ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services
ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်
မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.
“Folder” တခု အတွင်း တွင် ရှိသော ဖိုင်ပေါင်း များ စွာ ၏ နာမည် ကို တပြိုင်တည်းဘယ်လို ပြောင်းနည်း
Credit
[Zawgyi]
Bulk Rename Utility
Ant Renamer
Advanced Renamer
Massive File Renamer
[Unicode]
ဝင်းဒိုး ၏ “Folder” တခု အတွင်း တွင် ရှိသော ဖိုင်ပေါင်း များ စွာ ၏ နာမည် ကို တပြိုင်တည်းဘယ်လို ပြောင်းလည်း လို့ ရမလဲ ဆိုတာပါ။
အဲဒီ လို လုပ်ဖို့ ကို “Windows Explorer” ကို ပဲ အသုံးပြု လို့ ရနိုင်ပါတယ်၊ ဖိုင်အားလုံး ကို မိမိ စိတ်ကြိုက် နာမည် တခု စီ ပြောင်းလည်း လို့ မရ ပေမယ့်၊ sequential order အလိုက်တော့ ပြောင်းလည်း နိုင်ပါတယ်၊ ဥပမာ။  ။ ပထမ ဖိုင် တခု ကို  test    လို့ ပေးလိုက်ပါ က၊ ပထမ ဖိုင် နာမည်သည် test1 နောက် ဖိုင် များ သည်၊  test2, test3, test4, etc.  အသီးသီး ပြောင်းလည်းသွားပါ လိမ့်မည်။
ထိုသို့ ပြောင်းလည်း စေရန် အောက်ပါအတိုင်း လုပ်ဆောင် နိုင်ပါသည်။
(၁) ပြောင်းလည်း လိုသော ဖိုင် များ ရှိသော ဖိုဒါ (folder) ကို Windows Explorer မှ တဆင့် ဖွင့်ပါ။
(၂) ဖိုဒါ အတွင်း ရှိ ဖိုင် အားလုံး (သို့) မိမိ ပြောင်းလည်း လို သော ဖိုင် များ ကို ရွှေးချယ်ပါ။
(၃) ပထမ ဆုံး ဖိုင် အမည် ကို test ဟု ပေးလိုက်ပါ၊ ထို အခါ ၎င်း ဖိုင် ၏ အမည် သည် test1  ဟု ပြောင်းလည်း သွားပြီး၊ ကျန်ဖိုင် အသီးသီးသည်  test2, test3, test4…...  အဖြစ် ဖေါ်ပြခြင်း ခံရပေမည်။
ဖိုဒါ (multiple folders) များကို လည်း အထက် ပါ အတိုင်း နာမည် ပြောင်းလည်း နိုင်ပေသည်၊ အကယ်၍ ဖိုင် များ နှင့် ဖိုဒါ များ ရော နေသည် ကို နာမည် ပြောင်းပါက၊ ဖိုင်များ၏ နာမည်သည်၊ ဥပမာ။  ။ file1, file2, file3, file4, ……  ဖြင့်၎င်း၊ ဖိုဒါ များ၏ နာမည် သည် folder1, folder2, folder3, folder4, …… ဖြင့်၎င်း ပြောင်းလည်း သွား မည် ဖြစ်ပေသည်။
ဖိုဒါ နှင့် ဖိုင် များ အမည် ပြောင်းခြင်း အတွက်၊ Windows Explorer အပြင် ဝင်းဒိုး ဆော့ပ်ဝဲလ် များ ကို အသုံး ပြုနိုင်ပါသေးသည်။
Bulk Rename Utility
ဖိုင် နဲ့ ဖိုဒါ များ အမည် ပြောင်းလည်း ရာတွင် ထင်ရှား သော ဆော့ပ်ဝဲလ် တခု ဖြစ်ပြီး၊ home users များ အတွက်၊ အခမဲ့ အသုံးပြုနိုင်ပေသည်၊ သူ့ မှာ ရွှေးချယ် အသုံးပြုနိုင်တဲ့ option တွေ များစွာ ပါဝင်ပြီး၊ အသုံးပြုလိုပါက http://www.bulkrenameutility.co.uk/Download.php မှ download လုပ်နိုင်ပါတယ်။
Ant Renamer
Bulk Rename Utility လို option တွေ များစွာ နဲ့ ဘယ်လို အသုံးပြု ရမယ် ဆိုတာ ကို ရှုတ်ထွေး နေရင်တော့၊ ရှင်းလင်းပြီး အသုံးပြု ရ လွယ်ကူတဲ့ Ant Renamer ကို ရွှေးချယ် အသုံးပြုနိုင်ပါတယ်၊ http://www.antp.be/software/renamer/download   မှ download ရယူနိုင်ပါတယ်။
Advanced Renamer
GUI မရှုတ် ထွေးသည့် နောက် ဆော့ပ်ဝဲလ် တခုကတော့၊ Advanced Renamer ဖြစ်ပြီး၊ အခမဲ့ အသုံးပြုနိုင်ပါတယ်၊ https://www.advancedrenamer.com/download  မှ download ရယူနိုင်ပါတယ်။
Massive File Renamer
သူ က တော့ Windows  အတွက်သာ မကပဲ  Mac  နဲ့ Linux များ အတွက် ပါ  အသုံးဝင်ပါတယ်၊ အသုံးပြုမယ် ဆိုရင်တော့ Java Runtime Environment 6 နဲ့ အထက် လိုအပ်ပါတယ်၊ http://ivanrf.com/en/portfolio-posts/massive-file-renamer/  မှ download ကယူနိုင်ပါတယ်။
#rename #explorer #windowsexplorer #filerename
#it #itworld #informationtechnologyworld
No comments:
lasted post in this site, touch on header
ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း
Html