ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ရေခဲ​သေတ္တာ​ခေါ်တဲ့ refrigeration များအ​ကြောင်း သိချင်​ပါသလား ? ဖတ်​ကြည့်​ပါ :)

ရေခဲ​သေတ္တာ​ခေါ်တဲ့ refrigeration များအ​ကြောင်း သိချင်​ပါသလား ? ဖတ်​ကြည့်​ပါ :)

1, Refrigeration ဆိုတာဘာလဲ ?
- Space တစ်ခု (သို့) Space ထဲရှိ Contents များ၏ Temp; ကို Surrounding Temp;
အောက်သို့လျှော့ချပေးသော Process တစ်ခုဖြစ်သည်။
2, Primary Refrigerant ဆိုတာဘာလဲ ?
 များသောအားဖြင့် Volatile Liquid များဖြစ်ကြသည်။ ( R12, R22, R134a, R404 )
 Direct Expansion Close System တွင် အသုံးပြုသည်။
 Low Temp; တွင် Evaporation ဖြစ်နိုင်ပြီး၊ Sea Water Temp တွင် Condense ဖြစ်နိုင်သည်။
3, Secondary Refrigerant အကြောင်းပြေပြပါ။
 Non – Volatile Liquid ဖြစ်ပြီး၊ Conduction နှင့် Convection နည်းဖြင့် Heat ကို Transfer လုပ်ပေးသည်။
 Evaporater Coil များကို Brine TK ထဲတွင်နှစ်ထားပြီး Brine Pump ဖြင့်စုပ်ကာ Cold Room အသီးသီးသို့ ပို့ပေးပြီး Blower ဖြင့်မှုတ်ပေးခြင်းဖြင့် C/R ကိုအေးစေသည်။
 Indirect Cooling Method ဖြစ်သည်။
 Large And Complex System ဖြစ်သည်။
4, Secondary Cooling System ကဘာတွေအားသာသလဲ ?
- အလွယ်တကူ ပြုလုပ်၍ရသောကြောင့် Cheap ဖြစ်သည်။
- Maintenance လုပ်ရလွယ်ကူသည်။
- Economy ဖြစ်သည်။ ( စီးပွားရေးအရ တွက်ခြေကိုက်သည် )
5, ‘O’ Zone Layer အကြောင်းပြောပြပါ။
- ‘O’ Zone Layer သည် ကမ္ဘာ့မြေမျက်နှာပြင်အထက် 12 ~ 13 Miles အတွင်း ရှိပြီး Stratosphere Layer တွင် ပါဝင်သည်။
- ထိုအလွှာသည် ကမ္ဘာမြေသို့ UV Radiation များကျရောက်ခြင်းကို ကာကွယ်ပေးပြီး ရာသီဥတု မျှတအောင် ဖန်တီးပေးသည်။
- စက်ရုံများမှ Waste များနှင့် အခြားသော Process များသည် ‘O’ Zone Layer ကို ပျက်ီးစေကာ
Natural Balance ကို Unbalance ဖြစ်စေသည်။
- CFC တွင်ပါဝင်သော Chlorine သည် ‘O’ Zone Layer သို့ရောက်ရှိပြီး ‘O’ Zone နှင့် ဓါတ်ပြုကာ   ‘O’ Zone Layer ကို ပျက်စီးစေသည်။
- Chlorine Atom တစ်လုံးသည် ‘O’ Zone Molecule ပေါင်း 10 ~ 1,000,000 အထိကို ဓါတ်ပြုနိုင်သည်။
6, ‘O’ Zone Layer ကို ပျက်စီးစေသော Refrigerant နဲ့ မပျက်စီးစေသော Refrigerant  တစ်ချို့ကို ပြေပြပါ။
- ‘O’ Zone Layer ကိုပျက်စီးစေသော Refrigerant များမှာ -  Freon ( R12, R22 )
- ‘O’ Zone Layer ကို မပျက်စီးစေသော Refrigerant များ -  Ammonia, R134a
7, Critical Temp; ဆိုတာ ဘာလဲ ?
 Temp; တစ်ခုဖြစ်ပြီး ၊ ထို Temp; အထက်သို့ရောက်သောအခါ Refrigerant များ Liquefy
မဖြစ်နိုင်ပါ။
 Critical Temp; မြင့်လေ၊ ကောင်းလေ ဖြစ်သည်။
 Maximum Expected Condenser Temp; ၏ အထက်တွင်ရှိရမည်။
8, Refer Compressor အကြောင်းပြေပြပါ။
 Reciprocating, Screw, Rotary, Centrifugal Type အမျိုးမျိုးဖြစ်နိုင်သည်။
 System အတွင်း Refrigerant Circulation ဖြစ်အောင် ပြုလုပ်ပေးသည်။
 Evaporator မှ Low Pressure Warm Gas များကို Compress လုပ်ကာ Condenser သို့
High Pressure Hot Gas အဖြစ်သို့ပို့ပေးသည်။
9, Refer Compressor နဲ့ Air Compressor တို့ရဲ့ ကွာခြားချက်တွေက ဘာတွေလဲ ?
Refer Compressor Air Compressor
1.   Close System တွင်သုံးထားသည်။ Open System တွင် သုံးထားသည်။
2. Jacket Cooling ပေးရန် မလိုအပ်ပါ။ Jacket Cooling ပေးရန် လိုအပ်သည်။
3.    Reciprocating, Screw, Rotary, Centrifugal အမျိုးမျိုး ဖြစိနိုင်သည်။ Reciprocating သာ အသုံးပြုသည်။
4.  Air In The System Effect ရှိသည်။ Air In The Line System Effect မရှိပါ။
5. Cold Room Temp; ကိုမူတည်၍ Cut In/Out ဖြစ်သည်။ Air Bottle Pressure ကိုမူတည်၍ Cut In/Out ဖြစ်သည်။
10, Oil Separator ဆိုတာ ဘာလဲ ?
- Refrigerant နှင့်အတူပါလာသော Oil ကို ခွဲခြားပြီး Compressor Crank Case  ထဲသို့ပြန်ပို့ပေးသော အရာတစ်ခုဖြစ်သည်။
11,  Condenser ဆိုတာဘာလဲ ?
