ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကျွန်တော်နှင့် Bow Thruster အကြောင်းတစ်စေ့တစ်စောင်း

မင်္ဂလာပါခင်ဗျာ…………………….။
ကျွန်တော်နှင့် Bow Thruster အကြောင်းတစ်စေ့တစ်စောင်း
ပြောတော့သာ Bow Thruster ပြဿနာ ဆိုပေမယ့်၊ တကယ်တမ်းက PLC ပြဿနာလို့  ဆိုရမလိုဘဲ။


 ဒါနဲ့  စကားမစပ် P.L.C ဆိုတာကို သေချာမကျွမ်းကျင်တဲ့သူအဖို့  ဒီပြဿနာက တော်တော်လေး ခေါင်းကိုက်စေတဲ့ပြဿနာလို့  ဆိုရပြန်ဦးမယ်ဗျ။
ဒါနဲ့ ဘဲ ဒီအကြောင်းကို သေချာမကျွမ်းကျင်လေတော့ စာအုပ်တွေ ပြူးပြဲရှာဖတ်ရတော့တာပေါ့ဗျာ။ ကျွန်တော့စီမှာ Automation က ဆရာတစ်ဆူဖြစ်တဲ့ ဆရာဦးနေမျိုးအောင်ရဲ့ စာတွေကို Facebook က ဖတ်ဖူးတာရယ်၊ acmv.org ဘလော့ခ် ကနေပြီး ကျေးဇူးရှင် ဆရာဦးကောင်းထက်ညွှန့်ရေးသားထားတဲ့ PLC အကြောင်းလေးတွေကို Download လုပ်ပြီးအရင်လေ့လာလိုက်တယ်။ အဲ့ဒီမှာ သိလိုက်တာ တစ်ခုက P.L.C ဆိုတာ Programmable Logic Controller ဖြစ်ကြောင်းရယ် PLC တွေရဲ့ အလုပ်လုပ်ပုံလေးတွေကို တော်တော်များများ လေ့လာဖြစ်လိုက်တယ်။ နောက်တစ်ချက်က You tube မှာ မွှေနှောက်လို့  PLC ရဲ့  အပိုင်းကဏ္ဏ အလုပ်လုပ်ပုံတွေနဲ့  Troubleshooting guide တွေကို တော်တော်လေး စပ်စုမိလိုက်တယ်။ များသောအားဖြင့်  PLC control တွေကို 12VDC power supply input/ output (သို့ မဟုတ်) 24VDC power supply input/ output (I/O devices ) တွေနဲ့  Logic တွေကို Ladder Diagram ရေးသားတာတွေကို လေ့လာဖြစ်တယ်။ အဲ့ဒီနေရာမှာ I/O လို့ ခေါ်တဲ့ Input / Output အပိုင်းမှာ ၂ မျိုး သွားတွေ့ တယ်၊
1) Discrete I/O
2) Analog I/O ဆိုပြီးတော့ ရှိပြန်တယ်။
Digital I/O တွေကတော့ Digital I/O circuit မှာ interface အနေနဲ့  ON/OFF ခလုပ်တွေနဲ့  Limit Switch တွေ Actuator’s sensor’s စတာတွေကို အသုံးပြုပြီး Starter Motor တွေကို မောင်းနှင်တာတွေ့ ရတယ်။
Analog I/O တွေမှာတော့ user configured AD/ & D/A ဆိုတဲ့  16bit resolution ပါတဲ့ modules တွေနဲ့ တည်ဆောက်ပြီး  fault response အဆင့်အနေအထားအတွက် အသုံးပြုတယ်လို့  အကြမ်းဖျင်းသဘောပေါက်မိပါတယ်။ ဒီတော့ analog I/O က Fault ဖြစ်ရင် သိဖို့  တည်ဆောက်တာလို့  ကျွန်တော့်အနေနဲ့ ယာယီ နားလည်ထားလိုက်ပြီးတော့၊

Digital I/O တွေကတော့ 5 to 276 VAC or VDC များ အတွက် Relay contact များ အတွက် output module တစ်ခုမှာ 0 to 276 VAC or 0 to 175 VDC range အတွင်း Signal တွေကို လက်ခံရရှိတယ်လို့  မှတ်သားမိပြီးသကာလ၊ PLC module တွေ အလုပ်လုပ်ပုံအဆင့်ဆင့်ကို ထပ်မံလေ့လာဖြစ်ပါတယ်။
PLC ရဲ့  မိသားစုဝင်များလို့ တောင်ဆိုရမလိုပါဘဲ။
1) Control relays
8-20 I/O, limited memory size, only LD programming languages with limited and not standard instructions.
