင့် ကားတစ်စီးလုံးမှာ အခန့်မသင့်ရင် သင့်ရဲ့အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်လောက်တဲ့ ဘရိတ်စနစ်ကို အချိန်မှီ ပြုပြင်ထိန်းသိမ်းနိုင်ဖို့ ဘရိတ်ချို့ယွင်းမှုလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

⛔၁။ ဘရိတ်သတိပေးမီးလင်းနေခြင်း
⛔၂။ ဘရိတ်နင်းလိုက်ချိန်မှာ တပြေးညီရပ်တန့်သွားရမယ့်အစား တစ်ဖက်ဖက်ကို ဆွဲနေခြင်း
⛔၃။ ဘရိတ်နင်းလိုက်ချိန်တွင် ဆောင့်ရပ်သွားခြင်း
⛔၄။ ဘရိတ်နင်းချိန်တွင် အသံမျိုးစုံထွက်နေခြင်း
⛔၅။ ဘရိတ်ခြေနင်းလေးပြီး နင်းရခက်နေခြင်း
⛔၆။ ဘရိတ်ကို တော့ ပေးမှ ပုံမှန်အလုပ်လုပ်ခြင်း
⛔၇။ ခရီးတိုလေးမောင်းနှင်ရာမှာ ဘီးတွေ အပူလွန်နေခြင်း
⛔၈။ ဘီးတစ်ခုခု သို့မဟုတ် အင်ဂျင်အစိတ်အပိုင်းများအနီးမှာ ဘရိတ်ဆီများ ယိုစိမ့်နေခြင်း
⛔၉။ ဘရိတ်ဆီ နည်းနေပြီး အလွန်ညစ်ပတ်နေခြင်း။
သင့်ကားရဲ့ ဘရိတ်နဲ့ ပတ်သက်ပြီး ဒီလက္ခဏာတွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ ကျွမ်းကျင်သူဆီမှာ အမြန်ဆုံး ပြုပြင်ထိန်းသိမ်းမှုလုပ်ဆောင်ပေးသင့်ပါတယ်။



Crefitကားချစ်သူ
Credit 》》
MoeZac Auto






Goodluck

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html