 Compressor မှထွက်လာသော Hot Gas များကို Sea Water Cooling ပေးပြီး၊ Liquefy ဖြစ်စေကာ Warm Liquid အဖြစ် Dehydrator ( Filter Dryer ) ကို ဖြတ်စေသည်။
12, Condenser Safety များကို ပြောပြပါ။
i. Sight Glass
ii. Relief v/v
iii. Purging v/v
iv. Sea Water In and Out Thermometers
13, Liquid Receiver တွင် Sight Glass ကို ဘာကြောင့် တပ်ထားတာလဲ ?
- System အတွင်းမှ လေများနှင့် Overcharge Refrigerant များကို Purge လုပ်ရန်
တပ်ဆင်ထားသည်။
14, Purging Valve တပ်ဆင်ထားရခြင်း ရည်ရွယ်ချက်က ဘာလဲ ?
- System အတွင်းမှလေများနှင့် Overcharge Refrigerant များကို Purge လုပ်ရန်
တပ်ဆင်ထားသည်။
15, Liquid Receiver ကို ဘာလို့ တပ်ထားတာလဲ ?
- Condense လုပ်ပြီးသော Refrigerant များကို Store လုပ်ရန် တပ်ဆင်ထားသည်။
16, Dehydrator (or) Dryer အကြောင်းကို ပြောပြပါ။
 Condenser နှင့် Solenoid v/v ကြားတွင် တပ်ဆင်ထားသည်။
 Dehydrator အတွင်းတွင် Silica Gel (သို့) Activated Alum ကိုထည့်ထားသည်။
 Condenser အထွက် Liquid Line တွင် Refrigerant နှင့်အတူပါလာနိုင်သော Moisture များကို   Absorb လုပ်ပေးကာ Dry Liquid Refrigerant ကိုဖြစ်စေသည်။
 Dehydrator Moisture Absorb မလုပ်နိုင်သောအခါ  TEV တွင် Choke  ဖြစ်မည်။
 Normal Working Condition တွင် Dehydrator ကို လက်ဖြင့်စမ်းကြည့်သောအခါ နွေးနေမည်။
17, Solenoid v/v ကို ဘယ်နေရာမှာ တပ်ထားလဲ ? ဘယ်လိုအလုပ် လုပ်သလဲ ?
• Dehydrator နှင့် TEV ကြားတွင် ရှိသည်။
• Room Temp; ကို Thermostat ဖြင့် Sense လုပ်သည်။
• Cold Room ၏ Setting Temp; သို့ရောက်သောအခါ Solenoid v/v လုံးဝ ပိတ်သွားပြီး
Temp; ပြန်တက်လာသောအခါ Solenoid v/v ကိုဖွင့်ပေးသည်။
• Operation လုပ်နေသောအလျိန်တွင် နွေးနေမည်။
18, Thermostatic Expansion Valve ( TEV ) ရဲ့ အကြောင်းကို ကိုပြောပြပါ။
1. Solenoid v/v နှင့် Evaporator Coil ကြားတွင် ရှိသည်။
2. Evaporator Coil သို့သွားသော Refrigerant Amount ကို Control လုပ်ပေးသည်။
3. Evaporator အတွက် Refrigerant ကို Constsnt Superheat ရရှိအောင် ပြုလုပ်ပေးသည်။
4. Compressor သို့ Liquid Flooding Back မဖြစ်အောင် ကာကွယ်ပေးသည်။
5. Evaporator Coil Outlet Temp; ကို Sensing Bulb ဖြင့် Sense လုပ်ပြီး Diaphragm မှ တစ်ဆင့်  Evaporator အဝင် Refrigerant ကို Control လုပ်ပေးသည်။
6. Normal Working Condition တွင် TEV အဝင်ပူနေပြီး အထွက်တွင် အေးနေမည်။
7. TEV အထွက်တွင် ရခဲမှုန်များ ကပ်နေခြင်းသည် Normal Condition သာဖြစ်သည်။
19, TEV အလုပ်လုပ်ပုံကို ပြောပြပါ။
• Valve Operating ကို Diaphragm ပေါ်သို့သက်ရောက်သော Pressure Vibration ဖြင့် Control လုပ်သည်။
• Sensing Bulb ကို Evaporator Outlet တွင်ထားရှိပြီး Diaphragm ၏ Top Chamber နှင့် Capillart Tube ကို အသုံးပြု၍ ဆက်သွယ်ထားသည်။
• Sensing Bulb, Capillary Tube နှင့် Top Chamber Of Diaphragm တွင်လည်း Same Refrigerant ကိုဖြည့်ထားသည်။
• Evaporator အထွက်တွင် Superheat မရှိလျင် Diaphragm ၏ အပေါ်နှင့်အောက် Press; တူနေမည်။
• Diaphragm သည် Spring Loaded ဖြစ်သောကြောင့် Evaporator Outlet တွင် Refrigerant ကို Superheat ရရှိစေသည်။
• TEV ၏ Orifice တွင် Clog မဖြစ်စေရန် TEV မဝင်ခင် Line တွင် TEV Filter ကို တပ်ဆင်ထားသည်။
20, Superheat ဆိုတာ ဘာလဲ ?
- Liquid အားလုံး အငွေ့ပြန်ပြီးနောက် ထပ်ပြီးပေး၇သော အပူအမာဏ ဖြစ်သည်။
- Superheat သည် သတ်မှတ်ထားသော ပမာဏအောက်နည်းနေသောအခါ Compressor
သို့ Liquid Flow Back ဖြစ်ပြီး Compressor အစိတ်အပိုင်းများ Damage ဖြစ်မည်။
- Superheat သည် သတ်မှတ်ထားသော ပမာဏထက်များနေသော အခါ Evaporator အထွက်
Discharge Temp; အရမ်းမြင့်ုပီး Compressor Overload ဖြစ်မည်။
21, Sensing Bulb ကိုဘာကြောင့် တပ်ထားသလဲ ?
 Outside Termal Effect ကြောင့် TEV Operation ကို အနှောင့်အယှက် မဖြစ်စေရန်။
 Evaporator Coil ၏ အတွင်းဘက်အောက်ခြေတွင် ဆီများရှိနေနိုင်သောကြောင့် Sensing Bulb ကို Evaporator Coil ၏ အပေါ်ဘက်တွင်သာ ကပ်ထားရမည်။
22, TEV Sensing Bulb ကို Evaporator Coil အထွက်တွင်မထားရှိဘဲ Coil အလယ်တွင် ထားလျင် ဘာဖြစ်မလဲ ?