2) Compact PLC
12-32 I/O, normal memory size, standard IL, LD, FBD programming languages with limited instructions.
3) Modular PLC with compact unit
Flexible arrangement up to 800 I/O, different memory size standard IL, LD, FBD programming languages.
4) Modular PLC with rack system
High I/O number, memory size, CPU frequency, network ability. All standard programming languages are used.
အဲ့ဒီ ၄ မျိုးကတော့ PLC မိသားစုဝင်တွေပေါ့။ 
ဒါနဲ့  PLC အမျိုးအစား ၃ မျိုးကို ထပ်တွေ့ လိုက်တယ်၊ အဲ့ဒါတွေက Compact /  Modular PLC / Soft PLC ဆိုတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။
ဒီအမျိုးအစား ၃မျိုးကိုတော့ လက်ရှိအသုံးပြုသူ user များ အတွက် မိမိအသုံးပြုလိုတဲ့ နေရာနဲ့  ပစ္စည်းတွေအပေါ်မှာရွေးချယ်အသုံးပြုကြပါတယ်။ PLC ရဲ့  အဓိက အသက်ကတော့ Programm ရေးဆွဲထည့်သွင်းတက်ဖို့ ပါဘဲ။ ဒါကို basic အခြေခံအားဖြင့်တော့ Ladder diagram ရေးဆွဲတယ်လို့ ခေါ်ဝေါ်သုံးဆွဲလာကြပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ PLC ကို program ရေးနိုင်တယ် ပြုပြင်နိုင်တယ်ဆိုရင်ဘဲ ဆရာတစ်ဆူဖြစ်တယ်လို့ တောင်ပြောလို့ ရပါတယ်။ အကြောင်းက ကျွန်တော်အပါအဝင် အင်ဂျင်နီယာ ညီအစ်ကိုတော်တော်များများအနေနဲ့  PLC ဆိုတာတော့သိတယ်၊ တစ်ချို့ က Ladder Diagram တော့ဆွဲတက်တယ်၊ Program ပြန်ပြင်မရေးတက်ကြသလို၊ Error တက်တဲ့အပိုင်းတွေကို မဖြေရှင်းတက်ကြပါဘူး။ ဒါကလည်း နည်းပညာမှာ ခေတ်နောက်ရောက်နေတဲ့ မတိုးတက်သေးတဲ့ ကျွန်တော်တို့ နိုင်ငံအနေအထားအရ ဒီလို အခြေအနေကို ကြုံတွေ့ နေရတာဖြစ်လို့  သိပ်တော့အထူးအဆန်း မဟုတ်လှပါဘူး။ ဒီတော့ ကျွန်တော် PLC ကို လေ့လာရင်း အဓိကသွားတွေ့ တာ Master PLC နဲ့  Slave PLC ဆိုတာလေးပါ။ Master က သခင်ပေါ့၊ Slave ကတော့ ကျွန်ပေါ့၊ ဒီတော့ သခင်က ကျွန်ကိုခိုင်းမယ်၊ ဒါဟာ ထုံးစံဘဲ။ ဒီလိုဘဲ PLC မှာ Master & Slave ရဲ့  ဆက်စပ်နေပုံလေးကို သွားတွေ့ ပါတယ်။
နောက်တစ်ချက် အရေးကြီးတာက PLC မှာ အခြေခံလိုအပ်ချက်တွေက
1) PLC Hardware Device
2) PLC Software
3) PLC program & programmer
4) Electric Power & Input / output accessories စတာလေးတွေဖြစ်ပါတယ်။
Hardware မှာတော့ power supply / CPU / communication port & amp cable / I/O module စတာတွေပါပါတယ်။
