ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Public Address (P.A) system 24VDC low insulation အကြောင်းတစ်စေ့တစ်စောင်း

မင်္ဂလာပါခင်ဗျာ……………..။
ကျွန်တော်နှင့် Public Address (P.A) system 24VDC low insulation အကြောင်းတစ်စေ့တစ်စောင်း


ဒီအကြောင်းအရာလေးကို မရေးခင်မှာ 
အနည်းငယ်ဖော်ပြချင်တာတစ်ခုက 
ကျွန်တော့်သင်္ဘောဟာ Offshore Supporting 
အမျိုးအစားဖြစ်တဲ့ 

A.W.B ခေါ် Accomodation Work Boat ဖြစ်ပါတယ်။ A.W.B တွေက Offshore Platform ရေနံတူးစင်တွေရဲ့  နံဘေးမှာ Gangway ခေါ် လှေခါးထိုးပြီး ကမ်းလွန်ရေနံလုပ်သားများအတွက် အထူးသဖြင့် အထောက်အပံ့ပေးတဲ့ ရေပေါ်ဟော်တယ်လို့  တင်စားခေါ်ဝေါ်ကြတဲ့သင်္ဘောအမျိုးအစားများ ဖြစ်ပါတယ်။ ဒီတော့ P.A system ကတော့ နိစ္စဒူဝ မရှိမဖြစ် အသုံးလိုအပ်တဲ့ပစ္စည်းတစ်မျိုးပါ။ P.A နဲ့  Talk Back speaker များ၊ Auto Power Telephone စတဲ့ တွဲဖက်ပစ္စည်းများကိုပါ အသုံးပြုထားတဲ့ P.A control unit ကြီးနဲ့  ထိန်းချုပ်ထားပါတယ်။ ဥပမာအားဖြင့် မောင်ဘယ်သူ ဘယ်နေရာကို လာခဲ့ပါလို့  လော်စပီကာနဲ့  အလွယ်တကူ အော်ခေါ်တဲ့ပစ္စည်းပေါ့၊ အရေးပေါ် Emergency Drill တွေဖြစ်တဲ့ Fire Drill, Abandon Ship Drill, Men Over Board Drill, General Alarm များလုပ်တဲ့ နေရာမှာ များစွာအထောက်အကူဖြစ်ပါတယ်။ P.A သုံးပြီးတော့ Master အနေနဲ့  This is Fire Drill, Abandon Ship Drill, Men Over Board Drill အစရှိသဖြင့် Announce ကြေငြာတဲ့ ပစ္စည်းဖြစ်လို့  အရမ်းကို အသုံးဝင်သလို အသုံးများပါတယ်။ စာရေးသူလုပ်ကိုင်နေတဲ့ နိုင်ငံဟာ မလေးရှားနိုင်ငံဖြစ်လို့  အများစုသော လူမျိုးများ အနေနဲ့  သူတို့ ကိုးကွယ်တဲ့ဘာသာဟာ မွတ်ဆလင် ဘာသြာ့ဖစ်တာမို့  နေ့ စဉ် ဘုရားဝတ်ပြုရင် P.A ကို သုံးလို့  လော်စပီကာနဲ့  “အလာ” အော်ပြီး ဘုရားရှိခိုးတာမို့  အပျက်မခံတဲ့ ပစ္စည်းထဲမှာပါပါတယ်။
ဖြစ်ချင်တော့ တစ်နေ့ မှာ သူကြီးဖြစ်သူ “အလာ” အော်ပြီး ဘုရားရှိခိုးနေတုန်း P.A ရဲ့ Speaker ကနေ ငှက်ဆိုးထိုးသံကဲ့သို့  “ကျွီ၊ကျွီ” နဲ့  မြည်သံကြားရပါတော့တယ်။ ဖြစ်ဖြစ်ချင်းမှာတော့ သူကြီးက အတော့်ကို စိတ်ဆိုးပါတယ်။ သူဘုရားရှိခိုးနေတုန်း ပျက်လို့ ဆိုပြီး ဓာတ်ကြိုးဖြစ်သူ ကျွန်တော်မျိုးကို Walkie Talkie ကနေ ဆင့်ခေါ်လို့  ပဲ့စင် ပေါ်ကိုရောက်ပြီး စစ်ဆေးမှုတွေ လုပ်ရတော့တာပေါ့။ အဲ့ဒီမှာဘဲ P.A နဲ့  ကျွန်တော်မျိုးရဲ့  ပြဿနာရှာပုံတော် စခန်းစတော့တာပဲဖြစ်ပါတော့တယ်။
