ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Purifier Clarifier

မင်္ဂလာပါခင်​ဗျာ။
စာသင်ခန်းထဲမှ မှတ်​စုအ​မေး​အ​ဖြေ​လေးများကိုပြန်​လည်​မျှ​ဝေပါရ​စေခင်ဗျာ :) သင်​ကြား​ပေး​သောဆရာသမားကို အထူး​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ :)

Purifier Clarifier

1, Purifier အမျိုးအစားများကို ပြောပြပါ။
i. Gravitational Separation ( Setting )
ii. Filtering
iii. Centrifugal Purification
2, Gravitational Separation Temperature ဆိုတာဘာလဲ ?
 Temperature တစ်ခုဖြစ်ပြီး ၊ ထို Temperature တွင် ဆီ ၊ ရေ နှင့် Sludge များကို ခွဲခြားနိုင်သည်။
3, Purifier ရဲ့ Function ကဘာလဲ ?
 ဆီထဲတွင် ပါရှိသော ရေ နှင့် Sludge တို့ကို ခွဲခြားရန်ဖြစ်သည်။
4, Purifier မှာ Safety Devices တွေက ဘာတွေလဲ ?
1. Motor Overload Trip
2. F.O Heater Outlet High Temp; Alarm
3. Friction Clutch
4. Hand Brake
5. Speed Indicator
6. Sump Oil Level Sight Glass
7. Safety Joint
8. Relief v/v ON Gear Pump
9. No Bowl Shut Off Alarm
10. Operating Water Low Level Alarm
11. Overflow Alarm
12. Settling TK And Service TK Low Level Alarm
13. Sludge TK High Level Alarm
5, Purifier မှာ အသုံးပြုတဲ့ရေတွေက ဘာတွေလဲ ?
1. Sealing Water
2. Operating Water
3. Desludging Water တို့ဖြစ်သည်။
6, Gravity Disc ဆိုတာဘာလဲ ?
o Purifier တွင် Oil နှင့် Water ၏ Interface Line Line ကို သတ်မှတ်ပေးသော အရေးကြီးအစိတ်အပိုင်း
ဖြစ်သည်။
o Gravity Disc ၏ Inside Diameter သည် Gravity Disc ၏ Size ဖြစ်သည်။
o Gravity Disc ၏ Size ကို Gravity Disc ပေါ်တွင်ဖော်ပြထားသည်။
7, Gravity Disc ၏ အခြားအမည်တွေကို သိလား ၊ ဘာတွေလဲ ?
1. Dam Ring
2. Discharge Ring
3. Regulating Ring
8, Gravity Disc ကို ဘယ်အချက်တွေနဲ့ အခြေခံပြီး ရွေးလဲ ?
1. Separation Temp;
2. ထို Temp; တွင် ရှိနေမည့် ဆီ၏ Density
3. ဆီ Feed Rate ပေါ်တွင်အခြေခံကာ Nomogram ကိုအသုံးပြု၍ ရွေးချယ်သည်။
9, Gravity Disc ရွေးတာ မမှန်ရင် ဘာတွေဖြစ်နိုင်လဲ ?
 ရှိသင့်သည့် Size အောက်သေးနေသောအခါ Interface Line အတွင်းဝင်ပြီး၊ ဆီထဲသို့ရေပါမည်။
 ရှိသင့်သည့် Size ထက်ကြီးနေသောအခါ Interface Line အပြင်ထွက်ပြီး ရေထဲသို့ ဆီပါမည်။
 Interface Line : Boundary Line Of Oil and Water in Bowl
10, Purifier တွင် Interface Line မှန် မမှန် ဘယ်လိုသိမလဲ ?
      Purifier မောင်းနေသောအခါ ---
- Water Outlet ကို ဖွင့်ကြည့်မည်။ ဆီတွေ့ခဲ့လျင် Interface Line မမှန်ပါ။
- Service TK ကို Drain လုပ်ကြည့်မည်။ ရေတွေ့ခဲ့လျင် Interface Lime မမှန်ပါ။
Purifier ရပ်ထားသောအခါ ---
- Disc Cone Hole ကို အပေါ်စီးမှကြည့်မည်။ အစွန်ဘက်မှ 1/3 အကွာတွင် Interface Line
ကိုတွေ့လျင် Interface Line မှန်သည်။
11, Purifier Disc အကြောင်းကို ပြောပြပါ။
- Disc များသည် အရေအတွက်အားဖြင့် 50 ~ 150 ရှိသည်။
- Thickness အထူအားဖြင့် - ( 0.6 ~ 0.8 ) mm ခန့်ရှိသည်
- Disc များကို Slope လုပ်ထားခြင်းဖြင့်
i. Settling ကိုပိုကောင်းစေသည်။
ii. Purifier ၏ Separation Effciency ကို တက်စေသည်။
12, Friction Cluth ဆိုတာဘာလဲ ?
