ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကအ်ဗဟ်ကျောင်းတော်၏ ထိုထောင့်ကို 'ရုက်နေယမာနီ'

#ရုက်နေယမာနီ

🍂🍂🍂🍂🍂🍂

ကအ်ဗဟ်ကျောင်းတော်၏ ထိုထောင့်ကို
'ရုက်နေယမာနီ' ဟုခေါ်ဆိုရခြင်းမှာ
ဤထောင့်၏မျက်နှာချင်းဆိုင်တွင် ယီမင်
မြို့ တည်ရှိသောကြောင့်ဖြစ်သည်။

'ရုက်နေယမာနီ' ထောင့်သည် 'ဟဂ်ျရေ
အဆ်ဝသ်'ကျောက်ရှိရာနံရံ၏ မျက်နှာ
ချင်းဆိုင်တွင်တည်ရှိသည်။
ထိုထောင့်သည် အိဗ်ရာဟီမ်(အ)လက်
ထက်ကဆောက်လုပ်ခဲ့သည့် အုတ်မြစ်
ပေါ်တွင်တည်ရှိနေသဖြင့် ကိုယ်တော်
မြတ်(ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လာမ်)
သည် ထိုထောင့်ကို 'အိစ်တေလာမ်'
လုပ်ခဲ့ကြောင်းဟဇ်ရသ်အဗားစ်(ရသွေ့)
က ဆင့်ပြန်ထားခဲ့သည်။

(သိရ်မေဇီဟဒီစ် အမှတ်-၈၅၈)

ရှိုင်က်ဖေရို့စ်အာဗာဒီက 'အိစ်တေလာမ်'
ဆိုသည်မှာ တစ်စုံတစ်ခုကို လက်ဖြင့်
ထိကိုင်ခြင်း(သို့)နမ်းရှုံ့ခြင်းကို ရည်ရွယ်
ပြောဆိုခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြ
ခဲ့သည်။

(ကာမူစွလ်မူဟီသွ်)

သို့သော် တမန်တော်မြတ်(ဆွလ္လလ္လာဟ်
ဟုအလိုင်ဟိဝစလ္လာမ်)သည်'ရုက်နေယမာနီ' ကိုလက်ဖြင့်ထိကိုင်ခဲ့သောကြောင့်
၎င်းထောင့်ကိုထိကိုင်ခြင်းသည် စွန္နသ်
ဖြစ်သည်။

အကယ်၍ ထိုနေရာတွင် လူများစုပြုံတိုး
ဝှေ့နေပါက လက်ဖြင့်သွားရောက်ထိ
ကိုင်ရန် အလွန်အမင်း မကြိုးစားသင့်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုသို့ထိကိုင်
ခြင်း စွန္နသ်တော်သာဖြစ်သည်။

တမန်တော်မြတ်(ဆွလ္လလ္လာဟ်ဟုအလိုင်
ဟိဝစလ္လာမ်)က ရုက်နေယမာနီနှင့်
ဟဂ်ျရေအဆ်ဝသ်ကျောက်ကို
အိစ်တေလာမ် ပြုလုပ်ကြပါ။
ဤသို့အားဖြင့် ပြစ်မူ့များကို ပပျောက်
စေ၏။

'ရုက်နေယမာနီ'ထောင့်ကို ထိကိုင်ပြီး
နောက် ဒိုအာပြုပါကဒိုအာလက္ခံကဘူလ်
ဖြစ်မည်ဖြစ်ကြောင်း ဟဇ်ရသ်မူဂျာဟစ်
(ရဟ)က မိန့်တော်မူခဲ့သည်။

'ရုက်နေယမာနီထောင့်နှင့်ဟဂ်ျရေအဆ်ဝသ်ကျောက်တုံး'အကြားဖြတ်ကျော်
သည့်အချိန် (စူရဟ်ဘကရာ-၂၀၁)
ပါ ဒိုအာကိုတောင်းဆိုခြင်း ကိုယ်တော်
မြတ်(ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လာမ်)၏စွန္နသ်တော်ဖြစ်သည်။

(ဒိုအာကို ပုံတွင်ကြည့်ရှု့ပါရန်)

Writer by
Thar Chaw

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html