ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services
ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်
မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.
မတ်စ်ဂျေဒေဟရာမ်ဝတ်ကျောင်းတော် ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း
#မတ်စ်ဂျေဒေဟရာမ်ဝတ်ကျောင်းတော်
ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း
🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀🏀
#ဗိုင်သုလ်မအ်မူးရ် သည် မိုးကောင်းကင်
စတုတ္ထထပ်တွင်ရှိ၍ ဖရစ်ရှ်သဟ်များ
အေဗာဒသ်ပြုရာ နေရာဖြစ်၏။
ကျောက်စိမ်း(သို့)ပတ္တမြားဖြင့် တည်ဆောက်ထား၏။
(သဖ်စီရ်ဟုစိုင်နီတွဲ၁/စာ၅၄၀-ပါရာ၁၃)
#မအ်မူးရ် ၏အဓိပ္ပါယ်မှာ စည်ကားသိုက်
မြိုက်ခြင်းဟုရ၏။ဖရစ်ရှ်သဟ်ကောင်း
ကင်တမန်များ စဉ်ဆက်မပြတ်ဝင်ထွက်
နေခြင်းကြောင့် စည်ကားသိုက်မြိုက်
လျက်ရှိရာ ၎င်းကို #ဗိုင်သုလ်မအ်မူးရ်
ဟု၍ခေါ်တွင်၏။
(သဖ်စီရ်ဟုစိုင်နီတွဲ၁/စာ၅၄၀-ပါရာ၁၃)
အလ္လာဟ်ဟုအသျှင်မြတ်သည် တမန်တော်အာဒမ်(အလိုင်ဟိစလာမ်)
အား မြေပထဝီသို့ဆင်းသက်စေသော
အခါ အာဒမ်(အ)သည် အသျှင်မြတ်အား
ဤသို့လျောက်ထားခဲ့လေသည်။
'အို အလ္လာဟ်ဟုအသျှင်မြတ်
ကျွန်တော်မျိုးသည် အသျှင်မြတ်၏
#နူးရ် ရောင်ခြည်တော်ကို ခံစားရပါသော
ကြောင့် ကျွန်တော်မျိုးအသျှင်မြတ်အား
အေဗာဒသ်ခဝပ်ကိုးကွယ်ဆည်းကပ်မူ့
ပြုရန် လိုလားလျှက်ရှိပါကြောင်း'
လျောက်ထားခဲ့လေသည်။
အသျှင်မြတ်သည် ဗိုင်သုလ်မအ်မူးရ်ကို
ဗိုင်သုလ္လာဟ်၏အုဋ်မြစ်ပေါ်တွင်ချပေး
တော်မူခဲ့သည်။အသျှင်မြတ်သည်
အာဒမ်(အ)အား ၎င်းဗိုင်သုလ်မအ်မူးရ်ကို
သဝါဗ်လှည့်ပတ်ရန် အမိန့်ပေးတော်မူခဲ့
သည်။
ဗိုင်သုလ်မအ်မူးရ်ကို တမန်တော်နူးဟ်
(အလိုင်ဟိစလာမ်)၏ ခေတ်သမယတွင်
မိုးကောင်းကင်ပေါ်သို့ပြန်လည်မ ယူ
တော်မူခဲ့သည်။
(ရှေဖာအုလ်ဂိရားမ်ဘိအီစ်ဗာရိဗလာဒိလ်
ဟရာမ် တွဲ ၁/စာ ၁၄၉)
အလ္လာဟ်ဟုအသျှင်မြတ်သည် ဗိုင်သုလ္လာဟ်ကို မိုးကောင်းကင်မှပို့
ဆောင်သောအခါတွင် ၎င်းဗိုင်သုလ္လာဟ်
၌ တံခါးပေါက်(၂)ပေါက် ပါရှိ၏။အရှေ့
ဖက်တွင်တစ်ပေါက် အနောက်ဖက်တွင်
တစ်ပေါက် ပါရှိ၏။
(ရူဟူလ်မအနီ တွဲ၁/စာ ၃၈၄)
တမန်တော်အိဗ်ရာဟီးမ်(အလိုင်ဟိစလာမ်)လက်ထက်တွင် တောင်၅လုံး၏
ကျောက်များဖြင့် ပြန်လည်တည်ဆောက်
ခဲ့သည်။
(၁)ဟိရာအ်တောင်
(၂)သူရ်ရေစီနာတောင်(ပါလက်စတိုင်း)
(၃)ဇိုင်သူးန်တောင်(ဗိုင်သုလ်မုက္ကဒစ်)
(၄)လဗ်နားန်တောင်