 Motor နှင့် Horizontal Shaft ကြားရှိ Driving Mechanism တစ်ခုဖြစ်သည်။
 Motor လည်သောအခါ Centrifugal Force ကြောင့် Friction Plate များကားထွက်လာကာ
Frication Pulley ကိုချိတ်ဆွဲပြီး Purifier ကိုလည်စေသည်။
 Friction Clutch စားနေသောအခါ           ---   Rated RPM မရ။
 Friction Clutch အစားမညီသောအခါ      ---   Rated RPM မရ ၊ Vibration ဖြစ်မည်။
 Friction Clutch ကိုပိုတပ်မိခဲ့လျင်           ---  Motor Overload ဖြစ်မည်။
 Friction Clutch ကိုလျော့တပ်မိသောအခါ --- Rated RPM မရ ၊ Vibration ဖြစ်မည်။
 L-Type Friction Plate များကိုပြန်တပ်သောအခါ Motor Direction ကိုကြည့်တပ်ရမည်။
 T-Type Friction Plate များတွင်မူ Motor Direction ကို ကြည့်တပ်ရန်မလိုပါ။
13, Sealing Water ၏ Function များကိုပြောပြပါ။
1. Water And Oil Interface Line ကိုဖြစ်ပေါ်စေရန်
2. Water Outlet ကို Seal လုပ်ပေးရန်
3. ဆီထဲတွင်ပါသော ရေထွက်ရာလမ်းကြောင်းဖြစ်ပေါ်စေရန်
4. Salt နှင့် Acid ကို ဖယ်ထုတ်ပေးရန်။
14, Sealing Water Flow Rate မမှန်သောအခါ ဘာဖြစ်မလဲ ?
- Flow Rate နည်းသောအခါ Water Outlet မှ Sealing Water ကိုစွန့်ထုတ်မည်။
- Flow Rate များသောအခါ Water Outlet နှင့် Sludge နှစခုစလုံးမှ Sealing Water ကိုစွန့်ထုတ်မည်။
15, Bowl ထဲတွင် Sludge များနေသောအခါ ဘာတွေဖြစ်နိုင်သလဲ ?
1. Water Outlet မှ ဆီလျှံမည်။
2. Disc Hole များပိတ်နေသောကြောင့် Interface Line ပျောက်သွားမည်။
3. Purifier Vibration ဖြစ်မည်။
4. Motor Ampere တက်မည်။
16, Purifier Overflow ဘယ်နှစ်မျိုးရှိလဲ >
1. Water Outlet မှ ဆီလျှံခြင်း
2. Sludge Outlet မှ ဆီလျှံခြင်း
17, Water Outlet မှ ဆီလျှံစေနိုင်သော အကြောင်းအရာများကို ပြောပြပါ။
1. Sealing Water ဆုံးရှူံးသောကြောင့်၊ Sealing Water မလုံလောက်သောကြောင့်
2. Gravity Disc Size ကြီးနေသောကြောင့်
3. F.O Temp; နိမ့်နေသောကြောင့်
4. Feed Rate များနေသောကြောင့်
5. Bowl High နိမ့်နေသောကြောင့်။   ။
18, Sludge Outlet မှ ဆီလျှံစေနိုင်သော အကြောင်းအရာများကို ပြောပြပါ။
1. Rate RPM မရသောကြောင့်
2. Valve Cylinder Damage ဖြစ်နေသောကြောင့်
3. Operating Water Pressure မလုံလောက်သောကြောင့်
4. Main Sealing Ring မကောင်းသောကြောင့်၊ ပြတ်နေသောကြောင့်
5. Bowl ကောင်း စွာမပိတ်သောကြောင့်
19, Purifier ဆီထဲရေပါရသော အကြောင်းအရာများကို ပြောပြပါ။
1. Water Outlet ပိတ်နေသောကြောင့်
2. Gravity Disc Size မမှတ်သောကြောင့် ( သေးနေကြောင့် )
3. Sealing Water Supply များနေသောကြောင့်
4. F.O Temp; မမှန်သောကြောင့်
5. Sludge များပြီး Bowl မပွင့်နိုင်သောကြောင့်
6. Bowl Speed နှေးနေသောကြောင့်
- Bowl Height မြင့်နေသောကြောင့်
20, Purifier Vibration ဖြစ်ရသော အကြောင်းတွေက  ဘာတွေလဲ ?
