ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

INVERTER အကြောင်းသိကောင်းစရာ

INVERTER  အကြောင်းသိကောင်းစရာ
===========================                       

၁။ DC-AC Inverter ဆိုတာ ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း မီးပျက်ရင် Battery နဲ့ချိတ်ပြီး လျှပ်စစ် ပစ္စည်းတွေကို အသုံးပြုနိုင်တဲ့ ကိုယ်ပိုင် EPC လေးတစ်ခုပေါ့။တစ်ချို့အတွက် #ရိုးရိုးလေးပေမယ့် တစ်ချို့အတွက် #ရှင်းရှင်းလေး ဖြစ်သွားအောင်  Inverter ရဲ့ အခြေခံသဘောတရားလေးကို လေ့လာကြည့်ရအောင်။

#Inverter ဆိုတာဘာလဲ
++++++++++++++++
၂။ အရိုးရှင်းဆုံးပြောရရင် Inverter ဆိုတာက Direct Current (DC) ကနေ Alternating Current (AC) စနစ် ကို ပြောင်းလဲပေးတဲ့ စနစ်တစ်ခုပါ။Converter လို့ဘာလို့ မခေါ်တာလဲ။ ဒီစနစ်မှာက AC Power  စနစ်ကို DC Power စနစ်ပြောင်းပြီး လျှပ်စစ်စွမ်းအင်ကို Battery မှာသိမ်းဆည်းထားပါတယ်။မိမိတို့လိုအပ်တဲ့အချိန်ရောက်မှ သာ DC Power ကို AC Power စနစ်သို့ပြောင်းလဲပြီး လျှပ်စစ်စွမ်းအင်ကိုအသုံးပြုပါတယ်။ဒါကြောင့် DC power စနစ်ကနေ AC Power စနစ်ကို ပြောင်းပြန်ပြောင်းလဲပေးသူ Inverter လို့ခေါ်တာပါ ။တစ်နည်းအားဖြင့်ဆိုရင် Inverted Converter ပေါ့။

#Inverter အမျိုးအစားများ
+++++++++++++++++
၃။ Inverter တွေကိုအမျိုးအစားခွဲခြားမယ်ဆိုရင် အခြေခံအရဆိုရင် (၃)မျိုးခွဲခြားနိုင်ပါတယ်။
၁။ Square Wave Inverter။
၂။ Modified Sine Wave Inverter။
၃။ Pure Sine Wave Inverter။

Square Wave inverter
-----------------------------
၎။ Square Wave Inverter ကတော့ အရိုးရှင်းဆုံး Inverterစနစ်ပါဘဲ။သူ့ရဲ့ Output အနေနဲ့ကတော့ AC Waveform ပုံစံဖြစ်တဲ့ Sine Wave နဲ့ ပုံစံတူတဲ့ Square Wave ဘဲဖြစ်ပါတယ်။ ကုန်ကျစရိတ်သက်သက်သာသာ နဲ့ လွယ်လွယ်ကူကူလည်းတည်ဆောက်နိုင်ပါတယ်။ ဈေးကွက်ထဲမှာဆိုရင် FET မပါသေးတဲ့ Inverter Oscillator ကဒ်တွေဆို ၁၀၀၀၊၁၅၀၀ ကျပ်လောက်နဲ့ အလွယ်တကူဝယ်ပြီး Inverter ဆောက်နိုင်ပါတယ်။ဒါပေမယ့် အချို့ အီ လက်ထရောနစ်ပစ္စည်းတွေအ တွက်တော့ သုံးဖို့မသင့်တော်ပါဘူး။ Lighting နဲ့ Heat စနစ်တွေအတွက်ဘဲသင့် တော် ပါတယ်။

Modified Sine Wave Inverter
---------------------------------------
၅။ Modified Sine Wave Inverter ကတော့ Pure Sine Wave Inverter လောက်မကောင်းပေမယ့် အသုံး ပြုလို့သင့်တော်ပြီး ဈေးနှုန်းအနေအထားကလည်း သင့် တော်ပါတယ်။အတော်များများသော အီလက်ထ ရော နစ်ပစ္စည်းတွေမှာလည်း သုံးလို့သင့်တော်ပါတယ်။သူ့ရဲ့ Output အနေနဲ့ကတော့ Sine Wave စစ်စစ်မဟုတ်ဘဲ Waveform တစ်ခုလုံးကို လှေကားထစ် ပုံစံလေးတွေ ဖြစ်ပါတယ်။

