ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Battery တွေမှာပါတဲ့ Ah သို့မဟုတ် mAh ဆိုတာ ဘာလဲ

လေ့လာနေသူများအတွက် ပြန်လည်မျှဝေခြင်း………
     Battery တွေမှာပါတဲ့ Ah သို့မဟုတ် mAh ဆိုတာ ဘာလဲ?
                    
ယနေ့ခေတ် တကိုယ်ရည်သုံး Electronic devices တွေ လူတိုင်းတွင်သွင် အသုံးပြုလာကြတဲ့နေရာမှာ Battery တွေရဲ့ အခန်းကဏ္ဍက သိသိသာသာမြင့်တက်လာပါတယ်။

Batteries တွေမှာ အမြဲတမ်းဖေါ်ပြလေ့လေ့ ရှိတာက Volt နဲ့ Ah / mAh ဖြစ်ပါတယ်။ Volt ကတော့ ရှင်းတယ် 1.5V, 3.8V, 12V, 24V ဆိုပြီး ရှိတယ်။ ထုတ်လုပ်သူရဲ့ အညွှန်းအတိုင်းပဲ သုံးရတယ်၊ ရွေးချယ်ရတယ်ဆိုတော့ သဲုးစွဲသူမှာ ရွေးချယ်ခွင့်မရှိဘူး။ ဒီတော့ ဘာပြဿနာမှ မရှိဘူး။ ရွေးချယ်ခွင့်ရှိတာက Ah / mAh ဆိုတော့ သူကဘာလဲ?

ဈေးကွက်ထဲမှာ အလွယ်ခေါ်ကြတာက “အား” ပဲ။ ဘယ်လောက်အား Battery ယူမယ်၊ ဥပမာ ၁၅၀ အား battery ယူမယ် စသည့်ဖြင့်။ ဒီနေရာမှာ အား ဆိုတာ တကယ်တော့ Ah / mAh ကို ညွှန်းတာ ဖြစ်ပါတယ်။

Ampere-hour (Ah) နဲ့ mili Ampere-hour (mAh) ဖြစ်ပါတယ်။ ဒီမှာ milli(m) ဆိုတာ အပုံ ၁၀၀၀ ပုံ ၁ ပုံ ဖြစ်ပါတယ်။ မြင်အောင်ပြောရရင် ၁ ကျပ်နဲ့ ကျပ် ၁၀၀၀ ကွာသလိုပါပဲ။

ဆိုကြပါဆို့ Fully charged 150 Ah Battery တစ်လုံး ကနေ Inverter နဲ့ မီးထွန်းမယ်။ ထွန်းထားတဲ့ မီးတွေ ဘယ်လောက် အားသုံးနေလဲဆိုတာ Inverterက ဒိုင်ခွက် လို့ခေါ်တဲ့ Amp Metre မှာ ကြည့်လိုက်ရင် 10A လို့ ပြနေတယ်။ ဒါဆို ဒီ Battery က ဒီနှုန်းအတိုင်း ၁၅ နာရီ ဆက်ပြီး အသုံးပြုလို့ရသေးတယ်။ (Battery အမျိုး အစား၊ အရည်အသွေး၊ အသစ်အဟောင်းပေါ် မူတည်ပြီး ကွာခြားပါမယ်။) သုံးတာက 10A x 15h ဆိုတော့ 150 Ah မဟုတ်ပါလား။ ဒီ Battery ကိုပဲ 5 Amp ပဲသုံးရင် နာရီ ၃၀ ခန့် သုံးလို့ရမှာပါ။

အလားတူ ယနေ့ ဖုန်းသုံးစွဲသူတွေရဲ့ မရှိမဖြစ် Battery Bank ဝယ်မယ်ဆိုလည်း ကိုယ်အားသွင်းမည့် ကိုယ့်ဖုန်းရဲ့ mAh, ကိုယ်အားသွင်းချင်တဲ့ အကြိမ်အရေအတွက်ကို တွက်ပြီး 6800mAh, 12000mAh, 17000mAh စသည်ဖြင့် တွက်ချက်ပြီး ဝယ်သင့်ပါတယ်။ ကိုယ့်ဖုန်းက 3300mAh၊ အရေးပေါ်သွင်းချင်တာက တစ်ကြိမ်၊ ဒါကို 17000mAh ဝယ်ထားပြီး သွားလေရာ သယ်နေရင်တော့ လေးတာပဲ အဖတ်တင်မှာပါ။ ဈေးကနေ အိမ်ကို ဆန် တစ်အိတ် ဆိုက်ကားနဲ့ ပို့တာနဲ့ ၁၀ ဘီးကားနဲ့ ပို့တာ ရောက်တာချင်းတူပေမယ့် ကုန်ကျစရိတ်နဲ့ ကိုင်တွယ် သယ်ယူမှု လွယ်ကူတာချင်းတော့ ကွာပါတယ်။

အင်ဂျင်နီယာတွေ အမြဲတမ်း စဉ်းစားတာ ၂ ချက်ရှိပါ တယ်။ Safetey & Optimization ဖြစ်ပါတယ်။ အသုံး ပြုသူတွေ အန္တရယ်ကင်းကင်း အဆင်ပြေပြေသုံးနိုင်ရမယ်၊ ကုန်ကျစရိတ် အနည်းဆုံးဖြစ်နိုင်ရမယ်။
   Credit: Ko Nyi

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html