ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

လျှပ်​စစ်​နှင့်​ပတ်​သတ်​​သော (အပိုင်း - ၇ )

မင်္ဂလာပါခင်​ဗျာ။

လျှပ်​စစ်​နှင့်​ပတ်​သတ်​​သော အ​မေး၊အ​ဖြေများ (အပိုင်း - ၇ )

301, IR Test ကို Machine ပူနေချိန်တွင် တိုင်းတာသင့်သော အကြောင်းကိုပြောပြပါ။
o ပူနေသောအချိန်တွင် Insulation ကျဆင်းသောကြောင့် ထိုအချိန်တွင် တိုင်းတာသောအခါ အမှန်တကယ်ရှိနေသော Insulation IR တန်ဖိုး ( သို့) အနီးစပ်ဆုံးတန်ဖိုးကို ရနိုင်သောကြောင့် Insulation Test ကို Machine ပူနေသောအချိန်တွင် တိုင်းတာသင့်သည်။

302, Diode ဆိုတာဘာလဲ ?
- A.C မှ D.C သို့ပြောင်းလဲပေးသော ကိရိယာ ဖြစ်သည်။
- Current အား Anode မှ Cathode သို့သာစီးစေသည်။
- Rectifier များတွင် သုံးသည်။

303, Excitation ဆိုတာဘာလဲ ?
- Generator မှ လိုအပ်သော Out-Put A.C Vtg; ထွက်လာစေရန် ယင်း၏ Rotor Field Winding သို့ Correct    D.C Current ဖြင့် Supply and Control လုပ်ပေးခြင်းဖြစ်သည်။
- Constant Rate Of Magnetic Flux ထုတ်ပေးနိုင်သောကြောင့် D.C ကိုသုံးသည်။

304, Generator Rated RPM မရသော အကြောင်းအရင်းတွေက ဘာတွေလဲ ?
1. Governor မကောင်းသောကြောင့်
2. Fuel Rack များကပ်နေသောကြောင့်
3. Fuel မကောင်းသောကြောင့်၊ ဆီထဲလေခိုနေသောောကာင့်၊ ဆီထဲရေပါနေသောကြောင့်
4. Fuel v/v Defective ဖြစ်နေသောကြောင့်
5. Fuel Pump Timing မမှန်သောကြောင့်
6. Turbocharger Defective ဖြစ်နေသောကြောင့် ဖြစ်သည်။

305, Generator လည်တယ်မနိုးဘူး၊ လေတွေ ဆီတွေကြောင့် မဟုတ်ဘူး ဘာ့ကြောင့်ဖြစ်နိုင်သလဲ ?
- Indicator Cock များပွင့်နေသောကြောင့်
- Turbocharger Defect ဖြစ်နေသောကြောင့်
- Fuel Pump Timing မှားနေသောကြောင့်
- Safety Interlock များ ငြိနေသောကြောင့်
- Overspeed Trip ဖြစ်ပြီး Reset ပြန်မလုပ်မိသောကြောင့် ။

306, M/E နဲ့ G/E တို့ Over speed Trip ဘယ်လောက်မှာ ဖြစ်လဲ ?
- G/E က 15% Of Normal Speed တွင် Over Speed Trip ဖြစ်သည်။
- M/E က 20% Of Normal Speed တွင် Over Speed Trip ဖြစ်သည်။

307, ICCP ဆိုတာဘာလဲ ?
         ICCP ရဲ့ အဓိပ္ပါယ်အရှည်က ( Impressed Current cathodic  Protection )
 ICCP ဆိုတာ သင်္ဘောရေထဲက Hull ရဲ့ သတ္တု ( Metal ) ကို မစားရအောင် ကာကွယ်ပေးတဲ့နည်းဖြစ်ပါတယ်။
 Hull ကို Protect လုပ်တဲ့နည်း (၃) နည်း ရှိပါတယ်။
i. Paint ( ဆေးသုတ်သောနည်း )
ii. Zince Anode တွေတပ်ထားတဲ့နည်း
iii. ICCP System သုံးသောနည်း