Pure Sine Wave Inverter
---------------------------------
၆။ Pure Sine Wave Inverter ကတော့ AC Waveform စစ်စစ်ပါဘဲ။တည်ဆောက်ရာမှာ ရှေ့က(၂)မျိုးထက် ခက်ခဲပြီး ဈေးလည်းပိုကြီးတာပေါ့။ဒါပေမယ့် အီလက်ထရောနစ်ပစ္စည်း အားလုံးအ တွက်တော့ ဘာဆိုးကျိုးမှမရှိဘဲ အသုံးပြုနိုင်ပါတယ်။ပုံ(၂ ) Square Wave Inverter Output  ၊ Modified Sine Wave Inverter Output နဲ့ Sine Wave Inverter Output  ပုံစံကို နမူနာပြထားပါတယ်။

Inverter ဘယ်လိုအလုပ်လုပ်သလဲ
+++++++++++++++++++++++
၇။ Inverter တစ်ခုအနေနဲ့ အဓိက လုပ်ငန်းစဉ်(၂) ရပ်ကို လုပ်ဆောင်ပေးပါတယ်။
က။ Battery မှ DC Power စနစ်ကိုထုတ်ယူပြီး AC
       Power စနစ်  သို့ ပြောင်းလဲပေးခြင်း။
ခ။   Battery Charging ပြုလုပ်ခြင်း။

{အပိုင်း(၁) }

#DC Power စနစ်မှ AC Power စနစ်သို့ပြောင်းလဲပေးခြင်း
=======================================
၈။ DC Power စနစ်ကနေ AC Power စနစ်ကိုပြောင်း လဲပေးဖို့ အောက်မှာဖေါ်ပြပေးထားတဲ့ လုပ်ငန်းစဉ်တွေ က အဆင့်ဆင့်ဆောင်ရွက်ပေးသွားပါတယ်။ပုံ(၃)မှာ DC –AC ပြောင်းလဲပေးတဲ့ လုပ်ငန်းစဉ်တွေကို ပုံနဲ့ပြပေးထား ပါတယ်။

က။ Oscillator ။
ခ။ Driver။
ဂ။ Output- Amplifier။
ဃ။ Output-Transformer။

#Oscillator
++++++++
၉။ Oscillator ဆိုတာကတော့ ကြိမ်နှုန်းထုတ်ပေးတဲ့ အီလက်ထရောနစ် အစိတ်အပိုင်းတစ်ခုဆိုတာတော့ အား လုံးသိပြီးသားပါဘဲ။ခု Inverter တစ်ခုမှာ ဆိုရင်ရော သူကြိမ်နှုန်းဘယ်လောက်ထုတ်ပေးရမလဲ။တစ်စက္ကန့်မှာ ကြိမ် နှုန်း(၅၀) (၁ကြိမ်=၀.၀၂စက္ကန့်) ထုတ်ပေးရပါမယ်။သူ့ရဲ့ ယူနစ်က Hz နဲ့ပြတော့ 50Hz ပေါ့။ဘာလို့ 50Hz ထုတ်ရ  တာလဲဆိုတော့ ကျွန်တော်တို့အသုံးပြုတဲ့ AC Power က 220V/50Hz ဆိုတဲ့ ဥရောပစနစ်ကိုသုံးထားလို့ပါဘဲ။ ကျွန်တော်တို့ အသုံး ပြုနေတဲ့ AC Power မှာ Wave Form အရပြောရရင် အပေါင်းဖြစ်လိုက် / အနုတ်ဖြစ်လိုက် ၊ Electron Flow အရပြောရရင် ရှေ့တိုးလိုက် ၊ နောက်ဆုတ်လိုက် နဲ့ တစ်စက္ကန့်မှာ အကြိမ်(၅၀) ဖြစ်နေတာဘဲ ဖြစ်ပါတယ်။အဲဒီအကြိမ်ရေကို Oscillator ကနေ သတ်မှတ်ပေး ရပါတယ်။Inverter ပြုလုပ်ရာမှာသုံးတဲ့ CMOS IC (HEF4011BP၊ CD4047 ၊CD4049)   တွေ နဲ့ PWM (Pulse Width Modulation ) IC SG-3524 မှာဆိုရင် IC ရဲ့အပြင်မှာချိတ်ဆက်ထားတဲ့ Resistor (Rt) နဲ့ Capacitor (Ct) ကိုချိန်ညှိပေးပြီးတော့ ထုတ်ပေးတဲ့ ကြိမ်နှုန်း(Frequency) ကိုလိုသလို ပြောင်းနိုင်ပါ တယ်။ပုံ(၄)မှာ Nan Gate / NOT Gate Oscillator နမူနာပုံစံ တွေကိုပြပေးထားပါတယ်။

