ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကား အလိုင်းမင့် ချိန်သင့်တဲ့ အချိန်

အလိုင်းမင့်မညီတာ ကားမောင်းနေသူတွေ နေ့စဉ် ကြုံတွေ့ နေရတဲ့ ဖြစ်ရပ်တခုပါ။ အလိုင်းမင့် (Aligment) ဆိုတဲ့ စကားဟာ မော်တော်ကားရဲ့ ဘီးတွေကို တကယ်ရည်ညွှန်းတာမဟုတ်ပါဘူး။ ဆပ်စပင်းရှင်း (Suspension) တွေကို အဓိက ရည်ညွှန်းတာဖြစ်ပါတယ်။ နေ့စဉ် ကားကို အသုံးပြုနေတဲ့အခါ အချိန် ကာလကြာလာတော့ ကားရဲ့အောက်ပိုင်း ဆပ်စပင်းရှင်းတွေ လျော့ရဲလာမယ်။ စပရိန် တွေညောင်းလာမယ် အသေးအမွှားတိုက်မိတာပဲ ဖြစ်ဖြစ် ပလက်ဖောင်းနဲ့ တိုက်မိတာပဲ ဖြစ်ဖြစ် ဆပ်စပင်းရှင်း ကို ထိစေပါတယ်။ ခုလိုမျိုးမကြာခဏ တိုက်မိတဲ့အခါ ဆပ်စပင်းရှင်း တွေရဲ့ ပုံမှန်အနေအထား ထောင့်ချိုးထားတာတွေ ပုံမှန်မဖြစ်တော့ပါဘူး။ ဒါကြောင့် ပုံမှန်ဖြစ်ဖို့အတွက် အလိုင်းမင့် ပြန်ချိန်ရပါတယ်။ အလိုင်းမင့်ချိန်ဖို့ လိုပြီလား မလိုသေးဘူးလားဆိုတာတွေကို သိဖို့ စစ်ဆေးရမယ့် အချက်တချို့ ကတော့ -ကိုယ်ကတည့်တည့်မောင်းနေတယ်လို့ ထင်နေပေမယ့် မောင်းနေရင်းတစ်ဖက် ကို တရွတ်တိုက်ဆွဲသွားမယ် -လက်ကိုင်စတီယာရင်က တုန်ခါနေမယ် -တည့်တည့်မောင်းနေတယ် ဒါပေမယ် စတီယာရင်က ဗဟိုအချက်မကျဘူး -တာယာတွေ မညီမညာစား နေပြီး အပြင်ပိုင်းက ပိုပြီးပါးနေတာတွေကို တွေ့ရမှာပါ။ ဒီလိုအနေအထားတွေ ကြုံတွေ့ နေရပြီ ဆိုရင်တော့ သင့်ကား အလိုင်းမင့်ချိန်ညှိရန် လိုအပ်နေပါပြီ… သင့်ကားဖြင့် ခရီးဝေး သွားမယ်ဆိုရင်တော့ အလိုင်းမင့်ကို အလေးထားချိန်ညှိသင့် ပါတယ်။

ခရက်ဒစ် နော်...

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html