308, ICCP အလုပ်လုပ်ပုံကို ပြောပြပါ။
- Electro Chemical Action ကြောင့် Ship ရဲ့ Hull မှာ ( Corrosion ) ပွန်းစားခြင်းဖြစ်တယ်။
- အဲဒီအတွက် Hull ကို တူညီတဲ့ Voltage ပြန်ထုတ်ပေးတယ်။
- Equal Voltage က Corrosion ဖြစ်ခြင်းကို Forced နဲ့ရပ်စေတယ်။
- အရင်ဆုံး References Cell Anode နဲ့ သင်္ဘော Hull ကဆေးသုတ်ထားတာ ကွာတဲ့အလွှာက Cathode ဒါတွေကို ပင်လယ်ရေ Electrode တွေကြောင့် စားတဲ့ Voltage တွေကို Controller ဆီသို့ Amplify လုပ်ပြီး Signal ပို့ပေးတယ်။
-  အဲဒါကို ICCP Control Box ကနေ Receive လုပ်ပြီး Equal Voltage ပြန်ပို့ပေးတယ်။
- သင်္ဘောရဲ့ရှေ့တွေ နောက်တွေမှာနဲ့ အလယ်တွေမှာတပ်ထားတဲ့ Anode တွေနဲ့ Hull Body ဆီကိုပေးတဲ့ Power ကို Controller က A.C to D.C သို့ ပြောင်းပေးထားပါတယ်။
မှတ်ချက် ။    ။ စားစေချင်သောအရာကို Anode ထားတယ် ။
                   ကာကွယ်ချင်တဲ့အရာကို Cathode ထားတယ်။

309, MGPS ရဲ့အရှည်အဓိပ္ပါယ်ကဘာလဲ၊ သူက ဘာလုပ်ပေးတာလဲ ?
 M.G.P.S ( Marine Growth Protection System )
 ၄င်းသည် Sea Chest တွေ Piping System ထဲကို Marine Growth အကောင်တွေ ခရုတွေမဝင်အောင်
တားပေးထားတာ ဖြစ်တယ်။
 အကယ်၍ ထိုအကောင်တွေဝင်လာရင် Pipe တွေပိတ်မယ်၊ Engine ပိုရုန်းရမယ်၊ Heat တက်လို့ သူက
Electrolysis Action ကိုသုံးထားတာဖြစ်တယ်။
 Sea Chest ထဲကို Anode တွေထည့်ပြီး Small Current ကို လွှတ်ထားတယ်။ ရေကို Ionized ဖြစ်အောင်    လုပ်ခြင်း ဖြစ်သည်။
 တစ်ချို့သင်္ဘောတွေမှာ Electrolysis Tank ကနေ သီးသန့်လွှတ်ပေးထားပါတယ်။
မှတ်ချက် ။      ။ In Port နဲ့ Anchor တွေမှာလဲ (Power ON) ထားရမည်။

310,   Limit Switch အကြောင်းပြောပြပါ။
 Limit Switch သည် စက်ရုံလုပ်ငန်း Crane များ ၊ Winch များ၊ Water Tie Door များတွင် အလွန်အသုံးဝင်သည်။
 ၄င်းသည် ကြိုတင်သတ်မှတ်ထားသော ကန့်သတ်သည့် အပိုင်းနေရာသို့ ရောက်လျင် ၄င်း၏ Contact များကို Cam များမှတဆင့်  Actuate လုပ်စေရန် တည်ထွင်ထားသည်။
 လူတို့၏ ( Operator ) ကိုယ်စား အလုပ်လုပ်သည်။
 Machine Process များ၏ Starting, Stopping, Reversal Of Motor, တို့ကိုထိန်းချုပ်ရန် အသုံးပြုသည်။
 Limit Switch ကို အရာဝတ္ထုတစ်ခုအား ထိတွေ့ပွတ်တိုက်စေခြင်းဖြင့် ၄င်း၏ Out Put ကိုပြောင်းလဲပေးသော Mechanical Actuator In Put အဖြစ်အသုံးပြုသည်။
 Limit Switch တွင် Control Circuit နှင့် ဆက်သွယ်ရန် Normally Close ( NC) နှင့် Normally Open ( NO ) Contact Points များပါရှိသည်။