#Driver
+++++
၁၀။ Driver ကတော့ Output Amplifier တွေကို Oscillator ကသတ်မှတ်ပေးတဲ့ ကြိမ်နှုန်း(Frequency) အ တိုင်းမောင်းနှင်ပေးတဲ့ စနစ်တစ်ခုပါဘဲ။MOSFET တွေကိုမောင်းနှင်တဲ့အခါမှာ Alternating Current ဖြစ်စေဖို့ အ ပေါင်းတစ်ခြမ်း၊ အနုတ်တစ်ခြမ်း တစ် လှည့်စီမောင်းနှင်ပေးရပါတယ်။ဒါ့ကြောင့်Driver ကနေ Polarity မတူတဲ့ (တစ်ခုက စမှတ်{ 1 } အခြေအနေ ကစပြီး တစ်ခုက { 0 } အခြေအနေ) Flip-Flop  Pulse နှစ်ခုကို ထုတ်ပေးရပါ တယ်။အဓိကအရေးကြီးတာက Driver ကထုတ်ပေးတဲ့ Pulse နှစ်ခုရဲ့ ကြိမ်နှုန်း (Frequency) တူညီရပါမယ်။ဒါမှ Driverတစ်ခုက { ON } နေတဲ့အချိန်မှာ Driverတစ်ခုက{ OFF }နေမှာပါ။Frequency မတူရင်တော့ On ချိန် ၊ Off ချိန်တွေ က မောက်ကမဖြစ်ပြီး FET တွေပျက်စီးမှာဘဲဖြစ်ပါ တယ်။ပုံ( ၅) မှာ Driver Output Waveform ကိုနမူနာ ပြပေးထားပါ တယ်။

#Mosfet-Amplifier
+++++++++++++
၁၁။ MOSFET Amplifier အနေနဲ့  သူ့အထဲ(Drain မှ Source) Battery မှDC Current  ကိုဖြတ်စီးဆင်းစေ ပါတယ်။ ဒီလို Current ဖြတ်စီးစေတဲ့နေရာမှာ Driver ကမောင်းနှင်တဲ့ ကြိမ်နှုန်းအတိုင်းCurrent ကို ဖွင့်/ပိတ် လုပ်ပေးရပါ တယ်။FET တွေအနေနဲ့ကလည်း DC Current ကို AC Current အသွင်ပြောင်းပေးနိုင်ဖို့ အပေါင်းတစ်ခြမ်း၊ အနူတ် တစ်ခြမ်း (၂)ခြမ်းတပ်ဆင် ထားပါတယ်။အပေါင်းဘက်ခြမ်း Driver Signal { 1 } ဖြစ်ချိန်မှာ FET ရဲ့ Gate က High Level ဖြစ်ပြီး အပေါင်းဘက်ခြမ်း FET ရဲ့ Drain ကနေ Source ဆီကို Current ဖြတ်စီးစေပါတယ်။ ဒီချိန်မှာ အနူတ် ဘက်ခြမ်း FET တွေကတော့ {OFF} အနေအထားပါ။နောက် အနုတ်ဘက်ခြမ်း Driver Signal { 1 } ဖြစ်ချိန်မှာ FET ရဲ့ Gate က High Level ဖြစ်ပြီး အနုတ်ဘက်ခြမ်း FET ရဲ့ Drain ကနေ Source ဆီကို Current ဖြတ်စီးစေပါတယ်။ ဒီချိန်မှာ အပေါင်းဘက်ခြမ်း FET တွေကတော့ {OFF} အနေအထားပါ။FET Amplifier နှစ်ခြမ်းက Driver ရဲ့ မောင်းနှင်မှုအတိုင်း တစ်ခြမ်း { ON} တစ်ခြမ်း {OFF } ပုံ စံနဲ့ တစ်စက္ကန့်ကို အကြိမ် (၅၀) DC Current ကို ဖွင့် / ပိတ် ဆောင်ရွက်ပေးပါတယ်။ အသုံးပြုတဲ့ Watts အားအပေါ်မူ တည်ပြီး FET တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး အပြိုင်ထည့်ပေးရပါတယ်။ပုံ( ၆) မှာ Mosfet တွေကို Battery ၊ Transformer တွေနဲ့ချိတ်ဆက်ထားပုံကို နမူနာပြပေးထားပါတယ်။