Software ဆိုတာကတော့ အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ program တွေ အသစ်ရေးဆွဲတာတွေ၊ program တွေကို သိမ်းဆည်းမှတ်သားတာတွေနဲ့ ကွန်ပျုတာ PC တွေနဲ့  Laptop တွေပေါ်မှာ Run မယ်၊ PLC process လုပ်ငန်းစဉ်တွေကို နေ့ စဉ် စောင့်ကြည့်မယ် စတဲ့ အပိုင်းတွေကတော့ Software အလုပ်ပေါ့။
Programmer ဆိုတာကတော့ ဒီ PLC စနစ်ကို ရေးဆွဲသူပေါ့၊ သူဟာလည်း အပေါ်ကရေးခဲ့တဲ့ Ladder Diagram တွေနဲ့  Functional Block Diagram တွေကို ရေးသားခြင်းဖြစ်ပါတယ်။ ဒီအပြင်နောက်တစ်ဆင့်တက်လို့  ကျွမ်းကျင်ရင်ကျွမ်းကျင်သလို Statement list တို့ Instruction list တို့ ကို ရေးသားနိုင်သူတွေလည်းရှိပါတယ်။
PLC အပြင် စိတ်ဝင်စားစရာကောင်းတာတစ်ခုက ၎င်း နည်းတူပေါ့၊ SCADA လို့ ခေါ်တဲ့ Supervisory Control And Data Acquisition လို့ ခေါ်တဲ့ စနစ်လေးပါ။ ယခုထိတော့ ကျွန်တော်လည်း လေ့လာဆဲပါ။ ဗဟုသုတအဖြစ် ရေးပြယုံပါ။
PLC ဆိုတာ စာလုံးလေး ၃ လုံးနဲ့  ဖွဲ့ စည်းထားပေမယ့်၊ ရေးချရင် စာရွက်မလောက်သလို ကျွန်တော်ကိုယ်တိုင်လည်း Professional တစ်ယောက်မဟုတ်တော့ အမှားများ ပါဝင်မှာ စိုးရိမ်လို့  PLC အကြောင်း ခဏရပ်လို့  Bow Thruster အကြောင်းလေး မျှားဦးလှည့်ပါရစေခင်ဗျာ။
==================================================================
ဒါနဲ့  တစ်နေ့ မှာပေါဗျာ သူကြီးဖြစ်သူက ဓါတ်ကြိုးရေ Bow Thruster က ဘာဖြစ်တာလဲ Power မီးတော့လင်းတယ် operate လုပ်မရဘူးတဲ့၊ ဒါနဲ့ ဘဲ Bow Thruster ရဲ့  Remote ပြဿနာကို Local B.T Main Panel ကဘဲ စပြီး Troubleshooting လိုက်ရတော့တာပေါ့၊ ပထမဆုံး စဉ်းစားရမယ့်အချက်က 230 VAC power supply output ထွက်လို့ သာ Bridge Fwd & Aft Control console ပေါ်က Remote Control throttle မှာ power မီးလင်းတာပေါ့၊ ဒီတော့ စိတ်ထဲကနေတော့ ကျိတ်ပြီးဆုတောင်းမိတာလေးတစ်ခုက PLC တော့ မဖြစ်ပါစေနဲ့ ပေါ့၊ ဒါနဲ့  BT မနှိုးခင် Generator 2 လုံးကို အပြိုင်ချိတ်ဆက်ပြီးတော့ Bow Thruster A.C.B “ON” တယ်၊ Active air filter unit “ON” တယ်၊ Procedure step by step အရ Power supply M.C.B တွေထပ်ပြီးတော့ “ON” တယ်၊ အားလုံးပြီးတော့ LOCAL မှာထားပြီး operate လုပ်ကြည့်တယ်။