311, Limit Switch ဘယ်နှစ်မျိုးရှိသလဲ ?
 Limit Switch ( ၂ ) မျိုးရှိပါတယ်။
i. Momentary Limit Switch
ii. Maintained Limit Switch တို့ဖစ်သည်။
   
    1, Momentary Limit Switch ။     ။ Spring Return Limit Switch ဟုလည်းခေါ်သည်။ ၄င်းသည် Sensing လုပ်နေ
                                              သော Object မှ Actuator ကို Release လုပ်လိုက်သည်နှင့် Normal State သို့
        ပြန်ရောက်အောင်သွားနိုင်သည့် Switch မျိုးဖြစ်သည်။

    2, Maintained Limit Switch ။     ။ ၄င်းသည် Sensing လုပ်နေသော Object မှ Actuator ကို Release လုပ် လိုက်
                                            သော်လည်း Actuator Position မှာပဲ ဆက်ခက်တည်ရှိနေသော Switch မျိုးဖြစ်သည်။
    
312, G/E နဲ့ M/E  မှာ Sump Level ကိုဘာနဲ့တိုင်းလဲ ?
• G/E မှာ Sump Level ကို Dip Stick နဲ့တိုင်းသည်။
• M/E မှာ Sump Level ကို Sounding Tape နဲ့တိုင်းသည်။

313, Generator ကဘာထုပ်ပေးသလဲ ? အလုပ်လုပ်ပုံကို ပြောပြပါ။ ?
- Generator က A.C  440 V ထုတ်ပေးတယ်။ ( Alternate Current )
- Compress Air နှင့် Engine Starting လုပ်ပြီး Engine လှည်ပတ်မှုအားနှင့် လျှပ်စစ်ထုတ်ပေးပါတယ်။

314, E/R ခန်းမီးမလောင်အောင် ဘာတွေလုပ်မလဲ ? ဘယ်လိုကာကွယ်မလဲ ?
- အလုပ်သိမ်းလျင် ဆီကြွင်းဆီကျန်များကို သိမ်းမည် Wast Oil TK ထဲထည့်မည်။
- ဆီစိုနေသော အဝတ်စ ဂျွတ်စတွေကို Bucket ထဲထည့်ပြီး အဖုံးဖုံးထားမယ်။
- E/R ထဲမှာယိုကျနေတဲ့ ဆီတွေ Tray ထဲမှ ဆီတွေကို သုတ်ပေးမယ်။

315, E.C.R ဓါတ်မလိုက်အောင် ဘာတွေလုပ်ထားမလဲ ?
- Earth ချထားမယ်။
- Rubber Sheet (Mat ) ခင်းထားမယ်။

316, A.C ကဘာသုံးလဲ D.C ကဘာသုံးလဲ ? ဘာ Voltage အမျိုးအစားတွေလဲ ?
o A.C 440 V ကို Electric Motro တွေမောင်းရန်၊  A.C 220 V နှင့် 110 V  တွေကတော့ Lighting အတွက်သုံးပါတယ်။
o D.C ကိုတော့ Emergency Light ၊ Telephone နှင့် Emergency Equipment တွေမှာ သုံးပါတယ်။

317, Docking မှာ F.O TK (သို့) D.O TK Cleaning လုပ်မယ်ဆို ဘာတွေအရင်လုပ်ရမလဲ ?
- Hot Work and Entry In Enclose Space Permit ယူမယ်။
- Ventilation လုပ်မယ်။
- မီးလောင်နိုင်တဲ့ Gas ရှိ မရှိ Test လုပ်မယ်။
- Fire Watch ထားမယ်။
- မီးသတ်ဆေးဘူး မီးသတ်ပိုက် အသင့်ပြင်ထားမယ်။
- B.A Set, Walkie-talkie ယူထားမယ်။

318, Training Manual ဘယ်မှာရှိလဲ ၊ ဘာတွေပါလဲ ?
- Mass Room နှင့် Smoking Room တွေမှာရှိပါတယ်။ L.S.A ,  F.F.A နှင့် Alarm Signals တွေပါ ပါတယ်။

319, Co2  System က ဘာတွေသုံးဖို့ ထားတာလဲ ?
- E/R Fire ဖြစ်ရင် သုံးတယ်။ Cargo Hold Fire ဖြစ်ရင်သုံးတယ်။