1. Motor Speed Too Low or Too High ဖြစ်ောကြောင့်
2. Friction Clutch Plate များအစားမညီသောကြောင့်
3. Bearing Failure ဖြစ်နေသောကြောင့်
4. Worm Wheel စားနေသောကြောင့်
5. Misalignment ဖြစ်နေသောကြောင့်
6. Bowl ထဲတွင် Sludge များနေသောကြောင့်
7. Foundation Damper နှင့် Spring Failure ဖြစ်နေသောကြောင့်
8. Foundation Bolt များ Loose ဖြစ်နေသောကြောင့်
( vibration ဖြစ်ပေါ်သောအခါ Purifier ကို ချက်ခြင်းရပ်ရမည်။ )
21, Purifier ကို Manual မောင်းပြပါ။
1. Breaker တင်မည်။ Hand Braker ဆွဲထားခဲ့လျှင်ဖြုတ်မည်။
2. Gear Oil Sump Level စစ်မည်။ Oil Condition စစ်မည်။
3. Safety Joint ပြတ်၊ မပြတ် စစ်မည်။
4. Gear Pump အဝင် အထွက် By-Pass Valve ဖွင့်မည်။
5. Service Tank သို့သွားသော Valve ကိုဖွင့်မည်။
6. F.O Heater ၏ အဝင် အထွက် Valves များဖွင့်မည်။
7. Start လုပ်မည်။ Rated RPM ရောက်သည့်အထိ စောင့်မည်။
8. Rated RPM ရောက်သောအခါ L.p v/v ကိုပြန်ဖွင့်မည်။
9. Sealing Water ဖြည့်မည်။ Desludging လုပ်မည်။
10. L.P v/v ကို ပြန်ဖွင့် Bowl ကိုပိတ်မည်။
11. Sealing Water ကို Water Outlet မှ ရေကျလာသည်အထိ ဖြည့်မည်။
12. Feed v/v ကို Adjust လုပ်ကာဖွင့်မည်။ By-Pass v/v ကိုပိတ်မည်။
13. ဆီလွှတ်ပြီးသောအခါ ဆီအဝင် အထွက် Temp; များကို စစ်မည်။ Feed Rate စစ်မည်။
14. Water Outlet နှင့် Sludge Outlet ကို စစ်မည်။
15. ပုံမှန်ဖြစ်သောအခါ Alarmှwitch ကို ON မည်။
22, Purifier မောင်းပြီးသောအခါ စစ်ဆေးသင့်သည့်အချက်များကို ပြောပြပါ။
1. Motor Ampere စစ်မည်။ Fuel Temp နှင့် Pess; ကိုစစ်မည်။
2. Feed Rate ကိုစစ်မည်။
3. Vibration And Noise ရှိ မရှိ စစ်မည်။
4. Water Outlet And Sludge Outlet ကိုစစ်မည်။
5. Settling TK Level And Service TK Level ကို စစ်မည်။ Drain လုပ်ကြည့်မည်။
6. Sludge TK Level ကိုစစမည်။
23, Purifier ဏမောင်းသောအခါ Motor Ampere ဘာကြောင့်တက်ရတာလဲ ?
 Friction Plates များမှ Pulley ကိုချိတ်ဆွဲရသောကြောင့်
 Worm Wheel Gear Ratio ကြောင့်
 Unbalance Load ဖြင့် Start လုပ်ရသောကြောင့်
24, Purifier Rated RMP ရ၊ မရ မည်သည်ကိုကြည့်ကာ သိနိုင်သလဲ ?
1. Motor Ampere
2. Speed Indicator
25, Purifier Rated RPM မရတာ ဘာကြောင့်လဲ ?
1. Motor Overload ( Single Phasing ) ဖြစ်နေခြင်းကြောင့်
2. Friction Clutch များစားနေသောကြောင့်
3. Hand Brake ငြိနေသောကြောင့်
4. Bearing Failure ဖြစ်နေသောကြောင့်
5. Vertical နှင့် Horizontal Shaft Misalignment ဖြစ်နေသောကြောင့်
6. Worm Wheel စားနေသောကြောင့်
7. Bowl ထဲတွင် Sludge များနေသောကြောင့်
8. Friction Plates လိုအပ်သည့် အောက်ပိုနည်းစွာ တပ်ဆင်ထားသောကြောင့်
( Sump Oil Level မြင့်နေသောကြောင့် )
26, Purifier ကို Manual Desludging လုပ်ပြပါ။
 Alarm Awitch ကို OFF မည်။
 F.O By-Pass v/v ကိုပိတ်မည်။
 Sealing Water ကိုဖြည့်ကာ H/P v/v ကိုဖွင့်၍ Desludging လုပ်မည်။ ( Ampere ကိုစစ်မည်။
အသံကိုနားထောင်မည်။ )
 Sludge Outlet ကို စစ်ဆေးမည်။
ဆီပြန်လွှတ်သောအခါ
 ဆီ Temp; ကိုစစ်မည်
 L/P v/v ကိုဖွင့်ပြီး Bowl ကိုပိတ်မည်။
 Sealing Water လုံလောက်စေရန် Water Outlet မှ ရေထွက်လာသည်အထိ ဖြည့်မည်။
 Feed v/v ကို Adjust လုပ်၍ဖွင့်မည်။
 By-Pass v/v ကိုပိတ်မည်။
 Sludge Outlet နှင့် Water Outlet ကိုစစ်မည်။
 Sludge ချနေစဉ် Sludge Outlet Cover Plug ကိုမဖွင့်ရပါ။
27, Purifier ကို ဘာလို့ Water Washing လုပ်ရတာလဲ ?