အဲ့ဒီမှာ Local Control ကနေ မော်တာကို မောင်းတော့ port & stbd ကို smoothly run & operate လုပ်နေတာတွေ့ လိုက်ရတော့ မော်တာပြဿနာကို ထည့်မစဉ်းစားတော့ဘူး၊ အကြောင်းက မော်တာကကောင်းနေလို့ သာ local control မှာ Operation အဆင်ပြေနေတာလေ။ ကျွန်တော့ bow thruster motor က Port & STBD propeller ကို ကောင်းကောင်းမောင်းနိုင်နေတော့ မော်တာကောင်းတယ်။ propeller ကလည်း C.P.P control pitch propeller အမျိုးအစား။ ဒီတော့ Local Panel ကနေ Bridge Control Console ကိုသွားတဲ့ CKT drawing နဲ့  troubleshooting လိုက်ကြည့်တော့ Main power supply 230VAC output က bridge ကိုရောက်တယ်။ ဒါနဲ့ ဘဲ Signal cable ကို power ရောက်မရောက် drawing မှာစစ်လိုက်တော့၊ PLC အပိုင်းထဲရောက်နေတော့ စစချင်းတော့ ခေါင်းခဲသွားတယ်။ ဒါနဲ့ ဘဲ ကိုယ်မကျွမ်းကျင်တဲ့ အပိုင်းဖြစ်နေတော့ နည်းနည်းတော့စိတ်ညစ်မိတာ အမှန်ပါဘဲ၊ ယောက်ျားတို့ ဇွဲသေခါမှလျှော့ဆိုသလို PLC စာအုပ်တွေပြန်လှန် အချိန်ပေးပြီးတော့ PLC Drawing ကိုတွဲလေ့လာရင်း Master နဲ့  Slave ပြဿနာဆိုတာကို သိလိုက်တယ်။ PLC မှာ အရေးကြီးတာတစ်ခုက I/O ဘဲ၊ နောက်ပြီးတော့ analog setting လေးတွေ၊ ဒါနဲ့ဘဲ ဘယ်ရမလဲ setting တွေလိုက်ပြောင်း ပြီးတာနဲ့  မှတ်စုထဲမှာ မပြောင်းခင်ရေးမှတ်ထားသလို ဓာတ်ပုံလေးရိုက်ပြီး မေ့သွားမှာစိုးလို့ မှတ်တမ်းတင်ထားတယ်။ ပြီးတော့မှ စတင်ပြီး PLC module တွေကို ကလိကြည့်ပါတော့တယ်။ စကားအဖြစ်သာ ကလိတယ်ပြောတာပါ၊ set digit တွေပေးတဲ့ ခလုပ်လေးတွေ function ဖြစ်မဖြစ်၊ Hardware ပိုင်းဖြစ်တဲ့ wire connection တွေ loose connection ဖြစ်မဖြစ် test pen လေးနဲ့  screw လေးတွေကို သေချာပြန်ကျပ်ကြည့်တယ်။ အားလုံးအဆင်ပြေတယ်။
ဒါနဲ့ ဘဲ မောင်ပေါက်ကျိုင်း ထုံးကို နှလုံးမူလို့ ၊ မအိပ်မနေ အသက်ရှည်မလားဆိုပြီး ကော်ဖီခါးခါးတစ်ခွက်ကို ဖျော်သောက်ရင်း စဉ်းစားခန်းလေး ဝင်ရတော့တာပေါ့၊ ပြောသာပြောတယ်။ Bridge ပေါ်မှာ duty officer ဖြစ်တဲ့ ကုန်း၂ နဲ့  ၂ယောက်သား အလာဘ၊သလာဘ ပြောရင်း သတိတစ်ချပ်ခေါင်းထဲဝင်လာလိုက်တယ်။ ဘာလဲဆိုတော့ ကျွန်တော်က Forward Control Console ကိုပဲ သဲကြီး၊မဲကြီး စစ်ရင်းအဖြေရှာနေမိတာကိုးဗျ…………..။
ဒါနဲ့  စကားလက်စသပ်လို့ ၊ AFT control console အောက်ကို လက်နှိပ်ဓာတ်မီးနဲ့ စစ်ကြည့်တော့ အဖြေကထင်းကနဲသွားတွေ့ တယ်။ ဒါနဲ့ ဘဲ အစကတော့ သူကြီးကို နှိုးပြီး ညတွင်းချင်း ကိစ္စဖြတ်ကြည့်ချင်တာ တော်ကြာနေ မသေချာဘဲ သွားနှိုးရင် အရစ်ခံရမှာစိုးလေတော့၊ မနက်မှ မောင်းမယ်ပေါ့၊ သေချာအောင် signal output VDC ကိုတိုင်းကြည့်တော့ FWD နဲ့ မတူ တစ်မူထူးခြားစွာဘဲ အဆင်ချောနေလေတော့၊AFT