ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Connector များ အကြောင်း

Connector များ အကြောင်း
====================
(Basic Electronic Engineering (Devices) စာအုပ်အား နောက်တစ်ပတ်အတွင်းမှာ ဒုတိယ အကြိမ် ထပ်မံ ဖြန့်ဝေ နိုင်တော့မှာ ဖြစ်ပါတယ် ခင်ဗျာ)
၁။ ပုံ(၁) မှာ ဖော်ပြထားတာကတော့ အီလက်ထရောနစ် ပစ္စည်း တစ်ခုမှာ Power Source အတွက် Battery တွေကို အသုံးပြုတဲ့ အခါမှာ  9V Battery နှင့် ချိတ်ဆက်ဖို့ရန်အတွက် Battery Connector ကို အသုံးပြုတာတွေ ရှိပါတယ်။ 9V Battery ကတော့ လေးထောင့်ပုံစံ အရှည်လေးဖြစ်ပါတယ်။ ငုတ် အကြီး တစ်ခု / အသေး တစ်ခု ပါဝင်ပါတယ်။ အဆိုပါ ငုတ် အကြီးနဲ့ အသေးကို ပုံ (၁) မှာ ဖော်ပြထားတဲ့ Connector မှာ လာရောက် ချိတ်ဆက်ခြင်းဖြစ်ပါတယ်။ ပုံ (၁) မှာ ရှိတဲ့ အောက်က ပုံကတော့ 1.2V Battery Cell လေးတွေ ဖြစ်တဲ့ AA  Size Battery ကို ထည့်ပြီးတော့ အသုံးပြုနိုင်တဲ့ Battery Holder အမျိုးအစားပါ။ ယခု Battery Holder အမျိုအစားကို Digital နှင့် Analog Multimeter အမျိုးအစား တချို့မှာ အသုံးပြုလေ့ ရှိကြပါတယ်။ ယခု Battery Holder မှာ ဆိုရင် 1.2V Battery Cell စုစုပေါင်း ၃ လုံးကို Series အနေနဲ့ ထည့်သွင်းအသုံးပြုနိုင်ပြီးတော့ 6V ကို ရရှိစေနိုင်ပါတယ်။
၂။ ပုံ(၂) မှာ ဖော်ပြထားတာကတော့ Terminal Block လို့ခေါ်ပါတယ်။ အဆိုပါ Termianl Block ကို Wire တွေ ထည့်သွင်းပြီးတော့ အသုံးပြုလို့ရပါတယ်။  ၄င်းရဲ့ အောက်ခြေမှာတော့ Pin ငုတ်လေးတွေ ရှိပါတယ်။ အဆိုပါ Pin လေးတွေကို Printed Circuit Board (PCB) ပေါ်မှာ တပ်ဆင်ပြီးတော့ အသုံးပြုလို့ရပါတယ်။ Electronic Component ရောင်းတဲ့ ဆိုင်တွေမှာ Terminal Block ကို ပုံ (၂) မှာ ပြထားတဲ့ အတိုင်း အတွဲလိုက်ပါဝင်တဲ့ အမျိုးအစားကို ၀ယ်ယူလို့ ရသလို ၊ ၂ ခုတွဲ  အမျိုးအစားနှင့် ၃ ခုတွဲ အမျိုးအစားကိုလည်း ၀ယ်ယူလို့ရပါတယ်။ အတွဲလိုက် Terminal Block ကနေ တဆင့် ၂ ခုတွဲ ၊ ၃ ခုတွဲကိုလည်း ဖြတ်ပြီးတော့ အသုံးပြုလို့ရပါတယ်။
၃။ ပုံ(၃) မှာ ဖော်ပြထားတာကတော့ Crocodile Clip (မိကျောင်း ပါစပ် ပုံစံ ကလစ်) ဖြစ်ပါတယ်။ Battery တွေကို ဖြစ်စေ ၊ DC Power Supply ကနေ တဆင့် Circuit Board ကို ချိတ်ဆက်တဲ့ နေရာမှာ ဖြစ်စေ Crocodile Clip ကို အသုံးပြုလေ့ ရှိကြပါတယ်။ Crocodile Clip ရဲ့ အပေါ်မှာတော့ Insulator နှင့် ဖုံးအုပ်ထားပါတယ်။ အဆိုပါ Insulator မှာ အများအားဖြင့် အနီရောင်နှင့် အနက်ရောင်ဖြစ်ပါတယ်။ အနီရောင်သည် + Volt အတွက်ပါ။ အနက်ရောင်ကတော့ - Volt အတွက် ဖြစ်ပါတယ်။ Crocodile Clip ကို Insulator ရဲ့ အတွင်းမှာ Wire ကို ခဲဆော်ပြီးတော့ အသုံးပြုနိုင်ပါတယ်။ အသုံးပြုတဲ့ အခါမှာ Crocodile Clip ရဲ့ အောက်ခြေမှာ လက်နဲ့ဖိပြီးတော့ Clip ကလေး ‘ဟ’ လာတဲ့ အချိန်မှာ ညှပ်ပြီး အသုံးပြုလို့ရ့ါတယ်။
၎။ ပုံ(၄) မှာ ဖော်ပြထားတာကတော့ Plug နှင့် Socket ဖြစ်ပါတယ်။ Power Source ကို တစ်နေရာကနေ နောက်တစ်နေရာကို သွားတဲ့ လုပ်ဆောင်ချက်တွေမှာ အဆိုပါ Plug နှင့် Socket ကို အသုံးပြုလို့ရပါတယ်။ ပုံ(၄) ရဲ့ အပေါ်ကပုံမှ Plug ကို လေ့လာကြည့်ရင် Connector ရဲ့ အလယ်က Diameter သည် ပိုကြီးနေပါတယ်။ ထိုကဲ့သို့ Diameter ကို ကြီးထားခြင်းအားဖြင့် Plug ကို အောက်မှာ ပြထားတဲ့ Socket အတွင်းမှာ ထိုးသွင်းတပ်ဆင်လိုက်တဲ့ အခါမှာ အလွယ်တကူနဲ့ ပြုတ်မထွက်တော့မှာပဲဖြစ်ပါတယ်။ ပုံ(၄) ရဲ့ အောက်ခြေမှာရှိတဲ့ Socket ပုံစံကလည်း အမျိုးမျိုး အသုံးပြုလို့ရပါတယ်။ Socket ကို ခဲဆော်ပြီးတော့လည်း အသုံးပြုနိုင်သလို ၊ Screw အနေနဲ့လည်း အသုံးပြုလို့ရနိုင်ပါတယ်။
၅။ ပုံ (၅) မှာ ဖော်ပြထားတာကတော့ Jack Plug နှင့် Socket ပဲဖြစ်ပါတယ်။ အများအားဖြင့် Audio နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေမှာ အသုံးပြုကြပါတယ်။ Audio နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေမှာ Mono နှင့် Stereo အတွက် အသုံးပြုလေ့ရှိကြပါတယ်။ အဆိုပါ Jack မှာလည်း Male / Female (အဖို / အမ ) ဆိုပြီးတော့ အစုံလိုက်လာပါတယ်။  Jack Plug and Socket လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ အဆိုပါ Jack Plug and Socket မှာ ဆိုရင် Diameter အရွယ်အစား အလိုက် အခေါ်အဝေါ်တွေ ရှိကြပါတယ်။ လက်မ (သို့မဟုတ်) မီလီမီတာ ဖြင့် သတ်မှတ်ထားတာတွေကို ပုံ(၅) မှာ လေ့လာနိုင်ပါတယ်။
၆။ ပုံ(၆) မှာ ဖော်ပြထားတာကတော့ Audio နဲ့ပတ်သက်ရင် Stereo အတွက် Jack နှင့် Socket ပုံစံတွေပဲဖြစ်ပါတယ်။ Jack ဘက်မှာ L ၊ R ၊ COM ဆိုတဲ့ အပိုင်း ၃ ခု ပါဝင်ပါတယ်။ (Mono အတွက်ဆိုရင်တော့ အပိုင်း ၂ ခုသာ ပါဝင်ပါတယ်။ ) Socket ဘက်မှာ ဆိုရင်လည်း R ၊ L ၊ COM ဆိုတဲ့ အစိတ်အပိုင်း ၃ ခု ပါဝင်တာကို လေ့လာနိုင်ပါတယ်။ L ကတော့ Left Channel Signal အတွက် ဖြစ်ပါတယ်။ R ကတော့ Right Channel Signal အတွက်ပါ။ COM ကတော့ Ground (သို့မဟုတ်) Common အတွက်ပဲဖြစ်ပါတယ်။