320, Fuse နဲ့ Breaker ဘာကွာလဲ ?
- Fuse သည် ပြတ်တောက်ပြီးသွားလျင် သုံး၍မရ။
- Breaker သည် Trip ဖြစ်ပြီးလျင် Reset လုပ်ကာ ပြန်သုံးလို့ ရသည်။

321, Personal Protective Equipment ( PPE ) တွေကို ဘယ်လိုအုပ်စု အမျိုးအစား ခွဲထားလဲ ?
1. Head Protection
2. Hearing Protection
3. Face And Eye Protection
4. Respiratory Protection
5. Hand And Foot Protection
6. Body Protection
7. Protection Against Drowning And Hypothermal ဆိုပြီး ခွဲခြားထားပါတယ်။

322, Marpol  73/78 ၏ အဓိက Annexes (4) ခုကိုပြောပြပါ။
 Annex i   -  Regulation For The Prevention Of Pollution By Oil
 Annex iv  -  Regulation For Prevention Of Pollution By Sewage
 Annex v   - Regulation For Prevention Of Pollution By Garbage From Ship
 Annex vi  -  Regulation For Prevention Of Pollution By Emission From The combustion Of fossil Fuel

323, Steam ရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလဲ ?
- F.O TK တွေကို အပူပေးခြင်း၊ Heater သုံးခြင်း၊ Tanks တွေကို Cleaning လုပ်ဖို့၊ Warming ပေးခြင်း
စတာတွေလုပ်နိုင်ပါတယ်။

324, Electrican တစ်ယောက်အနေနဲ့ Shock မဖြစ်အောင် ဘာတွေလုပ်မလဲ ?
1. Switch Off လုပ်မယ်
2. Breaker ချမယ်
3. Fuse ဖြုတ်မယ်
4. Lock And Tag လုပ်မယ်
5. Rubber ပြားအေါ်မှာ အလုပ်လုပ်မယ်
6. ခန္ဓာကိုယ်ခြောက်သွေ့နေရမယ်
7. Safety Shoe စီးမယ်
8. Insulation လက်အိတ်ဝတ်မယ်
9. Insulation လုပ်ထားတဲ့ Tools ကိုသုံးမယ်

325, G/E က ဘာအတွက်ထားတာလဲ ?
- သင်္ဘောပေါ်ရှိ လျှပ်စစ်ပစ္စည်းများ လည်ပတ်နိုင်ရန်အတွက် ထားပါတယ်၊

326, E/R ရဲ့ Measuring Tool တွေကို ပြောပြပါ။
- Vernier Caliper
- Micrometer
- Dial Gauge Indicator
- Inside / Outside Caliper
- Plane Square ( ကျင်တွယ် )
- Steel Ruler
- Sounding Tape
- Vernier Depth Measuring Slide
- Protractor ( ထောင့်တိုင်းကိရိယာ )
- Feeler Gauge
- Thread Gauge

327, Vernier Caliper ကဘာတွေသုံးလဲ ? Micro meter က ဘယ်မှာသုံးလဲ ?
 Vernier Cliper ကို အလုံးတွေ အထူအပါး အနက်တွေတိုင်းမယ်  1/20 အထိ တိုင်းလို့ရတယ်။
 Micrometer လည်း လုံးပတ်တွေ အထူအပါးတိုင်းလို့ရမယ်။ 1/100 ထိ တိုင်းလို့ရတယ်။

328, Saturday Routine မှာ ဘာတွေလုပ်လဲ ?
1. Emergency Generator Test
2. Emergency Fire Pump Test
3. Emergency Air Compressor Test
4. Air Ventilation Damper  တွေကို အမဲဆီထိုး
5. Life Boat Engine နှိုး
6. Bilge Alarm Test လုပ်

329, MARPOL Equipment တွေက ဘာတွေလဲ?
1. Oily Water Separator
2. Sewage Treatment
3. Incinerator တို့ဖြစ်သည်။

