ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Turbocharger ဆိုုတာဘာလဲ

Turbocharger ဆိုုတာဘာလဲ?
ဆောင်းပါးအမှတ် (39)
😃😃😃😃😃😃😃😃😃😃😃😃😃😃😃😃😃

Turbocharger ဆိုတာ အင်ဂျင်တစ်လုံးရဲ့ ပါဝါစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ အရာပါပဲ။
အင်ဂျင်တစ်လုံးရဲ့ ပါဝါစွမ်းအားဟာ လေနှင့်လောင်စာဆီ အချိုးကျ ရောစပ်ပြီး ပေါက်ကွဲ လောင်ကျွမ်းမှု အပေါ် မူတည်ပါတယ်။
အင်ဂျင်တွင်းကို လေအ၀င် နည်းနေရင် လောင်စာဆီ အများကြီး ပေးတိုင်း ပါဝါစွမ်းအား တက်မလာပါဘူး။ဒါကြောင့် လေများများဝင်ဖို့ တာဘိုချာဂျာ နဲ့ မောင်းထည့်ပေးနိုင်ရင် ပိုပြီး ထိရောက်ပါတယ်။ဥပမာ မီးသွေးမီးဖို တစ်လုံးက Air Blower နဲ့ ရောမှုတ်ပေးလိုက်ရင် မီး အရှိန် ကောင်းမွန်လာပြီး မြန်မြန်ဆန်ဆန်ချက်ပြုတ်လို့၇ပါတယ်။ဒီအတိုင်းပါပဲ…. တာဘိုချာဂျာ တပ်ပေးလိုက်ရင် အင်ဂျင်ထဲကို လေ၀င်ရောက်မှု တိုးတက်လာပါတယ်။သဘာဝ လေထုဖိအားအတိုင်း ၀င်နေတာနည်းနေလို့ တာဘိုနဲ့ မှုတ်သွင်း ပေးတာပါ။တာဘိုကြောင့် အင်ဂျင်စွမ်းအား 30% မှ 50% ထိ တိုးလာပါတယ်။တာဘိုချာဂျာကို ဒီဇယ်အင်ဂျင်ကော ဓါတ်ဆီ အင်ဂျင်များမှာပါ တပ်ဆင်နိုင်ပါတယ်။ကားအင်ဂျင်များအပြင် ရထား။ သဘောင်္ နှင့် လေယာဉ် များပါ တာဘို တပ်ဆင်ထားပါတယ်။တာဘိုချာဂျာဆိုတာလေကို ဖိသပ်ပြီး မောင်းထည့်ပေးတဲ့ Blower တစ်လုံးပါပဲ။အိတ်ဇောတွန်းအားနဲ့ တာဘိုချာဂျာကို မောင်းနှင်ပါတယ်။တချို့ပြိုင်ကားတွေဆိုရင် တာဘိုချာဂျာ နှစ်လုံးတောင် တပ်ဆင်ထားပါတယ်။ထရပ်ကားကြီး များ ဘတ်စ်ကားများမှာလည်း တောင်ကုန်း အတက် တံတားအတက်တွေမှာ အင်ဂျင်ဆွဲအားသိသိသာသာ ကောင်းကို တွေ့ရမှာပါ။ဆီစားလဲ သက်သာစေပါတယ်။မူလကတည်းက တာဘို မပါတဲ့ ကားကို တာဘိုတပ်ဆင်မယ်ဆိုရင် အင်ဂျင်ခန်း အကျယ်အ၀န်း။ နေရာ ပေးနိုင် မပေးနိုင်ချိန်ဆရပါတယ်။အမြင့်ကားတွေမှာတော့ Original Turbo ဘဲကောင်းပါတယ်.ထွင်ထည့်မယ်ဆိုရင်တော့ ကွန်ထရိုး ပိုင်းမှာ ဒုက္ခ ပေးနိုင်ပါတယ်၊

Fb htay
Credit-moezac auto

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html