console က PLC  module လေး ၂ခုဖြစ်တဲ့ DC 551 နဲ့  DC 532 module ကိုယူတယ်၊ Forward control console မှာ Replaced အစားထိုးပြီးတော့ Signal output တိုင်းကြည့်တော့အဆင်ပြေနေတာကို တွေ့ ရတော့ နည်းနည်းတော့ရင်ထဲမှာ ပျော်သွားတယ်။ အဖြေတစ်ဝက်ကတော့ တွေ့ နေပြီလေ၊ module မကောင်းတာဖြစ်နိုင်တယ်ပေါ့၊ ဒါနဲ့ ပြန်ဖြုတ်ပြီး သေချာတွဲဖက်ပြီး တိုက်စစ်တော့မှဘဲ DC551 module လေးမှာ ADDR× 10 ဆိုတဲ့ address setting လေးနဲ့  ADDR× 1 setting လေး ၂ခုက နည်းနည်းလွဲနေပြီဆိုတာကိုသိလိုက်တော့၊ Manual စာအုပ်ထဲမှာ setting ပေးနည်းလေးရှာကြည့်တယ်။ ဒါနဲ့ ဘဲ မတွေ့ ပြန်တော့ Google ကနေ PLC အမျိုးအစားက ABB ဆိုတာရယ်၊ Controller module လေးတွေကို ထပ်ရှာကြည့်တော့ setting က Programmer တွေဘဲ ချိန်လေ့ရှိတာကို သတိရသွားပြီး၊ module controller လေးတွေပြဿနာကို နည်းနည်းစပ်စုကြည့်တော့ သွားတွေ့ တာလေးတစ်ခုက output မထွက်နိုင်တာပေါ့၊ ဒါနဲ့  Maker Manual စာအုပ်ကို တစ်ကြော့ပြန် အားကိုးရင်း ဒီ connection slot port လေးတွေက မရရင် ဘယ်ကနေ ထပ်ထွက်နိုင်မလဲဆိုပြီး Multimeter အားကိုးနဲ့ ရှာကြည့်တော့ ကံကောင်းထောက်မစွာဘဲ No28# terminal ကို No#17 ကိုပို့ ပြီးစမ်းကြည့်တော့ အဆင်ပြေသွားတဲ့အခါမှာ ရမ်းသမ်းမှန်းသမ်း P.L.C ပြင်နိုင်တဲ့ ဘဝကို ရောက်သွားလေတော့ နည်းနည်းတော့ ကိုယ့်ကိုယ်ကို ဘဝင်လေဟပ်လိုက်မိပါသေးတယ်။
ဘာလေးသတိထားမိလဲဆိုတော့ သြော် …………….. ငါမသိသေးတာတွေ အများကြီးကျန်သေးတယ်၊ ထပ်မံလေ့လာရဦးမယ်ဆိုပြီး ကိုယ့်ကိုယ်ကို အားမရဖြစ်ရင်း Bow Thruster ပြဿနာလေးကို အဆုံးသတ်​လို့ နောက်နေ့မနက်မှာ မောင်းတော့ အဆင်ပြေသွားပြီး၊ သင်္ဘောပေါ်မှာ ကြားရခဲတဲ့ စက်ချုပ်ကြီးနဲ့  သူကြီးတင်မကဘဲ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများရဲ့  တော်တယ်ဆိုတဲ့ သူတို့ ချီးကျုးမှုကိုတော့ မရစဖူး၊ အရထူးခဲ့ ပါသေးတယ်ခင်ဗျာ။
အကြောင်းက Bow Thruster မရရင် သူကြီးဖြစ်သူက ရေနံတူးစင်ကို ကပ်ဖို့ မဖြစ်နိုင်ကြောင်း ရုံးကို စာလှမ်းပို့ ထားတော့ မရခဲ့ရင် Offhire ဖြစ်ပြီး Company ဝင်ငွေများ  နစ်နာမှာ ဖြစ်သလို ဖြစ်သမျှအကြောင်း ဓာတ်ကြိုးခေါင်းပေါ် ကြမှာဆို​တော့ မအိပ်မနေကြိုးစားခြင်းနဲ့  စိုးရိမ်ပူပန်တက်တဲ့စိတ်ရဲ့  ရလဒ်လို့ ဘဲ သုံးသပ်မိပါတော့တယ်ခင်ဗျာ။
Credit..
မေတ္တာဖြင့်
T.Y.M.M

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html