ဥပမာ၊
Inverter Output Power = 1000Watts
Battery Voltage= 12V
Drain Current ( Id)= ?
P=VI > Id=P/V > 10000/12 = 83.3Ampere
>IRF-540 Mosfet ကို ရွေးခြယ်အသုံးပြုတယ်ဆိုပါစို့-------
>Drain Current (Id) က
>အပူချိန် ၂၅ံ စင်တီဂရိတ်မှာ= 28A
>အပူချိန် ၁၀၀ံ စင်တီဂရိတ်မှာ= 20A

၁၂။ Full Load အခြေအနေမှာ FET ကိုHeat Sink တပ်ထားလို့ အပူချိန် ၅၀ံစင်တီဂရိတ် ရှိတယ်လို့မှတ် ယူ ကြည့်ရအောင်။ ဒါဆို Full Load အခြေအနေမှာ FET က Current 22 Ampere လောက်တော့ ခံနိုင် ပါလိမ့်မယ်။ စုစုပေါင်း Output Current က 83.3Ampere ဖြတ်စီးဆင်းမှာမလို့ FET ကို ၄ လုံး လောက်ပြိုင်ဆက်ပြီး ထည့်ရပါ့ မယ်။FET တွေတပ် ဆင်ရာမှာလည်း Model Number တူပစ္စည်းတွေ ကိုသာ အပေါင်း ၊ အနုတ် (၂) ခြမ်းစလုံးတပ်ဆင် ရပါမယ်။

#Transformer
++++++++++

၁၃။ Transformer မှာ Inverter သဘောတရားနဲ့ဆိုရင် Primary Winding မှာ DC Source Voltage အတိုင်း Coil ကိုပတ်ထားပြီး Secondary Winding မှာလိုအပ်တဲ့  AC Output Voltage အတိုင်း Coil ကိုပတ်ထားပါ တယ်။ဒါ့ကြောင့် Primary Winding က Secondary Winding ထက်အပတ်ရေအချိုးနည်းလို့ Step-Up Transformer ပုံစံဖြစ်ပါတယ်။

၁၄။ Primary Winding မှာ Coil ကိုဘယ်လိုပုံစံ ပတ်ထားသလဲ ကြည့်ရအောင်။Primary Winding မှာ DC Source (Battery) Voltage တန်ဖိုးအတိုင်း Coil (၂) ချောင်းပူးပြီးပတ်ရပါတယ်။Coil ကြီုး(၂)ချောင်း စလုံးရဲ့ တစ် ဘက်စကို ပေါင်းထားပြီး Center Tap လို့ခေါ်ပါတယ်။ Center Tap ကို DC Source (Battery) ရဲ့ အပေါင်းငုတ် (Positive Terminal) နဲ့ ချိတ်ဆက်ထားပြီး ကျန်တဲ့ Coil တစ်ဘက်စတွေကို အပေါင်းခြမ်း FET ရဲ့ Drain ၊ အနုတ် ခြမ်း FET ရဲ့ Drain တွေနဲ့ အသီးသီးချိတ်ဆက်ထားပါတယ်။Primary Winding မှာ Coil ပတ်ထားပုံကို Bifilar Winding လို့ခေါ်ပါတယ်။

၁၅။ Bifilar Winding ပုံစံနဲ့ ပတ်ထားရခြင်းအကြောင်း အရင်းကလည်း DC Curent ကို AC Current စနစ် ပြောင်းလဲစေဖို့ပါဘဲ။Bifilar Winding မဟုတ်ဘဲ Single Winding နဲ့ ပတ်မယ်ဆိုရင် Output Wave ဟာ Half Wave အနေနဲ့ ပြတ်တောင်းပြတ်တောင်းသာ ထွက်ပေါ်လာမှာပါဘဲ။