P.A ခေါ် Public Address System ကို 230VAC Ship Generator output supply နဲ့  24VDC emergency battery supply ၂မျိုး အသုံးပြုထားပါတယ်။ ဒီတော့ ဖြစ်ဖြစ်ချင်းမှာ Maker Manual Drawing ရှာပါတယ်။ ပဲ့စင် နဲ့  စက်ခန်းမှာ မတွေ့ ပါဘူး။ ဒါနဲ့ ပဲ ရုံးကို ကြေးနန်းပို့ ပြီး စူပါကြီး ထံမှ တောင်းလိုက်ပါတယ်။ စူပါက သူရှာပေးမယ်ဆိုပြီး Maker Manual ရှာပြီး တွေ့ တာနဲ့  Email ပို့  ပါတယ်။ စာရေးသူလည်း pdf file ကို print ထုတ်ပြီး လေ့လာကြည့်ပါတယ်။ စာရေးသူ သင်္ဘောပေါ်မှာ တပ်ဆင်ထားတဲ့ P.A အမျိုးအစားရဲ့  အမည်နာမက VINGTOR STEENHANS ဖြစ်ပါတယ်။ Control Panel ၂လုံး ရှိပါတယ်။ Panel “A” & “B” ဖြစ်ပါတယ်။ ဒါနဲ့ ပဲ ဖြစ်တဲ့အကြောင်းအရာနဲ့ ပတ်သတ်လို့  စစ်ဆေးကြည့်လေတော့ ပထမဦးဆုံး Problems with system generated noise 1 ဆိုတာလေးတွေ့ ပါတယ်။ Recommended action to be taken မှာရေးသားထားတာက Disconnect ships 24VDC and connect a separate power supply ဆိုလေတော့ ဒါဟာသေချာတယ်။ 24VDC low insulation ကျတာပဲ ဖြစ်ရမယ်ဆိုပြီး 24VDC panel လေးကို ကြည့်လေတော့ အမှန်ပါဘဲ၊ Low insulation ဖြစ်နေကြောင်း Kilo Ohm’s မီတာလေးက ထောက်ခံကြောင်း မီးအနီလေးပြနေပါတယ်။ ဒါနဲ့ ဘဲ 24VDC ကို အရင်ဆုံး Trace လုပ်ပါတယ်။ 24VDC များ လွယ်ပါတယ်ဗျာ M.C.B လေးတွေ လိုက်ချလိုက်ရင် အဆင်ပြေတာပေါ့လို့ ပြောနိုင်ပေမယ့် သင်္ဘောက Onhire ဖြစ်နေသလို  Offshore Location မှာ ဖြစ်နေလေတော့ သူကြီးနဲ့  စက်ချုပ်ကြီးက မစမ်းစေချင်ပြန်ဘူး၊ 24VDC supply ပေးထားတဲ့၊ General Use Battery နဲ့  Emergency Battery ကိုဘဲ စစ်ဖို့  စက်ချုပ်ကြီးက အကြံပေးပါတယ်။ ဒီတော့ ရှင်းပြရတော့တာပေါ့။ Chief အပါတ်စဉ် Sunday တိုင်းမှာ batteries တွေရဲ့  Specific Gravity ကို Hydrometer နဲ့  ငါစမ်းသလို 24VDC ကိုလည်း မီတာနဲ့ တိုင်းတာပြီး Emergency light တွေစမ်းဖွင့်ကြောင်း 24VDC low insulation ကို အမြဲစစ်ဆေးကြောင်း နည်းနည်းလောက် အထွန့် တက်လိုက်ပါသေးတယ်။ နောက်ဆုံး သူကြီးကပါ မလုပ်စေချင်တော့ ဓာတ်ကြိုးရာ မင်းကို ငါတို့ ၂ယောက် မယုံလို့ မဟုတ်ပါဘူး။ နောက်တစ်ခေါက် ထပ်စစ်ကြည့်ပါဦးတဲ့၊ ပြီးမှ M.C.B တွေ ပိတ်၊မပိတ် ဆက်ဆွေးနွေးတာပေါ့တဲ့။ ၂ မဲ ၁ မဲ မို့  လက်လျှော့ပြီး စစ်ပေးလိုက်ပါတယ်။ ဘာလို့ များ  မပိတ်ချင်သလည်းလို့ ဆိုတာက