330, Oil Polution ကို ကာကွယ်ရန် မည်သည့်ကိရိယာကို တပ်ဆင်ထားသလဲ ? ၄င်းကိရိယာက ထုတ်တဲ့ရေထဲမှာ
       ဆီပါဝင်မှုကို ဘယ်လောက်နှုန်းပါဝင်ခွင့်ပြုထားသလဲ ?
 ( ODME ) Oil Discharge Monitoring Equipment ကို ဖြတ်ပြီးမှ အပြင်ကိုထုတ်ရမယ်။ ပါသွားတဲ့ Oil ပမာဏ
15 ppm ( Pasts Per Million ) ကျော်ရင် ၄င်းကိရိယာက Electric Motor ကို ရပ်မယ်။ Alarm လဲလာမယ်။ အချို့
System တွေမှာ 3 Way – Solenoid Operated Valve က Overboard Discharge ပြောင်းပြီး အတွင်းက
Slope TK ထဲကိုပြန်ထည့်မယ်။

331, Man Overboard က ဘယ်လို Alarm လဲ ၊ ဘာလုပ်မလဲ ?
- (3) Prolong Blast အရှည် ၃ ခါဆွဲမယ်။ Man Overboard ဟုအများသိအောင် အော်ရမည်။ တစ်ယောက်တည်း မဖြေရှင်းရပါ။

332, Electric Fire ကို ဘယ်လို မီးသတ်မလဲ ?
- Dry Powder နှင့် Co2 Portable Extinguisher နဲ့သတ်မယ်။

333, Fire Control Plan အကြောင်းပြောပြပါ။ ဘယ်နေရာမှာ ထားသလဲ ?
- Fire Control Plan တွင် အောက်ပါတို့ကို ဖေါ်ပြထားသည်။
i. Location and Number Of All Fire Fighting Appliance And Equipments
ii. Alarm Buttons
iii. Fire Dampers
iv. Portable Fire Extinguisher and Protective Clothing
- Gangway နားမှာ တစ်စုံထားပေးတတ်တယ်။ In Port မှာ သုံးရန် ( Container ) ဘူးထဲတွင် ထည့်ထား၍
Fire Control Plan ဟုရးထားသည်။

334, Generator လည်ပတ်နှုန်း R.P.M ကို ဘာနဲ့ တိုင်းတာစစ်ဆေးမလဲ ?
- Tachometer နဲ့ တိုင်းတာစစ်ဆေးနိုင်သည်။

335, Generator မောင်းထားစဉ် Main Switch Board ၌ ဘာတွေကို စစ်မလဲ ?
1. Voltage
2. Kilo Watt ( Load )
3. Frequency
4. Ampere

336, Generator Load မညီတာတွေ့ရင် ဘယ်လိုလုပ်မလဲ ?
 Main Switch Board ပေါ်မှာရှိတဲ့  Governor Control ( Speed Control ) Switch ဖြင့်ပြန်ညှိမည်။

337, သင်္ဘောပေါ်မှာ သုံးတဲ့ Volt တွေက ဘာတွေလဲ ဘယ်လိုသုံးလဲ ?
1. 220V    ( Lighting & Control )
2. 110V    ( Lighting & Control )
3. 100V    ( Lighting & Control )
4. 440V    ( For Motor )
5. 24V      ( Alarm, Emergency Lighting, Battery Charging, Control Unit )

338, Electrical ဆိုင်ရာ Measuring Tools များကိုပြောပြပါ။
1. Volt Tester
2. Multi Meter ( A.V.O Meter )
3. Amp Meter ( Clamp Meter )
4. Mega Tester ( Ohm Meter )

339, Switvh Board တွင် Electric Shock မှ ကာကွယ်ရန် ထားရှိသည့်ပစ္စည်းတေါက ဘာလဲ?
 Circuit Breaker
 Fuses
 Rubber Mat

340, EEBD ဆိုတာဘာလဲ ? ဘယ်နေရာမှာ ထားလဲ ?
 EEBD ဆိုတာ ( Emergency Escape Breathing Device ) အရေးပေါ် လွတ်မြောက်ရန် အသက်ရှုကရိယာ ဖြစ်သည်။ E/R တွင်မီးလောင်ပြီး ပိတ်မိနေပါက အရေးပေါ်လွတ်မြောက်ရန် အသုံးပြုသော ကရိယာဖြစ်သည်။
15 Minutes ကြာအသုံးပြုနိုင်သည်။