  ဆီနှင့်အတူပါလာနိုင်သော Acid, Salt and Small Particles Impurities များကို ဖယ်ထုတ်ရန်
Purifier Water Washing ကိုပြုလုပ်သည်။
  အဓိကအားဖြင့် L.O ( Straight Mineral Oil ) အတွက်သာလုပ်သည်။
  Detergent / Dispersant Oil ရှိ Additives များသည် ရေတွင်ပျော်ဝင်နိုင်သောကြောင့်
Water Washing မလုပ်ပါ။
  Purified မလုပ်မီ Injected Water Rate သည် 3 ~ 5% Of Oil Flow ရှိရန်လိုအပ်သည်။
  Water Temp; သည် Oil Temp; ထက် 5°C မြင့်ရန်လိုသည်။
  Continuously or Intermittently လုပ်နိုင်သည်။
  Water Washing လုပ်ခြင်းဖြင့် Continuous Renew Water Seal In Bowl ကိုဖြစ်စေသည်။
28, Clarifier ဆိုတာဘာလဲ ?
- ပုံမှန်အားဖြင့် Purifies များ၏ အလွန်တွင် တပ်ဆင်ထားလေ့ရှိသည်။
- ဆီထဲရှိ Suspended Solids များကို Sealing Water မလိုဘဲဖယ်ထုတ်နိုင်သည်။
- Clarifier တွင် Clarified Oil ထွက်ပေါက်သာရှိပြီး၊ Water Outlet ကို Seal လုပ်ထားသည်။
- Bottom Disc တွင် အပေါက်မပါသောကြောင့် ဆီတို့သည် Disc ၏ အစွန်သို့ရောက်ရန် အချိန်ကြာ
သည်။ထို့ကြောင့် Centrifugal Force ကိုပိုခံစားရကာ Fine Solids များကို ခွဲထုတ်နိုင်သည်။
29, Purifier ကို Clarifier အဖြစ်သို့ ဘယ်လိုပြောင်းမောင်းမလဲ ?
1. Purifier ရှိ Water Outlet ကိုပိတ်မည်။ ( Gravity Disc ပေါ်မှာ Seal လုပ်သည် )
2. Bottom Disc ကို Blind Disc ပြောင်းမည်။
3. Sealing Water Inlet Line ကိုပိတ်မည်။
30, Purifier နှင့် Calrifier တို့၏ ကွာခြားကို ပြောပြပါ။
Purifier
1. Water နှင့် Suspended Solid Particles တို့ကိုဖယ်ထုတ်ပေးသည်။
2. Water နှင့် Clean Oil Outlet 2 ခုရှိသည်။
3. Gravity Disc လိုအပ်သည်။
4. Disc Stack ၏ထိပ်တွင် Blind Disc ရှိသည်။
5. Sealing Water လိုအပ်သည်။
Clarifier
1. ဆီထဲရှိ ပို၍သေးငယ်ကာ ပေါ့ပါးသော Particles များကို ဖယ်ထုတ်ပေးသည်။
2. Clarified Oil Outlet တစ်ခုတည်းသာ ပါရှိသည်။
3. Gravity Disc မလိုအပ်ပါ။ Sealing Ring သာလိုအပ်သည်။
4. Disc Stack ၏အောက်တွင်သာ Blind Disc ရှိသည်။
5. Sealing Water မလိုအပ်ပါ။
31, Clarifier မှ Fine Particles များကို ခွဲနိုင်ရသောအကြောင်းအရင်းကို ပြောပြပါ။
- Bowl အတွင်းသို့ဝင်လာသော ဆီသည် Blind Disc ၏ အစွန်းသို့သွားရသောကြောင့် Centrifugal Force ကိုပိုခံစားရသောကြောင့်ဖြစ်သည်။
Credit
မေတ္တာဖြင်
T.Y.M.M







lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html