- Coil Effect ကျလျင် Cold Room Temp; တက်မည်။
- Compressor Overheat ဖြစ်မည်။
- Compressor Continous Running ဖြစ်မည်။
24,  Back Pressure v/v အကြောင်း ပြေပြပါ။
 Evaporator Coil အထွက်တွင် ရှိသည်။
 Non-Return Valve အမျိုးအစားဖြစ်ပြီး  Vegetable Room တွင်တပ်ဆင်ထားရှိသည်။
( Setting Pressure ရောက်၍ Vegetable Room နှင့် သက်ဆိုင်သော Solenoid v/v ပိတ်သွားသောအခါ အခြားသော Low Temp; Room မှ Disturb လုပ်ကာ Vegetable Room
Under Cooling မဖြစ်စေရန် Back Pressure Valve ကိုတပ်ဆင်ထားသည်။ )
25, Refrigeration System တွင် တပ်ဆင်ထားတဲ့  Safety Device တွေကိုပြောပြပါ။
1. L.P Cut In / Cut Out Switch
2. H.P Cut Out
3. Low L.O Pressure Cut Out
4. Crank Case L.O Failure Cut Out
5. Relief v/v On Condenser
6. Cooling Water L.P Cut Out
7. Purging v/v On Condenser
8. Thermostatic Expansion v/v
9. Back Pressure v/v
26, High Press; Cut Out နဲ့ Low Press; Cut Out ၏ ကွာခြားချက်များကို ပြောပြပါ။
- High Pressure Cut Out သည် System Failure ဖြစ်ပြီး ရပ်သောကြောင့် ရပ်ပြီးသောအခါ ပြန်မလည်ပါ။ Fault ရှာကာ ပြင်ဆင်ပြီးမှ Reset လုပ်ကာ ပြန်မောင်းရမည်။
- Low Pressure Cut Out သည် System ၏ Suction Press; တစ်ခုတွင် Setting လုပ်ထားသောကြောင့် ထို Press; သို့ရောက်သောအခါ System ကို Cut Out ဖြစ်ပြီးရပ်စေသည်။
- Suction Press; ပြန်တက်လာပြီး Set Press; တစ်ခုတွင် System ကို Cut In ဖြစ်စေကာ ပြန်လည်ပတ်စေသည်။
27, High Press; Cut Out Switch ဆိုတာဘာလဲ ၊ ဘာအစိတ်အပိုင်းတွေ ပါဝင်လဲ ?
- Compressor Discharge Line နှင့် ဆက်ထားပြီး Excessive Discharge Pressure ဖြစ်သောအခါ Compressor ကို Trip ဖြစ်ပြီး ရပ်စေသည်။
- H.P Cut Out တွင်ပါဝင်သော အစိတ်အပိုင်းများမှာ -
i. Connection Pipe
ii. Bellow
iii. Spring
iv. Switch Alarm Catch
v. Electrical Contact
28, H.P Switch အလုပ်လုပ်ပုံ ကိုပြောပြပါ။
 Normal Operation တွင် Catch သည် Switch Arm ကို မထားပေးထားပြီး Electrical  Contact ဖြစ်ပေါ်စေသည်။
 Excessive Press; ဖြစ်လာသောအခါ Bellow သည် Expand ဖြစ်သွားပြီး Switch Arm Catch ကိုတွန်းသည်။
 Switch Arm Catch သည် ညာဘက်သို့ရွေ့သွားပြီး Electrical Contact ကို ပြတ်တောက်စေခြင်းဖြင့် Compressor ကို Cut Out ဖြစ်စေသည်။
 ဖြစ်ပေါ်လာသော Fault ကို ပြုပြင်ပြီး Switch ကို Reset ပြန်လုပ်ပေးသည်။
29, High Press; Cut Out ဖြစ်ပေါ်စေနိုင်သော အကြောင်းတွေကို ပြောပြပါ။
1. Condenser ၏ Coolant Failure ဖြစ်သောကြောင့်
2. Coolant Press; ကျသွားသောကြောင့်
3. Cooler ၏  Operation မှားသောကြောင့်
4. Condenser Tubes များ Dirty နှင့် Choke ဖြစ်နေသောကြောင့်
5. Refrigerant Liquefy မြန်မြန် မဖြစ်နိုင်သောကြောင့်
6. Overcharge ဖြစ်နေသောကြောင့်
7. High Press; Switch Setting မမှန်သောကြောင့်
30, Abnormal Low Press; Curt Out ကိုဖြစ်ပေါ်စေသော အကြောင်းတွေက ဘာလဲ ?
1. Under Charge ဖြစ်နေသောကြောင့်
2. Dehydrator ( Filter Dryer ) Choke ဖြစ်နေသောကြောင့်
3. TEV Filter Choke ဖြစ်နေသောကြောင့်
4. TEV Choke ဖြစ်နေသောကြောင့်
5. Evaporator Coil များတွင် Refrigerant Starving ဖြစ်နေသောကြောင့်
6. Light Load ဖြစ်နေသောကြောင့်
31, Under Charge ဘာ့ကြောင့် ဖြစ်ရတာလဲ ? Under Charge ဖြစ်ရင် ဘယ်လိုလက္ခဏာတွေပြမလဲ ?
- Insufficient Refrigerant ဖြစ်သောကြောင့် ဖြစ်သည်။
Under Charge ဖြစ်ရင် ---
i. Discharge Pressure ကျမည်။ Compressor Delivery Temperature တက်မည်။
ii. Liquid Sight Glass တွင် Large Bubbles များ ဖြစ်ပေါ်နေမည်။
iii. Refrigerant Level သည် Normal Lenel အောက်ရောက်နေမည်။
iv. Cut Out တစ်ခုနှင့် တစ်ခုကြား ကြာမည်။
v. Compressor အဝင် Suction Line ပူနေမည်။
( အဲလိုဖြစ်ရင် သတ်မှတ် Level အထိရောက်အောင် Refrigerant ပြန်ဖြည့်မည်။ Leakage ရှာကာ   ပြုပြင်မည်။ )
32, Overcharge ဖြစ်ရင် ဘယ်လိုလက္ခဏာတွေပြမလဲ ?