(၅)ဂျူဒီတောင်  တို့မှကျောက်များဖြင့်
ဆောက်လုပ်ခဲ့သည်။
တမန်တော်အိဗ်ရာဟီးမ်(အ)ဆောက်လုပ်ခဲ့သော ဗိုင်သုလ္လာဟ်၏အလျားမှာ
(၉)တောင် အနံမှာရူက်နေယမာနီမှ
ရူက်နေရှာမီ အထိ အနံ(၃၂)တောင်ရှိ
သည်။
ရူက်နေရှာမီအနီးတွင် ဟဂ်ျရေအဆ်ဝဒ်
ကိုတပ်ဆင်ခဲ့သည်။ဗိုင်သုလ်လ္လာဟ်ကို
အဝိုင်းတည်ဆောက်ခဲ့သည်။
ကိုရိုက်ရှ်တို့မှ ပြန်လည်တည်ဆောက်
လာသောအခါ လေးထောင့် ထောင့်ချိုး
လေးချိုးဖြင့်တည်ဆောက်ခဲ့သည်။
(ရှေဖာအုလ်ဂိရာမ် တွဲ၁/စာ၁၁၅,၁၁၆)
ဗိုင်သုလ်လ္လာဟ်၏ လေးဘက်လေးတန်
ကို ဟရာမ်နယ်နိမိတ်အဖြစ်သတ်မှတ်
ရခြင်းအကြောင်းမှာ
(၁)တမန်တော်အာဒမ်(အ)မြေပြင်ပေါ်
သို့ ဆင်းသက်လာသောအခါ မိမိနှင့်
စပ်လျဉ်း၍ ရှိုက်သွာန်အားစိုးရိမ်ကြောက်
ရွံ့မူ့ရှိနေခဲ့သည်။အသျှင်မြတ်ထံခိုလူံ
ခွင့်တောင်းခံခဲ့သည်။အသျှင်မြတ်က
ဖရစ်ရှ်သဟ်များအား အာဒမ်(အ)ကို
ဖရစ်ရှ်သဟ်တို့ ဖြန့်ကျက်စောင့်ရှောက်
ခဲ့သောနယ်နိမိတ်ကို #ဟရာမ် နယ်နိမိတ်အဖြစ် သတ်မှတ်ခဲ့သည်။
(၂)တမန်တော်အိဗ်ရာဟီးမ်(အလိုင်ဟိ
စလာမ်)မှ ဟဂ်ျရေအဆ်ဝဒ်ကို ဗိုင်သုလ်လ္လာဟ်၌တပ်ဆင်သောအခါ
ဟဂ်ျရေအဆ်ဝဒ်မှ နူးရ်အလင်းရောင်
တစ်ခုထွက်ပေါ်လာခဲ့သည်။၎င်းအလင်း
ရောင်ကြောင့် လေးဘက်လေးတန်လင်း
ဝင်းသွား၏။ဟဂ်ျရေအဆ်ဝဒ်မှ အလင်း
ရောင်ထွက်ပေါ်ရောက်ရှိသည့်နေရာအထိအား #ဟရာမ် နယ်နိမိတ်အဖြစ်
သတ်မှတ်တော်မူ၏။
(၃)အလ္လာဟ်ဟုအသျှင်မြတ်သည်
မိုးကောင်းကင်နှင့်မြေပထဝီတို့အား
#အသင်တို့ကျေနပ်လျှက်လာကြကုန်လော့(သို့) #မကြည်မသာပြန်လာကြကုန်လော့
ဟူ၍မိန့်တော်မူသောအခါ မိုးကောင်း
ကင်နှင့်မြေပထဝီတို့က
#ကျွန်ုပ်တို့ကြည်ကြည်သာသာကျေကျေနပ်နပ်လာကြပါသည် ဟူ၍ဖြေကြား
ခဲ့ကြ၏။
အလ္လာဟ်ဟုအသျှင်မြတ်၏မိန့်မြွက်ချက်
ကို မြေကြီးများထဲမှ #ဟရာမ် နယ်မြေရှိ
မြေကြီးများကသာပြန်လည်ဖြေကြားခဲ့
သည်။ဤအတွက်ကြောင့် ၎င်းနယ်နိမိတ်
ကို ရိုသေလေးစားစောင့်သိအပ်သော
#ဟရာမ်နယ်နိမိတ် အဖြစ်သတ်မှတ်
ခဲ့သည်။
(ရှေဖာအုလ်ဂိရာမ် တွဲ၁/စာ ၈၅)
တမန်တော်အာဒမ်(အလိုင်ဟိစလာမ်)
သည် ဟဂ်ျပေါင်း(၄၀)အား အိန္ဒိယနိုင်ငံ
မှ ခြေလျင်ခရီးဖြင့် ပြုလုပ်ခဲ့သည်။
အာဒမ်(အ)ဟဂ်ျပြုရန်လာစဉ် ဖရစ်ရှ်သဟ်များသည် မိုင်ပေါင်း(၄၀)မှ
ခရီးဦးကြိုလေ့ပြုခဲ့ကြသည်။
(ရူဟူလ်မအ်နီ တွဲ၁/စာ ၃၈၄)
Writer by
  Thar Chaw
No comments:
lasted post in this site, touch on header
ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း
Html