၇။ ပုံ (၇) မှာ ဖော်ပြထားတာကတော့ Audio (သို့မဟုတ်) Video Signal တွေကို တနေရာကနေ နောက်တနေရာကို သွားလာတဲ့ အခါမှာ အသုံးပြုလေ့ရှိကြသော Plug and Socket ဖြစ်ပါတယ်။ DVD စက်တွေနဲ့ TV တွေမှာ လေ့လာနိုင်ပါတယ်။ ပုံ (၇) မှာ ရှိတဲ့ Plug and Socket အမျိုးအစားကို အသုံးပြုခြင်း အားဖြင့် ပြင်ပကနေ ၀င်ရောက်လာနိုင်သော Noise တွေကို ကာကွယ်ပေးနိုင်ပါတယ်။ Plug ရဲ့ အလယ် Pin ကတော့ Signal တွေကို သယ်ယူရာမှာ အသုံးပြုဖို့ဖြစ်ပါတယ်။
၈။ ပုံ (ဂ) မှာ ဖော်ပြထားတာကတော့ Coaxial Cable တွေရဲ့ ခေါင်းတွေမှာ အသုံးပြုဖို့ဖြစ်ပါတယ်။ TV Antenna ကနေ တဆင့် TV ဆီသို့သွားသော နေရာတွေမှာ Coaxial Plug and Socket တွေကို အသုံးပြုထားတာကို လေ့လာနိုင်ပါတယ်။
၉။ ပုံ(၉) မှာဖော်ပြထားတာကတော့ DIN Plug and Socket ဖြစ်ပါတယ်။ ယခင်က အသုံးပြုခဲ့ကြတဲ့ Desktop Computer တွေရဲ့ Mouse and Keyboard တွေမှာ အသုံးပြုတဲ့ အမျိုးအစားဖြစ်ပါတယ်။ ပုံ (၉) မှာဖော်ပြထားတာကတော့ Pin စုစုပေါင်း ၅ ပင် ပါဝင်တဲ့ Plug and Socket ဖြစ်ပါတယ်။ Socket ကို PCB ပေါ်မှာ တပ်ဆင် အသုံးပြုရပါတယ်။ Plug ကတော့ မိမိ လာရောက် ချိတ်ဆက်လိုသော ပစ္စည်းမှတဆင့် အသုံးပြုရတာပဲဖြစ်ပါတယ်။ အဆိုပါ Plug and Socket မှာလည်း Pin နံပါတ်တွေ ပါဝင်ကြပါတယ်။
၁၀။ ပုံ (၁၀) မှာဖော်ပြထားတာကတော့ D Connector အမျိုးအစားဖြစ်ပါတယ်။ အများအားဖြင့် Desktop Computer တွေမှာ တွေ့မြင်နိုင်ပါတယ်။ ယခု နောက်ပိုင်းထုတ်တဲ့ Desktop တစ်ချို့မှာတော့ ပုံ (၁၀) ရဲ့ အပေါ်က Pin စုစုပေါင်း ၂၅ ပင် ပါဝင်တဲ့ D Connector အမျိုးအစားတွေကို သိပ်မတွေ့ရတော့ပါဘူး။ ပုံ(၁၀) တွင် ဖော်ပြထားသော အောက်ကပုံကတော့ Laptop တချို့မှာရော ၊ Desktop Computer တွေမှာပါ တွေ့ရတဲ့ System Unit နှင့် Monitor ကို ချိတ်ဆက်တဲ့ နေရာမှာ အသုံးပြုတဲ့ VGA Connector ပဲဖြစ်ပါတယ်။
၁၁။ ပုံ (၁၁) မှာ ဖော်ပြထားတာကတော့ Telecommunication နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေမှာ အသုံးပြုတဲ့ Connector အမျိုးအစားဖြစ်ပါတယ်။ 4 Pin ၊ 6 Pin ၊ 8 Pin စသည်ဖြင့် Connector တွေ အမျိုးမျိုး ရှိကြပါတယ်။
Cred
ကျေးဇူးတင်ပါတယ်
ကိုမျိုး (အီလက်ထရောနစ်)

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html