1. Compressor Discharge Pressure တက်မည်။
2. Compressor လည်နေသော်လည်း အေးနေမည်။
3. Liquid Sight Glass တွင် Refrigerant Level သည် Normal ထက်မြင့်နေမည်။
4. Compressor Suction Line တွင် Frost ကပ်နေမည်။
5. Flooding Back ဖြစ်မည်။
Remedy
- Pumping Down လုပ်ကာ Compressor Discharge Pressure ပုံမှန်ဖြစ်သည်အထိ Gas Purging လုပ်မည်။
33, Short Cycling ( Compressor လည်လိုက်ရပ်လိုက် ခဏခဏ ဖြစ်တဲ့အကြောင်းကို ပြောပြပါ။ )
1. Overcharge ဖြစ်သောကြောင့်
2. System ထဲတွင် Leakage Point ရှိနေသောကြောင့်
3. Differential Setting Pressure နည်းနေသောကြောင့်
4. Suction Line ပိတ်ပြီး၊ Suction Pressure ကျနေသောကြောင့်
5. Light Load ဖြစ်နေသောကြောင့်
6. Dehydrator Choke ဖြစ်နေသောကြောင့်
7. Filter Choke ဖြစ်နေသောကြောင့်
8. TEV Choke ဖြစ်နေသောကြောင့်
Remedy
- Dehydrator အသစ်လဲမည်။
- Filter Cleaning လုပ်မည်။
- Excess Refrigerant ကို Purge လုပ်မည်။
- Leakage ကိုရှာပြီး Repair လုပ်မည်။
34, System ထဲကို ဘယ်လိုအကြောင်းတွေကြောင့် လေဝင်နိုင်သလဲ ?
1. Compressor Overhaul လုပ်သောအခါ
2. L.O Filling လုပ်သောအခါ
3. Oil Separator အသစ်လဲသောအခါ
4. Condenser Cleaning လုပ်သောအခါ
5. Dehydrator လဲသောအခါ
6. TEV Filter Cleaning လုပ်သောအခါ
7. Refrigerant Charging လုပ်သောအခါ
8. Compressor Vacuum Running ဖြစ်နေသောအခါတို့တွင် System ထဲကိုလေဝင်နိုင်ပါတယ်။
35, System ထဲမှာလေရှိနေရင် ဘယ်လိုလက္ခဏာတွေပြမလဲ ?
  Compressor ပူနေမည်။
  Condenser ပူနေမည်။
  Discharge Pressure တက်မည်။
  Discharge Pressure Gauge Jerking ဖြစ်နေမည်။
  Liquid Sight Glass တွင် Small Bubbles များတွေ့ရမည်။
36, System ထဲကလေကို ဘယ်လိုထုတ်မလဲ ?
  Pumping Down လုပ်ကာ Plant ကိုရပ်မည်။
  Compressor In And Out Valves များကို ပိတ်မည်။
  Cooling Water ကို In and Out Temp; တူသည်အထိ ထားပေးမည်။
  Temp; တူသောအခါ Cooler In and Out v/v များကို ပိတ်မည်။
  Condenser ပေါ်ရှိ Purging v/v ကို ဖြည်းဖြည်းဖွင့်ကာ လေချူမည်။ လေထွက်လာလျင် အရောင်
မရှိပါ။ Gas ထွက်လာသောအခါ အဖြူရောင် ဖြစ်သွားမည်။
37, System ထဲကို ဆီရောက်ရခြင်း အကြောင်းကို ပြောပြပါ။
1. Compressor Sump Oil Level မြင့်နေသောကြောင့်
2. Compressor Ring များ မကောင်းသောကြောင့်
3. Oil Separator မော့င်းသောကြောင့်
4. Suction Pressure ကျကာ Vacuum ဖြစ်ပြီး Sump ထဲမှ ဆီများ စုပ်ယူသောကြောင့်
38, System ထဲဆီရောက်နေရင် ဘယ်လိုလက္ခဏာတွေပြမလဲ ?
 Crankcase L.O Level ကျမည်။
 L.O Low Pressure ဖြစ်မည်။
 Discharge Pressure တက်မည်။
 Evaporator နှင့် Condenser ကြား Temp; Difference များမည်။
(ပုံမှန်အားဖြင့် -  1°C ~ 1.5°C  ကွာသည်။ )
 Oil Separator တွင် ဆီပျောက်နေမည်။
 Compressor Suction Line တွင် Frost များကပ်နေမည်။
 Liquid Flooding Back ဖြစ်မည်။
39, System ထဲမှာ ဆီပါလာရင် ဘယ်လိုထုတ်မလဲ ?
 Pumping Down လုပ်ပြီး Plant ကိုရပ်မည်။
 Piping နှင့် Evaporator Pipe Connection ဖြုတ်ပြီး Compressed Air ဖြင့်မှုတ်မည်။
 အခြေအနေဆိုးသောအခါ Oil Separator လဲမည်။ Piston Rings လဲမည်။ Crankcase L.O ကို
အသစ်ပြန်ထည့်မည်။
40, Ststem ထဲကို Moisture ဘယ်လိုရောက်လာသလဲ ?
 Dehydrator မကောင်း၍  System ထဲသို့ရေဝင်သောကြောင့်ဖြစ်သည်။
41, System ထဲမှာ Moisture ရှိနေရင် ဘယ်လိုဖြစ်နေမလဲ ?