အကြောင်းရှိပါတယ်။ သင်္ဘောကလက်ရှိ operation ဖြစ်နေတာက တစ်ကြောင်း၊ နောက်တစ်ချက်က platform နဲ့  supply သင်္ဘောလေးတွေနဲ့  fast crew boat တွေက ရေဒီယိုနဲ့  လှမ်းခေါ်ရင် အကြောင်းမပြန်နိုင်မှာဆိုးတာတွေနဲ့ ၊ နောက်ဆုံးအချက်ကတော့ ပြန်များ ဖွင့် မရရင်ဆိုတဲ့ ကျွန်တော့်အပေါ်မှာ အပြည့်အဝ မယုံကြည်တာတွေလည်းပါတာပေါ့လေ။ ထားပါလေ ဒါနဲ့ ပဲ လွယ်ကူတဲ့အလုပ်က ၂ရက်လောက် နောက်ဆုတ်သွားတယ်။ သူကြီးက နောက်တစ်ရက်ကြတော့ ခေါ်တိုင်ပင်တယ်။ ဓာတ်ကြိုးရေ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲတဲ့၊ ကျွန်တော်ကလည်း နည်းနည်းတော့ ကပ်ပြီးပြောတာပေါ့၊ ၁စက္ကန့် ၊ ၂စက္ကန့် လောက်နဲ့  ဘာမှမဖြစ်ပါဘူးလို့ ၊ ဒါနဲ့  ကုန်းချုပ်က ဝင်ပြောတယ် တစ်ခုခုဆိုရင် ဓာတ်ကြိုး တာဝန်ယူမလားတဲ့၊ အဲ့ဒီမှာ ကျွန်တော်နဲ့  ကုန်းချုပ်စတွေ့ တော့တာပဲ ဒီတာဝန်တွေကို ယူရဲလို့ သင်္ဘောပေါ်တက်လာတာပါ ကုန်းချုပ်ရာ ဒီပြဿနာ မဖြေရှင်းနိုင်လည်း ရုံးက ကျွန်တော့်ကိုဘဲ မေးမြန်းမှာ ဖြစ်သလို  နောက်ပြဿနာတစ်ခုက လျှပ်စစ်ဖြစ်နေရင် ကျွန်တော်ပဲ ဖြေရှင်းပေးရမှာဖြစ်လို့  သန်းခေါင်ထက်တော့ ညဥ့်မနက်တော့ပါဘူး ကုန်းချုပ်ရယ်။ ဒီလိုပြောလိုက်မှ ကုန်းချုပ်လည်း ဆက်မပြောတော့ဘဲ မင်းတာဝန်ယူရင်ပြီးတာတဲ့။
ဒါနဲ့ ဘဲ 24VDC M.C.B တွေတစ်ခုခြင်းလိုက်ပိတ်ကြည့်တယ် Galley လို့  ခေါ်တဲ့ စားဖိုခန်းက Exhaust Fan ကို Emergency Fire Satuation မှာ  shut down လုပ်ဖို့  Fire Damper ကို 24VDC power supply ပေးထားတဲ့လိုင်းက ဖြစ်နေမှန်းတွေ့ လိုက်တယ်။ ဒါနဲ့ ဒီ breaker ကို ပိတ်လို့ ၊ P.A က စကားပြောတဲ့ Microphone ကနေ Talk ဆိုတဲ့ ခလုပ်လေးကိုနှိပ်ကြည့်တော့ 24VDC low insulation က ထပ်ပြီးပေါ်လာတယ်။ ဒါနဲ့ ဘဲ P.A control unit က Speaker တွေ နဲ့  Talk Back စနစ်ကို သံသယရှိတာနဲ့  စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာကြောင့် speaker တေ နဲ့  Talk Back စနစ်ကို စစ်ဆေးဖို့  ဆုံးဖြတ်သလဲဆိုတာကတော့ ရှင်းပါတယ်။ P.A system မှာ fault အများဆုံးပေးနိုင်တာက Speaker ဖြစ်နေလို့ ပါဘဲ။ အဲ့ဒီနေရာမှာ speaker တွေကများပါတယ်။ ဘာကြောင့်လည်းဆိုတော့ စာရေးသူရဲ့ သင်္ဘောက လူ၂၀၀ ဆန့် ပါတယ်။ ဒီတော့ လူ၂၀၀ နေဖို့  အိပ်ခန်းပေါင်း ၇၀ ကျော် ရှိတာမို့  စစ်ဆေးဖို့  အချိန်ယူရပါလိမ့်မယ်။ ဒီတော့ Short cut ဖြတ်လမ်းနည်းသုံးပြီးတော့ Main P.A control panel မှာ ဝင်ထားတဲ့ speaker