၁၆။ Bifilar Winding မှာက 1st Winding အလုပ်လုပ်ချိန်မှာ 2nd Winding ကနား၊ 2nd Winding အလုပ်လုပ် ချိန်မှာ 1st Winding ကနား ဆိုတဲ့ပုံစံနဲ့ အလုပ်လုပ်ပေးနေပါတယ်။ Primary Winding ရဲ့ 1st Wind နဲ့ 2nd wind မှာ Flip-flop စနစ်နဲ့ DC Current ကိုတစ်လှည့်စီစီးပေးနေတော့ Electron Flow ကလည်း ဦးတည်ရာဘက်တွေ ဆက်တိုက် အဆက်မပြတ်ပြောင်းနေပြီး Secondary Winding မှာ Square Wave AC Current ကိုဖြစ် ပေါ်လာ စေတာဘဲဖြစ်ပါတယ်။ပုံ(၇ ) မှာ 1st Winding နှင့်2nd Winding တစ်လှည့်စီ အလုပ်လုပ်သည့်ပုံကြမ်း နမူနာပြ ထားပါတယ်။

၁၇။ #ဒါ့ကြောင့် 50Hz Oscillator နဲ့ Bifilar Winding က DC ကို AC ပြောင်လဲပေးတဲ့ Inverter ရဲ့ အခြေ ခံအကျဆုံး လုပ်ဆောင်ချက်တွေဘဲဖြစ်ပါတယ်။

{အပိုင်း(၂)}

#Battery Charging ပြုလုပ်ခြင်း
======================
၁၈။ Inverter တစ်ခုက AC Supply ရနေတဲ့အချိန်မှာ ဆိုရင် Battery Charger တစ်ခုအနေနဲ့ အလုပ်လုပ်နိုင်ပါ တယ်။ဒီချိန်မှာဆိုရင် Inverter က Charger ၊  Transformer က Step-Down Transformer ၊ Mosfet တွေက Rectifier အနေနဲ့ AC Current ကို DC Current  ပုံစံပြောင်းလဲပြီး အားသွင်းတဲ့လုပ်ငန်းကို လုပ်ကြပါ တယ်။Battery Charging လုပ်တဲ့ နေရာမှာ Battery (14.5 VDC) ကျော်လွန်တာနဲ့ Full Charging Cutoff စနစ်ကို Comparator IC  တွေကို အသုံးပြုပြီး ဆောင်ရွက်ခြင်း၊ DC ကနေ AC Power Source ပြောင်းပြီး Charging စနစ်ကိုလုပ်ချိန်မှာ စက္ကန့်အနည်း ငယ်ကြာမှလုပ်တဲ့ Soft Start စနစ်ကို Capacitor တွေအသုံးပြုပြီး လုပ်ဆောင်ခြင်း၊ Battery Volt (10VDC) အောက်ရောက်ရှိချိန်မှာ Low Battery Cutoff စနစ်ကို Comparator စနစ်နဲ့လုပ်ဆောင်ခြင်း၊PTC Thermistor ကိုသုံးပြီး Battery Polarity Protection လုပ်ခြင်းစတဲ့ Protection ၊ Alarm စနစ်တွေထည့်သွင်းပြီး ဆောင်ရွက်ကြပါတယ်။ဒီစနစ်တွေကတော့  မိမိစိတ်ကြိုက်နည်းလမ်း လေးတွေနဲ့ Design အမျိုးမျိုးလုပ်လို့ရတာမလို့  အတိုချုပ်ဘဲရှင်းလင်းပေးထားပါတယ်ဗျာ။

#Inverter နဲ့ Battery အချိုးညီညီ ၀ယ်မယ်
===========================
၁၈။  ကွန်တော်တို့ Inverter နဲ့သုံးမယ့်လျှပ်စစ် ပစ္စည်းတွေက ၂ပေမီးချောင်း ၂ ချောင်း၊ ၄ပေမီးချောင်း ၂ချောင်း၊  21”LCD TV ၁လုံး ၊ လေပန်ကာ ၁ခု၊DVD ၁လုံး၊ဖုန်းအားသွင်းခြင်း ၂လုံး ကိုတစ်ပြိုင်တည်း (၆)နာရီလောက် သုံးချင်တယ် ဆိုရင် Watt အားဘယ်လောက်ရှိတဲ့ Inverter ၀ယ်မလဲ၊ Battery ကရော Ah ဘယ်လောက်စသဖြင့် မပိုမလိုလေး တွက်ဝယ်ကြည့်ရအောင်။