1. Compressor Short Cycling ဖြစ်နေမည်။
2. Condenser Pressure ရုတ်တရက် မြင့်တက်မည်။
3. Dehydrator Choke ဖြစ်မည်။
4. Dehydrator ကိုလက်ဖြင့် စမ်းကြည့်သောအခါ အေးနေမည်။
5. Evaporator Refrigerant Starving ဖြစ်နေမည်။
6. TEV Choke ဖြစ်မည်။
( ထိုသို့ဖြစ်လျင် Dehydrator မှ Drying Filter ကိုလဲမည်။ TEV Filter Cleaning လုပ်မည်။ )
42, System ကို Pumping Down လုပ်ပြပါ။
 Plant ကို Auto မှ Manual သို့ပြောင်းမည်။
 Condenser Outlet v/v ( King v/v) ကို ပိတ်မည်။
 Refrigerant များ Condenser ထဲတွင် သွားစုနေမည်။
 Suction Press; Just Above Zero တွင် Compressor ကိုရပ်မည်။
 Condenser အဝင် v/v ကိုပိတ်မည်။ Condenser S.W Inlet နှင့် Outlet Temp; တူသည်အထိ
Cooling ဆက်ပေးထားမည်။
43, Refer Compressor ကို Manual မောင်းပြပါ။
1. Compressor Sump Oil Level ကိုစစ်မည်။ Liquid Sight Glass မှ Refrigerant Level ကိုစစ်မည်။
2. Switch ကို Manual ပြောင်းမည်။
3. Compressor Suction v/v မှလွဲ၍ ကျန်ရှိနေသော v/v အားလုံးကို ဖွင့်မည်။
4. Suction v/v မဖွင့်သေးဘဲ Compressor ကို ( 2 ~ 3 ) Time မျှ မောင်းလိုက် ရပ်လိုက်လုပ်မည်။
( Compressor အတွင်းရှိနေနိုင်သော Condensate များကို Liquid များ၊ Air များကို Clear ဖြစ်စေရန်။)
5. Suction v/v ကို Crack ဖွင့်ပြီး Compressor ကို မောင်းမည်။ Press; နှင့် Temp; များကိုစစ်ဆေးမည်။
6. Suction v/v ကို Fully Open ရောက်သည်အထိ တဖြည်းဖြည်းခြင်းဖွင့်သွားမည်။
7. Press; , Temp; များ Normal တွင်ရှိနေသောအခါ Auto ကို ပြန်ပြောင်းထားမည်။
44, Refer Compressor ကို L.o ဖြည့်ပြပါ။
မောင်းနေသောအခါ ----
 Compressor ကို Auto မှ manual ပြောင်းမောင်းမည်။
 Pumping Down လုပ်ပြီး Condenser တွင် Refrigerant များကိုစုမည်။
 Suction Press; Just Above Zero တွင် L.O ထည့်ထားသော Hand Pump ကို Filling Connection v/v
ဖွင့်ပြီး L.O ကို Hand Pump ဖြင့်ညှစ်ထည့်မည်။
 Filling Connection v/v ပြန်ပိတ်မည်။ Hand pump ကို ပြန်ဖြုတ်မည်။
 Just Above Zero တွင် Compressor ကို့၇်ပြီး Air Purging လုပ်မည်။
ရပ်ထားသောအခါ ----
 Pumping Down လုပ်ပြီး Plant ကိုရပ်မည်။
 Compressor သို့အဝင် အထွက် v/v များကို ပိတ်မည်။
 L.O Press; Gauge မှနေ၍ Crankcase ထဲမှ Press; ကိုလျော့မည်။
 Charging v/v ဖွင့်ပြီး သတ်မှတ် Level သို့ရေက်သည်အထိ L.O ကိုဖြည့်မည်။
45, System ကနေ Gas Leakage ဖြစ်နေရင် ဘယ်လိုလက္ခဏတွေ ပြမလဲ ?
1. Compressor Suction and Discharge Press; ကျနေခြင်း
2. Compressor Running Period ကြာခြင်း
3. Condenser တွင် Liquid Level ကျနေခြင်း
4. Cold Room Temp; တက်နေခြင်း။
46, Compressor Discharge Side မှာ Leakage ဖြစ်ရင် ဘယ်လိုဖြစ်နေမလဲ ?
- Small Leakage  : Constant Running / Short Cycling
- Large Leakage : Continuous Running
47, System Leakage ဖြစ်နေတာကို ဘယ်လိုနည်းတွေနဲ့ ရှာမလဲ ?
o Freon (R12 , R22 ) အတွက် Small Leakage ကို Halide Torch ဖြင့်ရှာနိုင်သည်။
( Torch သည် ပုံမှန်အားဖြင့် အပြာရောင်ဖြစ်ပြီး၊ Leakage ကို Detect လုပ်မိသောအခါ
  အစိမ်းရောင်သို့ ပြောင်းသွားသည်။ )
o Large Leakage အား ဆပ်ပြာရည်ကို အသုံးပြု၍ ရှာဖွေနိုင်သည်။
o Electronic Leakage Detector ဖြင့်  Small နှင့် Large Leakage နှစ်မျိုးစလုံးကို ရှာဖွေနိုင်သည်။
o Ammonia  အတွက်  Wet Litmus Paper ကိုအသုံးပြု၍ Leakage ကို ရှာနိုင်သည်။
( Paper သည် Red ဖြစ်ပြီး Leakage ကို Detect လုပ်မိသည်နှင့် Green သို့ေုပာင်းသွားသည်။)
o Sulphur Candle ဖြင့်လည်း Leakage ကိုရှာဖွေနိုင်သည်။
( Ammonia နှင့်တွေ့သောအခါ Candle မှ White Dense Smoke များထွက်လာမည်။)
o Co2  အတွက် ဆပ်ပြာရည်ကို အသုံးပြု၍ Leakage ကိုရှာဖွေနိုင်သည်။
48, Suction v/v Defect ဖြစ်သောအခါ ဖြစ်လာနိုင်တဲ့ လက္ခဏတွေကိ ဘာတွေလဲ ?
1. Suction Press; တက်မည်။
2. Discharge Press; ကျမည်။
3. Compressor Continuous Running ဖြစ်နေမည်။
4. Insufficient Cooling ဖြစ်မည်။
5. Noise ထွက်မည်။
49, Discharge v/v Defect ဖြစ်သောအခါ ဖြစ်ပေါ်လာနိုင်သော လက္ခဏာတွေကို ပြောပြပါ။
1. Suction Press; တက်မည်။
2. Discharge Press; ကျမည်။
3. Compressor Press; Gauge Jerking ဖြစ်မည်။
4. Compressor Continuous Runningဲဖစ်နေမည်။
5. Insufficient Cooling ဖြစ်မည်။
6. Noise ထွက်မည်။
7. Shut Down လုပ်ပြီးသောအခါ Back Flow ကြောင့် Suction Press; မြန်မြန်တက်လာမည်။
50, Defrosting ဆိုတာ ဘာလဲ ?
- Evaporator Coil များတွင် ကပ်နေသော Frost များကို ဖယ်ရှားခြင်းဖြစ်သည်။
- Frost Thickness  1/4” ထက်မပိုခင် Defrosting လုပ်ရမည်။
52, Defrosting လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ ?