341, Power Factor  ကိုဘယ်လိုနားလည်သလဲ ?
 D.C မှာ Volt နှင့် Amp အတူတူထွက်သည်။ A.C တွင် Volt နှင့် Ampere ဒီဂရီ တစ်ခုခြား၍ ထွက်သည်။ Volt နှင့် Amp ကြား Phase Angle ကို Cos တန်ဖိုးယူထားအား Power Factor ( Cos Ф ) ဟုခေါ်သည်။
   
Power Factor  ( Cos Ф ) =   KW    / KVAr =     True Power/ Apparent Power
                                           

342, Preferential Trip အကြောင်းပြောပြပါ။
- Preferential Trip ဆိုတာ G/E Over Load ဖြင့် Black Out မဖြစ်အောင် Non-Essential Load တွေကို အစီအစဉ်တကျ ဖြတ်တောက်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် အရေးကြီးသော Essential Load တွေကို ထိခိုက်ခြင်းမရှိတော့ပေ။
• 1st Trip – Air Con; and Ventilation ( 5 Sec )
• 2nd Trip – Refrigerated Cargo Plant ( 10 Sec )
• 3rd Trip – Deck Equipment ( 15 Sec )

343, Emergency G/E ဘယ်နေရာမှာ ရှိလဲ ?
 Engine Room ရဲ့ အပြင်ဘက်မှာရှိတယ်။
 Boat Deck ( Weather Deck ) ရဲ့ အမြင့်ဆုံးမှာ ထားပါတယ်။

344, သင်္ဘောပေါ်မှာ ဆေးမသုတ်ရတဲ့ နေရာတွေက ဘယ်နေရာတွေလဲ ?
1. Motor Name Plate           4,  Goose Neck Vent / Flame တွေရဲ့ Screen
2. Zinc Anode
3. မိုးကြိုးလွှဲကြိုး
345, အခန်းထဲက ကြားနိုင်သော Alarm တွေကို ပြောပြပါ။
- Engineer Call Alarm
- General Alarm
- Fire Alarm
- Co2 Alarm   တို့ဖြစ်သည်။

346, Water Tight Door ဘယ်မှာရှိလဲ ? ဘယ်လိုစစ်မလဲ ?
1. E/R အဝင်အထွက်မှာ တပ်ထားတယ်
2. E/R မှ Tunnel အဝင်မှာ တပ်ထားတယ်
3. Accomodation မှာတပ်ထားတယ်
4. Mast House မှာတပ်ထားတယ်။
( 1/2” ) Water Jet နဲ့ 1.5 Meter အကွာကနေ 2 Bar လောက်နဲ့ထိုါ်ကြည့်ပါမယ်။ ရေလုံရင်နေရင် ရပါပြီ။
Hand Wheel ကို လှည့်ပြီး Manually ပိတ် / ဖွင့်လို့ ရအောင်လုပ်ထားတယ်။ )

347, သင်္ဘောဘာကြောင့် အရှေ့ကိုသွားတာလဲ ?
 Propeller တစ်ပါတ်လည်တိုင်း Propeller Pitch တွေ Thrust ရတယ်၊ Thrust က သင်္ဘောကို ရွေ့တဲ့ အတွက် အရှေ့သွားတယ်။

348, သင်္ဘော Hull ရဲ့ ဘယ်အစိတ်အပိုင်းမှာ သံချေးအများဆုံးစားလဲ ?
- Load Line အနားမှာေ၇နဲ့လေနဲ့ တစ်လှည့်စီထိတဲ့နေရာမှာ သံချေးအများဆုံးစားပါတယ်။

349, Sludge တွေများလာရင် ဘာလုပ်မလဲ ?
 Standard Discharge Connection ကနေတစ်ဆင့် Shore ကိုပို့မယ်။
 ဒါမှမဟုတ်ရင် Incinerator နဲ့ မီးရှို့မယ်။

350, Tanker မှာ Dangerous Zone ဆိုတာဘာလဲ ?
1. Pump Room နှင့်
2. Cargo Tank

မေတ္တာဖြင့်
T.Y.M.M

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html