၁။ ၂ပေမီးချောင်း ၁ချောင်း=20Watts
၂။ ၄ပေမီးချောင်း ၁ချောင်း=40Watts
၃။ 21” LCD TV ၁လုံး=30Watts
၎။လေပန်ကာ ၁လုံး=60Watts
၅။DVD ၁လုံး=20Watts
၆။ဖုန်းအားသွင်းခြင်း ၁လုံး=2Watts
#စုစုပေါင်းအသုံးပြုမည့် ၀ပ်အား=[ (၂၀x၂) + (၄၀x၂) + ၃၀ + ၆၀ + ၂၀ +(၂x ၂) ]= ၂၃၄ ၀ပ် ။

၁၈။ ဒါဆိုရင် 300Watt Inverter ကို ၀ယ်မယ်။ 300VA Inverter မဟုတ်ပါဘူး။Power ဆိုတာP=VI ဆိုပေမယ့်  Inverter မှာက  ထိရောက်စွာအသုံးချနိုင်မှု (Efficiency) တန်ဖိုးကိုထည့်တွက်ရတာမလို့ Watt တန်ဖိုးနဲ့ပြထားတဲ့ Inverter ကသာ 300Watt ဆိုရင် 300Watt အပြည့်ထွက်မှာဖြစ်ပါတယ်။

#ဥပမာ။  300VA ဆိုရင်= 300VA x 0.8 (Efficiency)= 240Watt သာလျှင်ထွက်မှာပါ။ 300Watt ကို VA နဲ့ဆိုရင် = 300Watt / 0.8 = 375 VA ဖြစ်ပါတယ်။

၁၉။ 300Watt Inverter နဲ့တွဲပြီး (၆)နာရီကြာသုံးဖို့ Battery တန်ဖိုးကိုတွက်ကြည့်မယ်ဆိုရင်--

>>ဘထ္ထရီ(Ah) = (စုစုပေါင်းသုံးမည့် Watts x အသုံးပြုလိုသည့်ကြာချိန်) / Battery ဗို့အား<<

         =  (၂၃၄ ၀ပ် x ၆နာရီ ) / ၁၂ ဗို့
         = ၁၁၇ Ah ။ 
:)ဒါဆိုရင် (120Ah) Battery ကိုသုံးပါ့မယ်။

၂၀။  ဆိုတော့ Inverter က 300Watts ၊ Battery က 120Ah ပါ။ ကိုယ်သုံးလိုတဲ့ Watt ပမာဏ ၊ ကြာချိန်တွေ အရဒီလိုတွက်သုံးမယ်ဆိုရင် Inverter ကငယ်ပြီး Battery ကြီးနေတာ၊ Inverterကကြီးပြီး Battery ကငယ်နေတာ တွေမဖြစ်ဘဲ အတွဲညီညီနဲ့ သုံးလိုတဲ့ နာရီအတိုင်းသုံးနိုင်တာပေါ့။

၂၁။ Inverterနဲ့တွဲဖက်ပြီး အီလက်ထရောနစ်ပစ္စည်း တွေကို အသုံးပြုတဲ့အခါမှာ သူတို့ရဲ့တစ်နာရီအတွင်းမှာ လျှပ် စစ်စွမ်းအင်သုံးစွဲမှု(Power Consumption) ကိုတွက်ချက်နိုင်ဖို့ ပုံ(၈ )မှာဇယားလေးနဲ့ပြပေး ထားပါတယ်။

>>>>လွန်ခဲ့သော၉နှစ်က Power Supply နဲ့ပတ်သတ်လို့ လုပ်ငန်းခွင်လက်တွေ့မှာစနစ်တကျ လေ့လာဆည်းပူး ခွင့်ပြုခဲ့သော၊ သင်ကြားပေးခဲ့သော #စွမ်းအားအီလက်ထရောနစ် မှသင်ဆရာ၊ မြင်ဆရာအားလုံးကို အစဉ်ဦးထိပ် ထားလေးစားလျှက်….<<<<

:)ဆန္ဒ နှင့် ဘ၀ တစ်ထပ်တည်းကျနိုင်ကြပါစေ :)

#Ko Thar Nge (BE,EC)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html