1. Heat Transfer ကိုကောင်းမွန်စေရန်
2. Cooling Efficiency ကောင်းစေရန်
3. Flooding Back ကို ကာကွယ်ရန်။
53, Defrosting Methods ဘယ်နှစ်မျိုးရှိလဲ ?
1. Normal Defrosting : Plant ကို Pumping Down လုပ်ကာ Cold Room Door များကိုဖွင့်ပြီး Defrosting
                                  လုပ်ခြင်း။             
2. Cold Room Drain Line ကိုဖွင့်ကာ Warm Water ဖြင့်ဖြန်းကာ Defrosting လုပ်ခြင်း။
3. Evaporator Coil များတွင် တပ်ဆင်ထားသော Heater Coli ကိုအသုံးပြု၍ Defrosting လုပ်ခြင်း။
4. Compressor အထွက် Line မှနေ၍ Evaporator Coil သို့  Hot Gas ဖြင့် Defrosying လုပ်ခြင်း။
53, Evaporator Coil မှာ Frost တွေကပ်နေသော အကြောင်းအရင်းက ဘာလဲ ?
- Plant Overload ဖြစ်နေသောကြောင့်
- Meat , Fish, Vegetable တို့နှင့် အတူပါလာသော ရေ နှင့် Moisture တို့ Condensation ဖြစ်သောကြောင့်။
54, Ventilation System ကို Refer System တွင်တပ်ဆင်ထားရတဲ့ ရည်ရွယ်ချက်ကို ပြောပြပါ။
 Heat နှင့် Humidity ကိုဖယ်ရှားရန်။
 Cargo များပေါ်မှ Moisture များ Condensation ဖြစ်ခြင်းကို ကာကွယ်ရန်။
 အချို့သော Fruit နှင့် Vegetable များမှည့်သောအခါ ထွက်ပေါ်လာသော Gas များကို ဖယ်ရှားရန်။
55, Flooding Back ဆိုတာ ဘာလဲ ?
- Compressor Suction သို့ Liquid Refrigerant များ ဝင်ရောက်လာခြင်းဖြစ်သည်။
56, Flooding Back ဖြစ်ရတဲ့ အကြောင်းများကို ပြောပြပါ။
1. Oil In The System ဖြစ်နေသောကြောင့်
2. Oil Separator မကောင်းသောကြောင့်
3. Overcharge ဖြစ်နေသောကြောင့်
4. Dehydrator မကောင်းသောကြောင့်
5. Solenoid Valve Stick Open ဖြစ်နေသောကြောင့်
6. TEV Stick Open ဖြစ်နေသောကြောင့်
7. Evaporator Coil တွင် Frost များကပ်နေသောကြောင့်
57, Flooding Back ဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြမလဲ ?
 Compressor Suction တွင် Frost များကပ်နေခြင်း
 Compressor Knocking သံထွက်နေခြင်း
 Compressor Sweating ဖြစ်မည်။
58, Flooding Back မဖြစ်အောင် System ဘယ်လို arrangement တွေလုပ်ထားလဲ?
1. Compressor Cylinder Head တွင် Liquid Shock v/v တပ်ဆင်ထားခြင်း။
2. TEV ဖြင့် Superheat ရအောင် ပြုလုပ်ထားခြင်း။
3. Large Pant များတွင် Master Solenoid v/v ကို တပ်ဆင်ထားခြင်း။
4. Defrosting Arrangement များကို တပ်ဆင်ထားခြင်း။
5. Compressor ၏ Suction နှင့် Discharge Manifold ကြား Cylinder Head တွင် Bursting Disc တပ်ဆင်ထားခြင်း။
59, Large Plant များမှာ Master Solenoid v/v ကို ဘာလို့တပ်ရတာလဲ ?
- Compressor Fault ဖြစ်၍ ရပ်သွားသောအခါ Master Solenoid v/v ပါပိတ်သွားသည်။ ထို့ကြောင့်
Compressor အတွင်းသို့ Liquid Refrigerant များဝင်ရောက်ကာ Compressor Damage ဖြစ်ခြင်းကို ကာကွယ်နိုင်သည်။
60, TEV Diaphragm Crack ဖြစ်သွားရင် System ဘာဖြစ်နိုင်လဲ ?
- Spring Pressure ကြောင့် Diaphragm ပိတ်သွားမည်။
- System Low Press; Cut Out ဖြင့်ရပ်သွားမည်။
61, Cold Room Temp; တစ်ခန်းတည်းတက်တဲ့ အကြောင်းကိုပြောပြပါ။
1. Load များနေသောကြောင့်
2. Solenoid v/v Malfunction ဖြစ်နေသောကြောင့်
3. TEV Chock ဖြစ်နေသောကြောင့်
4. Sensing Bulb ကွာနေသောကြောင့်
5. Evaporator Coil Fault ဖြစ်နေသောကြောင့်
6. Evaporator Coil တွင် Frost ကပ်နေသောကြောင့်
7. Thermostat ကပ်နေသောကြောင့်။
62, Refrigerant ( Liquid ) Charging ဖြည့်ပြပါ။
 ဖြည့်မည့် Bottle ကို Weight ချိန်ကာ Record ယူထားမည်။
 Bottle ကို Liquid Charging v/v နှင့် Connection လုပ်မည်။
( Liquid Charge v/v သည် Condenser နှင့် TEV ကြား High Pressure Side တွင် ရှိသည်။ )
 Bottle ကို Connection Pipe နှင့် အကြပ်တိုက်ပြီး Connection v/v ဘက်တွင် အနည်းငယ်လျော့တိုက်မည်။
 Bottle v/v ကိုဖွင့်ပြီး Connection Pipe အတွင်းရှိ လေများကို Purging လုပ်မည်။ Refrigerant ထွက်လာ
သောအခါ Connection v/v နှင့် အကြပ်တိုက်မည်။ Bottle v/v ကို Fully Open ဖွင့်မည်။
 Condenser အထွက် v/v ကို ပိတ်ပြီး Compressor ကိုမောင်းမည်။
 Charging v/v ကို ဖြည်းညှင်းစွာ ဖွင့်မည်။ Compressor Sction Line တွင် Frog လိုက်မလာခင်အထိ ဖြည့်မည်။
 Filling လုပ်ပြီးသောအခါ Compressor ကိုရပ်မည်။ Condenser သို့ပေးနေသော Cooling Sea Water ကို
အချိန်အနည်းငယ် ကြာသည်အထိဆက်ပေးထားမည်။
 Air Purging v/v ကိုအသုံးပြု၍ OverRefrigerant နှင့် လေကို ထုတ်မည်.
