Change Management
=============
=============
ဆရာ၊ ဆရာပြောခဲ့သလိုပဲ Change Management မှာ ပထမဆုံး အပိုင်းဖြစ်တဲ့ Change the way people think ဟာ သိပ်မအောင်မြင်သလို၊ Individual Change ကိုလုပ်ရာမှာလဲ အတော်ခက်ခဲပါတယ်။
တပည့်ရေ၊ ဆရာမင်းတို့ကိုသင်ခဲ့တဲ့ Six Sigma Yellow Belt က Change Management ဟာ သဘောတရားလေးတစ်ခုပဲသင်တာပါ။ တကယ်တမ်း တခြား Change Management ကိုသွားမယ်ဆိုရင်ဖြင့် Psychology ဘာသာရပ်နဲ့ Behavioral Science လို့ခေါ်တဲ့ အမူအကျင့်ပိုင်းဆိုင်ရာ သိပ္ပံပညာတရပ်လိုပါတယ်။ Yellow, Green နဲ့ Orange Belt တွေဟာ Operations မှာ Change Agent တွေမဟုတ်ကြပါဘူး။ Change ကို အဓိက Black Belt ကသာ ဦးဆောင်ပါတယ်။
လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အမူအကျင့်တစ်ခုအရ ငါတို့ပြောင်းလဲတော့မယ်လို့ ကြိုပြီးကြော်ငြာလို့မရပါဘူး။ အဲလိုကြော်ငြာပြိးပြောင်းတဲ့ Change ဟာ Authentic Data တွေမရသလို။ Hawthrone Effect နဲ့ Placebo Effect တွေဝင်တတ်ပါတယ်။ လူတွေဟာ စောင့်ကြည့်နေရင် အရမ်းအလုပ်လုပ်ကြပါတယ်။ Reinforce Theory အရပြောရင် Negative Reinforce ဖြစ်ပြီး အဲဒါကို Elton Mayo ရဲ့ Hawthorne Effect လို့ခေါ်ပါတယ်။
Placebo Effect ဆိုတာကတော့ ဘာမှအာနိသင်မရှိတဲ့ဆေးတွေပေးပြီး ရောဂါပျောက်ပြီလို့ပြောတဲ့ အရာမျိုးပါ။ များသော်အားဖြင့် Hypochondriasis လူနာတွေကို ကုသတဲ့နည်းပါ။ ဆရာတို့ Behavior ပိုင်းကိုလေ့လာရမှာ နှစ်မျိုးရှိပါတယ်။ တစ်ခုက Individualistic ပါ။ နောက် တစ်ခုကတော့ Communal ပါ။
အဲဒီ Method နှစ်ခုလုံးဟာ ဝတ္တရားကျင့်ဝတ်ဆိုင်ရာ နိယာမတွေ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ယူမှုတွေနဲ့ ပေါင်းစပ်ပြီး ခုန Change Process ထဲမှာ ပေါ်ပေါကလ်ာမယ့် ကိုယ်ကျင့်တရားဆိုင်ရာ သြပနာတွေကိုဖြေရှင်းတာပါ။
Six Sigma Theory မှာတော့ တစ်ခုတစယောက်ချင်းစီရဲ့ အမူအကျင့်တွေကို သက်ဆိုင်ရာတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ယူမှုနဲ့ သက်ဆိုင်တယ်။ လွယ်လွယ်ပြောရင် ဘယ်သူမပြုမိမိမှုလို့ဆိုထားပါတယ်။ သီဝရီကလည်း Individualistic အရချဉ်းကပ်ခိုင်းပေမယ့် ဆရာတို့ Operations တွေမှာ Communal (အများနှင့်သက်ဆိုင်သော) ပုံစံမျိုး ချဉ်းကပ်ရပါတယ်။
လူဆိုတာ တစ်ဥိးတစ်ယောက်တည်း မနေနိုင်ပါဘူး။ ဒါကြောင့်အဖွဲ့အစည်း တစ်ခုအတွင်းမှာ ရှိနေသူတွေဟာ ထို အဖွဲ့အစည်းအတွင်းမှာ ရှိတဲ့ တခြားသူတယောက်ရဲ့ အမူအကျင်အတွက် တာဝန်တစိတ်တပိုင်းရှိပါတယ်။ တံငါနားနီးတံငါ မုဆိုးနားနိးမုဆိုးဆိုတာ အလကားစကားပုံမဟုတ်ပါ။
ဒါကြောင့် အဖွဲ့အစည်း တစ်ခုအတွင်း တစ်စုံတစ်ယောရဲ့က် အမူအကျင့်ကို ပြောင်းလဲမည်ဆိုပါက ထိုအဖွဲ့အစည်းအတွင်းရှိ ကျန်လူများ၏ အမူအကျင့်တွေပါ သိဖို့ နားလည်ဖို့ လိုအပ်ကြောင်းပါ ပြောကြားချင်ပါတယ်။
Cred----
Zeyar Than Win
BEng (Sunderland) LLB (YUDE)
MIET (London) MIAEng (HK)
CLSSMBB (Aveta, USA)
BEng (Sunderland) LLB (YUDE)
MIET (London) MIAEng (HK)
CLSSMBB (Aveta, USA)