signal ကြိုးတွေကို ဖြုတ်ပါတယ်။ ဒါနဲ့ level 3 STBD က အခန်းတွေရဲ့  Speaker လိုင်းက 24VDC low insulation ကျနေတာကိုတွေ့ လေတော့ ကြိုးကိုဖြုတ်ပြီးစမ်းကြည့်ပါတယ်။ နောက်ထပ်လည်း P.A talk back system ကတော့ အဆင်ပြေ နေတာမို့  ကြိုးတွေပြန်ဝင်ပြီး စစ်ပါတယ်။ ဒါနဲ့  P.A နေရာမတူတဲ့ location တွေက ထပ်စစ်ဆေးပါတယ်။ Bridge FWD ကတော့ အဆင်ပြေနေပေမယ့် AFT console ကတော့တကျွီကျွီမြည်နေဆဲမို့  panel ကိုထပ်စစ်ကြည့်တော့ 3Amp fuse ၂လုံးက blow ဖြစ်နေတာကို တွေ့ ရတော့ အစားထိုးဖို့ လိုက်ရှာတာမတွေ့ တာနဲ့  ယာယီ ဝါယာနန်းမြှင်အသေးစားလေးကို တစ်ပါတ်ရစ်ပြီး တပ်ကြည့်တော့ low insulation တက်လာပါတယ်။ ဒါနဲ့ ဘဲ Electronic PCB card ရဲ့  24VDC input/ output ကိုတိုင်းတာကြည့်တော့ output မထွက်တာမို့  P.C.B ပေါ်က condenser တွေနဲ့  IC ပေါင်းမြောက်များစွာရယ် inverter transformer အသေးစားလေးတွေရယ်ကြောင့် Card ပျက်နေပြီ ဖြစ်ကြောင်းကို ရုံးကိုသတင်းပို့ ပြီး Card အသစ်မှာမလား၊ ပြုပြင်သူ ပို့ ပေးမလားဆိုတာလေး မေးရင်းပဲ ကိုယ်စွမ်းသလောက်တော့ ကြိုးစားပြီး P.A system ကြီး လက်ရှိအနေအထားမှာတော့ Level 3 STBD ကလွဲလို့  ကျန်တဲ့နေရာတွေ အလုပ်ပြန်လုပ်သွားခဲ့ပါတယ်ခင်ဗျာ။
ဒီအကြောင်းအရာလေးမှာ အဓိက ရေးသားခြင်တာလေးတစ်ခုက မိမိတာဝန်ယူတဲ့အပိုင်းမှာ မိမိတက်နိုင်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ ရယ်နဲ့  ယာယီ ဘယ်လိုကောင်းအောင်ပြုပြင်မလဲ၊ ကိုယ်တိုင်လုပ်လို့ အဆင်မပြေနိုင် တက်ယောင်ငါး မလုပ်ဘဲနဲ့  အရှိကိုအရှိအတိုင်း ပွင့်လင်းစွာပြောနိုင်ဖို့ က အရေးကြီးပါတယ်။ ဓာတ်ကြိုးများ ရဲ့  တာဝန်က operation & maintenance ဖြစ်တာမို့  စက်ပစ္စည်းတွေ မောင်းနှင်နိုင်ဖို့ ရယ်နဲ့ ၊ ပြုပြင်ထိန်းသိမ်းနိုင်သလောက်တော့ ထိန်းသိမ်းစောင့်ရှောက်တက်စေဖို့ ပါဘဲ။
စာရေးသူအနေနဲ့ တော့ Electronic ဘာသာရပ်ကို စိတ်ဝင်စားမှုနည်းပါးတာရယ် ကျွမ်းကျင်မှုမရှိတာကြောင့် Electronic P.C.B card ကိုတော့ ဆက်မပြင်တော့ပါဘူးခင်ဗျာ။ ကျွမ်းကျင်တဲ့ ညီအစ်ကို ဓာတ်ကြိုးများ အနေနဲ့ တော့ ပြုပြင်ကြတယ်ဆိုတာ ဟိုးယခင် ကတည်းက ကြားဖူးပြီးသားဖြစ်ပါတယ်။ ဒီတော့ တက်နိုင်ရင်တော့ ပြင်ပါ၊ မတက်နိုင်ရင်တော့ သတင်းပို့ ပါ။ အဆင်ပြေကြပါစေခင်ဗျာ။


Credit..
မေတ္တာဖြင့်
T.Y.M.M
ခေတ္တကမ်းလွန်ရေနံ




lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html