 Bottle ကို Weight ပြန်ချိန်ကာ Charge လုပ်ခဲ့သော Refrigerant Amount ကို Log Book တွင် Record လုပ်မည်။
63, Refrigerant ( Gas ) Charging ဖြည့်ပါ။
 ဖြည့်မည့် Bottle ကို Weight ချိန်ကာ Record ယူထားမည်။
 Bottle ၏ Gas v/v တွင် Connection Pipe ကိုတပ်မည်။ Compressor ၏ Charging v/v တွင် Connection
ယူပြီး လျော့တိုက်ထားမည်။
 Bottle Gas v/v ကို Crack ဖွင့်မည်။ လျော့တိုက်ထားသောနေရာမှ Gas ထွက်လာသောအခါ Charging v/v
Connection ကို အကြပ်တိုက်မည်။ Bottle Gas v/v ကို Fully Open ဖွင့်မည်။
 Compressor ကို Manual ပြောင်းမောင်းကာ Condenser Outlet v/v ကိုပိတ်ပြီး Pumping Down လုပ်မည်။
 Just Above Zero ရောက်သောအခါ Charging v/v ကို ဖြည်ူဖြည်းဖွင့်မည်။
( Charging v/v ကိုအများကြီးဖွင့်မိသောအခါ Liquid Flooding Back ဖြစ်ပြီး Compressor ပျက်စီးနိုင်သည်။ )
 သတ်မှတ် Level သို့ရောက်သောအခါ Charging v/v ကို ပိတ်မည်။ Bottle v/v ကို ပိတ်မည်။ Compressor ကိုရပ်မည်။ Compressor ကိုရပ်မည်။ Condenser Inlet v/v ပိတ်မည်။ Sea Water Inlet နှင့် Outlet တူသည်အထိထားပေးပြီး Air Purging လုပ်မည်။
64, အအေးခန်း Temp; တွေ ပုံမှန်ဘယ်လောက် ရှိရမလဲ ?
- Meet Room Temp;  ( Minus) - ( 0 to -25°C )
- Fish Room Temp;    ( Minus ) - ( 0 to -18°C )
- Vegetable Room Temp; ( Plus) - ( 0 to +10°C )
- Provision Room ( Dry Store ) Temp; - ( 0 to +15°C )
65, Purpose Of Air Condition ကိုပြောပြပါ။  ( Air Con; တပ်ဆင်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ )
- Purpose Of Air Condition က -----
i. To Comfort The Human Body Sensation
ii. To Maintain The Suitable Room Temp;
iii. To Control The Humidity And Cleanliness Of Air
66, Refrigeration System ဘာကြောင့်အေးသလဲ ? ( System ကိုပြောပြရမယ် )
 EX;ansion v/v အဝင်မှာ High Press; Warm Liquid နဲ့ဝင်တယ်။ Expan; v/v မှာ Sudden Pressure Drop
ဖြစ်ပြီး Temperature ကျမယ်။ အငွေ့ပြန်မယ်။
 Latent Heat Of Vaporization လိုတယ်။ အဲဒါကို Refrigeration ထဲကပဲရတယ်။ Temp; ကျတယ်။
 Low Press; Cool Liquid & Gas အနေနဲ့ Exaporator ဝင်မယ်။
 Evaporator မှာ Heat Transfer လုပ်မယ်။
 Latent Heat Of Vaporization + Transfer Heat ကို Cool Room ထဲကယူပြီး Low Pressure Warm Gas ဖြစ်သွားတယ်။
 တစ်ကြိမ်တစ်ခါဖြတ်တိုင်း Cool Room ထဲက Same Amount Of Sensible & Latent Heat Of Vaporization တွေယူသွားပြီး အကြိမ်များစွာ ဖြတ်တဲ့အတွက် Cool Room ကအေးလာတယ်။
 Transfer လုပ်တယ်။ Refrigerant က Latent Heat Of Vaporization Absorbed လုပ်သည်။
67, R12 Combine Gauge ကို R22 System မှာ သုံးလို့ရသလား ?
- သုံးလို့ မရပါ။
- Pressure အတွက်သာသုံးနိုင်ပြီး ၊ Temperature မမှန်လို့ပါ။
- ဘာကြောင့်လဲဆိုတော့ R12 နဲ့ R22 တို့ရဲ့ Atm Pressure မှာ ရှိကြတဲ့ Boiling Point တွေ မတူလို့ဖြစ်ပါတယ်။
68, Refre Compressor မှာ Fitted လုပ်ထားတဲ့ Safety Device တွေက ဘာတွေလဲ ?
1. Safety Head (or) Unloader
2. L.P Cut-In and Cut-Out
3. H.P Cut-Out
4. L.O  Low Press; Cut-Out
5. Condenser Cooling Water Low Press; Cut-Out
69, R12,  R22,  NH3  Refrigerant တွေရဲ့ Suction & Discharge Pressure တွေဘယ်လောက်လဲ ?
                     Suc; Pressure              Oil                    Disch; Pressure
   R12            1.8 ~ 2 Kg/cm2                                    7.4 ~ 7.5 Kg?cm2
   R22            3 ~ 5 Kg/cm2             3 ~ 8                  13 ~ 15 Kg/cm2
   NH3            2.5 Kg/cm2                                            11.5 Kg/cm2
70, Thermostatic Expansion v/v က ဘာကို Control လုပ်သလဲ ?
 Room Temp; ကို Control လုပ်တယ်။ ( Solenoid ) ချိန်ထားတဲ့ Room Temp; ရောက်ရင် Solenoid v/v ပိတ်သွားတယ်။
 Solenoid v/v ကို အမြဲတမ်းဖွင့်ထားတယ်။ Temp; Stop v/v လို့လဲခေါ်တယ်။
 Thermostatic Expansion v/v  က  Refrigerant Pass In To The Evaporator ကို Control လုပ်တယ်။
 Cool Room  က Temp; တက်ရင် Gas များများလွတ်တယ်။ Cool Room Temp; ကျနေရင် Gas နဲနဲပဲလွှတ်ပေးမယ်။ TEV က အနည်း အများကိုပဲ Control လုပ် Never Close )
71, Refrigeration System မှာ Magnetic Filter ဘာကြောင့် တပ်ရတာလဲ ?
