ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားဘော်ဒီသံချေးတက်ခြင်းမှဘယ်လိုကာကွယ်မလဲ

" ကားဘော်ဒီသံချေးတက်ခြင်းမှဘယ်လိုကာကွယ်မလဲ "


ကားပိုင်ရှင်တိုင်းလိုလိုကြုံတွေ့ရတဲ့စိတ်ပျက်စရာပြသနာကတော့ကားဘော်ဒီသံချေးတက်ခြင်းပါ။ ကားကိုကြည့်မကောင်းရှုမကောင်းဖြစ်စေတတ်သလိုအခြေအနေဆိုးရွားလာပါကကားဘော်ဒီအသား ပဲ့ထွက်ခြင်းတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ကိုယ့်ကားကိုကိုယ်သေချာထိမ်းသိမ်းစောင့်ရှောက်ပြီး မဖြစ်ခင်ကကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ပါမှကားဘော်ဒီသံချေးတက်ခြင်းပြသနာကိုရှောင်ရှားနိုင် မှာပါ။


သံချေးမပျံ့ခင်ကြိုတင်ရှင်းလင်းပါ


သံချေးတစ်နေရာလေးမှာစတက်လာပြီဆိုရင်နေရာတစ်ဝိုက်မှာသံချေးတွေကူးစက်ပျံ့နှံ့လာစေတတ် ပါတယ်။ဒါ့ကြောင့်ဒီလိုမပျံ့နှံ့သွားခင်ရှာဖွေတွေ့ရှိထားပါမှငွေအကုန်အကျနည်းနည်းနဲ့သံချေးပြသနာ ကိုဖြေရှင်းနိုင်မှာပါ။သံချေးကွက်သေးသေးလေးပါဆိုပြီးအထင်တော့မသေးလိုက်ပါနဲ့။အချိန်တိုအတွင်း မှာဘေးပါတ်ပါတ်လည်ကသံအကောင်းတွေကိုကူးစက်ပြီးသံချေးတွေပျံ့နှံ့လာနိုင်တဲ့အတွက်သင့် ကားဘော်ဒီမှာသံချေးရှိမရှိမကြာခဏစစ်ဆေးနေပါ။ကားဘော်ဒီအပြင်ဘက်ကသံချေးတွေကပဲအရေး ကြီးတာမဟုတ်ပါ။ကားဘော်ဒီအောက်ပိုင်းမှာသံချေးတွေတက်လာရင်လည်းပြသနာကြီးတစ်ခုဖြစ်လို့ သင့်ကားတစ်ကားလုံးကိုစစ်ဆေးပါ။


ပုံမှန်ကားရေဆေးပါ


ကားကြီးညစ်ပတ်ပြီးရုပ်ဆိုးလာမှရေဆေးတာမျိုးမလုပ်ပဲပုံမှန်တစ်ပါတ်တစ်ကြိမ်လောက်ကားရေဆေး ပေးသင့်ပါတယ်။ဒီလိုကားကိုပုံမှန်ရေဆေးပေးပါမှကားပေါ်မှာကပ်နေတဲ့သံချေးတက်စေမယ့် အရာတွေကိုသံချေးမတက်စေခင်မှာဖယ်ရှားပြီးသားဖြစ်သွားမှာပါ။ဆီတွေပေစွန်းနေတာမျိုးတွေကနေ လည်းသံချေးတွေတက်လာစေလို့ပေစွန်းနေတာတွေကိုပုံမှန်ဖယ်ရှားပေးခြင်းအားဖြင့်သံချေးတက်ခြင်း မှကာကွယ်နိုင်မှာပါ။ကားဘော်ဒီအောက်ပိုင်းကိုလည်းသေချာဆေးပေးရပါမယ်။ဆေးကြောတဲ့အခါ Baking soda မုန့်ဖုတ်ဆော်ဒါအနည်းငယ်ထည့်ပြီးဆေးကြောပေးရင်ပိုထိရောက်ပါတယ်။


Wax တစ်နှစ်မှာ၂ကြိမ်ခန့်လုပ်ပါ


ကားကိုwax လုပ်တာဖရောင်းသွင်းတာဟာကားကိုတောက်ပြောင်ပြီးလှပနေစေရုံတင်အကျိုးပြုတာ မဟုတ်ပါဘူး။ကားဆေးရောင်မှိန်ခြင်းကိုလည်းကာကွယ်ပေးနိုင်သလိုသံချေးတက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ဒါ့ကြောင့်တစ်နှစ်ကိုအနည်းဆုံး၂ကြိမ်ခန့်တော့waxingလုပ်ပေးသင့် ပါတယ်။


Rust arrestor အသုံးပြုခြင်း


ကိုယ့်ကားမှာသံချေးနဲနဲစတက်လာတာတွေ့ပေမယ့်ကိုယ်ကဆိုင်သွားပြီးသံချေးချွှတ်ဖို့ကအဆင်မပြေ သေးဘူးဆိုံရင် rust arrestor အသုံးပြုပြီးသံချေးမပျံ့နှံ့အောင်လုပ်ထားလို့ရပါတယ်။ကားပစ္စည်း အရောင်းဆိုင်တွေမှာအလွယ်တကူရရှိနိုင်သလိုအသုံးပြုရလည်းအင်မတန်လွယ်ကူပါတယ်။ rust arrestor ကိုစုတ်တံလေးအသုံးပြုပြီးသံချေးတက်နေတဲ့နေရာတစ်ဝိုက်ကိုသုတ်ပေးပါ။သေချာခြောက် သွားပြီဆိုတော့မှထုတ်စီးပါ။နေရောင်ထဲမှာထုတ်ထားရင်မြန်မြန်ခြောက်ပါတယ်။


ရေဝပ်သောနေရာတွင်ကားမရပ်ပါနဲ့


ရေထိပါများရင်သံချေးတက်လွယ်လာပါတယ်။ဒါ့ကြောင့်ကားကိုရပ်မယ်ဆိုရင်ရေမဝပ်တဲ့နေရာမျိုး တွေမှာသာရွေးပြီးရပ်ပါ။ကုန်းမြင့်ပိုင်းတွေမှာကားကိုရပ်တာစိတ်အချရဆုံးပါ။

Writer by
================================
Euro NIppon
Car Sale Center

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html