 Refrigeration System မှာ Gear P/P, Screw P/P တို့ဟာ Very Fine Clearance နဲ့ အလုပ်လုပ်တဲ့ အတွက် Metallic Parts တွေ ဝင်သွားမှာစိုးရိမ်တဲ့အတွက် Magnetic Filter တပ်ထားရတာဖြစ်တယ်။
73, Refrigeration System မှာ Refrigerant ကို Purging လုပ်ရင် ဘယ်လိုလုပ်မလဲ ?
- Freon sys ဆိုရင် လေထဲကိုပဲ ထုတ်ပစ်တယ်။
- NH3 ဆိုရင် ရေပုံးခံပြီး ရေထဲကိုထုတ်ပစ်မယ်။ NH3 က ရေထဲမှာ ပျော်ဝင်နိုင်တယ်။
- NH3 sys မှာ Relief v/v ပေါက်ရင် Comp; Suction ဘက်ပြန်ဝင်တယ်။
74, Ref; Sys မှာသုံးတဲ့ Crank Case Oil က ဘာအမျိုးအစားလဲ ?
- Straight Mineral Oil
75, Discharge v/v Leakage ဖြစ်တာကို ဘယ်လိုသိနိုင်သလဲ ?
- Fluctuating Or Jerking High Pressure Gauge
- A Drop In Cold Room Temperature
- Discharge Pressure Lower Than Normal
76, Ref; sys မှာ L.P Cut Out နဲ့ရပ်သွားပြီး ဘယ်အချိန်ပြန်စ မောင်းမလဲ ?
 Suction Pressure ပြန်တက်လာပြီး Cut-In ဖြစ်မယ့် Set Press; မှာ စပြီး မောင်းမယ်။
77, Ref; sys; T.E.V Choke ဖြစ်တာ ဘာကြောင့်လဲ ? ဘာလုပ်မလဲ ?
- Sys; ထဲတွင် ရေ Moisture ရောက်ရှိနေတဲ့အတွက် Dirty ဖြစ်နေတာရယ်။
- TEV အပြင်ဘက်တွင် Frost ဖြစ်နေတာကြောင့် Evaporator တွင် Ref; ပြတ်ပြီး Compressor မှာ Short Cycling ဖြစ်နေမယ်။
- Compressor Press; လည်းလျင်မြန်စွာ တက်သွားတာတွေ့ရမယ်။
- ထိုသို့ဖြစ်လျင်  TEV ကို သန့်ရှင်းရေးလုပ်ပါ။ Dehydrator ကို အသစ်လဲပါမယ်။
78,  Evaporation Coil တွေမှာ Frost ဖြစ်ရင် ဘာလုပ်မလဲ ?
- Frost ဖြစ်ရင် Defrost လုပ်မယ်။
- Frost ဖြစ်ရင် Heat Transfer ညံ့သောကြောင့် Cooling Efficiency တွေကျသွားမယ်။
79, Air Conduction  System မှာ Temp; ဘယ်လိုချိန်မလဲ ?
- Temp; ချိန်ဖို့ Thermostat ရှိတယ်။
- အခန်းရဲ့  Temp ဘယ်လောက် ချချင်သလဲ တိုးချင်သလဲ  Thermostat ပေါ်မူတည်တယ်။
80, Air Con; System မှာ Temp; ကိုဘယ်လိုချိန်မလဲ ? ဘယ်လို Control လုပ်မလဲ ?
- Temp; ကိုချိန်ဖို့ Thermostat ရှိပါတယ်။
- အခန်းရဲ့ Temp; ကို ဘယ်လောက်ချချင်လဲ၊ တိုးချင်လဲ ဆိုတာ Thermostat ပေါ်မူတည်တယ်။
- အရင်ဆုံး  Individual Type လား ၊ Common Type လားကြည့်ရမယ်။
- Individual ကိုယ့်အခန်းနဲ့ ကိုယ်ဆိုရင်  Thermostat Setting နဲ့ပြောင်းပါတယ်။ Push Button ကိုနှိပ်ပြီး Temp; ကိုပြောင်းနိုင်သည်။
- Common Room System ဆိုရင် ဘုံနေရာကနေ လျော့လို့ တင်လို့ မရပါဘူး။ ကိုယ့်အခန်းထဲဝင်တဲ့ လေရဲ့ Volune ကိုပဲ လျော့လို့ တင်လို့ရပါမယ်။
81, Humidification နှင့် Dehumidification ဆိုတာ ဘာလဲ ?
- ၄င်းတို့သည် Air Cond; Sys; မှာ လုပ်ပါတယ်။
- Humidification ဆိုတာ Air Con; Space ထဲမှာ Humidity ( စိုထိုင်းခြင်း )  နဲနေလို့ များအောင် Water Moisture ရေမှုန်တွေပေးတာဖြစ်တယ်။
- Dehumidification ဆိုတာ Air Con; Space ထဲမှာ Humidify ( လေကိုပူနွေးစိုထိုင်းစေမှု) များနေလို့ နဲအောင် ရေငွေ့ ( Steam ) ထုတ်ပစ်တာဖြစ်တယ်။
82, NH3  Refrigerant System က v/v တွေ Pipe တွေက ဘာ Metal လဲ ?
- Iron (သံ) နဲ့ပြုလုပ်ထားတယ်။ Copper နဲ့ လုပ်လို့မရဘူး NH3  က Copper နဲ့ဓါတ်ပြုလို့ပါ။
83, R12   Combine Gauge ကို R22 မှာသုံးလို့ရသလား ? မရရင် ဘာကြောင့်လဲ ?
- မရပါ။
- Pressure သာမှန်ပြပြီး Temp; အမှန်မပြတော့ပါ။
- ဘာကြောင့်လဲဆိုတော့ R12 နှင့် R22 Boiling Point Temp; မတူလို့ ဖြစ်ပါတယ်။

Cd
မေတ္တာဖြင့်
T.Y.M.M.... Cerd


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html